အရှေ့နှင့် အနောက်၏ လူနေမှုပုံစံ

လွန်ခဲ့တဲ့ ရက် အနည်းငယ်က သူငယ်ချင်း NNW က Fwd Mail တစ်စောင် ပို့လာတယ်။ ဖွင့်ကြည့်လိုက်တော့ အနောက်တိုင်းသားတွေနဲ့ အာရှသားတွေရဲ့ လူနေမှုပုံစံ ကွာခြားချက်တွေကို ပုံနဲ့ သရုပ်ဖော်ထားတယ်။ စေ့စေ့ကြည့်ပြီး သေချာစဉ်းစားလိုက်တော့ အတော်လေး မှန်နေသဗျ။ ဒါပေမယ့် ကျနော် လက်ခံလို့ မရတဲ့ အချက် တချို့လည်း ရှိနေတယ်။ ကျနော် ရောက်ဖူးတဲ့ နိုင်ငံတွေက ပြည်သူတွေရဲ့ စရိုက်နဲ့ အခု တင်ပြထားတာနဲ့ ယှဉ်ကြည့်လိုက်တော့ အတော်လေး မှန်တာ တွေ့ရပါတယ်။

သူ တင်ပြထားတဲ့ အထဲက ကျနော် လက်မခံနိုင်တာ တစ်ခုက Anger နဲ့ ပတ်သက်ပြီးတော့ပါ။ အနောက်တိုင်းသားတွေက ဒေါသဖြစ်တာကို ပြတယ်။ အာရှသားတွေက ဒေါသ ဖြစ်နေပေမယ့် ပြုံးမြဲ ပြုံးနေတတ်တယ်တဲ့။ ကျနော်တော့ အဲလို လက်မခံဘူးဗျ။ ပြုံးတတ်တဲ့ နေရာမှာ အာရှသားတွေ ပိုတယ်ဆိုတာ လက်ခံနိုင်ပါတယ်။ နောက်ပြီး အာရှသားတွေဟာ စိတ်ညစ်လွယ်တယ်။ ရယ်မောလွယ်တယ်။ စိတ်ဆိုးလွယ်တယ်။ စိတ်ပြေလွယ်တယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် အာရှသားတွေဟာ Emotional Management မှာ အတော်လေး လိုသေးတာ တွေ့ရတယ်။ နောက်ပြီး Easily to express လွယ်လွယ်နဲ့ ဖွင့်ထုတ်ပစ်တယ်။ အကောင်းဘက်က ပြောရင် ဟန်မဆောင် တတ်ဘူးပေါ့ဗျာ။ အနောက်တိုင်းသားတွေက Emotional Management နဲ့ ယှဉ်ပါးနေတာ ကြာပြီ။ ခံစားချက်ကို တကယ် မထိန်းချုပ်နိုင်တောင်မှ ခံစားချက်ကို ထိန်းချုပ်နိုင်လို့ ရမယ့် အားသာချက်ကို သိနေပြီးသားမို့ တော်ရုံနဲ့ ကိုယ်ဘာခံစား နေရတယ်ဆိုတာ ပြလေ့ မရှိပါဘူး။ အနောက်နိုင်ငံက ခေါင်းဆောင်တွေကို ကြည့်ကြည့်ပါ။ ဥပမာ ကလင်တန်၊ ဘုရှ်၊ မာကယ်၊ တိုနီဘလဲ၊ စသည်ပေါ့။ သူတို့ကို ကြည့်ရင်ကို သိသာပါတယ်။ သူတို့တွေ သိပ်ဟန်ဆောင် ကောင်းကြတယ်လေ။

ကျနော် အားမရတဲ့ အာရှသားတွေရဲ့ အားနည်းချက်က တန်းစီတတ်တဲ့ အလေ့အထ မရှိခြင်းပါ။ လန်ဒန်က အင်္ဂလိပ် အဖိုးကြီးတစ်ယောက် ပြောတဲ့ စကားကို သတိရမိတယ်။ ငါတို့ လူမျိုးတွေက တန်းစီတာကို ဘယ်လောက် ကျင့်သားရနေသလဲဆို မင်း မယုံရင် လူသုံးလေးယောက်လောက် ခေါ်ပြီး တွေ့တဲ့ တစ်နေရာမှာ တန်းစီနေကြည့်လိုက်။ မကြာခင် အလျှိုလျှို လာတန်းကြလိမ့်မယ်တဲ့။ တန်းစီတတ်တဲ့ အလေ့အကျင့်ဟာ တကယ်ပဲ လိုအပ်သလားလို့ ကျနော် စဉ်းစားဖူးတယ်။ တန်းစီတတ်တဲ့ အလေ့အကျင့် လုံးဝမရှိဘူးဆိုတာ ကျနော်တို့ မြန်မာနိုင်ငံမှာ သိသာပါတယ်။ အားမငယ်ပါနဲ့။ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး။ တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒယ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေမှာတောင် တန်းစီပြီး လုပ်တတ်တဲ့ အလေ့အကျင့် မရှိသေးပါဘူး။ လာဘ်ထိုးပြီး နေရာကျော်မယ်။ အမျိုးအသိမို့ အရင်ပေးတယ်။ မသိသလို သိသလိုနဲ့ ကိုယ့်ရှေ့ကလူကို ကျော်တက်တယ်။ ခပ်တည်တည်နဲ့ ခြားဖျက် ၀င်တယ်။ ဒါ အာရှသားတွေ မဖျောက်နိုင်သေးတဲ့ အကျင့်ဆိုးတွေပါ။ ကိုယ်ချင်းစာစိတ် ခေါင်းပါးနေကြသေးလို့လား။ ဒီလို ယူဆလိုက်ရင် အနောက်တိုင်းသားတွေ သိပ်ကိုယ်ချင်းစာတတ်တယ် ဖြစ်သွားလိမ့်မယ်။ တကယ်တန်းတော့ ကိုယ့်အလှည့်ရောက်တဲ့အထိ စောင့်တတ်တဲ့ အလေ့အထ၊ အခွင့်ကောင်း ယူရမှာ ရှက်တတ်တဲ့ အလေ့အထ၊ ကိုယ်ချင်းစာနာစိတ်၊ တန်းစီခြင်းဟာ လူ့စည်းကမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဆိုတဲ့ အသိ၊ ဒါတွေ ပြည့်ဝလာတဲ့ တစ်နေ့ ကျနော်တို့ အာရှသားတွေလည်း စည်းကမ်းရှိရှိ တန်းစီတတ်လာလိမ့်မယ် ထင်တယ်။

အားမရတာ နောက်တစ်ခုက In the restaurant ဆိုတဲ့ ခေါင်းစဉ်အောက်က ပုံပါ။ ကျနော်တို့ အာရှသားတွေ စားသောက်ဆိုင်တွေမှာ ဆူဆူညံညံ စားသောက်တတ်ကြတယ်။ အနောက်နိုင်ငံနဲ့ နေရာ အတော်များများမှာ နီးနီးစပ်စပ်တူညီတဲ့ ဂျပန်လူမျိုးတွေမှာတောင် ဒီအကျင့်ရှိနေတယ်။ ရန်ကုန်က Cafe Shop အတော်များများမှာ သီချင်းတွေကို အကျယ်ကြီး ဖွင့်ကြတယ်။ တစ်စားပွဲတည်း ထိုင်နေတဲ့ လူနှစ်ယောက်၊ တစ်ယောက်ပြောစကားကို နောက်တစ်ယောက်က မကြားနိုင်လောက်အောင်ကို အသံကျယ်ကျယ် ဖွင့်တယ်။ Cafe Shop ထဲ ၀င်သွားရင် စကားပြောတဲ့ လူသံတွေနဲ့ သီချင်းသံတွေနဲ့ ဆူညံ ပွက်လော ရိုက်နေတယ်။ သီချင်းသံကျယ်လို့ စကားပြောသံမကြားရလို့ စကားကျယ်ကျယ် ပြောနေတာလား။ စကားကျယ်ကျယ်ပြောလို့ ဆူညံနေတာကို လွှမ်းချင်တာကြောင့် သီချင်းသံကျယ်ကျယ် ဖွင့်ထားတာလား။ တကယ်တန်းတော့ စကားပြောသံကျယ်လို့ သီချင်းသံချဲ့ထားတယ်။ သီချင်းသံကျယ်လို့ စကားသံကျယ်ကျယ် ပြောတယ်။ အသစ်ဝင်လာတဲ့ လူအတွက်တော့ နားကိုငြီးလို့။ စားသောက်ဆိုင်တွေမှာလည်း ဒီလိုပါပဲ။ အော်ဟစ်ဆဲဆို စကားပြောပြီး စားသောက်နေကြတာ စားသောက်ဆိုင်တိုင်းလိုလိုမှာ တွေ့နိုင်ပါတယ်။ ကျနော်ကတော့ ထမင်းစားရင် အေးအေးဆေးဆေးလေး စားတတ်တော့ အဲဒီ စရိုက်ကို သဘောမကျနိုင်ဘူး ဖြစ်နေတယ်။

နောက် ကျန်တာတွေက သဘာဝကျသလို သင်ခန်းစာ ယူဖို့လည်း ကောင်းပါတယ်။ ဘာလို့ အဲဒီလို ကွာနေသလဲ ဆိုတာလည်း စဉ်းစားလို့ ကောင်းနေတယ်။ မူရင်း အင်္ဂလိပ်လို ဖတ်ရင် ပိုကောင်းမယ်ထင်လို့ မြန်မာလို မပြန်တော့ပါဘူး။ ကဲ … ရှုစားတော်မူကြပါဗျာ။ အပြာရောင်က အနောက်နိုင်ငံသားကို ကိုယ်စားပြုပြီး၊ အနီက အာရှသားတွေကို ကိုယ်စားပြုပါတယ်။

Opinion
Talk to the point
Talk around the circle, especially if different opinions

Way of Life
Individualism, think of himself or herself
Enjoy gathering with family and friends, solving their problems, and know each other’s business

Punctuality
On time
In time

Contacts
Contact to related person only
Contact everyone everywhere, business very successful

Anger
Show that I am angry
I am angry, but still smiling (beware!)

Queue when waiting
Queuing in an orderly manner
Queuing? What’s that?

Sundays on the road
Enjoy weekend relaxing peacefully
Enjoy weekend in crowed places, like going to the mall

Party
Only gather with their own group
All focus on the one activity that is hosted by the CEO

In the restaurant
Talk softly and gently in the restaurant
Talk and laugh loudly like their own in the restaurant

Travelling
Love sightseeing and enjoy the scenery
Taking picture is the most important, scenery is just for the background

Handling of problems
Take any steps to solve the problems
Try to avoid conflicts, and if can, don’t leave any trail

Three meals a day
Good meal for once a day is sufficed
At least 3 good meals a day

Transportation
Before – drove cars, now – cycling for environmental protection
Before – no money and rode a bike, now – got money and drive a car

Elderly in day to day life
When old, there is snoopy for companionship
When old, guarantee will not be lonely, as long as willing to baby-sit the grandkids

Moods and weather
The logic is, rain is pain
The more the rain, more prosperity

The Boss
The boss is part of the team
The boss is a Fierce god

What’s Trendy
Healthy Asian cuisine
Expensive Western cuisine

The Child
The kid is going to be independent and make his/her own living
Work, live and all for the kids, the centre of life


No Pain No Gain

၂၀၀၈ ခုနစ်၊ မတ်လ၊ ၁၂ ရက် (ဗုဒ္ဓဟူးနေ့)

ဟူး … ဒီပို့စ်တင်ဖို့ လုပ်နေတာ ၄ ရက်တောင် ရှိသွားပြီ။ ကိုးနတ်ရှင်က အဆင်မပြေတော့ အသည်းအသန် လုပ်လိုက်ရတယ်။ No Pain No Gain တဲ့။ သဘောက အနာခံမှ အသာစံရမယ်ပေါ့ဗျာ။

အခက်အခဲတွေကို ကျနော်တို့က ဒုက္ခလို့ မှတ်ယူကြတယ်။ ဒါဆို နာကျင်မှုတွေပေါ့။ အဲဒီ နာကျင်မှုတွေကို ရဲရဲရင့်ရင့် လက်ခံနိုင်ဖို့၊ အဲဒီ အခက်အခဲတွေကို မပုန်းမရှောင် ရင်ဆိုင်ရဲဖို့ သတ္တိတွေတော့ လိုမယ်။ အဲဒီ အခက်အခဲတွေကို သတ္တိရှိရှိ လက်ခံလိုက်ပါ။ အနာဂါတ်ဟာ ပိုပြီး စိုပြေလာလိမ့်မယ်။ မယုံရင် ဟိုး အရင်က ကြုံခဲ့ဖူးတဲ့ အခက်အခဲတွေ၊ အံကြိတ်ပြီး ခံခဲ့ရတဲ့ ဒုက္ခတွေအကြောင်း ပြန်စဉ်းစားကြည့်ပါ။ အဲ့ဒီအချိန်က လည်စင်းပြီး ခံနေခဲ့ရတော့ ဘယ်ချိုမြိန်မလဲနော်။ ငိုတောင် ငိုခဲ့ရမယ်ထင်တယ်။ ဒါပေမယ့် အဲဒါတွေ အခု ပြန်စဉ်းစားတော့ ဘယ်လိုနေလဲ။ အခုတော့ ရယ်စရာတွေ ဖြစ်နေမလားပဲ။ ကြည်နူးစရာတွေ ဖြစ်နေတယ်။ လွမ်းဆွတ်စရာတွေ ဖြစ်သွားတယ်နော်။ အနည်းဆုံး အတွေ့အကြုံအဖြစ်နဲ့ သင်ယူလိုက်ရတယ်။ သင်ခန်းစာအဖြစ်နဲ့ နားလည်လိုက်ရတယ်။ ဒါတွေဟာ အနာဂါတ် လှပဖို့ အတွက်ပဲ မဟုတ်လား။ ကျနော်တို့ လုပ်နေရတဲ့ အလုပ်တွေ၊ လုပ်ရပ်တွေဟာ ဒုက္ခတွေပဲလို့ တစ်ထစ်ချ မတွေးထင်လိုက်ပါနဲ့။ မယူဆလိုက်ပါနဲ့ဦး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ ဒုက္ခတွေ၊ နာကျင်မှုတွေ၊ အလုပ်တွေရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေ အမြဲ ရှိနေတတ်လို့ပါ။

ဒီကာတွန်းလေး ဆက်ခံစားကြည့်ပါဦး။ တစ်ခုခုတော့ ရလိုက်မယ် ထင်ပါတယ်။















Thanks to MOH, my best friend for sharing this amazing cartoon