မွေးနေ့ ဧည့်ခံပွဲလေး

၂၀၀၈ ခုနစ်၊ ဖေဖော်ဝါရီလ၊ ၁၆ ရက် (စနေနေ့)

မတွေ့ဖြစ်ကြတာလည်း ကြာပြီနော်။ ပျောက်ဆို ခရီးထွက်နေတယ်လေ။ မန်းကိုရောက်နေတာ ဒီနေ့ မနက်မှပဲ ပြန်ရောက်တယ်။ မန်းမှာက နက်မကောင်းတော့ မ၀င်ဖြစ်ဘူး။ ကိုယ့်ရဲ့ ဘလော့ဂ် သယ်ရင်းတွေကို မုန့်ကျွေးဖို့ ဒီနေ့ အမှီ ပြန်မယ်ဆိုပြီး အသည်းအသန် ပြေးလာတာ။ ဒီနေ့ ကျနော်ရဲ့ မွေးနေ့ ဆိုတော့ မုန့်တွေ တ၀ကြီး ကျွေးချင်ပေမယ့် ဒီနေ့ မနက်မှ အပြေးအလွှား စီစဉ်ရတာဆိုတော့ မုန့်တွေ နည်းသွားရင် လျှော့သွားရင် မလောက်မင ဖြစ်နေရင် စိတ်မဆိုးကြေးနော်။ ဒါတောင် သူ စီစဉ်ပေးထားလို့ အားလုံးကို ကျွေးနိုင်တာ။ နို့မို့ဆို ခရီးပန်းနေတာနဲ့ ဘာမှ မလုပ်နိုင်ဘူးလေ။ စားကြပါ အားရပါးရ။
ဘာလဲ ….။ ဘယ်နှနှစ်မြောက် မွေးနေ့လဲ ဟုတ်လား။ မွေးနေ့ရှင် စိတ်ဆိုးအောင် မမေးရ၀ူးလေ။ သူတောင် မေ့ချင်ယောင် ဆောင်နေတဲ့ ကိစ္စကို။ ဒါပေမယ့် မေးတဲ့လူ အဖြေရှိအောင် နည်းနည်းတော့ ဖြေပါ့မယ်။ အသက်က သုံးဆယ့်နဲ့ ………………………. ။ အာ … မဟုတ်ဘူး။ မှားလို့။ ဘယ်ကလာ။ သုံးဆယ်တောင် မပြည့်သေးတာ။ နှစ်ဆယ်ကျော်ပဲ ရှိသေးတယ်ဗျ။ ဘယ်လောက်ကျော်သလဲ ဟုတ်လား။ အင်းးးးးး ။ သေချာတာကတော့ နှစ်ဆယ်ကို တော်တော်လေး ကျော်နေပြီ။ ဟီး ဟီး။ ကဲပါ ကဲပါ။ စကားပေါနေတာနဲ့ မုန့်ဆီ မရောက်တော့ဘူး။ ဟေ့ ရှင်မရေ …. ဧည့်သည်တွေလာနေပြီ၊ မုန့်တွေ ချလိုက်တော့လေ။









15 Replies to “မွေးနေ့ ဧည့်ခံပွဲလေး”

  1. ~~ ဟက်ပီးဘတ်ဒေး ဒူးယူ…. ~~

    ရှင်မက အရမ်းတော်တာပဲနော်။ 🙂
    လိုအင်ဆန္ဒ အားလုံးပြည့်ဝပါစေ။ အချစ်ရေး အချစ်ရာတွေလည်း အောင်မြင်ပါစေဗျာ။

  2. အသက် ပြောလို့ မရတဲ့ ပုံကိုထောက် ရင်တော့
    တော်တော်ကြီးနေလောက်ပီ. မပြောရင်လည်း ဇွတ်မမေးတော့ဘူး စိတ်ဆိုးလို့ စား မ၀ခင် ပြန်ခိုင်းနေဦးမယ် ဟိးးးးးးးးး

    ဟက်ပီး ဘတ်ဒေး လို့ မပြောစရာ မလိုအောင်ကို ကိုပီကေကြီးက ဟက်ပီး ဟက်ပီးတွေ ပြည့်လျှံနေတာ..

    ကဲကဲ

    အတည်ဆုတောင်းပေးတော့မယ်

    ပျော်ရွင်သော မွေးနေ့ဖြစ်ပါနော်..

  3. အသက်ကိုမပြောရဲ့ဝူးဆိုတော့ ရှင်ထီးက တော်တော့်ကို အသက်က မဟားဒရားကြီးနေလို့ထင်တယ်နော်။။ အဟဲ…….အသက်ကလဲကြီးတယ်ဆိုတော့ ရုပ်ကလဲကျမယ်ထင်ပ………ဒါပေမယ့် အပြောချိုချိုနဲ့ လူများတွေကို မတရားခိုင်းထားလို့ ထင်တယ်နော် မွေးနေ့ပွဲလေးက ကိတ်မုန့်တွေဘာတွေနဲ့ပါလားဗျ………..ရှင်မရေ မုန့်တွေလာချဆိုတော့ သေမဆို မချရဘူးပေါ့နော်။ ဟက်ပီး ဘတ်ဒေးပါ

  4. Happy Birthday ပါကိုပီကေရေ။ နောက်တောင်ကျသွားပြီလားမသိဘူး။ ပျော်တယ်မလား။ မွေးနေ့ ရော နောက်ပွဲတွေကော အတူတူဆင်နွှဲနိုင်ပါစေလို့ဆုတောင်းပေးပါတယ်နော်။

  5. Happy Birthday ..ပါ ဘရားသားကြီးရေ့
    ဘာပဲဖြစ်ဖြစ် အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူးဗျ….
    မွေးနေ့ ပွဲက ကျွေးထားတာ ရှယ်ပဲ အကုန်လုံးစားသွားတယ်ဗျ…
    ( ) မွေးနေ့ မှသည် နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ပါစေဗျာ…ချစ်သောသူနှင့် ပေါင်းဖက်ရပြီး သာယာပျော်ရွှင်တဲ့ မိသားစု ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ……………..

  6. မုန့်တွေက ရှယ်ပဲ.. ရှင်မကို တော်တော် ပိုင်ပုံရတယ်…။ အနိုင်မကျင့်နဲ့နော်..။ လေးမ ညီမလေးကို..ဟွန်း..ဟွန်း…။ ( ရမ်းတုပ်တာ)
    ချစ်သူနဲ့ ယှဉ်တွဲတဲ့ မွေးနေ့လေးကို ဖြတ်ကျော်…ပြီးသကာလ … ချစ်ဇနီးနဲ့ လက်ချင်းယှက်လို့ … ချစ်သားသမီးလေးတွေ တို့လို့တွဲလောင်းနဲ့ မွေးနေ့ပေါင်းများစွာကို ပျော်၂ ရွှင်၂ ဖြတ်သန်းနိုင်ပါစေ….။

  7. ဟိုဘက်မှာလည်း ဆုတောင်းပေးပြီးပြီ ဒီဘက်မှာလည်း ဆုတောင်းပေးမယ် ပျော်စေသတည်း။ စိတ်ချမ်းသာစေ သတည်း။ ချစ်သူနဲ့  ဆုံဆည်းရစေ သတည်း။

  8. ကျွေးတာက ကိတ်မုန့် တွေ ချောကလက်တွေ အင်း ၀ိတ်များတဲ့သူတွေအတွက်တော့ မြင်သာ မြင်ပြီး မစားနိုင်ရဘူး။ နောက်ဆုံး ကြက်သားကြော်ဘဲ ဟဲသွားပြီ။

  9. ဟေ့ ရှင်မရေ …. ဧည့်သည်တွေလာနေပြီ၊ မုန့်တွေ ချလိုက်တော့လေ။
    ပိုင်တယ်ဗျာ ကိုပီကေတို့ကတော့ …
    မွေးနေ့မှသည် နောင်နှစ်များစွာတိုင် ချစ်သူနဲ့ ပျော်ရွှင် ချမ်းမြေ့စွာ ဘ၀ကို ဖြတ်သန်းသွားနိုင်ပါစေဗျာ ..။

  10. wow gold!All wow gold US Server 24.99$/1000G on sell! Cheap wow gold,wow gold,wow gold,Buy Cheapest/Safe/Fast WoW US EUwow gold Power leveling wow gold from the time you World of Warcraft gold ordered!fanfan980110

    wow power leveling wow power leveling power leveling wow power leveling wow powerleveling wow power levelingcheap wow power leveling wow power leveling buy wow power leveling wow power leveling buy power leveling wow power leveling cheap power leveling wow power leveling wow power leveling wow power leveling wow powerleveling wow power leveling power leveling wow power leveling wow powerleveling wow power leveling buy rolex cheap rolex wow gold wow gold wow gold wow goldfanfan980110
    sdfsdf

Leave a Reply

Your email address will not be published. Required fields are marked *