ပို့စ်အတွင်း၌ မာတိကာ ထည့်ခြင်း

ကျနော်တို့ ပို့စ်ရေးတဲ့ အခါမှာ တချို့ပို့စ်တွေကို ခေါင်းစဉ် ခွဲပြီး ရေးဖို့ လိုအပ်တဲ့ အခါတွေ ရှိပါတယ်။ အကြောင်းအရာ ခပ်များများကို တစ်နေရာတည်း စုရေးမယ်ဆိုရင် တစ်ခုနဲ့တစ်ခု မရောနှောစေချင်တဲ့ ရည်ရွယ်ချက်တဲ့ ခေါင်းစဉ်တွေ ခွဲထားတတ်ပါတယ်။ တခါတလေ စာဖတ်သူဟာ တချို့ ခေါင်းစဉ်ကိုပဲ သီးခြား ရွေးကြည့်ချင်တဲ့ စိတ်ကူးမျိုး ပေါ်လာတတ်ပါတယ်။ ပေါ်လာပေမယ့်လည်း သူ့ခမျာ ပို့စ်တစ်ခုလုံးကို အစကနေ အဲဒီ ခေါင်းစဉ်ရောက်တဲ့ အထိ ဆွဲချပြီး ရှာကြရတယ်။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စာဖတ်သူ လွယ်လင့်တကူ ရှိစေဖို့ ကျနော်တို့ လိုအပ်ရင် ပို့စ်အထဲမှာပဲ မာတိကာ ထည့်ပေးဖို့ လိုအပ်လာပါတယ်။ ကျနော့်ပို့စ်ရဲ့ ညာဘက်ကို ကြည့်ကြည့်ပါ။ ကျနော် မာတိကာလေး တစ်ခု လုပ်ထားတယ်။ အဲဒီမှာ ခေါင်းစဉ်တွေကို စီစဉ်တကျ စီထားပြီး ကိုယ် ရွေးဖတ်ချင်တဲ့ ခေါင်းစဉ်ကို ကလစ်နှိပ်ရုံနဲ့ အဲဒီ ခေါင်းစဉ်ရှိရာကို သူ့အလိုအလျောက် ရွှေ့ပေးသွားပါတယ်။ ဒါပေမယ့် တစ်ခုရှိတာ အကယ်၍ ပို့စ်ကို ချုံ့ထားမယ် ဆိုရင်တော့ အဲဒီ မာတိကာက အလုပ် မလုပ်ပါဘူး။ ဒီအားနည်းချက်လေး ရှိနေပေမယ့် အသုံးတည့်မယ်လို့ ယူဆပါတယ်။ ကျနော်တို့ မာတိကာလေး ဘယ်လို လုပ်မလဲဆိုတာ စပြီး ဆွေးနွေးကြရအောင်။

အဆင့် (၃) ဆင့်ကို တစ်ခုပြီး တစ်ခု လုပ်သွားလိုက်ရင် ကျနော်တို့ လိုချင်တဲ့ မာတိကာလေး တစ်ခု ရနိုင်ပါပြီ။

အဆင့် (၁) မာတိကာ ဒီဇိုင်း (CSS) သက်မှတ်ခြင်း

.pullquote
{width: 145px;
background:gold;
color:black;
float: right;
border:1px solid maroon;
font-weight:bold;
line-height:140%;
padding:5px;
margin-top:10px;
margin-left:10px;
}

အထက်က Code ကို Style Sheet မှာ ထည့်ပေးပါ။ Layout ထဲက Edit HTML မှာ ပါတဲ့ <b:skin><![CDATA[ နဲ့ ]]></b:skin> ကြားကို Style Sheet လို့ ခေါ်ပါတယ်။ Head Section မှာ ရှိပါတယ်။ အကျယ် (width)၊ နောက်ခံရောင် (background)၊ စာလုံးအရောင် (color) နဲ့ ဘောင် (border) ကို ကိုယ် ကြိုက်သလို ပြောင်းလဲ သက်မှတ်နိုင်ပါတယ်။

အဆင့် (၂) မာတိကာ အညွှန်း ထည့်ခြင်း

ဒီအဆင့်မှာ ကျနော်တို့ မာတိကာ တစ်ခု လက်တွေ့ တည်ဆောက်မှာပါ။ အခု ဒီအဆင့်နဲ့ အောက်ပိုင်း အဆင့်တွေက ကိုယ်ရေးမယ့် ပို့စ်ထဲမှာ ထည့်ပေးရမှာပါ။ Create New Post လုပ်ပြီး အဲဒီအထဲမှာ သွားရေးကြမယ်။ ဥပမာလေးနဲ့ ကျနော် ရှင်းပြသွားပါ့မယ်။ ဆိုကြပါစို့။ ကျနော်တို့ ပို့စ်မှာ ခေါင်းစဉ် သုံးခု ရှိမယ် ဆိုရင် ခေါင်းစဉ် (၁) ကို နှိပ်လိုက်ရင် ခေါင်းစဉ် (၁) ကို ကျော်သွားမယ်ပေါ့။ ကျနော်တို့ Code ကို ကြည့်ကြည့်ရအောင်။

<p class=”pullquote”>
<span style=”color:maroon;font-size:x-small;”>မာတိကာ</span>
<br>
<a href=”#title1″>ခေါင်းစဉ် (၁)</a>
<a href=”#title2″>ခေါင်းစဉ် (၂)</a>
<a href=”#title3″>ခေါင်းစဉ် (၃)</a>
</p>

အပေါ်က Code တွေကို ကျနော်တို့ မာတိကာ ပေါ်ချင်တဲ့ နေရာမှာ သွားထည့်ရပါ့မယ်။ အကယ်၍ ပို့စ်အပေါ်ဆုံးမှာ ပေါ်ချင်တယ် ဆိုရင်တော့ ပို့စ်တစ်ခု စစရေးတဲ့ နေရာမှာ ထားပေးပါ။ ကျနော့် ပို့စ်မှာ ပါတဲ့ မာတိကာဟာ အပေါ်ဆုံးမှာ ထားထားတာပါ။ ခေါင်းစဉ် ၁၊ ၂၊ ၃ နေရာမှာတော့ ကြိုက်တဲ့ နာမည် ထည့်လို့ရပါတယ်။ #title1 ဆိုတာကလည်း သင့်လျော်တဲ့ နာမည်တစ်ခု ရွေးပေးနိုင်တယ်။ ဒီမှာ လွယ်ကူအောင်လို့ title1 လို့ပဲ ပေးထားတယ်။

အဆင့် (၃) စာကိုယ်တွင် အညွှန်း တပ်ခြင်း

ခေါင်းစဉ် (၁) ကို နှိပ်ရင် ဘယ်ကို ရွေ့ပြီး သွားပေါ်ရမလဲ ဆိုတာ ကျနော်တို့ ဒီအဆင့်မှာ သက်မှတ်ပါမယ်။ ကျနော်တို့ အရင်က Post Editor ထဲမှာ အောက်မှာ ပါတဲ့ စာတွေကို ဒီအတိုင်း ရိုက်ထည့်လိုက်ကြတယ်။ ဒါ အရင်လို ခပ်ရိုးရိုး လုပ်လိုက်တာပါ။

ခေါင်းစဉ် (၁)
ဤနေရာတွင် ရေးသားထားသော စာများသည် ခေါင်းစဉ် (၁) ၏ စာကိုယ် ဖြစ်ပါသည်။

ခေါင်းစဉ် (၂)
ဤနေရာတွင် ရေးသားထားသော စာများသည် ခေါင်းစဉ် (၂) ၏ စာကိုယ် ဖြစ်ပါသည်။

ခေါင်းစဉ် (၃)
ဤနေရာတွင် ရေးသားထားသော စာများသည် ခေါင်းစဉ် (၃) ၏ စာကိုယ် ဖြစ်ပါသည်။

အခု ကျနော်တို့က မာတိကာထည့်မယ် ဆိုတော့ မာတိကာမှာ ပါတဲ့ အညွှန်းကို ကျနော်တို့ ညွှန်ပေးရတော့မယ်။ ခေါင်းစဉ် (၁) ကို နှိပ်ရင် ခေါင်းစဉ် (၁) ရှိတဲ့ နေရာကို ညွှန်ပေးရမယ်။ အဲလို ညွှန်နိုင်ဖို့ ကျနော်တို့ရဲ့ ခေါင်းစဉ်ကို ဒီလိုလေး နည်းနည်း ပြင်ပေးရလိမ့်မယ်။

<a href=’YOUR BLOG ADDRESS’ name=’title1′> ခေါင်းစဉ် (၁) </a>
ဤနေရာတွင် ရေးသားထားသော စာများသည် ခေါင်းစဉ် (၁) ၏ စာကိုယ် ဖြစ်ပါသည်။

အဲဒီလို ဖြစ်သွားမယ်။ အဲဒီမှာ သတိပြုရမှာက အဆင့် (၂) တုန်းက ကျနော်တို့ #title1 လို့ သုံးထားတာကြောင့် အခု name=’title1′ ဖြစ်နေတာပါ။ ခေါင်းစဉ် (၂) အတွက် ညွှန်ချင်ရင်တော့ name=’title2′ လုပ်ပေးရပါ့မယ်။

အားလုံးကို ချုံငုံ သုံးသပ်ခြင်း

အထက်က ဥပမာနဲ့ပဲ ကျနော် Code အားလုံးကို တစ်ပြိုင်နက်တည်း ဖော်ပြပေးပါ့မယ်။

.pullquote
{width: 145px; background:gold; color:black; float: right; border:1px solid maroon; font-weight:bold; line-height:140%; padding:5px; margin-top:10px; margin-left:10px; }

အထက်က Code ကို Style Sheet ထဲ ထည့်ပေးပါ။ တစ်ကြိမ်ပဲ ထည့်ပေးဖို့ လိုပါတယ်။ နောက်ပို့စ်တွေ အတွက် ထပ်ထည့်စရာ မလိုပါဘူး။

Create New Post လုပ်လိုက်ပါ။ ပြီး Post Editor မှာ အောက်ပါ အတိုင်း ကူးထည့်ပေးပါ။ ပြီးရင် Publish လုပ်ကြည့်ပါ။

<p class=”pullquote”>
<span style=”color:maroon;font-size:x-small;”>မာတိကာ</span>
<br>
<a href=”#title1″>ခေါင်းစဉ် (၁)</a>
<a href=”#title2″>ခေါင်းစဉ် (၂)</a>
<a href=”#title3″>ခေါင်းစဉ် (၃)</a>
</p>

နိဒါန်း
နိဒါန်း
နိဒါန်း
နိဒါန်း
နိဒါန်း
နိဒါန်း
နိဒါန်း

<a href=’YOUR BLOG ADDRESS’ name=’title1′> ခေါင်းစဉ် (၁) </a>
ဤနေရာတွင် ရေးသားထားသော စာများသည် ခေါင်းစဉ် (၁) ၏ စာကိုယ် ဖြစ်ပါသည်။
အပိုင်း (၁)
အပိုင်း (၁)
အပိုင်း (၁)
အပိုင်း (၁)
အပိုင်း (၁)
အပိုင်း (၁)

<a href=’YOUR BLOG ADDRESS’ name=’title3′> ခေါင်းစဉ် (၂) </a>
ဤနေရာတွင် ရေးသားထားသော စာများသည် ခေါင်းစဉ် (၂) ၏ စာကိုယ် ဖြစ်ပါသည်။
အပိုင်း (၂)
အပိုင်း (၂)
အပိုင်း (၂)
အပိုင်း (၂)
အပိုင်း (၂)
အပိုင်း (၂)

<a href=’YOUR BLOG ADDRESS’ name=’title3′> ခေါင်းစဉ် (၃) </a>
ဤနေရာတွင် ရေးသားထားသော စာများသည် ခေါင်းစဉ် (၃) ၏ စာကိုယ် ဖြစ်ပါသည်။
အပိုင်း (၃)
အပိုင်း (၃)
အပိုင်း (၃)
အပိုင်း (၃)
အပိုင်း (၃)
အပိုင်း (၃)

xxxxxxxxxxxxxxxxxx

အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ မရှင်းတာ ရှိရင်လည်း အားမနာတမ်း လွတ်လွတ်လပ်လပ် မေးမြန်းနိုင်ပါတယ်။


ခဲတံတစ်ချောင်းရဲ့ ကိုယ်ကျင့်တရား

ဗိုလ်ချုပ်ကြီးတစ်ယောက်က စစ်ထွက်တော့မယ့် တပ်သားတွေကို စစ်ချီစကား မှာနေတဲ့ အလား ခံတံလေးကို ကြည့်ပြီး ဂျပ်ဗူးနဲ့ မထုပ်ခင် အမှာစကား ပါးနေလေရဲ့။ သူက ပြောတယ်။

“ကဲ မင်းတို့လေးတွေ နောက်နေ့ဆိုရင် မင်းတို့ရဲ့ ဘ၀ကို စတင်ရတော့မယ်။ မင်းတို့ သိဖို့ လိုက်နာဖို့ ကိုယ်ကျင့်တရား (၅) ခုရှိတယ်။ ဒါတွေကို မင်းတို့ အမြဲ မှတ်ထားပါ။ ဘယ်တော့မှ မမေ့ပါနဲ့။ ဒါမှ မင်းတို့ဟာ ခဲတံကောင်းတစ်ချောင်း ဖြစ်လာမယ်။ မင်းတို့ရဲ့ ဘ၀ဟာ တန်ဖိုးရှိလာမယ်။

နံပါတ် (၁) မင်းတို့ဟာ အင်မတန် ကြီးကျယ်တဲ့ အရာဝတ္ထုတွေကို ဖန်တီးနိုင်မှာပါ။ ဒါပေမယ့် တခြားလူတစ်ဦးဦးက ဆုပ်ကိုင်တာကိုတော့ မင်းတို့ ခွင့်ပြုရလိမ့်မယ်။ တခြား သူတစ်ဦးဦးဟာ မင်းတို့ကို ချယ်လှယ်ကောင်း ချယ်လှယ်လိမ့်မယ်။

နံပါတ် (၂) မင်းတို့ကို ချွန်လို့ နာကျင်တဲ့ ခံစားမှုတွေ အချိန်တိုင်းမှာ ခံစားရလိမ့်မယ်။ ဒါပေမယ့် မင်းတို့ ခဲတံကောင်း ဖြစ်ဖို့ ဒါဟာ လိုအပ်တယ်။

နံပါတ် (၃) မင်းတို့ လုပ်မိတဲ့ အမှားတွေကို အချိန်မရွေး ပြင်ဆင်နိုင်ရမယ်။

နံပါတ် (၄) မင်းတို့ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းက အတွင်းဆုံးပိုင်းပဲ။ မင်းတို့ ကောင်းမကောင်းဟာ ခဲဆံရဲ့ အရည်အသွေးမှာပဲ မူတည်တယ်။

နံပါတ် (၅) မင်းတို့ကို အသုံးပြုတဲ့ ဘယ်လို မျက်နှာစာမှာပဲ ဖြစ်ဖြစ် မင်းတို့ အမှတ်အသားလေးတွေ ချန်ခဲ့ နိုင်ရမယ်။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မင်းတို့ ဆက်ရေးပါ။

ခံတံတွေဟာ သူတို့ လိုက်နာရမယ့် ကိုယ်ကျင့်တရားကို မြေ၀ယ်မကျ လိုက်နာပါမယ်လို့ သန္နိဌာန်ချပြီး အောင်မြင်ဖို့ ရည်မှန်းချက် ရင်မှာပိုက်ပြီး ဂျပ်ဗူးထဲကို ၀င်သွားတော့တယ်။

ကဲ … အခု ကျနော်တို့ ခဲတံ နေရာမှာ ကျနော်တို့လို လူတစ်ယောက်ကို အစားထိုးကြည့်ရအောင်ဗျာ။ အဲဒါတွေကို လုံးဝ မမေ့ဘဲ၊ လိုက်နာနိုင်မယ်ဆိုရင် ကျနော်တို့လည်း လူတော်လူကောင်း ဖြစ်လာပါလိမ့်မယ်။

နံပါတ် (၁) သင်တို့တွေဟာ အင်မတန် ကြီးကျယ်တဲ့ လုပ်ရပ်တွေကို ဖန်တီးနိုင်မှာပါ။ ဒါပေမယ့် တခြားလူတွေနဲ့ လက်တွဲနိုင်မှ၊ ကိုယ့်ထက် တတ်သိတဲ့ လူတချို့ရဲ့ ပဲ့ကိုင်တာကို ခံနိုင်ရည်ရှိမှ ဖြစ်မယ်။ လူ့ဘ၀မှာ ဘာအကူအညီမှ မလိုဘဲ ကိုယ့်ဖာသာကိုယ် လုပ်လို့ရမယ့် အလုပ်မျိုး ဘယ်နှစ်ခု ရှိလဲ စဉ်းစားကြည့်ပါ။ ကျနော်ဆိုတဲ့ လူသားတစ်ယောက် ဖြစ်ဖို့တောင် တစ်ယောက်တည်း မဖန်တီးနိုင်ဘူးနော်။ ကျနော် မြင်သလောက် ပြောရရင် ဘာအကူအညီမှ မယူဘဲ ကိုယ့်ဖာသာ လုပ်လို့ရတဲ့ အလုပ် တစ်ခုပဲ ရှိတယ်။ အဲဒါ သေကြောင်းကြံခြင်းပဲ။ သေကြောင်းကြံတာတောင် ကိုယ့်နှာခေါင်း ကိုယ့်ဖာသာ ပိတ်ပြီး သေမှပဲ ဘာအကူညီမှ မလိုမှာ။ ကျနော် ပြောချင်တာက လောကမှာ တစ်ယောက်တည်း ရပ်တည်လို့ မရဘူး ဆိုတာပါ။ လူ့လောကမှာ အကူအညီ ပေးတတ်ဖို့ လိုသလိုပဲ အကူအညီ ယူတတ်ဖို့လည်း ကြိုးစားသင့်ပါတယ်။

နံပါတ် (၂) အချိန်နဲ့ အမျှ တွန်းတိုက်တာတွေကြောင့် နာကျင်မှုတွေနဲ့ ကြုံရလိမ့်မယ်။ ဘ၀မှာ ပြဿနာ ပေါင်းစုံနဲ့ ကြုံရမယ်။ ဒါတွေက လိုအပ်ပါတယ်။ ဒါမှ ပိုပြီး သန်စွမ်းတဲ့လူ ဖြစ်လာမှာပါ။ ဒီနေ့ ဖြစ်နေတဲ့ ပြဿနာတိုင်းဟာ နောက်နေ့တွေရဲ့ ဘ၀လျှောက်လမ်းအတွက် လိုအပ်တဲ့ လေ့ကျင့်ခန်းတွေပါ။ အိပ်စက်ခြင်းကို လျစ်လျူရှုနိုင်မှ အာရုံဦးကို မြင်ရမယ်။ အခက်အခဲတွေကို လျစ်လျူရှုနိုင်မှ အောင်မြင်မှုကို မြင်ရမယ်။ အအိပ်မက်သူ တစ်ယောက်အတွက် နေ့တစ်နေ့ဟာ တန်ဖိုးမရှိသလို စိတ်ပျက်နေသူ တစ်ယောက်အတွက်လည်း ဘ၀တစ်ခုဟာ အဓိပ္ပါယ် မရှိပါဘူး။

နံပါတ် (၃) သင်တို့ လုပ်မိခဲ့သမျှ အမှားတွေကို ပြင်ဆင်နိုင်ရမယ်။ လူဆိုတာ မှားကြမှာပဲ။ မမှားရင်တော့ ကောင်းတာပေါ့။ မှားမယ်ဆိုရင် ခဲရာလို အမှားမျိုး ဖြစ်စေချင်တယ်။ ဖျောက်ဖျက်လို့ ရသွားပေမယ့် တခါတလေမှာ အမာရွတ် ထင်ကျန်သွားတတ်တယ်။ ခံတံနဲ့ ရေးတာ မှားလို့ ပြန်ပြင်နိုင်ပေမယ့် လူ့ဘ၀မှာ မှားတဲ့ ဘယ်အမှားကို မဆို ပြန်ပြင်လို့ မရကောင်းပါဘူး။ ဖျောက်ဖျက်လို့ရတဲ့ အမှားရယ်လို့ လူ့ဘ၀မှာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အချိန်ဆိုတာ နောက်ပြန်ဆွဲလို့ မရလို့ပါ။ တချို့ အမှားတွေက အစားထိုး ကုစားလို့ရပေမယ့် တချို့ကတော့ မကုစားနိုင်ဘူး။ ဘယ်လိုပဲ ကုစားလို့ရရ၊ အစားထိုး ကုစားတာဖြစ်လို့ အမာရွတ်တော့ ကျန်နေမှာပါ။ အထူးသဖြင့် လူမှုရေးပိုင်းမှာ ဖြစ်တတ်တဲ့ အမှားမျိုးပါ။ ဖြစ်ဖြစ်ချင်းမှာပဲ တစ်ဘက်လူရဲ့ နှလုံးသားမှာ အမာရွတ် ဖြစ်ကျန်သွားတယ်။ လုံးဝ ပပျောက်အောင် ကုစားဖို့ ဆိုတာ မလွယ်တော့ဘူး။

နံပါတ် (၄) သင်တို့ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဟာ ခန္ဓာကိုယ် အတွင်းပိုင်းမှာပဲ တည်ပါတယ်။ အဓိကက စိတ်ဓါတ်ပါပဲ။

နံပါတ် (၅) သင်တို့ ဖြတ်သန်းဖူးသမျှ ဘ၀ စာမျက်နှာတိုင်းမှာ အမှတ်အသား ချန်ခဲ့နိုင်ရမယ်။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သင်တို့ရဲ့ တာဝန်ကို မပျက်မကွက် ဆက်လက် ထမ်းဆောင်နိုင်ရမယ်။ ကျနော်တို့ ဘ၀မှာ အရာမထင်တဲ့ အလုပ်တွေ ဘယ်လောက်များ လုပ်ပြီးပြီလဲနော်။ အရာထင်တဲ့ အလုပ်ဆိုတာကော ရှာလို့ တွေ့ရဲ့လား။ ကျနော်က ကလေးတစ်ယောက် အဖေပါလို့ လာမပြောပါနဲ့။ ဒါ သတ္တ၀ါတိုင်း စွမ်းဆောင်နိုင်ပါတယ်။ သက်ရှိတိုင်း စွမ်းဆောင်နိုင်ပါတယ်။ သက်ရှိလို့ ပြောတာကြောင့် သစ်ပင်တွေလည်း ပါပါတယ်။ နယူတန်က ပြောတယ်။ လုပ်ငန်းတစ်ခု စလုပ်တဲ့ အခြေအနေနဲ့ အပြီးသတ် အခြေအနေနဲ့ တစ်ထပ်တည်း တူညီနေရင် ပြီးမြောက်မှုက သုညတဲ့။ ကျနော်တို့ ကုတင်ပေါ်ကနေ အိပ်ယာထပြီး ညကျ ဒီကုတင်မှာပဲ အိပ်ယာပြန်ဝင်တယ်။ သဘာဝအရတော့ ကျနော်တို့ရဲ့ လုပ်ငန်း ပြီးမြောက်မှုက သုညပါပဲ။ အကယ်၍ ပုံမှန် လုပ်နေတဲ့ အစာစား၊ ကိုယ်လက်သန့်စင်၊ အလုပ်သွား၊ အလုပ်လုပ်၊ အလုပ်ပြန် ဆိုတာတွေထပ် ဘာမှ မထူးခြားရင်ပေါ့။ ဒါတွေဟာ အသက်ရှင်ရေးအတွက် ပုံမှန် ထမ်းဆောင်နေရတဲ့ လုပ်ငန်းဝန်တာပါ။ သက်ရှိတိုင်း လုပ်တတ်ပါတယ်။

ကျနော် ဒီနေ့ ငွေ ဘယ်နှစ်သိန်း ပိုဝင်အောင် လုပ်နိုင်တယ်လို့ မ၀ံ့ကြွား လိုက်ပါနဲ့။ သားကောင်ကြီးကြီး ဖမ်းမိတဲ့ သားရဲတစ်ကောင်ထက် ဘာမှ မထူးပါဘူး။ ဒါတွေဟာ သင်တို့ရဲ့ ဘ၀စာမျက်နှာမှာ ခပ်ဖွဖွလေး နင်းနေတဲ့ ခြေရာတွေပါ။ ဖြတ်တော့ လျှောက်သွားတယ် အရာမထင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဓီ တို့ဟာ စား၊၀တ်၊နေရေး ဆိုတာထက်ကို ပိုပြီး၊ နိုင်ငံအကျိုး လုပ်ခဲ့လို့ ခြေရာကြီးကြီး ကျန်ခဲ့ပါတယ်။ သူတို့ တမင် ချန်ခဲ့တာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဘ၀လမ်းကို လျှောက်လှမ်းရင်း နိုင်ငံရေး မျက်နှာစာမှာ ကျန်ခဲ့တာပါ။ ခြေရာကျန်အောင် တမင်လုပ်နေတဲ့ လူတွေလည်း ရှိပါတယ်။ နင်းတဲ့လူက အားစိုက်ထုတ်ရသလို အနင်းခံ မျက်နှာစာကလည်း အပြောင်းအလဲ ရှိမှ ခြေရာဆိုတာ ပေါ်မှာ မဟုတ်လား။ လောကကြီးကို အပြောင်းအလဲ မလုပ်နိုင်ဘဲ၊ လုပ်ဖို့ မကြိုးစားဘဲ ခြေရာ ထင်ကျန်ချင်တဲ့လူတွေ လောကမှာ အပေါသားဗျာ။ 

ရှိတာတွေကိုပဲ သိဖို့ ကြိုးစားနေတာထက် သိအောင်ကြိုးစားပြီး အရှိတရားတွေကို တိုးပွားအောင် လုပ်သင့်ပါတယ်။ နည်းနည်းများ နားရှုပ်သွားလား။ သိပ္ပံပညာမှာ ရှိတာတွေကို သိဖို့ ကြိုးစားတာ Technician ပါ။ သိအောင်ကြိုးစားရင်း အရှိတရားကို တိုးပွားအောင် လုပ်နေတာ Scientist ပေါ့။ ရှိပြီးသားတွေကို သိအောင် ကြိုးစားနေတာ Operator ပါ။ ပိုပိုပြီး ရှိလာအောင် ကြံဆောင်နေတာတော့ Creator / Inventor ပေါ့။ သင်တို့ဟာ Life Operator လုပ်မလား၊ Life Creator လုပ်မလား။ ရှိပြီးသား ဘ၀ဆိုတာကိုပဲ မောင်းနှင်ဖို့ ကြိုးစားမလား။ ဘ၀အသစ် ဖြစ်တည်လာအောင်ပဲ ကြံဆောင်ကြမလား။


Blogger Template အကြောင်း (၂)

ဒီပို့စ်ကို မဖတ်ခင် အရင် ဖတ်စေချင်သော ပို့စ်
Blogger Template အကြောင်း (၁)

(၂) Body Section
ကဲ ကျနော်တို့ Body Section ကို ဆက်ကြည့်ကြစို့။ ဒီအပိုင်းဟာ တန်းပလိတ်ရဲ့ အနှစ်သာရပိုင်းပါ။ တကယ် လုပ်ဆောင်ချက်တွေ ရေးတဲ့ အပိုင်းလည်း ဖြစ်တယ်။ အပေါ်မှာ ကြေငြာထားတဲ့ အရောင်တွေ၊ အရွယ်အစားတွေ၊ ပုံစံတွေကို ဘယ်လို အသုံးချမယ်၊ ဘယ်လို အခြေအနေမှာ ထုတ်သုံးမယ် ဆိုတာတွေဟာ ဒီအပိုင်းမှာ ရေးရတာပါ။ Head အပိုင်းက သတ်မှတ်ပြီး Body အပိုင်းက အကောင်အထည် ဖော်တာပေါ့။

<body>
  <div id=’outer-wrapper’>
    <div id=’wrap2′>
      <div id=’header-wrapper’> … </div>
      <div id=’content-wrapper’> … </div>
      <div id=’footer-wrapper’> … </div>
    </div>
  </div>
</body>

အပေါ်မှာ ပြထားတဲ့ ပုံစံဟာ Body Section ကို အရှင်းဆုံး ချုံ့ထားတာပါ။ အောက်က ပြထားတဲ့ ပုံနဲ့ အပိုင်းက Code နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နည်းနည်း ပိုရှင်းသွားမယ်ထင်တယ်။

ဒါဆို ကျနော်တို့ အဓိက အပိုင်းကြီး သုံးပိုင်း ထပ်ရမယ်။ ပထမဆုံး ကျနော်တို့ Header ပိုင်းကို ကြည့်ကြည့်ရအောင်။
<div id=’header-wrapper’>
  <b:section class=’header’ id=’header’ maxwidgets=’1′ showaddelement=’no’>
    <b:widget id=’Header1′ locked=’false’ title=’My Sample Blog (Header)’ type=’Header’>
      x
      x       
    </b:widget>
  </b:section>
</div>
ဒါ header-wrapper ရဲ့ အတိုချုံ့ပုံစံပါ။ ကျနော်တို့ Header မှာ ပုံတွေ (Banner) ထည့်မယ်။ ခေါင်းစဉ်ရေးမယ်။ ဘလော့ဂ်အကြောင်း အကြမ်းဖျင်း (Description) ရေးမယ်။ ဒါတွေဟာ ဒီအပိုင်းမှာ ရေးရပါ့မယ်။ ပုံမှန်အားဖြင့်တော့ Header အပိုင်းကို ပြုပြင် ပြောင်းလဲလေ့ မရှိပါဘူး။ ဒါပေမယ့် ဒီမှာ ကျနော် ရှင်းပြစရာ သုံးခု ရှိနေပါတယ်။ ပထမဆုံးက maxwidgets ဆိုတာပါ။ maxwidget ဆိုတာ အများဆုံး လုပ်လို့ရမယ့် widget အရေအတွက်ပါ။ ပုံမှန်အားဖြင့် maxwidgets က 1 ပါ။ ဒါပေမယ့် တချို့ ဘလော့ဂ်တွေမှာ Header ရဲ့ အောက်မှာ Menu ပုံစံ လုပ်ထားတာ တွေ့ပါလိမ့်မယ်။ ဒါဆို Header မှာ widget က နှစ်ခု ဖြစ်သွားတဲ့ အတွက်ကြောင့် maxwidgets=’2′ လို့ ပြောင်းပေးရပါမယ်။ ဒါမှ Header မှာ Banner အပြင် Menu ကိုပါ အောက်ကနေ ထည့်လို့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခု ထပ်ရှင်းပြချင်တာက showaddelement ပါ။ သူရဲ့ မူလ ပုံစံအရ showaddelement=’no’ ဆိုတဲ့ အတွက်ကြောင့် Header ရဲ့ အောက်နားလေးမှာ အကွက်တစ်ကွက်နဲ့ Add a page element ဆိုတာ မပေါ်တော့ပါဘူး။ Blogger in Draft မှာဆိုရင် Add a gadget လို့ မပေါ်ပါဘူး။ ဒါဆိုရင်လည်း ကျနော်တို့ Page Element အသစ်တိုးလို့ မရပါဘူး။ တကယ်လို့ Header မှာ အသစ်ထည့်ချင်တယ် ဆိုရင်တော့ showaddelement=’yes’ လို့ ပြောင်းပေးရပါမယ်။ နောက်တစ်ခုက b:widget ထဲက locked=’false’ ဆိုတာပါ။ သူကတော့ အဲဒီ widget ကို ရွှေ့လို့ မရအောင် လုပ်တဲ့ သဘောပါ။ locked=’false’ ဆိုရင် ထားချင်တဲ့နေရာကို ရွှေ့လို့ ရတယ်။ ‘true’ ထားလိုက်ရင်တော့ ရွှေ့လို့ မရတော့ဘူး။

Content အပိုင်းကို မပြောခင် Footer အပိုင်းကို အရင်ပြောပါ့မယ်။ ဘလော့်ဂ် အများစုရဲ့ တန်းပလိတ်မှာ Footer မှာ ဘာမှ မရှိပါဘူး။ ဒါကြောင့်
<div id=’footer-wrapper’></div>
ဆိုတာပဲ မြင်ရပါ့မယ်။ တကယ်လို့ widget တစ်ခုခု ထည့်ချင်ရင် ကြားထဲမှာ b:section နဲ့ b:widget တွေကို ထပ်ထည့်ပေးရပါမယ်။ showaddelement မှာ yes လုပ်လိုက်ရင် Page Element ကို ပုံမှန်အတိုင်း Add လုပ်သွားရုံပါပဲ။

Content အပိုင်းကတော့ အရေးအကြီးဆုံး အပိုင်း နဲ့ အဓိကကျတဲ့ အပိုင်း ဖြစ်တော့ အဲဒီထဲက အစိတ်အပိုင်းက နည်းနည်း များပါတယ်။ နောက်ပြီး ကိုယ်သုံးထားတဲ့ တန်းပလိတ် အမျိုးအစားပေါ် မူတည်ပြီး နည်းနည်းလေး ကွဲနိုင်ပါတယ်။ အခု အခြေခံ နားလည်နိုင်အောင် တန်းပလိတ် တစ်မျိုးကို ဆွဲထုတ်ပြီး ရှင်းပြပါ့မယ်။

<div id=’content-wrapper’>
  <div id=’main-wrapper’> … </div>
  <div id=’sidebar-wrapper’> … </div>
</div>

ဒါ Content ပိုင်းကို အတိုဆုံး ဖြစ်အောင် ချုံ့ထားတာပါ။ Content မှာလည်း နှစ်ပိုင်းတွေ့ရပါ့မယ်။ ဒါ 2 Columns Template မို့ပါ။ 3 Columns Template ဆိုရင် သုံးခု ဖြစ်သွားနိုင်ပါတယ်။ အထက်က ပုံကို ပြန်ကြည့်ရင် ပုံထဲမှာ နှစ်ပိုင်းခွဲနေတာ တွေ့ရပါလိမ့်မယ်။ အဲဒီ အထဲက Main အပိုင်းကို ဆက်သွားရအောင်။

<div id=’main-wrapper’>
  <b:section class=’main’ id=’main’ showaddelement=’no’>
    <b:widget id=’Blog1′ locked=’true’ title=’Blog Posts’ type=’Blog’>
      x
      x
    </b:widget>
  </b:section>
</div>

ဒီနေရာဟာ ကျနော်တို့ ရေးသမျှ ပို့စ်တွေ ပေါ်မယ့် နေရာပါ။ အခု မြင်ရသလောက်ဟာ header-wrapper နဲ့ ဘာမှ မထူးပါဘူး။ အသေးစိတ်ကိုတော့ နောက်ပိုင်းမှ ရှင်းပြပါ့မယ်။

<div id=’sidebar-wrapper’>
  <b:section class=’sidebar’ id=’sidebar’ preferred=’yes’>
    <b:widget id=’HTML1′ locked=’true’ title=” type=’HTML’/>
    <b:widget id=’BlogArchive1′ locked=’false’ title=’Blog Archive’ type=’BlogArchive’/>
    <b:widget id=’Label1′ locked=’false’ title=’My Label’ type=’Label’/>
    <b:widget id=’LinkList1′ locked=’false’ title=” type=’LinkList’/>
  </b:section>
</div>

ဒီအပိုင်းမှာ ကျနော်တို့ ထည့်သမျှ Widget တွေ အလုပ်လုပ်မယ့် နေရာပါ။ အထက်က Code ကို ကြည့်ရင်ဖြင့် ဒီ ဘလော့ဂ်ရဲ့ Sidebar မှာ Widget လေးခု ရှိပါတယ်။ HTML Widget, Blog Archive Widget, Label Widget နဲ့ LinkList Widget တစ်ခုစီ ပါပါတယ်။ ဒါ ကျနော်တို့ အတိုဆုံး ချုံ့ကြည့်လိုက်တာပါ။

ဘလော့တစ်ခုရဲ့ တန်းပလိတ်မှာ ပါတဲ့ အစိတ်အပိုင်းက ဒါအကုန်ပါပဲ။ အထက်က ရှင်းပြခဲ့သမျှကို တစ်စစီ ပြန်စုပြီး ကြည့်မယ်ဆိုရင် အောက်က ပုံစံအတိုင်း ရလာပါလိမ့်မယ်။

<?xml version=”1.0″ encoding=”UTF-8″ ?>
<!DOCTYPE html PUBLIC “-//W3C//DTD XHTML 1.0 Strict//EN” “http://www.w3.org/TR/xhtml1/DTD/xhtml1-strict.dtd”>
<html xmlns=’http://www.w3.org/1999/xhtml’ xmlns:b=’http://www.google.com/2005/gml/b’ xmlns:data=’http://www.google.com/2005/gml/data’ xmlns:expr=’http://www.google.com/2005/gml/expr’>
<head>
<b:include data=’blog’ name=’all-head-content’/>
<title><data:blog.pageTitle/></title>
<b:skin>
  <![CDATA[  ………….. ]]>
</b:skin>
<————— Javascript ! Put here.
</head>
<body>
  <div id=’outer-wrapper’>
    <div id=’wrap2′>
      <div id=’header-wrapper’>
        <b:section class=’header’ id=’header’ maxwidgets=’1′ showaddelement=’no’>
          <b:widget id=’Header1′ locked=’false’ title=’My Sample Blog (Header)’ type=’Header’>
            x
            x
          </b:widget>
        </b:section>
      </div>
      <div id=’content-wrapper’>
        <div id=’main-wrapper’>
          <b:section class=’main’ id=’main’ showaddelement=’no’>
            <b:widget id=’Blog1′ locked=’true’ title=’Blog Posts’ type=’Blog’>
              x
              x
            </b:widget>
          </b:section>
        </div>
        <div id=’sidebar-wrapper’>
          <b:section class=’sidebar’ id=’sidebar’ preferred=’yes’>
            <b:widget id=’HTML1′ locked=’true’ title=” type=’HTML’/>
            <b:widget id=’BlogArchive1′ locked=’false’ title=’Blog Archive’ type=’BlogArchive’/>
            <b:widget id=’Label1′ locked=’false’ title=’My Label’ type=’Label’/>
            <b:widget id=’LinkList1′ locked=’false’ title=” type=’LinkList’/>
          </b:section>
        </div>
      </div>
      <div id=’footer-wrapper’></div>
    </div>
  </div>
</body>
</html>

ဒီထက် ပို ချုံ့ကြည့်မယ်ဆိုရင် ဒီလို မြင်နိုင်ပါတယ်။

  1. Head Section
    • Title
    • CSS Code
    • JS Code Definition
  2. Body Section
  3. Outer Wrapper

    • Header Wrapper
    • Content Wrapper
      • Main Wrapper
      • Sidebar Wrapper
    • Footer Wrapper
အခု ရှင်းပြထားသလောက် မရှင်းတာ ရှိမယ်ဆိုရင် ကွန်းမန့်ထဲမှာ မေးမြန်နိုင်ပါတယ်။ အားမနာပါနဲ့။ လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်။ အစစအရာရာ အဆင်ပြေပါစေဗျာ။

ဆက်လက် ဖော်ပြပါမည်။


Blogger Template အကြောင်း (၁)

တကယ်တမ်းတော့ ဘလော့ဂါရဲ့ တန်းပလိတ်ကို နားလည်ဖို့ သိပ်မခက်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူက ကျနော်တို့ နားလည်လွယ်တဲ့ စကားလုံးတွေကို သုံးထားလို့ပါ။ ဥပမာ b:if ဆိုရင် အခြေအနေ စစ်ဆေးတဲ့နေရာမှာ သုံးတယ်။ b:loop ဆိုရင် ထပ်ခါ ထပ်ခါ လုပ်ရမယ့် နေရာမျိုးတွေမှာ သုံးတယ်။ ဒါ သာမန် အင်္ဂလိပ် အသုံးအနှုန်းနဲ့ သိပ်မကွာဘူး။ တကယ်လို့ စာဖတ်သူဟာ HTML အကြောင်း တီးမိ ခေါက်မိ ရှိရင်တော့ တန်းပလိတ်တစ်ခုကို ပြင်ဖို့ နားလည်ဖို့ မခက်တော့ပါဘူး။ နောက်ပြီး CSS အကြောင်းနဲ့ Javascript အကြောင်း အနည်းအကျဉ်း နားလည်မယ်ဆိုရင်တော့ ဘလော့ဂ် လုပ်ရတာ အတော်လေး အဆင်ပြေ လွယ်ကူသွားမယ်။ ကျနော် ဒီနေရာကနေ Blogger Template မှာ ပါတဲ့ အစိတ်အပိုင်းတွေကို နည်းနည်း ရှင်းပြချင်တယ်။ အခု စာဖတ်သူကို အခြေခံကျကျ ရှင်းပြနိုင်ဖို့ ကြိုးစားကြည့်ပါ့မယ်။ တချို့ နေရာတွေမှာ အသေးစိတ်ရှင်းဖို့ မလိုအပ်ရင် ကျော်သွားမှာပါ။ အတွင်းကျကျ လိုက်ရှင်းနေရင် ရှုပ်ကုန်မှာလည်း စိုးလို့ တန်းပလိတ်ရဲ့ အခြေခံ အလုပ်လုပ်ပုံပဲ ရှင်းပြပါ့မယ်။ တချို့ ဘလော့ဂါတွေ အနေနဲ့ တခြားသူ တစ်ဦးဦးက တန်းပလိတ် ပြင်ပေးနေတယ် ဆိုပေမယ့်လည်း ဘလော့ဂါတစ်ယောက် အနေနဲ့ အခြေခံ အဆင့်လောက်တော့ သိထားသင့်တယ်လို့ ယူဆမိပါတယ်။ အတတ်နိုင်ဆုံး တန်းပလိတ်ကို ချုံ့ပြီး တဖြေးဖြေး ချဲ့ရှင်းပြ သွားပါ့မယ်။

<?xml version=”1.0″ encoding=”UTF-8″ ?>
<!DOCTYPE html PUBLIC “-//W3C//DTD XHTML 1.0 Strict//EN” “http://www.w3.org/TR/xhtml1/DTD/xhtml1-strict.dtd”>
<html xmlns=’http://www.w3.org/1999/xhtml’ xmlns:b=’http://www.google.com/2005/gml/b’ xmlns:data=’http://www.google.com/2005/gml/data’ xmlns:expr=’http://www.google.com/2005/gml/expr’>
<head> …. </head>
<body> …. </body>
</html>

ဒါ Template ကို အနိမ့်ဆုံး အဆင့်အထိ ချုံ့ကြည့်လိုက်တာပါ။ အဲလို ချုံ့လိုက်တော့ အစိတ်အပိုင်း (၂) ခုပဲ ကျန်တော့တယ်။
(၁) Head Section နဲ့
(၂) Body Section ပါ။

(၁) Head Section
ကျနော်တို့ <head> နဲ့ </head> ကြားကို Head Section လို့ သတ်မှတ်ပါတယ်။ အဲဒီ အပိုင်းမှာ ဆိုရင် ကျနော်တို့ သုံးမည့် ပစ္စည်း ပစ္စယတွေ သိမ်းဆည်းတဲ့ နေရာလေးပါ။ Body Section မှာ သုံးမယ့် လုပ်ဆောင်ချက်တွေ အတွက် ဒီနေရာမှာ ကြေငြာပေးပါ့မယ်။ နောက်ပြီး တန်းပလိတ် တစ်ခုလုံးရဲ့ အသွင်အပြင်၊ ဒီဇိုင်းကို ဒီမှာ သတ်မှတ်ရပါတယ်။ Color တို့၊ Font တို့၊ စာလုံး အရွယ်အစား၊ အနေအထားတွေကို ဒီနေရာမှာ ကြေငြာပေးရမှာပါ။ ဒီ အပိုင်းကိုလည်း ကျနော်တို့ နားလည်လွယ်အောင် အစိတ်အပိုင်း သုံးပိုင်း ထပ်ခွဲလို့ ရပါတယ်။
<head>
<b:include data=’blog’ name=’all-head-content’/>
<title><data:blog.pageTitle/></title>
<b:skin>
   <![CDATA[  ………….. ]]>
</b:skin>
<————— Javascript ! Put here.
</head>

ပထမဆုံး အနီရောင်နဲ့ ပြထားတဲ့ အပိုင်းက Title ပိုင်းပါ။ b:include ဆိုတဲ့ Tag ဟာ သူ့ အထဲမှာ ကြေငြာထားတဲ့ လုပ်ဆောက်ချက်ကို လုပ်ဆောင်ပေးပါတယ်။ all-head-content လို့ အမည်ပေးထားတဲ့ လုပ်ဆောင်ချက်ကို လုပ်ပေးဖို့ ကြေငြာတာပါ။ နောက်ပြီး <title> </title> အထဲမှာ ပါတဲ့ စာဟာ အမြဲတမ်း ကျနော်တို့ သုံးတဲ့ Browser ရဲ့ အပေါ်ဆုံး ဘယ်ဘက် အနားမှာ ကပ်ပြီး ပေါ်နေတဲ့ စာပဲ ဖြစ်ပါတယ်။ ဘလော့ဂ်တိုင်းမှာ ဆိုရင် အမြဲ ဘလော့ရဲ့ နာမည်ပဲ ပေါ်ပါ့မယ်။ ဘာလို့လဲ ဆိုတော့ data:blog.pageTitle အနေနဲ့ ကြေငြာထားလို့ပါ။

<b:skin> နဲ့ </b:skin> ကြားမှာ ရေးထားတဲ့ Code တွေဟာ CSS Code တွေပဲ များပါတယ်။ ပို့စ်ခေါင်းစဉ်ကိုတော့ဖြင့် ဘာအရောင်လေးနဲ့ စာလုံး ဘယ်အရွယ်အစားနဲ့ ပေါ်ချင်တယ် ဆိုတာတွေကို ဒီနေရာမှာ သတ်မှတ်ပေးပါတယ်။ သူ့ရဲ့ Tag နာမည်အတိုင်း skin ဆိုသလိုပဲ ဘလော့တစ်ခုလုံးရဲ့ အရေပြားပိုင်းပါ။ အပြင်အဆင်ပိုင်းပေါ့။ Style Sheet လို့လည်း ခေါ်ပါတယ်။ တကယ်လို့ Style Sheet ထဲမှာ ထည့်ပေးပါလို့ ပြောခဲ့ရင် ဒီနေရာမှာ ထည့်ပေးရမှာပါ။ သေးစိတ်ကို နောက်မှ ဆက်ဆွေးနွေးပါ့မယ်။

</b:skin> နဲ့ </head> ကြားမှာတော့ မူလ ဘလော့ဂါမှာ မပါတဲ့ ထပ်တိုး လုပ်ဆောင်ချက်တွေအတွက် ဒါမှမဟုတ် သူများ ရေးထားပြီးသား လုပ်ဆောင်ချက်တွေ အခန့်သင့် သုံးနိုင်ဖို့အတွက် ဒီနေရာမှာ အဲဒီ ဖိုင်တွေကို ညွှန်ပေးရပါ့မယ်။ ဥပမာ ပို့စ်ခေါက်တဲ့ လုပ်ဆောင်ချက် ဆိုပါစို့။ ကျနော်တို့အတွက် အဲဒီ လုပ်ဆောင်ချက်ကို အလွယ်တကူ သုံးနိုင်အောင် တခြားလူတစ်ယောက်ယောက်က ရေးထားပေးပါတယ်။ အဲဒါကို myhacko.js ဆိုတဲ့ နာမည်နဲ့ သိမ်းထားပါတယ်။ ကျနော်တို့ အဲဒီ လုပ်ဆောင်ချက်အတွက် အဲဒီ ဖိုင်ကို ဒီနေရာမှာ ခေါ်ပေးရပါ့မယ်။
<script src=’http://pikay.googlepages.com/myhacko.js’ type=’text/javascript’/> ဆိုတာကို </b:skin> နဲ့ </head> ကြားမှာ ထည့်ပေးရပါတယ်။ ဒါဆို myhacko.js ထဲက Javascript Function တွေကို အသင့် ယူသုံးလို့ ရပါပြီ။

အခု ရှင်းပြထားသလောက် မရှင်းတာ ရှိမယ်ဆိုရင် ကွန်းမန့်ထဲမှာ မေးမြန်နိုင်ပါတယ်။ အားမနာပါနဲ့။ လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်။ အစစအရာရာ အဆင်ပြေပါစေဗျာ။

ဆက်လက် ဖော်ပြပါမည်။


ဘ၀ဟူသော အိမ်

အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးဟာ သူ့အလုပ်ကနေ ရပ်နားဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီး သူ့မိန်းမနဲ့အတူ မိသားစုဘ၀ကို အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းတော့မယ့်အကြောင်း သူ့ရဲ့ အလုပ်ရှင်ကို အကြောင်းကြားလိုက်တယ်။ အပတ်စဉ် ၀င်ငွေရနေတဲ့ ဒီအလုပ်ကို သူ နှမြောပေမယ့် သူ နားချင်ပြီ။ နားကို နားတော့မယ်လို့ စိတ် ဒုန်းဒုန်းချလိုက်တယ်။

အလုပ်ရှင်ဟာ လူတော်တစ်ယောက် ဆုံးရှုံးရမှာကို အရမ်းနှမြောနေတယ်။ သူ့ဆီကနေ အလုပ်ထွက်သွားတာကိုလည်း သူ မလိုလားဘူး။ အရမ်းလည်း ၀မ်းနည်းမိတယ်။ ဒါနဲ့ နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်ပေးပါဦးလို့ တောင်းပန်ပြီး ဆွဲထားလိုက်တယ်။ အလုပ်ရှင်က တောင်းဆိုနေတော့ သူ ခေါင်းညိတ်လိုက်ရပေမယ့် သူ့ရဲ့ စိတ်မပါလှတဲ့ လုပ်ရပ်တွေက အတော်လေးကို သိသာနေတယ်။ သူနားချင်တာ မနားရတော့ အလုပ်ရှင်အပေါ်မှာလည်း ငြိုငြင်မိနေတယ်။ ခါတိုင်း အနုစိတ်ပြီး တိတိကျကျ လုပ်တတ်သမျှ အခုတော့ အိမ်တစ်လုံး မြန်မြန်ပြီးဖို့ ဆိုတာပဲ အတွေးက ရှိတယ်။ သူနားချင်ပြီ။ ဒီအလုပ်ပြီးရင် သူ့အလုပ်ရှင်က ပေးနားမယ်။ ဒီတော့ မြန်မြန် ပြီးရမယ်ပေါ့။ သူ့ဘ၀ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ ဒါ သူ့ရဲ့ နောက်ဆုံး လက်ရာ ဖြစ်ကျန်နေမယ်ဆိုတာကို သူ လုံးလုံး သတိမရှိနိုင်တော့ဘူး။

လက်သမားဆရာကြီးဟာ သူရဲ့ နောက်ဆုံးအိမ်လေးကို ဆောက်လို့ ပြီးသွားတော့ အလုပ်ရှင်ဟာ အိမ်ကို လာစစ်ဆေးပါရော။ အသေအချာ စစ်ဆေးပြီး အလုပ်ရှင်ဟာ အိမ်တံခါးကို ပိတ်လိုက်တယ်။ နောက် တံခါးသော့ကို လက်သမားကြီးရဲ့ လက်ထဲ ထည့်လိုက်ပြီး တည်ငြိမ်တဲ့ အကြည့်နဲ့ ပြောလိုက်တယ်။
ဒီနေ့ကနေ စပြီး ဒါ ဆရာကြီးရဲ့ အိမ် ဖြစ်သွားပါပြီ။ ဒါ ကျနော်ရဲ့ လက်ဆောင်ပါ။

ဒီစကားလည်း ကြားလိုက်ရော လက်သမားဆရာကြီး ထိတ်လန့် တုန်လှုပ်သွားတယ်။

ရှက်စရာ ကောင်းလိုက်တာ။ တကယ်လို့ သူ ဆောက်နေတဲ့ အိမ်ဟာ သူ့ ကိုယ်ပိုင်အိမ် ဆိုတာသိခဲ့ရင် သူ ဒီလို လုပ်ပါ့မလား။ ဒီလောက် ပစ္စလက်ခတ် ဆောက်ပါ့မလား။

xxxxxxxx xxxxxxxx
ကျနော်တို့ရဲ့ ဘ၀တွေဟာလည်း ဒီလိုပါပဲ။ ကျနော်တို့ရဲ့ ဘ၀တွေကို ကျနော်တို့ ကိုယ်တိုင် တည်ဆောက်နေရတာ မဟုတ်လား။ ဒါပေမယ့် တခါတခါ ကျနော်တို့ စွမ်းအား ရှိသလောက် ဒီ ဆောက်လုပ်ရေးမှာ ထုတ်မသုံးဖြစ်ဘူးနော်။ နောက်ဆုံး ကျနော်တို့ ဆောက်ထားတဲ့ အိမ်မှာ နေရတော့မယ်ဆိုတာ သိလိုက်ရတဲ့ အချိန်ကျမှ ကျနော်တို့ အကြီးအကျယ် ပြာယာခတ်ကုန်တယ်။ နောက်ကြောင်းပြန်ပြီး ပြန်လည်တည်ဆောက်ခွင့် ရှိရင်တော့ အရင်ကထက် ထူးထူးခြားခြား လုပ်မိကြမယ်ထင်တယ်။

တကယ်တမ်းကော ကျနော်တို့ နောက်ပြန်သွားလို့ ရပါ့မလား။ ကျနော်တို့ဟာ ဘ၀ကို ပုံဖော်နေတဲ့ လက်သမားဆရာတွေပါ။ နေ့စဉ်နဲ့အမျှ သံရိုက်ကြတယ်၊ နံရံကို တည့်မတ်ကြတယ်၊ အမိုးမိုးနေကြတယ်။ ဒီနေ့ လုပ်လိုက်တဲ့ ကျနော်တို့ရဲ့ အပြုအမူ၊ ရွေးချယ်မှုနဲ့ ကိုယ်ကျင့်တရားဟာ မနက်ဖြန် ကျနော်တို့နေဖို့ အိမ်အတွက် ကုန်ကြမ်းတွေပါ။ အထောက်အပံ့တွေပါ။

ဒါကြောင့် ကျနော်တို့ ဉာဏ်ပညာ ရှိရှိနဲ့ ဆောက်လုပ်ကြပါစို့လား။

ကျနော်ဖတ်ဖူးတဲ့ စာကို သင့်လျော်သလို ဘာသာပြန်ပေးလိုက်ပါတယ်။


ဘန်းမကျော်ဘဲ ကွန်းမန့်ရေးနိုင်အောင်

ကျနော်တို့လို blogspot ကို မသုံးဘဲ သီးခြားဒိုမိန်းနဲ့ သုံးတဲ့ ဘလော့ဂါတွေရဲ့ အဓိက ရည်ရွယ်ချက်ဟာ Access Denied ဆိုတဲ့ ဘန်းကို ကျော်ဖို့ပဲ ဖြစ်ပါတယ်။ ကျနော် အခုသုံးထားတဲ့ myanmarbloggers.org ဆိုတဲ့ ဒိုမိန်းကို သုံးပြီးတဲ့ အခါမှာ ဘန်းကျော်ကြည့်ရတဲ့ ဒုက္ခကနေ လွတ်ကင်းသွားပေမယ့် နောက်ထပ် အခက်အခဲ သုံးခုကို ရင်ဆိုင်ရနေပါသေးတယ်။ သီးခြား ဒိုမိန်းယူတဲ့ လူတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေပါ။ ဒီအခက်အခဲက ဖြေရှင်းလို့ရတဲ့ ပြဿနာတွေပါ။ အခက်အခဲတွေကတော့

(၁) အရင် blogger.com မှာ တင်ထားတဲ့ ပုံတွေဟာ ဘန်းမြဲ ဘန်းခံရလို့ မပေါ်ပါဘူး။ Browse လုပ်ပြီး My Computer ထဲက တင်တဲ့ ပုံတွေ မှန်သမျှ blogger.com မှာပဲ သိမ်းပေးထားပါတယ်။ အဲ့ပုံတွေဟာ blogger.com ကို ဘန်းထားတဲ့ အတွက် မပေါ်ပါဘူး။
ဖြေရှင်းချက် ။ ။ Image Hosting Websites တစ်ခုခုမှာ တင်ပြီး image url နဲ့ တင်မယ်ဆိုရင် ဘန်းကျော်စရာ မလိုဘဲ ပုံတွေ ပေါ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ပုံတင်တဲ့ ဆိုဒ်တွေကို ISP တွေက မပိတ်ထားလို့ပါ။ အဲဒီ Website တချို့
http://imageshack.us
http://photobucket.com/
http://www.slide.com/
http://picasa.google.com/ တို့ပဲ ဖြစ်ပါတယ်။

(၂) အရင် blogspot.com နဲ့ သုံးတုန်းက ထည့်ထားတဲ့ Rating Service တွေ အလုပ်မလုပ်တော့ဘူး။ Post Rating ပဲဖြစ်ဖြစ်၊ Blog Rating ပဲဖြစ်ဖြစ် ဒိုမိန်းပြောင်းပြီးရင် အရင် blogspot တုန်းက ပေးထားခဲ့သမျှ အမှတ်တွေ ပျောက်သွားတတ်ပါတယ်။ နောက်ပြီး Service တချို့ ခဏ ရပ်သွားပြီး ပြန် အလုပ်လုပ်ဖို့ အချိန် နည်းနည်း ယူရပါတယ်။

(၃) ကွန်းမန့်ပေးဖို့အတွက် အရင်လို ဘန်းကျော်မြဲ ကျော်နေရပါသေးတယ်။ ဒါကြောင့် တချို့ ကွန်းမန့်ပေးချင်ကြပေမယ့် ဘန်းကျော်နေရတဲ့ ပြဿနာကြောင့် စီပုံးထဲမှာပဲ အော်ပြီး ပြန်သွားရတဲ့ လူတွေ မနည်းပါဘူး။ ဘန်းကျော်စရာ မလိုအောင် လုပ်နိုင်တဲ့ နည်းလမ်း နှစ်ခုကို ကျနော် သိထားပါတယ်။ အဲဒါတွေက Commenting Service ကိုပေးတဲ့ ဆိုဒ် နှစ်ခုရဲ့ အကူအညီနဲ့ ကွန်းမန့်ပေးမယ်ဆိုရင် ဘန်းကျော်စရာ မလိုတော့ဘဲ ပေးနိုင်ပါတယ်။ အဲဒါတွေက
Haloscan နဲ့
Intense Debate ပဲဖြစ်ပါတယ်။

Haloscan နဲ့ ကွန်းမန့်ပေးဖို့ ဟိုအရင်က သုံးကြည့်ဖူးပါတယ်။ ကျနော် မကြိုက်တာ တစ်ခုက Haloscan ကို သုံးလိုက်ရင်ပဲ အရင် ပေးထားသမျှ ကွန်းမန့်တွေ တစ်ခုမှ မပေါ်တော့ပါဘူး။ ဒါပေမယ့် ပျက်သွားတာတော့ မဟုတ်ပါဘူး။ Haloscan ကို ဖြုတ်လိုက်ရင် ပြန်ပေါ်ပါတယ်။ Haloscan ထဲက ကွန်းမန့်တွေတော့ ပျောက်ကုန်မှာပေါ့။ အရင်ကွန်းမန့်တွေကို နှမြောတာနဲ့ပဲ Haloscan ကို ဖြုတ်ပစ်လိုက်ပါတယ်။ နောက်ပြီး Haloscan က တချို့ Template နဲ့ အဆင်မပြေဘူးလို့ ဆိုထားပါတယ်။

မနေ့ကမှ ကျနော် blog ကို hack လုပ်တဲ့ နိုင်ငံခြားက ဘလော့ဂ်တွေကို လိုက်လည်ရင်း ဖတ်ရင်းနဲ့ နောက်ထပ် Commenting Service တစ်ခုကို သိခဲ့ရပါတယ်။ သူက Intense Debate ပါ။ ပို့စ်အဟောင်းတွေမှာ ရှိတဲ့ ကွန်းမန့်တွေကို ပေါ်မြဲ ပေါ်နေအောင် လုပ်ပေးနိုင်တယ် ဆိုတာ တစ်ချက်တည်းနဲ့တင် ကျနော် Intense Debate ကို သဘောကျသွားတယ်။ ကျနော် Intense Debate ထည့်ပုံ အဆင့်ဆင့်လေးကို ပြောပြချင်ပါတယ်။ အခြေခံသာ ရှိတဲ့ လူတွေအတွက်ပဲ ရည်ရွယ်ပါတယ်။

အဆင့် (၁) Intense Debate ထဲ ၀င်ပြီး signup လုပ်လိုက်ပေးပါ။ signup လုပ်ပြီးတာနဲ့ အောက်က ပုံအတိုင်း မြင်ရလိမ့်မယ်။

အဆင့် (၂) မိမိ Commenting Service ထည့်ချင်တဲ့ ဘလော့ဂ်ကို လိပ်စာထည့်ပေးပါ။ အောက်နားက Add Blog ကို နှိပ်ပြီး လိပ်စာထည့်ပေးပါ။ ပြီးရင် Save Setting လုပ်ပေးပါ။

အဆင့် (၃) Widget ထည့်သွင်းခြင်း
အပေါ်က ပုံရဲ့ အပေါ်နားမှာ Install Intense Debate Now ! ဆိုတာကို နှိပ်လိုက်ပါ။ ဘလော့ဂ်လိပ်စာ တောင်းပါလိမ့်မယ်။ ရိုက်ထည့်ပြီးရင် Blog Platform ရွေးပေးဖို့ပါ။ Blogger ကို ရွေးပေးပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်း တက်လာလိမ့်မယ်။

All new posts ကို ရွေးရင် ကွန်းမန့် မတင်ရသေးတဲ့ ပို့စ်တွေမှာပဲ ထည့်ပေးလိမ့်မယ်။ တကယ်လို့ On all blog posts ကို ရွေးရင်တော့ ဟိုးအရင် ပို့စ်အဟောင်းတွေ အကုန်လုံးမှာ ထည့်ပေးလိမ့်မယ်။ အဲဒါကို ရွေးလိုက်ရင် ကွန်းမန့်အဟောင်းတွေ ပျက်ကုန်လိမ့်မယ်။ မပျက်ချင်ရင်တော့ All new posts ကိုပဲ ရွေးပေးပါ။ ပြီးရင်

  1. www.blogger.com ကို ၀င်ပါ။
  2. မိမိ Service ထည့်ချင်တဲ့ ဘလော့ဂ်ကို ရွေးပြီး Layout ကို သွားပေးပါ။
  3. Edit HTML ကို ရွေးပေးပါ။
  4. ပထမဆုံး စာကြောင်းမှာ Download Full Template ဆိုတာ ရှိပါတယ်။ ကလစ်နှိပ်ပြီး ကိုယ့်ရဲ့ ကွန်ပြူတာထဲမှာ template ကို သိမ်းပေးပါ။
  5. Browse ကို နှိပ်ပြီး ခုနက သိမ်းထားတဲ့ Template ကို ရွေးပေးပါ။ ပြီးရင် အောက်နားက Upload file and continue ကို နှိပ်ပေးပါ။
  6. နောက် စာမျက်နှာအသစ်တစ်ခု တက်လာပါလိမ့်မယ်။ အဲဒီမှာ Code ထည့်ပြီးသား Template ရဲ့ HTML ပေးထားပါတယ်။ အဲဒီ Code တွေကို အားလုံး ရွေးပြီး Ctrl + c နှိပ်ပြီး ကော်ပီကူးပါ။ ပြီးရင် Blogger.com ထဲက Edit HTML မှာ နဂို ရှိထားတဲ့ Code တွေကို အကုန်ဖျက်ပြီး ခုနက ကူးထားတဲ့ Code တွေကို (Paste) ထည့်ပေးပါ။ ပြီးရင် Template ကို သိမ်းလို့ရပါပြီ။

ဒါဆို ကျနော်တို့လိုချင်တဲ့ Commenting Service ကို ရပါပြီ။ ဒီထက် ဘာတွေလုပ်လို့ရသေးလည်း ဆိုတာ နည်းနည်း ရှင်းပြပါ့မယ်။

Dashboard မှာဆိုရင်

Moderate Comments – ဘလော့ဂ် ပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရမှ တင်ပေးမယ့် ကွန်းမန့်တွေအတွက် ဒီနေရာမှာ ကြည့်ပါမယ်။ ခွင့်ပြုချက်မပေးရသေးတဲ့ ကွန်းမန့်တွေထားတဲ့ နေရာပေါ့။
Old Comments – ကွန်းမန့်အဟောင်းတွေ ထားတဲ့ နေရာလေးပါ။
Settings – ဒီနေရာမှာ လုပ်လို့ရတာတွေ နည်းနည်း များပါတယ်။ တစ်ခုချင်း အကြမ်းဖျင်း ရှင်းပြပါ့မယ်။ ဒီပုံလေးကြည့်ပါ။
Comment Posting မှာ

  • ကွန်းမန့်အကုန်လုံးကို ဘလော့ဂ်ပိုင်ရှင် ခွင့်ပြုချက်ရမှ ဖော်ပြပေးလို့ ရပါတယ်။
  • ကွန်းမန့်မရေးခင်မှာ Intense Debate မှာ အရင် Sign up လုပ်ခိုင်းရမယ်။
  • အခု ကွန်းမန့်ရေးမယ့်သူဟာ အရင် ခွင့်ပြုပြီးသား ကွန်းမန့်ရှိမှ တင်ခွင့်ပြုမယ်။

ဒီသုံးချက်ကို ကြိုက်သလို ရွေးပြီး လုပ်ဆောင်ချက် ပြောင်းနိုင်ပါတယ်။
ကွန်းမန့်ထဲမှာ ပါတဲ့ စကားလုံးကို စစ်ပြီးတော့လည်း ချက်ချင်း မဖော်ပြဘဲ စစ်ဆေးလို့ ရပါတယ်။ Moderate posts containing the following words ဆိုတဲ့ နေရာမှာ ကို စာလုံးတွေ ထည့်ပေးပါ။ တကယ်လို့ ကိုယ့်ရဲ့ ကွန်းမန့်ထဲမှာ အဲဒီ စာလုံးတွေ ပါနေခဲ့မယ်ဆိုရင် ချက်ချင်း တန်းမဖော်ပြဘဲ Moderate လုပ်ပြီး စစ်ဆေးလို့ရပါတယ်။ ဒါဆို ညစ်ညမ်းတဲ့ စကားလုံးတွေ မပါအောင် စစ်ထုတ်လို့ ရပြီပေါ့ဗျာ။
နောက်ပြီး ကွန်းမန့်တင်တဲ့ IP Address နဲ့လည်း စစ်ထုတ်လို့ ရပါတယ်။
နောက် ကွန်းမန့်တင်တဲ့ Email လိပ်စာနဲ့လည်း စစ်ထုတ်လို့ ရတယ်။
နောက်တစ်ခုက Profanity Filter ပါ။ သူက ကျနော်တို့ မဖော်ပြချင်တဲ့ စကားလုံးတွေကို သူက asterisks (*) အဖြစ်နဲ့ ပြောင်းပေးပါတယ်။ Disallowed words မှာ ထည့်ထားတဲ့ စာလုံးတွေကို * ပြောင်းပေးပါလိမ့်မယ်။
ညာဘက် အောက်နားမှာတော့ ဒီကွန်းမန့်တွေကို စစ်မယ့် Admin User ထပ်ထည့်လို့ရပါတယ်။ တစ်ယောက်မက ခွင့်ပြုချက်ပေးလို့ ရတယ်။
ဒါတွေကို ပြင်ပြီးရင် Save Setting လုပ်ဖို့တော့ မမေ့နဲ့ဦးပေါ့ဗျာ။
Blog Tools – ဒီနေရာမှာ တခြား ဘလော့ဂ်တွေက ကွန်းမန့်တွေကို Import လုပ်လို့ရသလိုပဲ ဒီထဲက ကွန်းမန့်တွေကိုလည်း XML အနေနဲ့ Export လုပ်လို့ရတယ်။ နောက်ပြီး ဒီ Service ကို မကြိုက်တော့လို့ Uninstall လုပ်ချင်သပ ဆိုရင်လည်း ဒီမှာပဲ လုပ်ရမယ်။ ပြဿနာ တစ်ခုခု တက်လို့ Reinstall ပြန်လုပ်လို့လည်း ရတယ်လေ။
Comment Layout – ဒီနေရာမှာ ကွန်းမန့် ဖော်ပြတဲ့ ပုံစံ ပြောင်းလို့ရပါတယ်။ တကယ်လို့ ကျနော်တို့က ကိုယ်ပိုင် စိတ်ကြိုက်ပုံစံကို CSS နဲ့ ရေးတတ်တယ် ဆိုရင်လည်း အောက်ဆုံးမှာ အဲဒီ CSS ဖိုင်ကို တင်ပြီး Comment Layout ပြောင်းပစ်လို့ ရတာပေါ့ဗျာ။
+ Add Blog လုပ်ပြီး အကောင့်တစ်ခုတည်းနဲ့ ဘလော့ဂ်တွေ အများကြီး တပြိုင်တည်း ထည့်လို့လည်း ရပါတယ်။
နောက်ပြီး Add-ons မှာ ဆိုရင် Recent Comments, Top Commenters, Popular Posts တို့ကို လုပ်နိုင်တဲ့ Widget တွေကို အဲဒီမှာ လုပ်ယူလို့ ရပါတယ်။

နောက်ထူးခြားတာလေးတစ်ခုက သူများတွေ တင်ထားတဲ့ ကွန်းမန့်တွေကိုလည်း ပြန်ဖတ်ပြီး Rating ပေးလို့ရတယ်ဗျ။ နောက်ပြီး ကွန်းမန့် ပေးတဲ့လူရဲ့ ဘေးနားမှာလဲ သူ အရင် ကွန်းမန့် ဘယ်လောက် ပေးထားဖူးသလဲ ဆိုတာကိုပါ ပြထားတယ်။ နောက်ပြီး ကြည့်နေတဲ့ ပို့စ်ရဲ့ ကွန်းမန့်တွေကိုလည်း ပေးထားတဲ့ Rate နဲ့ ပြန်စီခိုင်းလို့ ရသေးတယ်ဗျာ။

ကဲ ကြည့်ပါဦးဗျာ။ ဘယ်လောက် အသုံးတည့်လိုက်မလဲ။ ဒါနဲ့ စကားမစပ် ကျနော် Intense Debate ဆီက ဘာမှ မရဘဲနဲ့ကို ကြေငြာနေတယ်ဆိုတာ တကယ့်ကို အသုံးတည့်လို့ပါ။ စာဖတ်သူလည်း ဘလော့ဂါတစ်ယောက် ဆိုရင်တော့ စမ်းကြည့်စေချင်တယ်။

မြန်မာပြည်က ဘလော့ဖတ်သူတွေ အတွက် ဘလော့ဂ် ဖတ်ဖို့ဆိုတာ အတော်လေး အားစိုက်ထုတ်ရပါတယ်။ တချို့ ဒိုမိန်းပြောင်းထားတော့ ဘလော့ဖတ်လို့ ရတာတောင် ကွန်းမန့် ရေးဖို့ထပ်ခက်ပြန်ရော။ အခုတော့ ကွန်းမန့် ရေးဖို့လည်း သူတို့အတွက် အခက်အခဲ မရှိတော့ပါဘူး။ မြန်မာပြည်က ဘလော့ဂ်ဖတ်သူတွေအတွက် အလွယ်တကူ ဖတ်နိုင်အောင် လုပ်ဖို့ ကျနော်တို့ ဘလော့ဂါတွေမှာ တာဝန် အပြည့်ရှိပါတယ်။ ဒိုးမိန်းကို myanmarbloggers.org အနေနဲ့ ယူလို့ရပါတယ်။ အကယ်၍ လိုချင်ရင် bloggers@myanmarbloggers.org ကို အီးမေးပို့ပြီး အကြောင်းကြားနိုင်ပါတယ်။ Subject မှာ Request subdomain လို့ ရေးပြီး စာကိုယ်မှာ မူရင်း ဘလော့ဂ်လိပ်စာ၊ လောင်နာမည် နဲ့ ပြောင်းချင်တဲ့ xxxxx.myanmarbloggers.org လိပ်စာကို ရေးထည့်ပေးရုံပါပဲ။ Admin ကနေ စစ်ဆေးကြည့်ရှုပြီး Setting လုပ်ပြီးတာနဲ့ ပြန်အကြောင်း ကြားပေးပါလိမ့်မယ်။ အဲဒီမှာ လိုက်နာပေးရမယ့် အချက် နှစ်ချက်ရှိပါတယ်။ တစ်ချက်က စက်တင်ပြောင်းဖို့ အကြောင်းကြားပြီး တစ်လနေလို့မှ မပြောင်းသေးဘူးဆိုရင် ပြန်လည် ဖျက်သိမ်းပါ့မယ်။ နောက်တစ်ချက်က တကယ်လို့ myanmarbloggers.org ဒိုမိန်းကို ပြောင်းပြီး နောက်ပိုင်း တခြား ဒိုမိန်းကို ပြောင်းသွားပြီဆိုရင် Admin ကို ပြန်အကြောင်းကြား ပေးစေချင်တယ်။ တကယ်တမ်း လုပ်ပေးနိုင်တဲ့ Subdomain အရေအတွက်က မများပါဘူး။ ဒါကြောင့် လိုအပ်ရင် မသုံးတော့တဲ့ အဟောင်းတွေကို ဖျက်ပစ်မှ အဆင်ပြေမှာ မို့ပါ။ Myanmarbloggers.org နဲ့ ပတ်သက်တာ သိချင်သေးရင် ဒီပို့စ်ကို ဖတ်ကြည့်နိုင်ပါတယ်။ ဒါ မြန်မာနိုင်ငံသားချင်း မေတ္တာနဲ့ ကူညီတဲ့ Domain ပါ။ တခြား နိုင်ငံခြားက ပေးတဲ့ Free Domain တွေလည်း ရှိပါတယ်။ ဥပမာ http://www.co.cc/ ပေါ့။ အဲဒီမှာလည်း အလကား တောင်းလို့ ရပါတယ်။ ကျနော် သိသလောက် အခုဆိုရင် Myanmarbloggers.org မှာ ယူထားတဲ့ subdomain ပေါင်း ၇၀ ကျော် ရှိပါပြီ။

အထက်က ရေးပြထားတဲ့ Intense Debate နဲ့ ပတ်သက်ပြီး အဆင်မပြေတာရှိရင်လည်း ကွန်းမန့်နဲ့ ဖြစ်ဖြစ်၊ စီပုံးမှာ ဖြစ်ဖြစ် အော်ထားလို့ ရပါတယ်။ အော် နောက်ပြီး ကျနော်ရဲ့ ဘလော့်မှာ သုံးထားတဲ့ Widget နဲ့ Function တချို့ကို ဘယ်လိုလုပ်သလဲဆိုတာ How to ဆိုတဲ့ Label နဲ့ ပို့စ်တွေ ရေးထားပါတယ်။ အစစအရာရာ အဆင်ပြေပါစေဗျာ။


ဘ၀ ဆိုတာ …

“ဘ၀ ဘ၀ ဘ၀၊ ဒီလိုပဲ ဒီလိုအမြဲ” ဆိုတဲ့ သီချင်းစားသားကို ကြားဖူးမှာပါ။ “ဘ၀ ဘ၀ ဘ၀၊ ဒီလိုပဲ့ ဒီလိုရွဲ့” လို့ ပြောင်းဆိုနေတာလဲ ကြားနေရပါတယ်။ ဘ၀ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ဖြေဖို့ ပုံပြင်လေးတစ်ပုဒ် အရင် ဖတ်ကြည့်ရအောင်။

ပထမဆုံးနေ့မှာ ဘုရားသခင်ဟာ ခွေးသတ္တ၀ါကို ဖန်ဆင်းတော်မူတယ်။ ပြီး ခွေးကို မိန့်တော်မူတာက “မင်း အိမ်တံခါးမှာ အမြဲထိုင်ပြီး ဖြတ်လျှောက်တဲ့သူ မှန်သမျှကို အကုန်သာ ဟောင်ပေတော့။ မင်းကို ငါကိုယ်တော် အနှစ် နှစ်ဆယ်စာ သက်တမ်း ပေးသနားတော်မူမယ်။”
ဒီတော့ ခွေးက “အရှင်ဘုရားသခင်၊ ဒီလောက် အချိန်အကြာကြီးတောင် ဟောင်နေရမှာလားဘုရား။ တပည့်တော်ရဲ့ အသက် ဆယ်နှစ်ကို ဘုရားသခင်အား ပြန်ပေးပါရစေ။ တပည့်တော် ဆယ်နှစ်ပဲ နေပါရစေဘုရား။” လို့ တောင်းဆိုတော့ ဘုရားသခင်က ခွင့်ပြုတော်မူတယ်။

ဒုတိယနေ့မှာ ဘုရားသခင်ဟာ မျောက်သတ္တ၀ါကို ဖန်ဆင်းတော်မူတယ်။ ပြီး မျောက်ကို မိန့်တော်မူတာက “လူတွေကို ဖျော်ဖြေပါ။ ကစား ဆော့မြူပြီး သူတို့ကို ပျော်အောင် လုပ်ပေးပါ။ မင်းကို ငါကိုယ်တော် အနှစ် နှစ်ဆယ်စာ သက်တမ်း ပေးသနားတော်မူမယ်။”
ဒီတော့ မျောက်က “အနှစ်နှစ်ဆယ်တောင် ဖျော်ဖြေပေးနေရမှာလား၊ ဘုရားသခင်။ ဒါတော့ ကြာလွန်းတယ်ထင်တယ်။ ဆယ်နှစ်စာ အသက်ကို ပြန်ပြီး သိမ်းယူတော်မူပါ ဘုရားသခင်” လို့ လျှောက်တော့ ဘုရားသခင်က ခွင့်ပြုတော်မူတယ်။

တတိယနေ့မှာ ဘုရားသခင်ဟာ နွားသတ္တ၀ါကို ဖန်ဆင်းတော်မူတယ်။ ပြီး နွားကို မိန့်တော်မူတာက “လယ်ထဲဆင်းပြီး လူသားတွေကို လယ်ထွန်ရင်း အကူအညီပေးပါ။ လိုအပ်တဲ့အချိန် နွားနို့ထုတ်ပေးပြီး သူတို့ကို ပြုစုစေ။ ဒီအတွက် မင်းကို အနှစ် ခြောက်ဆယ်စာ သက်တမ်း ငါကိုယ်တော် ပေးသနားတော်မူမယ်။”
ဒီတော့ နွားက “ဒီလောက် ကြမ်းတမ်းတဲ့ ဘ၀မျိုးမှာ အနှစ်ခြောက်ဆယ်တောင် နေရမှာလား အရှင် ဘုရားသခင်။ တပည့်တော်အား သနားသောအားဖြင့် အသက် နှစ်ဆယ်သာ သတ်မှတ်ပေးပြီး လေးဆယ်အား ပြန်လည် သိမ်းယူတော် မူပါ ဘုရား” လို့ လျှောက်တင်တော့ ဘုရားသခင်က ခွင့်ပြုတော်မူတယ်။

စတုတ္ထနေ့မှာ ဘုရားသခင်ဟာ လူသတ္တ၀ါကို ဖန်ဆင်းတော်မူတယ်။ ပြီး လူကို မိန့်တော်မူတာက “စား၊ အိပ်၊ ကစား၊ အိမ်ယာထောင်ပြီး မင်းဘ၀ကို ခံစားစံစားစေ။ ငါကိုယ်တော် မင်းကို အသက် နှစ်ဆယ်စာ သက်တမ်း ပေးသနားတော်မူမယ်။”
ဒီတော့ လူက “အနှစ် နှစ်ဆယ်တည်း။ တပည့်တော်အတွက် နည်းလွန်းလှပါတယ် ဘုရားသခင်။ နွားပြန်ပေးတဲ့ အနှစ်လေးဆယ်၊ မျောက်ပြန်ပေးတဲ့ ဆယ်နှစ် နဲ့ ခွေးပြန်ပေးတဲ့ ဆယ်နှစ်၊ စုစုပေါင်း အနှစ် ရှစ်ဆယ် တပည့်တော်ကို ပေးသနားတော်မူပါ ဘုရားသခင်။” လို့ လျှောက်တင်တော့ “ကောင်းပြီ၊ ဒါ မင်းတောင်းဆိုတာနော်” လို့ ပြောပြီး ခွင့်ပြုတော်မူသတဲ့။

ဒီလိုနဲ့ပဲ လူသားတွေဟာ ပထမ အနှစ် နှစ်ဆယ်မှာ စားမယ်၊ အိပ်မယ်၊ ကစားမယ်နဲ့ ပျော်ပါးပြီး ကုန်ဆုံးရတယ်။ နောက်အနှစ် လေးဆယ်မှာတော့ မိသားစု ထောက်ပံ့နိုင်ဖို့ နေပူထဲမှာ ရုန်းကန်နေရတယ်။ နောက်ထပ် ဆယ်နှစ်မှာတော့ မျောက်တစ်ကောင်လို ကလေးတွေ (ကိုယ့်ရဲ့မြေးတွေ) ကို ပျော်အောင် လုပ်ပေးနေရတယ်။ နောက်ဆုံး ဆယ်နှစ်မှာတော့ ကျနော်တို့ အိမ်ရှေ့မှာ ထိုင်ပြီး လူတိုင်းကို ပွစိပွစိနဲ့ ပြောနေတော့တာပါပဲ။

ဒါ သင်လိုချင်တဲ့ ဘ၀ဆိုတာရဲ့ အဓိပ္ပါယ်ပါပဲ။

အထက်က ပုံပြင်ဟာ ဘ၀ကို အဆိုးမြင်ဝါဒီတစ်ဦး အနေနဲ့ ပုံဖော်ထားတယ်လို့ ထင်တယ်။ ကျနော်တို့ ဘ၀ဆိုတာကို အကောင်းမြင်တဲ့ ရှုထောင့်ကနေ ကြည့်ကြည့်ရအောင်။

ငယ်ငယ်က မိဘတွေက တအားချစ်ကြတယ်။ ဟိုဟာလုပ် စိတ်ပူ၊ ဒီဟာလုပ် စိတ်ပူနဲ့လေ။ ဟိုဟာ ဖြစ်သွားမှာစိုး၊ ဒီဟာ ဖြစ်သွားမှာစိုးနဲ့ အချစ်ခံဘ၀ကို ဖြတ်သန်းခဲ့ရတယ်။ ကြာတော့ ဖမ်းဆုတ်ခံဘ၀ကို ဖိညှစ်ခံဘ၀ အဖြစ်နဲ့ မြင်ယောင်လာတယ်။ တာဝန်ပေးခံရတဲ့ ဘ၀မှာ ခိုင်းတာချည်း လုပ်နေရတော့ ခေါင်းညိတ်ရတဲ့ဘ၀ကို ငြီးငွေ့လာတယ်။ အမိန့်နာခံသူ ဘ၀ကနေ အမိန့်ပေးသူ ဖြစ်ချင်လာတယ်။ ကိုယ်ပိုင်တွေး၊ ကိုယ်တိုင်လုပ်နိုင်မယ် ဆိုတဲ့ လူကြီးဘ၀ကို ပုံဖော်ကြည့်လာတယ်။ ဒီလိုနဲ့ ကလေးဘ၀ကို စွန့်လွှတ်ဖို့ ကလေးအတွေးတွေနဲ့ ကြံစည်လာတယ်။ လူလားမြောက်ခြင်းရဲ့ လက္ခဏာတချို့ကို အကောင်အထည်ဖော်လာခဲ့တယ်။

အချစ်ခံရတဲ့ ဘ၀ကနေ ချစ်ချင်တဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲလာတယ်။
တာဝန်အပေးခံရတဲ့ ဘ၀ကနေ တာဝန်ယူချင်တဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲလာတယ်။
ပိုင်ဆိုင်ခံရတဲ့ ဘ၀ကနေ ပိုင်ဆိုင်ချင်တဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲလာတယ်။

အဲ့ဒီအချိန်မှာ အားလုံးကို လောဘတကြီးနဲ့ သိမ်းကျုံးပြီး ချစ်ချင်တယ်၊ လုပ်ချင်တယ်၊ ပိုင်ချင်တယ်။ ဒီအတွက်ကြောင့် ယောက်ျားတွေဆိုရင် အိမ်ထောင်ဦးစီးအနေနဲ့ မိန်းမတွေဆိုရင် အိမ်ရှင်မအနေနဲ့ ကိုယ့်ကိုယ်ကို ခံယူပြီး၊ ကိုယ့်မိသားစုအတွက် တာဝန်တွေ ကိုယ်စီ ယူပစ်လိုက်ကြတယ်။ တာဝန်ယူထားတဲ့ တလျှောက် ပိုင်ဆိုင်တဲ့အရာတွေ တိုးပွားအောင် ကြံဆောင်လာကြတယ်။ ပစ္စည်း၊ ဥစ္စာ၊ သားသမီး စသဖြင့်ပေါ့။ အရင်ငယ်ငယ်က အချစ်ခံရတဲ့ ဘ၀လေးကို လက်မလွှတ်ချင်သေးတဲ့အပြင် ပြန်ချစ်ချင်တဲ့ ဘ၀တစ်ခုကိုပါ ပူးတွဲပိုင်ဆိုင်ချင်လာတယ်။ သဘောက အချစ်လည်းခံမယ်၊ ပြန်လည်း ချစ်မယ်ပေါ့။ အချစ်ခံချင်တဲ့ စိတ်နဲ့ ပြန်ချစ်ချင်တဲ့စိတ်တွေ တစ်ခါတစ်ခါမှာ ၀ိရောဓိအနေနဲ့ ကတော့ကဆ ဖြစ်ပြီး ပဋိပက္ခအသွင် ဆောင်လာတတ်တယ်။ နောက်ပြီး အချစ်မျှဝေမှု အပိုင်းမှာကော ကိုယ်ပိုင်ခံစားချက်နဲ့ ဆုံးဖြတ်ပြီး မညီမျှမှုတွေကို တွေ့မြင်လာတယ်။ “ငါက ဒီလောက်ချစ်တယ်၊ သူက ဒီလောက်တောင် ပြန်မချစ်နိုင်ဘူး” ဆိုတာလိုပေါ့။ ဒါပေမယ့် ဒါတွေက ပြဿနာ မဟုတ်ပါဘူး။ သဘာဝပါ။ သဘာဝလို့ မမြင်ဘဲ ပြဿနာလို့ မြင်မယ်ဆိုရင်တော့ ဒီပဋိပက္ခက ပြေလည်ဖို့ အတော်လေး ခက်သွားလိမ့်မယ်။ သဘာဝလို့ မြင်နိုင်ရင်တော့ ညှိနှိုင်းလို့ ပိုကောင်းသွားလိမ့်မယ်။

အရာတွေကို တစ်ခုပြီးတစ်ခု ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက် (သို့) ပိုင်ဆိုင်တာတွေကို မပျောက်မပျက်အောင် ထိန်းသိမ်းနေတဲ့ လူတစ်ယောက်အဖြစ်နဲ့ ဇာတ်ဆောင်နေတဲ့ ဒီအခြေအနေမှာ လက်မလွတ်အောင် ဖမ်းဆုတ်ထားတတ်ကြတယ်။ အဲဒီ ဖမ်းဆုတ်ခံ အရာဟာ လူသားဖြစ်နေမယ်ဆိုရင်တော့ မွန်းကျပ်မှုတွေနဲ့ တွန်းကန်တဲ့သဘာဝတွေ ပေါ်ပေါက်လာတတ်တယ်။ ချစ်သူနဲ့ အချစ်ခံရသူ နှစ်ယောက်ကြားက ပဋိပက္ခလေးပေါ့။ သားသမီးနဲ့ မိဘအကြားမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကလည်း ပြဿနာ မဟုတ်ပါဘူး။ သဘာဝပါ။ ဒီလို နှစ်ပေါင်း သုံးဆယ်၊ လေးဆယ်လောက် ဖမ်းဆုတ်ထားရင်းနဲ့ လက်တွေ အံသေလာတယ်။ ညောင်းလာတယ်။ ဒီလိုနဲ့ ဘ၀ တစ်ဆစ်ချိုးမှာ

ချစ်ချင်တဲ့ ဘ၀ကနေ အချစ်တွေ မျှဝေတဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲလာတယ်။
တာဝန်ယူချင်တဲ့ ဘ၀ကနေ တာဝန်တွေ ပုခုံးထမ်း မျှဝေတဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲလာတယ်။
ပိုင်ဆိုင်ချင်တဲ့ ဘ၀ကနေ ပိုင်ဆိုင်မှုတွေ မျှဝေတဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲလာတယ်။

ချစ်တဲ့အရာတွေကို တင်းတင်းဆုတ်ကိုင်ရင်း ပင်ပန်းလာတယ်။ အဲဒါကြောင့် ဖြစ်လာတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရင်း ငြီးငွေ့လာတယ်။ မမြဲတဲ့အရာကို “အမြဲ” လုပ်ပြီး ရှိတာထက် ပိုရှိချင်ယောင် ဆောင်နေရတဲ့ ဘ၀ကို စွန့်လွှတ်ချင်လာတယ်။ ပင်ပန်းလာသမျှ ငြီးငွေ့လာလို့ စွန့်လွှတ်ချင်လာတာ သဘာဝကျပါတယ်။ ပျော်ရွှင်မှုဆိုတာကို ပြန်စမ်းစစ်လာတယ်။ မိသားစုဆိုတာကို အဓိပ္ပါယ်ရှာလာတယ်။ ဘ၀ဆိုတာ ကောက်ချက်ဆွဲလာတယ်။ ပိုင်ဆိုင်ထားတဲ့ အရာတွေကို ဆုတ်ကိုင်ထားဖို့ထက် အဲဒီလက်နဲ့ပဲ အသုံးချဖို့ စဉ်းစားတတ်လာတယ်။ အသစ်အသစ်တွေကို ပိုင်ဆိုင်လာဖို့ထက် ရှိပြီးသား ပိုင်ဆိုင်မှုတွေကို တန်ဖိုးထားတတ်လာတယ်။ ဒီလိုနဲ့ ဘ၀ဆိုတာကို နားလည်သယောင်ယောင် ရှိလာတော့ တခြား ပင်ပန်းနေတဲ့ လူတွေကို ကရုဏာ သက်လာတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ သားသမီးတွေပေါ့။ သူတို့လေးတွေ စိတ်သက်သာရာ ရအောင် စီမံပေးရင်းနဲ့ ဘ၀ဟာ ဖျော်ဖြေရေးသမား အသွင်ဆောင်လာတယ်။ လေးပင်နေတဲ့အရာတွေ လျှော့ကျသွားတော့ ဘ၀ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်လာတယ်။ မြေးလေးတွေနဲ့ ဆော့လိုက်၊ တရားမှတ်လိုက်ပေါ့။

နှစ်ပေါင်း လေးဆယ်ကျော် အထုတ်ထမ်းပြီး ပြေးခဲ့ရတာ အခုတော့ တထောင့် နားလို့ရပြီပေါ့။ ဒါပေမယ့် လူတော်တော်များများက အနားယူတာတောင် ထမ်းထားတဲ့ ပုခုံးပေါ်က အထုပ်ကို မချရက်နိုင်ကျဘူးလေ။ ပုခုံးပေါ်က အထုပ်ကြောင့် သူတို့ ပင်ပန်းနေတယ်ဆိုတာကို သတိမထားမိဘဲ အထုပ်ကို ထမ်းလျက်နဲ့ နားနေကြတယ်။ ဒီတော့ နားနေလည်း အမောတော့ ပြေချင်ပြေမယ်၊ အညောင်းတော့ ဘယ်ပြေမလဲ။ အထုပ်လေးတော့ ခဏဘေးချထားပါ အဘရယ်။

လူတစ်ယောက်ဟာ အထက်ကို ရောက်လေလေ အထီးကျန်လေလေပဲတဲ့။ တောင်ပေါ်ကို လူဆယ်ယောက် အတူတူ တက်ကြပေမယ့် တောင်ထိပ်ကို ရောက်တာ ကိုယ်တစ်ယောက်တည်း ဖြစ်ချင်ဖြစ်မယ်လေ။ သာမာန်ကာ လျှံကာ တွေးတတ်တဲ့ လူတွေ လောကမှာ ပေါများတော့ သူတို့ရဲ့ ဘ၀နဲ့ အတွေးကို နားလည်မယ့် အဖော် မရှားပါဘူး။ အသက် ၂၀ အရွယ်တွေ လောကမှာ ပေါတော့ သူတို့အတွက် အဖော်ဆိုတာလည်း မရှားပါဘူး။ ဒါပေမယ့် သမ္မတတစ်ယောက်အတွက် သူငယ်ချင်းဆိုတာ ရှားပါတယ်။ နောက်လိုက်တော့ ပေါချင်ပေါမှာပေါ့။ အဘိုးအို တစ်ယောက်အတွက် ပြည့်ပြည့်၀၀ နားလည်နိုင်မယ့်လူ ဆိုတာ ကြာလေ ရှားလေပဲပေါ့။ သက်ကြီးဘာသာကို နားလည်မပေးနိုင်တော့ သူတို့ရဲ့ အထီးကျန်မှုတွေဟာ ပိုပိုပြီး ရုပ်လုံးပေါ်လာတယ်။ အထီးကျန်မှုကို အံတုဖို့ ကြိုးစားရင်း မတူညီတဲ့ ဘ၀နှစ်ခုကို ဆွဲစိတော့ မျိုးဆက်နှစ်ခုကြား ပဋိပက္ခတွေ မွေးဖွားလာတယ်။ ဒါလည်း ပြဿနာ မဟုတ်ပါဘူး။ သဘာဝပါ။ ဒီအဘိုးကြီး ပြဿနာရှာတယ်လို့ မြင်လိုက်ရင်တော့ အဲဒီကမှ ပြဿနာ စတော့တာပါ။ ဒီတော့ ပိုပြီး အထီးကျန်ဖို့ပဲ ရှိတော့မယ်လေ။

ဒါ ဘ၀ပါပဲ။ အကယ်၍ ဘ၀ဆိုတာ ၀န်ထုတ်ဝန်ပိုးကြီး ထမ်းပြီး ပတ်ပြေးနေရတာ ဆိုရင်တော့ ကျနော့်အနေနဲ့ အနားနားမှာ လက်တွဲသွားနိုင်မယ့် အဖော်တွေတော့ လိုချင်တယ်။ အဖော်တွေ ဆိုတော့ တစ်ယောက်မကဘူးလားလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ်။ တစ်ယောက်မကပါဘူး။ မောမောနဲ့ ပြေးလွှားနေရတဲ့ အချိန်တွေမှာ အဆောင်လေးတစ်ခုတော့ လိုချင်ပါတယ်။ “ချစ်ခြင်းမေတ္တာ” ပါ။ ငယ်ငယ်က ကလေးဘ၀မှာ မိဘနဲ့ မောင်နှမတွေဟာ ချစ်ခြင်းမေတ္တာနဲ့အတူ အဖော်အဖြစ်နဲ့ ဘေးနား အမြဲ ရှိပေးနေကြတယ်။ အရွယ်ရောက်လာတော့ ချစ်နိုင်မယ့်သူ ရှာရင်း သူနဲ့ အတူ ဆက်ပြေးကြတာပေါ့။ တချို့ကတော့ ချီပြီးပြေးတယ်။ တချို့ကတော့ ဒရွတ်တိုက်ဆွဲခေါ်တယ်။ တချို့တော့ နားနားပြီး ခေါ်တယ်။ တကယ်တမ်းတော့ တဖ၀ါးမှမကွာ ပြေးလိုက်ပေးနေတဲ့ အဖော်မွန်လောက်တော့ ဘယ်ခရီးတွင်ပါ့မလဲ။ တချို့တော့လည်း ကံမကောင်းတကောင်းနဲ့ပဲ တစ်ယောက်မကတဲ့ သူတွေနဲ့ အတူပြေးရင်း ခလုတ်တိုက်တဲ့ သူတွေ မနည်းပါဘူး။ နောက်တော့ ဘ၀အသစ်လို့ ခေါင်းစဉ်တပ်ထားတဲ့ မိသားစုတစ်ခု တည်ထောင်ရင်း အဖော်သေးသေးလေးတွေ ထပ်တိုးလာရပြန်တယ်။ ဒါတော့ ကျောပိုးပြီး ပြေးရမှာ သေချာတယ်။ ထပ်ထပ်ပြီး တိုးလာသလိုပဲ မမျှော်လင့်ပါဘဲ လျှော့လျှော့သွားနိုင်တဲ့ အဖော်အဟောင်းတွေလည်း မနည်းပါဘူး။ ဒုတိယအရွယ်ကို လွန်လာတယ် ဆိုရင်ပဲ အဖော်တွေဟာ တိုးဖို့ ဆိုတာထက် လျှော့ဖို့ပဲ ရှိတော့တယ်။ တစ်ယောက်ပြီးတစ်ယောက် ခွဲခွာသွားကြတယ်။ ဒီလိုနဲ့ တစ်နေ့တော့ ကျနော်လည်း …………… ။

အထက်က ပုံပြင်လေးကို ၂၀၀၄ ခုနစ် ကတည်းက သူငယ်ချင်းတစ်ယောက် ပို့ပေးထားလို့ ဖတ်ဖူးနေတာပါ။ လွန်ခဲ့တဲ့ ခြောက်လရဲ့ ဟိုးအရင်နေ့တွေမှာ ပုံပြင်ထဲက နွားတစ်ယောက် (တစ်ကောင်မဟုတ်ပါ) လို ရုန်းကန်ရမယ့် အချိန်တွေအတွက် ငြီးငွေ့မိတာ အမှန်ပဲ။ အဲ့ပုံပြင်ထဲကလို ဘ၀ကို ဖြတ်သန်းရမှာပါလားလို့ တွေးရင်းလည်း မောမိတယ်။ မြင်ကြည့်တော့လည်း ကြောက်မိတယ်။ ဒါပေမယ့် ဒီဘက် ခြောက်လ နောက်ပိုင်းမှာတော့ ပုံပြင်မှာလို မတွေးမိတော့ဘဲ ဒုတိယအတွေးကို တွေးခေါ်လာမိတယ်။ ၀န်ထုတ်ဝန်ပိုးကို ထမ်းပြီး ပြေးနေရတဲ့ ဘ၀အတွက် ဘေးနားက လိုက်ပေးနေတဲ့၊ အဖော်ပြုပေးနေတဲ့ သူကြောင့် ဘ၀ အမောတွေ ပြေပျောက်ခဲ့ရတယ်။ ဒီအသက်အရွယ်အထိ ဘေးနားမှာ အမြဲ အဖော်ပြုပေးနေတဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်မိပါတယ်။ နောက်ပြီး သူမကိုလည်း ဒီခြောက်လစာအတွက် ကျေးဇူးတင်မိသွားတယ်။ ကျနော့်တို့ဘ၀အတွက် ဘယ်လောက်ပဲ မောမော၊ ဘယ်လောက်ပဲ ပန်းပန်း၊ တွဲထားတဲ့လက်တွေ မလွှတ်စတန်းပါ။ စာဖတ်သူများလည်း လက်ကလေးတွေ မြဲမြဲမြံမြံ တွဲထားရင်း ဘ၀အမောတွေ ပြေနိုင်ပါစေလို့ …………………….

This post is dedicated to ‘HER’.


သစ်သားဇလုံလေး


မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။

သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ “ငါတို့ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်ကျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့ အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို ဆက်မမြင်ချင်တော့ဘူး။” လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို ပြောလိုက်တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ စားပွဲသေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။

အဘိုးအိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ် သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့ သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။

ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့ အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့ အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။

သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့ မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။

ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင် မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့ လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု စားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့ စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလား ဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေ စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန် ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။

လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင် စဉ်းစားကြည့်စေချင်တယ်။

မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက တွန်းအားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ မရှိပါဘူး။

လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။
သား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ

“Wooden Bowl by Unknown Author” ကို နားလည်သလို ခံစားတင်ပြလိုက်ပါသည်။


By Unknown Author

A frail old man went to live with his son, daughter-in-law, and four-year grandson. The old man’s hands trembled, his eyesight was blurred, and his step faltered. The family ate together at the table. But the elderly grandfather’s shaky hands and failing sight made eating difficult. Peas rolled off his spoon onto the floor. When he grasped the glass, milk spilled on the tablecloth.

The son and daughter-in-law became irritated with the mess. “We must do something about Grandfather,” said the son. “I’ve had enough of his spilled milk, noisy eating, and food on the floor”. So the husband and wife set a small table in the corner. There, Grandfather ate alone while the rest of the family enjoyed their dinners together.

Since Grandfather had broken a dish or two, his food was served in a wooden bowl. When the family glanced in Grandfather’s direction, sometimes he had a tear in his eye as he sat alone. Still, the only words the couple had for him were sharp admonitions when he dropped a fork or spilled food.

The four-year-old watched it all in silence. One evening before supper, the father noticed his son playing with wood scraps on the floor. He asked the child sweetly, “What are you making?” Just as sweetly, the boy responded, “Oh, I am making a little bowl for you and Mama to eat your food in when you get old.” The four year old smiled and went back to work.

The words so struck the parents that they were speechless. Then tears started to stream down their cheeks. Though no word was spoken, both knew what must be done. That evening the husband took Grandfather’s hand and gently led him back to the family table. For the remainder of his days he ate every meal with the family. And for some reason, neither husband nor wife seemed to care any longer when a fork was dropped, milk spilled, or the tablecloth soiled.

အပြစ်တင်ခြင်း

၂၀၀၈ ခုနစ်၊ ဇူလိုင်လ၊ ၄ ရက် (သောကြာနေ့)

အရေးကြီးတဲ့ အလုပ်တစ်ခု လုပ်ဖို့ရှိနေပါတယ်။
လူတချို့ လုပ်လိမ့်မယ်လို့ လူတိုင်း က အခိုင်အမာ ယုံကြည်ထားတယ်။
တစ်ယောက်ယောက်တော့ လုပ်နိုင်မှာပါ။
ဒါပေမယ့် ဘယ်သူမှ မလုပ်ကြဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတချို့ စိတ်ဆိုးတယ်။
ဒါ လူတိုင်းရဲ့ တာဝန်ပဲ မဟုတ်လား။
တစ်ယောက်ယောက် လုပ်နိုင်မယ်လို့ လူတိုင်း ထင်ထားကြတယ်။
ဒါပေမယ့် လူတိုင်းတော့ လုပ်မှာ မဟုတ်ဘူးဆိုတာ ဘယ်သူမှ မတွေးဆမိကြဘူး။

နောက်ဆုံးတော့ ……

တစ်ယောက်ယောက် လုပ်နိုင်တာကို
ဘယ်သူမှ မလုပ်တော့
လူတိုင်းက
လူတချို့ကို အပြစ် ၀ိုင်းတင်လိုက်ကြတယ်။ သူ့ကြောင့်ဆိုပြီး အပြစ်ဝိုင်းဖို့လိုက်ကြတယ်။

Everybody Was Sure ဆိုတဲ့ မူရင်းစာကိုလည်း ပြန်လည် တင်ပြလိုက်ပါတယ်။

There was an important job to be done,
and Everybody was sure Somebody would do it.
Anybody could have done it, but Nobody did it.
Somebody got angry about that because it was Everybody‘s job.
Everybody thought Anybody could do it,
but Nobody realized that Everybody would not do it.

It ended up that
Everybody blamed Somebody when Nobody did what Anybody could have done.

——————————-

ဒီစာကို ဖတ်ပြီးတော့ ကျနော် အရင်ဆုံး တွေးမိတာက မြန်မာနိုင်ငံ့အရေးပါ။