Announcement for Seminar

၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ (၃၁) ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော “Socialization on Net” နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။ အထက်ပါ အချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ်သူများ အနေနှင့် မည်သည့် ထုတ်ပြန် ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲ သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ တရားဝင် ပြောဆိုချက်များကို ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောဂ်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ စီစဉ်သူများ၏ ဘလောဂ်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် ပြောဆိုချက်များ ဖြစ်ကြောင်းနှင့် အခြားသော ထင်မြင် ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူ ဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်း သိစေလိုပါသည်။

ပွဲစီစဉ်သူများ
ကိုသက်ထူး
ကိုဇော်ဇော်
ကိုဖြိုးကျော်
ကိုစိုးဇေယျ
ကိုမျိုးမြင့်အောင်
ကိုဝေမျိုးထွဋ်
မထိုက်ထိုက်အောင်
မတင်မြတ်ထက်

Friendship “A to Z “

Acepts you as you are
Believes in “you”
Calls you just to say “HI”
Doesn’t give up on you
Envisions the whole of you (even the unfinished parts)
Forgives your mistakes
Gives unconditionally
Helps you
Invites you over
Just “be” with you
Keeps you close at heart
Loves you for who you are
Makes a difference in your life
Never Judges
Offer support
Picks you up
Quiets your fears
Raises your spirits
Says nice things about you
Tells you the truth when you need to hear it
Understands you
Values you
Walks beside you
X-plains thing you don’t understand
Yells when you won’t listen and
Zaps you back to reality

============================

Life is an opportunity, benefit from it.
Life is a beauty, admire it.
Life is a dream, realize it.
Life is a challenge meet it.
Life is a duty, complete it.
Life is a game, play it.
Life is a promise fulfill it.
Life is sorrow, overcome it.
Life is a song, sing it.
Life is a struggle, accept it.
Life is a tragedy confront it.
Life is an adventure, dare it.
Life is luck, make it.
Life is life, fight for it.

Thanks to NNW for sharing it.


“How to BLOG” was launched !!!

ကျနော်ရဲ့ “ကပ်ပါပေ့ ပီကေရယ်” ဆိုတဲ့ ဘလော့ဂ်လေးကို ဖန်တီးခဲ့တာ အခုဆိုရင် တစ်နှစ်နဲ့ တစ်လ ရှိသွားပါပြီ။ ဒါပေမယ့် တကယ်တမ်း ပို့စ်စတင်ပြီး ရေးဖြစ်တာ စက်တင်ဘာမှပါ။ သူငယ်ချင်း မျက်လုံးနဲ့ မယ်လိုဒီမောင် တို့က လုပ်ပါလား လုပ်ပါလားနဲ့ အားပေးအားမြောက် ပြုခဲ့ကြလို့ ဒီဘလော့ဂ်ကို စပြီး ဖန်တီးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ ရေးဖို့ မရည်ရွယ်ခဲ့ပါဘူး။ တကယ့်ကို ဘာမှ မရေးဘူးလို့ ရည်ရွယ်တာပါ။ ဒါဆို ဘာလို့ ဘလော့ဂ်လုပ်လဲ လို့ မေးချင်ကြမယ် ထင်တယ်။

ကျနော် ကွန်ပြူတာ ဆိုတာကို စ နားလည်သိကျွမ်း ကတည်းက Programming ကို စိတ်ဝင်စားခဲ့လို့ Program တွေ ရေးဖို့ပဲ အားသန်ခဲ့ပါတယ်။ Low Level ဖြစ်တဲ့ Assembly ကနေ High Level ဖြစ်တဲ့ VB, C# စတာတွေ လုပ်ဖြစ်ပြီး နောက်ပိုင်း မန်းကို သုံးလေးနှစ်လောက် ပြန်နေဖြစ်လိုက်တော့ Programming နဲ့ အတော်လေး အဆက်ပြတ်သွားတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး လုံးဝနီးပါး အနားယူလိုက်ပါတယ်။ အနားယူတယ်ဆိုတာ Programming ကို လုံးဝ မရေးတော့တာပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အင်တာနက် ဆိုတာနဲ့ နပန်းလုံးနေပါပြီ။ Software Industry ထဲ ရောက်နေတဲ့ သူငယ်ချင်းတွေက အမြဲ ပြောပါတယ်။ အခု အင်တာနက်တွေ သုံးရတာ အဆင်ပြေလာတော့ Coding အတော်များများ Snippet အနေနဲ့ ကိုယ်တိုင်ရေးစရာ မလိုဘဲ ယူသုံးလို့ ရနေပြီတဲ့။ အခု ခေတ်ကြီးမှာ Programming ဆိုတာ Searching လုပ်တတ်ရမယ်၊ Copy Paste လုပ်တတ်ရင် ရပြီတဲ့။ Ready Made Code တွေ ရှိနှင့်ပြီးသား မို့ပါ။

သူ အဲလို ပြောကတည်းက ကျနော် အတော်လေး စိတ်ဝင်စားပေမယ့် Programming ကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတာကြောင့် အသေအချာ ရှာမကြည့်ဖြစ်ပါဘူး။ အခု ဘလော့ဂ်လုပ်မယ်ဆိုတော့ ထုံးစံအတိုင်း စပ်စပ်စုစု ဟိုဟာ လုပ်လို့ရလား၊ ဒီဟာ လုပ်လို့ရလား ဆိုပြီး သူငယ်ချင်း မျက်လုံးကို နားပူကပ်ပါတယ်။ ဒါနဲ့ သူလည်း ကျနော်ကို Javascript Snippet တွေ ရှိတဲ့ Website တွေ ပေးပါတယ်။ အဲဒီကနေ ဟိုဟာ လျှောက်စမ်းလိုက် ဒီဟာ လျှောက်စမ်းလိုက်နဲ့ စမ်းလိုက်တာ နှစ်လကျော်ကျော် ကြာပြီး စက်တာဘာလမှ ပထမဆုံး ပို့စ်ကို စတင်ဖြစ်တယ်။ စိတ်ထဲမှာ ပေါ်လာတဲ့ အတွေးလေးကို ချရေးလိုက်မိတာပါ။ ဒါနဲ့ နောက်တော့ Knowledge Sharing လုပ်မယ်ကွာ ဆိုပြီး ကိုယ် မှတ်သားထားဖူးတဲ့ စာတွေ ပေတွေ တင်တော့တာပေါ့။ ဒါနဲ့ပဲ ဘလော့ဂ်နွံထဲ ဆုံးဆုံး မြှုပ်ရော။ အခုထိ ပေါ်မလာသေးဘူး။ အခုလည်း နွယ်ကြိုးလေး ကျလာလို့ အပေါ်များ တက်ရမလား အောက်မေ့ပါတယ်။ နွယ်ရှင်ဖြစ်နေတော့ ဘယ်လိုမှ မရုန်းသာတော့ဘူး။ http://myanmarbloggersociety.ning.com ကို ပြောတာပါ။

ကျနော့်ကို သူငယ်ချင်း တချို့က ဟို Forum ဒီ Forum လာဖို့ ဖိတ်ကြတယ်။ လာရေးပါ၊ လာဆွေးနွေးပါပေါ့။ ဘယ်သူတွေ ဘယ်က ဘယ်လိုခေါ်ခေါ် မျက်နှာ အနာခံပြီး ကျနော် မသွားပါဘူး။ အာရုံ မများချင်လို့ပါ။ ဒါပေမယ့် အခု ဒီ Social Network ကိုတော့ ၀င်လိုက်ပါပြီ။ လိုအပ်မယ် ထင်လို့ပါ။ ကျနော် ဒီ ဘလော့ဂ်ကို စရေးဖြစ်ပြီး သိပ်မကြာခင်မှာဘဲ ဘလော့ဂ်နဲ့ ပတ်သက်တာ လုပ်ချင်တာတွေ၊ ပေးချင်တာတွေ၊ မျှဝေချင်တာတွေ၊ ပြောပြချင်တာတွေ၊ သိစေချင်တာတွေ၊ တွေးပြချင်တာတွေ များသတဲ့ များလာတယ်။ ဒါပေမယ့် ကျနော် ဒီဘလော့ဂ်လေးကို ကိုယ့်ဖာသာ ကဏ္ဍခွဲပြီး အဲဒီ ခွဲထားတဲ့ ကဏ္ဍ (၆) ခုက လွဲလို့ ဘာမှ မရေးဘူးလို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီ ကဏ္ဍလေးတွေက

  1. မြန်မာစာပေဆိုင်ရာ
  2. မတိမ်မြှုပ် မပျောက်ပျက်စေချင်တဲ့ အရာများကို မျှဝေခြင်း
  3. ကျနော်ရဲ့ အတွေးအခေါ် မှတ်တမ်း
  4. နှလုံးသား အဟာရ စာတိုများ
  5. ခရီးသွား မှတ်တမ်း
  6. ဘလော့ဂ်ဆိုင်ရာ လုပ်နည်းကိုင်နည်း တို့ပဲ ဖြစ်ပါတယ်။

မြန်မာစာပေဆိုင်ရာကို ရေးတယ်ဆိုတော့ ဘာကောင်ပါလိမ့်လို့ မတွေးပါနဲ့။ ကျနော် ရိုးရိုးလူပါ။ မြန်မာလို ရေးနေကြတဲ့ ဘလော့ဂ်တွေမို့ မြန်မာစာကို ဂရုစိုက်စေချင်တာပါ။ ကျနော်ဟာ ကျောင်းသားဘ၀က မြန်မာစာ ဆိုတာ ကျနော် မကျက်ချင်ဆုံး ဘာသာပါ။ အပျင်းပြေ ဖတ်ရုံသက်သက်ပဲ လေ့လာခဲ့တာပါ။ စိတ်ဝင်စားတယ်၊ ဒါပေမယ့် ကျက်ဖို့ စိတ်မပါဘူး။ လူတိုင်း နီးပါး မြန်မာစာကို အဲလို ပေါ့ပေါ့လေးနဲ့ပဲ ဖြေဆိုခဲ့ကြတယ်လို့ ယုံကြည်ပါတယ်။ ဘာကျက်စရာ လိုလဲ လို့လည်း ငယ်ငယ်ကတည်းက တွေးခဲ့ကြတာပါ။ ကျနော် ဘလော့ဂ် တော်တော်များများကို ရောက်ဖူးပါတယ်။ ကျနော် ရောက်ဖူးတဲ့ ဘလော့ရဲ့ ၆၅% လောက်က စာလုံးပေါင်းတွေ မှားကြပါတယ်။ ၇၅% လောက်က စကားလုံး အသုံးအနှုန်းတွေ မှားကြပါတယ်။ အမှားဆုံးက ၀ိဘတ် သုံးတာပါ။ “တုတ်နှင့် မောင်မောင်ကို ရိုက်သည်” ဆိုသလိုပေါ့။ ၈၅% လောက်က ပုဒ်အထားအသို မှားကြပါတယ်။ “တုတ်နဲ့ မောင်မောင်ကို ရိုက်တယ်” ဆိုသလိုပေါ့။ ရာခိုင်နှုန်းတွေက ကျနော် ခန့်မှန်းပြီး ပြောတာပါ။

ကျနော် ဖတ်ဖူးတဲ့ ဆောင်းပါးတချို့ကို နားလည်သလို ပြန်ရေးပြီး (သို့) ကိုးကားပြီး တင်ပြထားတာတွေ ရှိပါတယ်။ အပွင့်လင်းဆုံး ပြောရရင် အတော်များများ စိတ်မ၀င်စားကြဘူး။ ဒါပေမယ့် ကျနော် မပျောက်မပျက် ထိန်းသိမ်းချင်တဲ့ သဘော၊ မှတ်တမ်းတင်ချင်တဲ့ သဘောနဲ့ “ကျွန်တော်တို့၏ မြန်မာစာ” ဆိုပြီး ဘလော့ဂ်တစ်ခု လုပ်ထားပါတယ်။ ဒီဘလော့ဂ်မှာ တင်ထားဖူးသမျှ မြန်မာစာပေဆိုင်ရာ ပို့စ်တွေကို အဲဒီမှာ သွားကူးထည့်ပါတယ်။ လူ အတော်များများ စိတ်ဝင်တစား မရှိမှာ သိတာကြောင့် ဒီဘလော့ဂ်လေး ရှိတယ် ဆိုတာကို တသီးတခြား ပြောမနေတော့ပါဘူး။ မှတ်တမ်းတင်ထားတဲ့ သဘောပါ။

မပျောက်ကွယ်စေချင်တဲ့ အရာများ ဆိုတာ အများစုက စာအုပ်တွေပါ။ အကြောင်းအမျိုးမျိုးကြောင့် ထပ်မံထုတ်ဝေခွင့် ပိတ်ခံထားရတဲ့ စာအုပ်တွေ၊ တကြိမ်ပဲ ထုတ်ဝေပြီး ထပ် မထုတ်ဝေတော့တဲ့ ရှားပါး စာအုပ်တွေ၊ စာအုပ်အဟောင်း ဈေးကွက်မှာပဲ တွေ့နိုင်တော့တဲ့ စာအုပ်တွေ အဲဒီ စာအုပ်တွေထဲက ကောင်းနိုးရာရာလေးတွေကို မျှဝေပေးတဲ့ စေတနာနဲ့ ပို့စ်တွေရေးခဲ့ပါတယ်။ စာအုပ် မဟုတ်တာဆိုလို့ မြန်မာငွေစက္ကူတွေရဲ့ ပုံတွေပဲ ရှိပါတယ်။ ကျနော် ကြိုက်တဲ့ အမြတ်တနိုး သိမ်းထားတဲ့ စာအုပ်ကောင်းတွေကို အမြည်းကျွေးပြီး မျှဝေမယ်လို့ စိတ်ကူးထားပေမယ့် အဲဒီ စိတ်ကူးက အကောင်အထည် မပေါ်သေးပါဘူး။

နောက်ပြီး ကျနော် တောင်တွေး မြောက်တွေး လျှောက်တွေးထားတဲ့ အူကြောင်ကြောင် ကပ်တပ်တပ် အတွေးတွေလည်း တခါတခါ ရေးချတတ်ပါတယ်။ နောက်ပြီး နှလုံးသား အဟာရ စာတိုတွေကို ဘာသာပြန်ပြီး ရေးလေ့ ရေးထလည်း ရှိပါတယ်။ ခရီးထွက်ပြီး ပြန်ရောက်ရင်တော့ ကျနော် ခရီးသွား မှတ်တမ်းလေး ရေးတတ်ပါတယ်။ ဒါပေမယ့် ဒီတစ်နှစ်အတွင်း ခရီးထွက် တအား နည်းတာကြောင့် ရခိုင်ခရီးစဉ်နဲ့ ကျိုက်ထီးရိုး ခရီးစဉ် နှစ်ခုပဲ ရေးဖြစ်ပါသေးတယ်။

ကျနော် ဘလော့ဂ်ရေးတဲ့ တစ်နှစ်ကျော် ကာလ အတွင်းမှာ အများဆုံး လုပ်ဖြစ်တာက တန်းပလိတ်ကို ကလိတာပါပဲ။ ကျနော် ဒီဘလော့ဂ်ရဲ့ တန်းပလိတ်ကို အများသိ (၄) ခါတိတိ ပြောင်းဖူးပါတယ်။ ပြောင်းကြည့်ဖူးတဲ့ တန်းပလိတ်ပါ ထည့်တွက်မယ် ဆိုရင်တော့ (၈) ခါလောက် ရှိပါတယ်။ တန်းပလိတ် ကိုယ်တိုင် ပြောင်းဖူးတဲ့ လူတွေ သိပါလိမ့်မယ်။ တန်းပလိတ် ပြောင်းရတာ သိပ် လက်ဝင်ပါတယ်။ ကိုယ် တန်းပလိတ်မှာ ထည့်ထားသမျှ လုပ်ဆောင်ချက်တွေ တစ်ခုမှ မကျန်ရအောင် လိုက်ပြင်ထည့်ရတယ်။ ဒီတော့ ကျနော့ ဘလော့ဂ်မှာ လုပ်ဖူးတဲ့ ကလိဖူးတဲ့ လုပ်ဆောင်ချက် ကလေးတွေကို တန်းပလိတ် ပြောင်းတဲ့အခါ အထောက်အကူ ဖြစ်အောင်ဆိုပြီး How To ဆိုတဲ့ လေဘယ်လ်နဲ့ ပို့စ်ရေးထားတတ်ပါတယ်။ ကျနော့်ဘလော့ဂ်မှာ Blogging နဲ့ ပတ်သက်တာ ရှိတယ်ဆိုတာ လူသိ အတော်နည်းပါတယ်။ နောက်ပြီး ကျနော်ပြန်ဖတ်လို့ ရရင် ပြီးရောဆိုပြီး ကျနော် နားလည်ရုံလောက်ပဲ ရေးထားပါတယ်။ အသေးစိတ် ရှင်းမပြထားပါဘူး။

ကျနော့် ဘလော့ဂ်ကို လာလည်ပြီး “ဟာ ငါနဲ့ မဆိုင်ဘူး” ဆိုပြီး ပြန်ထွက်သွားမယ့် စာဖတ်သူတွေကို အားနည်းမိတာ အမှန်ပါ။ တကယ်ဆို Blogging နဲ့ ပတ်သက်တဲ့ ပို့စ်တွေဟာ Blogger တွေနဲ့ပဲ သက်ဆိုင်တာပါ။ ဒါကြောင့် အခု နောက်ပိုင်းမှာ ကျနော် တန်းပလိတ်ကို လျှောက်လျှောက် ကလိကြည့်ပြီး အသစ်တွေ့တာတွေကို How To Label နဲ့ ပို့စ်တင်ဖို့ အတော်လေး စဉ်းစားရပါတယ်။ မတင်ပြန်ရင်လည်း ကျနော် ဖတ်ထားခဲ့တာ အလကား ဖြစ်သွားမယ်။ တင်ပြန်ရင်လည်း လူတချို့ အတွက်ပဲ သက်ဆိုင်နေလိမ့်မယ်။ ဒီလိုနဲ့ ဟိုဒီလျှောက်တွေးရင်း ဘလော့ဂ် အသစ်တစ်ခု ဖန်တီးဖို့ စိတ်ကူးရသွားတယ်။ ဒါနဲ့ ကျနော် How To BLOG ဆိုတဲ့ နာမည်နဲ့ ဘလော့ဂ် နောက်ထပ်တစ်ခု ဖန်တီးလိုက်ပါတယ်။ လိပ်စာက http://knowhow.myanmarbloggers.org ပါ။

ဒီ How To BLOG ဆိုတဲ့ ဘလော့ဂ်မှာ Blogger.com နဲ့ ပတ်သက်တဲ့ ကျနော် ကလိဖူးသမျှတွေကို ပို့စ်အနေနဲ့ ရေးထားပါတယ်။ အခု ဒီစာကို ရေးချိန်မှာ ပို့စ်ပေါင်း ၄၈ ပို့စ် တင်ထားပြီးပါပြီ။ ပို့စ်အားလုံးဟာ New Blogger Template (XML Template) အတွက်ပဲ ရည်ညွှန်းပါတယ်။ နောက်ပြီး ပို့စ် အကုန်လုံးဟာ Blogger.com အတွက်ချည်းပါပဲ။

ဒီ ၁၀ ရက်လောက်အတွင်းမှာ ကျနော် ပို့စ်တင် ကျဲသွားပါတယ်။ အဓိက အကြောင်းရင်းက How To BLOG လေး အသက်ဝင်ဖို့ လုပ်နေရလို့ပါ။ တကယ်လို့ Blogger.com နဲ့ ပတ်သက်လို့ ကိုယ်လုပ်ချင်တာလေးတွေ ဘလော့ဂ်မှာ မရှိဘူး၊ မတွေ့ဘူး ဆိုရင် CBox မှာ အော်ခဲ့ပေးပါ။ ကျနော် ရှာဖတ်ပြီး အမြန်ဆုံး ပို့စ်တင်ပေးပါ့မယ်။ ကျနော် ၀န်ခံချင်တာက အခုရေးပြီးသမျှ ပို့စ် အားလုံးလိုလိုဟာ ဘာသာပြန်ထားတာပါ။ ကျနော် ကိုယ်တိုင် ရေးထားတာဆိုလို့ နှစ်ပို့စ်ပဲ ရှိပါတယ်။ အဲဒီအထဲမှာ ပါတဲ့ ပို့စ်တွေ အားလုံးဟာ ကျနော်ကိုယ်တိုင် စမ်းသပ်ပြီး အဆင်ပြေမှ တင်ထားတာပါ။ တကယ်လို့ စာဖတ်သူက လုပ်လို့ အဆင်မပြေဘူးဆိုရင် အသိပေးခဲ့ပါဦး။ ဘာတွေများ မှားလဲ သိချင်လို့ပါ။

ဒီပို့စ် ရေးရတဲ့ ရည်ရွယ်ချက်က How To BLOG ကို အသိပေးချင်တဲ့ သဘောပါသလို၊ ဒီနေ့ကနေ စပြီး ဒီ “ကပ်ပါပေ့ ပီကေရယ်” ဆိုတဲ့ ဘလော့ဂ်မှာ Blogging နဲ့ ပတ်သက်တဲ့ ပို့စ်တွေ မတင်တော့ဘူး ဆိုတာ အသိပေးချင်တာလည်း ပါတယ်။ တကယ်လို့ Blogging နဲ့ ပတ်သက်တာ သိချင်၊ လေ့လာချင်တယ် ဆိုရင်တော့ How To BLOG ကို သွားပေးပါ။ လိပ်စာက http://knowhow.myanmarbloggers.org ပါ။ နောက်ပိုင်းဆို စာဖတ်သူ အားလုံး ဖတ်နိုင်၊ မှတ်သားနိုင်မယ့် ပို့စ်တွေကိုပဲ ဒီနေရာမှာ တင်တော့မယ် ဆိုတဲ့ အကြောင်း စာလွှာပါးရင်း နားကြစို့ဗျာ။


တုန့်ပြန်ဖို့တော့ အချိန်ပေးပါ

ဘယ်သူ ဘယ်ဝါ ရေးထားတယ် ဆိုတာ မသိပေမယ့် တချို့ စကားလုံးတွေဟာ အတော်လေး တွေးလို့ကောင်းတာကြောင့် ဘာသာပြန်ပြီး အားလုံးကို မျှဝေ ပေးလိုက်ပါတယ်။ အတွေးပွားနိုင်ကြပါစေ။

ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ ထိုက်သင့်တဲ့ လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့ လူနဲ့ တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။

ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက် ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့ နောက်တံခါးကို သတိမမူလိုက်မိတော့ဘူး။

အကောင်းဆုံး သူငယ်ချင်း ဆိုတာ …
ထိုင်ခုံလေးပေါ်မှာ အတူထိုင်ရင်း ဘာစကားမှ မပြောလိုက်ရဘဲ ငေးမောပြီး ခွဲခွာသွားကြပေမယ့် ရင်ထဲမှာ တူမတူနိုင်တဲ့ စကားလုံးတွေ ကိန်းအောင်းသွားစေတာ သူငယ်ချင်းကောင်းပါ။

ကျနော်တို့ မဆုံးရှုံးမချင်း ဘာတွေ ပိုင်ဆိုင်ထားသလဲ ဆိုတာ ကျနော်တို့ သတိမထားမိကြဘူး။ အဲဒီအတိုင်းပဲ။ ကျနော်တို့ဆီ ပစ္စည်းတချို့ ရောက်ရှိလာတဲ့ အချိန်ကျမှ အရင်က ဒါတွေ ဘ၀မှာ လစ်ဟာနေခဲ့ပါလားလို့ သိလိုက်ရတယ်။

တစ်ယောက်ယောက်နဲ့ ပြဿနာတက်ဖို့ မိနစ်ပိုင်းပဲ လိုတယ်။ တစ်ယောက်ယောက်ကို သဘောကျဖို့ နာရီပိုင်းလောက် အချိန်ပေးရမယ်။ တစ်ယောက်ယောက်ကို ချစ်ဖို့ ဆိုရင် ရက်အနည်းငယ် အချိန်ကြာသွားကောင်း ကြာသွားမယ်။ ဒါပေမယ့် လူတစ်ယောက်ယောက်ကို မေ့ပျောက်ပစ်ဖို့တော့ တစ်ဘ၀စာလောက် အချိန်ယူရလိမ့်မယ်။

အမြင်အာရုံနောက် မလိုက်ပါနဲ့။ လှည့်ဖျားတတ်တယ်။ ဥစ္စာဓနနောက် မလိုက်နဲ့။ ကုန်ဆုံးတဲ့ တစ်နေ့တော့ ရှိမှာပဲ။ သင့်ကို ပြုံးအောင် လုပ်နိုင်သူကိုတော့ တန်ဖိုးထားစေချင်တယ်။ မှောင်ရိပ်ခိုနေတဲ့ နေ့စွဲတွေကို ထွန်းလင်းပေးနိုင်တာ အပြုံးပဲရှိတယ်လေ။

မက်ချင်တဲ့ အိပ်မက်တွေ မက်လိုက်ပါ။ သွားချင်တဲ့ နေရာတွေ သွားလိုက်ပါ။ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်လိုက်ပါ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာ အသက် တစ်ချောင်းပဲ ရှိတယ်။ လုပ်ချင်တာတွေကို လုပ်ဖို့ အခွင့်အရေးဆိုတာ တစ်ခါတည်းပဲ ရတာလည်း ဖြစ်နိုင်တာပဲ။

ချိုသာတဲ့ လူသား ဖြစ်ဖို့ လုံလောက်တဲ့ ပျော်ရွှင်မှု ရှိပါစေ။ သန်စွမ်းသူ ဖြစ်ဖို့ လုံလောက်တဲ့ အခက်အခဲ ရှိပါစေ။ လူသားဆန်ဖို့ လုံလောက်တဲ့ ပူဆွေးမှုတွေ ရှိပါစေ။ ပျော်ရွှင်သူ ဖြစ်ဖို့ လုံလောက်တဲ့ မျှော်လင့်ချက်တွေ ရှိပါစေ။

သူများရဲ့ နေရာကနေ အမြဲ ၀င်ကြည့်ကြည့်ပါ။ သင့်ကို နာကျင်အောင် လုပ်မယ့် ခံစားချက်တွေဟာ တခြားသူကိုလည်း နာကျင်စေမှာ မလွဲပါဘူး။

သင့် နှလုံးသားကို ပြုံးရွှင်အောင် လုပ်နိုင်သူကို ရှာပါ။ သင့်ရဲ့ အိပ်မက်တွေထဲက ဆွဲထုတ်ပြီး တကယ့် လက်တွေ့ဘ၀ အဖြစ် ဖန်တီးချင်လောက်အောင် လွမ်းဆွတ်စေခဲ့တဲ့ စက္ကန့်တိုင်းဟာ သင့်ဘ၀ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါ။

အပျော်ရွှင်ဆုံး လူသားတွေ အတွက် အရာအားလုံး အကောင်းဆုံး ဖြစ်ဖို့ မလိုအပ်ပါဘူး။ သူတို့ အနီးအနားမှာ ဖြတ်သန်း သွားလာနေတဲ့ အရာအားလုံး နီးပါးကိုပဲ တန်ဖိုးထားလိုက်တာပါ။

အချစ်ဟာ အပြုံးနဲ့ စတင်တယ်။ အနမ်းကြောင့် ရှင်သန်လာပြီး မျက်ရည်နဲ့ အဆုံးသတ်တယ်။

အထွန်းတောက်ဆုံး အနာဂါတ်ဟာ မေ့ပျောက်သွားတဲ့ အတိတ်မှာပဲ အမြဲ အခြေခံပါတယ်။ အတိတ်က နာကျင်မှုတွေ ဆုံးရှုံးမှုတွေကို ထွက်သွားခွင့် မပေးရင်တော့ သင်ဟာ ဘ၀ခရီးကို ဘယ်လိုမှ ဆက်လျှောက်နိုင်မှာ မဟုတ်ပါဘူး။

မွေးဖွားလာတုန်းက သင်ဟာ ငိုနေတယ်။ သင့် ဘေးပတ်လည်က လူတွေ အားလုံး ပြုံးနေကြတယ်။ သင် သေသွားပြီ ဆိုရင်တော့ ဒီလို ဖြစ်အောင် အခုကတည်းက နေနိုင်အောင် ကြိုးစားပါ။ သေခါနီးအချိန်မှာ သင့်ပတ်လည်က လူတွေ အားလုံး ငိုနေကြပေမယ့် သင်ဟာ ပြုံးနေနိုင်သူ တစ်ဦးပေါ့။