နှုတ်ဆိတ်နေသော အချစ်

ဟိုး အစောကြီးကတည်းက ကောင်မလေးရဲ့ မိဘတွေက သူ့ ကောင်လေးနဲ့ကို လုံးဝ သဘောမတူတာပါ။ မိဘအသိုင်းအ၀ိုင်းရဲ့ အခြေအနေတွေ မတူကြတော့ အမြင်မတူတာတွေဟာ နောက်နောင် တစ်သက်လုံး ဒုက္ခ ရောက်စရာတွေချည်းလို့ လူကြီးတွေက အကြောင်းပြကြတယ်။

မိဘတွေရဲ့ ဖိအားတွေကြောင့် သူတို့ စုံတွဲ အမြဲလိုလို စကားများကြတယ်။ ကောင်မလေးဟာ ကောင်လေးကို အသက်ထက်ဆုံး ချစ်နေလေတော့ သူ့ကောင်လေးကို ဘယ်လောက် ချစ်သလဲ ဆိုပြီး အမြဲ မေးလေ့ရှိတယ်။

ဒီမေးခွန်းအတွက် ကောင်လေးမှာ ဖြေပြစရာ စကားလုံးတွေ ရှားနေတော့ တခါတလေ ကောင်မလေးက အတော်လေး စိတ်ပျက်မိတယ်။ သူ့လောက် မချစ်လို့လား ဆိုပြီးတော့လည်း တခါတခါ သံသယ ၀င်မိတော့တယ်။ နောက်ပြီး မိဘတွေ သဘောမတူလို့ ထွက်လာတဲ့ စကားလုံး အပြင်းစားတွေကြောင့်လည်း ဒေါသမှန်သမျှဟာ ကောင်လေးအပေါ်ပဲ ဖွင့်ချလိုက်တယ်။ ကောင်လေးကတော့ သူ့ချစ်သူရဲ့ ဒေါသ အားလုံးကို တိတ်ဆိတ် တည်ငြိမ်စွာနဲ့ပဲ ဘာမှ မပြောဘဲ ငြိမ်ခံနေလိုက်တယ်။

နှစ်အနည်းငယ် ကြာတော့ ကောင်လေးက နိုင်ငံခြားမှာ ပညာဆက်သင်ဖို့ အခွင့်အရေး ပေါ်လာတော့ သူ နိုင်ငံခြားသွားဖို့ ဆုံးဖြတ်လိုက်တယ်။ မထွက်ခွာခင်မှာ သူ ကောင်မလေးကို
စကားလုံးတွေနဲ့ ပီပြင်အောင် ပုံမဖော်တတ်ပေမယ့် အချစ်လေးအပေါ် ကို ဘယ်လောက်ချစ်သလဲဆိုတာ ကို အသိဆုံးပါ။ အချစ်လေး ခွင့်ပြုမယ်ဆိုရင် ကျန်နေသေးတဲ့ မင်းဘ၀ရဲ့ စက္ကန့်တိုင်းကို ကို စောင့်ရှောက်ပါရစေလား။ အချစ်ရဲ့ မိဘတွေကိုတော့ ကို သူတို့ သဘောတူတဲ့အထိ ကြိုးစားပါ့မယ်။ ကို့ကို လက်ထပ်ခွင့် ပြုပါလား။” လို့ တောင်းဆိုလိုက်တယ်။

ကောင်မလေး သဘောတူလိုက်သလို၊ ကောင်လေးရဲ့ အထပ်ထပ် အခါခါ ကြိုးပမ်းမှုကြောင့် မိဘတွေကလည်း လက်ထပ်ခွင့် ပြုလိုက်တယ်။ ဒါနဲ့ သူ မထွက်ခွာခင်မှာပဲ လူကြီးချင်း စေ့စပ်ကြောင်းလမ်းပွဲလေး လုပ်ခဲ့တယ်။

ကောင်လေး အနေနဲ့ နိုင်ငံခြားမှာ ပညာဆက်ပြီး သင်နေတဲ့ အချိန်နဲ့ အတူ ကောင်မလေးကလည်း လုပ်ငန်းခွင်ဝင်ပြီး တစ်ဖက်တစ်လမ်းက ပိုက်ဆံ စုနေတော့တယ်။ သူတို့ရဲ့ ချစ်ခြင်းတွေကို ဖုန်းနဲ့ အင်တာနက်ကနေ တဆင့်ပဲ ထုတ်ဖော်ခွင့် ရကြတယ်။ လွမ်းဆွတ်ဖွယ် ခက်ခဲတဲ့ ဘ၀တွေကို ဖြတ်သန်းနေရပေမယ့် နှစ်ယောက်လုံး ဇွဲမလျှော့တမ်း ကြိုးစားလာကြတယ်။

တစ်နေ့ ကောင်မလေး အလုပ်ကနေ အပြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး လုံးဝ သတိလစ် မေ့မျောသွားတယ်။ သူ နိုးလာတဲ့အခါ သူ့ အိပ်ရာဘေးမှာ မြင်လိုက်ရတာက သူ့ မိဘနှစ်ပါး။ သူ အတော်လေး ထိခိုက်ပြီး ဒဏ်ရာ ရနေတာကို သတိထားမိလိုက်တယ်။ သူ့ အမေ ကုတင်ဘေးမှာ အရမ်းငိုနေတာ တွေ့တော့ သူ့အမေကို ဖြေသိမ့် စကားပြောဖို့ အားယူလိုက်တယ်။ သူရဲ့ ကြိုးစားမှုနဲ့အတူ သတိထားမိလိုက်တာ သူ့ နှုတ်က ထွက်ကျလာတာ စကားလုံးတွေ မဟုတ်ဘဲ လေသံတွေပဲ ဖြစ်နေတယ်။ သူရဲ့ အသံတွေ ပျောက်ဆုံးသွားပြီ ……..

သူ့ ဦးနှောက်ကို ထိခိုက်သွားတဲ့အတွက် အသံ မထွက်နိုင်တော့တာလို့ ဆရာဝန်က ရှင်းပြခဲ့တယ်။ သူ့မိဘတွေရဲ့ ဖြေသိမ့်စကားကို နားထောင်နေရင်း ဘာဆို ဘာမှကို မပြောနိုင်တော့ဘဲ ဘေးနားမှာ ပုံပုံလေး လဲနေတော့တယ်။

ဆေးရုံမှာ နေနေရတဲ့ ကာလအတွင်း တိတ်တိတ်လေး ငိုနေရုံကလွဲလို့ ခိုးငိုနေရုံပဲလေ။ ကြေကွဲခြင်းဟာ သူ့ကို အဖော်ပြုနေတာပေါ့။ အိမ်ပြန်ရောက်တော့ ကြည့်ရာတာ အရာရာဟာ အရင်ကထက် ဘာမှ မပြောင်းလဲပါဘူး။ ဖုန်းမြည်သံက လွဲလို့ပေါ့။ ဖုန်းမြည်သံတိုင်းဟာ သူ့ နှလုံးသားကို ထိုးစွနေသလို စူးကနဲ အောင့်သွားလောက်အောင် ဖန်တီးနေတော့တယ်။ သူ့ကောင်လေးကို ဒီကိစ္စတွေ ဘာမှ မသိစေချင်ဘူးလေ။ စိတ်ပင်ပန်းနေရတဲ့ ဒုက္ခနဲ့ သူ့ကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ ဒါနဲ့ သူ့ကောင်လေးဆီ စာတစ်စောင် ရေးလိုက်တယ်။ နောက်ထပ် အကြာကြီး မစောင့်ဆိုင်းချင်တော့လို့ လို့ အကြောင်းပြပြီး သူ့ကို လက်စွတ် ပြန်ပို့ပေးလိုက်တယ်။ အသည်းကွဲရှာတဲ့ ကောင်လေးခမျာ စာတွေ အထပ်ထပ်ပို့၊ ဖုန်းတွေ အခါခါ ခေါ်နေလေတော့ ကောင်မလေးခမျာလည်း ဖုန်းဘေးနား ထိုင်ငိုနေရင်း ငိုရင်းကလွဲလို့ ဘာတတ်နိုင်ဦးမှာတဲ့လဲ။

အတိတ်အားလုံးကို မေ့ပျောက်နိုင်အောင်၊ အရာအားလုံးကို မေ့မေ့လျော့လျော့ ဖြစ်သွားအောင် မိဘတွေက နဂို ပတ်ဝန်းကျင်နဲ့ ဝေးရာ တစ်နေရာမှာ အခြေချဖို့ ဆုံးဖြတ်လိုက်တယ်။

ပတ်ဝန်းကျင် အသစ်မှာ ကောင်မလေးဟာ လက်အမူအရာနဲ့ စကားပြောတတ်ဖို့ သင်ယူရင်း ဘ၀အသစ်တစ်ခုကို စတင်လိုက်တယ်။ နေ့တိုင်းလိုလိုပဲ ကောင်လေးကို မေ့ပျောက်ပစ်ဖို့ သတိပေးနေရလောက်အောင် အတော်လေး စိတ်ပင်ပန်းနေတယ်။ တစ်နေ့တော့ ကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက် ရောက်လာပြီး ကောင်လေး ပြန်ရောက်နေကြောင်း ပြောတယ်။ ဖြစ်ပျက်ခဲ့သမျှ ကောင်လေးကို မပြောပြဖို့ တောင်းဆိုလိုက်တယ်။ အဲဒီနောက်တော့ သူ့သတင်း ဘာမှ မကြားရတော့ဘူး။

တစ်နှစ်ကြာတော့ သူ့သူငယ်ချင်း စာအိတ်တစ်လုံး ယူလာပြီး သူ့ဆီ ပြန်ရောက်လာတယ်။ စာအိတ်ထဲမှာက ကောင်လေးရဲ့ မင်္ဂလာဆောင် ဖိတ်စာ။ ကောင်မလေးခမျာ မျက်ရည်တွေ စို့တက်လာပြီး စူးအောင့်နေတဲ့ ရင်ဘက်ကြီးနဲ့ သတ္တိမွေးပြီး သတို့သမီး နာမည်ကို လှမ်းဖတ်လိုက်တယ်။ အဲ … ပါးစပ်အဟောင်းသားနဲ့ တွေ့လိုက်ရတာက သူရဲ့နာမည်။

ဘာတွေ ဖြစ်ကုန်တာလဲ။ သူ့ သူငယ်ချင်းကို မေးဖို့ အားယူနေတုန်းမှာပဲ သူ့အရှေ့မှာ ကောင်လေးကို တွေ့လိုက်ရတယ်။ ကောင်လေးက လက်အမူအရာနဲ့ ကောင်မလေးကို လှမ်းပြောလိုက်တယ်။
ကို တစ်နှစ်တိတိ အချိန်ယူပြီး လက်အမူအရာနဲ့ စကားပြောတတ်ဖို့ သင်ယူခဲ့တယ်။ ပေးခဲ့တဲ့ ကို့ရဲ့ ကတိတွေ မပျက်ပြယ်နိုင်သေးဘူး ဆိုတာကို သိစေချင်လို့ပါ။ မင်းရဲ့ အသံအဖြစ်နဲ့ ဘေးနားမှာ နေထိုင်ဖို့ အခွင့်အရေးလေး ကို့ကို ပေးပါလား။ မင်းကို အရမ်းချစ်တယ်။
ပြောပြီး ချက်ချင်းဆိုသလိုပဲ ကောင်မလေးကို လက်စွတ် ပြန်ဝတ်ပေးလိုက်တယ်။ အခုတော့ ကောင်မလေး ပြုံးနိုင်ရှာပြီလေ …… ။


A Silent Love

by unknown author

From the very Beginning, the girl’s family objected strongly on her dating this guy. Saying that it has got to do with family background & that the girl will have to suffer for the rest of her life if she were to be with him.

Due to family’s pressure, the couple quarrel very often. Though the girl love the guy deeply, but she always ask him: “How deep is your love for me?”

As the guy is not good with his words, this often cause the girl to be very upset. With that & the family’s pressure, the girl often vent her anger on him. As for him, he only endure it in silence.

After a couple of years, the guy finally graduated & decided to further his studies in overseas. Before leaving, he proposed to the girl:
I’m not very good with words. But all I know is that I love you. If you allow me, I will take care of you for the rest of my life. As for your family, I’ll try my best to talk them round. Will you marry me?

The girl agreed, & with the guy’s determination, the family finally gave in & agreed to let them get married. So before he leave, they got engaged.

The girl went out to the working society, whereas the guy was overseas, continuing his studies. They sent their love through emails & phone calls. Though it’s hard, but both never thought of giving up.

One day, while the girl was on her way to work, she was knocked down by a car that lost control. When she woke up, she saw her parents beside her bed. She realised that she was badly injured. Seeing her mum crying, she wanted to comfort her. But she realized that all that could come out of her mouth was just a sigh. She has lost her voice……

The doctors says that the impact on her brain has caused her to lose her voice. Listening to her parents’ comfort, but with nothing coming out from her, she broke down.

During the stay in hospital, besides silence cry,…..it’s still just silence cry that accompanied her. Upon reaching home, everything seems to be the same. Except for the ringing tone of the phone. Which pierced into her heart every time it rang. She does not wish to let the guy know. & not wanting to be a burden to him, she wrote a letter to him saying that she does not wish to wait any longer.

With that, she sent the ring back to him. In return, the guy sent millions & millions of reply, and countless of phone calls,.. all the girl could do, besides crying, is still crying….

The parents decided to move away, hoping that she could eventually forget everything & be happy.

With a new environment, the girl learn sign language & started a new life. Telling herself everyday that she must forget the guy. One day, her friend came & told her that he’s back. She asked her friend not to let him know what happened to her. Since then, there wasn’t anymore news of him.

A year has passed & her friend came with an envelope, containing an invitation card for the guy’s wedding. The girl was shattered. When she open the letter, she saw her name in it instead.

When she was about to ask her friend what’s going on, she saw the guy standing in front of her. He used sign language telling her
I’ve spent a year’s time to learn sign language. Just to let you know that I’ve not forgotten our promise. Let me have the chance to be your voice. I Love You.
With that, he slipped the ring back into her finger. The girl finally smiled.

မြန်မာစာပေ ကောက်ကြောင်းများ (၁)

ကျနော် မန်းကို ပြန်တုန်းက အိမ်မှာ ဟိုးအရင်က ၀ယ်ထားတဲ့ စာအုပ်တစ်အုပ်ကို ပြန်ဖတ်ရအောင် ဆိုပြီး ရန်ကုန်ကို ယူလာခဲ့လိုက်တယ်။ ဆရာမောင်သာနိုး ရေးတဲ့ မြန်မာ့စကားနဲ့ စာပေ ဆိုတဲ့ စာအုပ်ပါ။ ပြန်ဖတ်ကြည့်လိုက်တော့ ဝေမျှပေးချင်တာတွေ တအား များနေတယ်။ အဲဒီအထဲကမှ မြန်မာစာကို ချစ်တဲ့ လူတိုင်း သိထားသင့်တဲ့ ဗဟုသုတတွေကို မျှဝေပေးမယ်လို့ အခု ဒီခေါင်းစဉ်နဲ့ အခန်းဆက်ဆောင်းပါး ရေးမယ်လို့ စိတ်ကူးလိုက်မိတယ်။ စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျနော့်အတွက်တော့ အနည်းဆုံး မပျောက်မပျက်အောင် ထိန်းသိမ်းပေးလိုက် နိုင်တာပေါ့ဗျာ။ ဆရာမောင်သာနိုးရဲ့ အာဘော်နဲ့ နီးနီးစပ်စပ် ဖြစ်အောင် ကောက်နှုတ် တင်ပြလိုက်ရပါတယ်။

သင်္ကြန်ပွဲတော်နား နီးလာပြီ ဆိုရင်ပဲ အမြို့မြို့ အနယ်နယ်မှာ သင်္ကြန်သီချင်းတွေ ဖွင့်လာကြတယ်။ အခုခေတ်ပေါ် ဟစ်ဟော့ သီချင်းတွေနဲ့ အတူ ရော့ခ်သီချင်းတွေလည်း ဖွင့်ကြသပေါ့ဗျာ။ ဘယ်လောက်ပဲ ခေတ်ရှေ့ရောက်ရောက် အခုချိန်ထိ မရိုးမအီနိုင်အောင် ဖွင့်မြဲဖြစ်တဲ့ ခေတ်ဟောင်းသီချင်း တစ်ပုဒ်ကတော့ ကြားနေရတုန်းပါ။ ကြားရပုံကတော့ “မြနန္ဒာ ရေညိုညို ရစ်ကာသန်း တော့ ရွှေမန်းတောင်ရိပ် တူတူခိုသူ ပျိုဖြူတွေရယ်” တဲ့။ “တော့” ဆိုတဲ့ မြန်မာစကားလုံးရဲ့ အဓိပ္ပာယ်က အချိန်အခါ ဖြစ်တယ်။ တဲ့အခါ နဲ့ အတူတူပါပဲ။ “မိုးကုန်တော့ ဆောင်းဝင်လာတယ်” ဆိုတာ “မိုးကုန်တဲ့အခါ ဆောင်းဝင်လာတယ်” လို့ ပြောတာပါပဲ။ ဒါဖြင့် “မြနန္ဒာ ရေညိုညို ရစ်ကာသန်းတော့” ဆိုတော့ “မြနန္ဒာ ရေညိုညို ရစ်ကာသန်းတဲ့အခါ” လို့ အဓိပ္ပာယ် ထွက်သွားတော့မှာပေါ့။ “ရေညိုညို ရစ်ကာ သန်းတဲ့အချိန်ခါမှ ရွှေမန်းတောင်ရိပ် ခိုတယ်” ဆိုတော့ ဘာကို ပြောချင်တာလဲ။ မန်းတောင်ကို ရေညိုညိုက အမြဲ ရစ်ကာသန်းနေတာပဲ။ ရစ်ကာသန်းတဲ့ အခါမှ တောင်ရိပ်ခိုရမယ် ဆိုတာ အဓိပ္ပာယ် သိပ်မရှိလှဘူး။ တကယ် ဖြစ်ရမှာက “ရေညိုညို ရစ်ကာသန်း တဲ့ ရွှေမန်းတောင်ရိပ် …” သာ ဖြစ်တယ်။


အတိတ်တဘောင် ရှိတာက

အသက်ကလေးရယ်တဲ့ ရှည်စေလို
မြနန္ဒာ ရေညိုသန်းတဲ့ မန်းတောင်ရိပ်ခို

ဖြစ်လို့ ဆရာမြို့မငြိမ်းကလည်း “ရေညိုညို ရစ်ကာသန်းတဲ့” လို့ ဖွဲ့ခဲ့တာပါ။ ကိုအံ့ကြီး ဆိုတုန်းကလည်း အဲဒီအတိုင်းပဲ ဆိုခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းနောက်ပိုင်း အဆိုတော် အသစ်တွေ လက်ထဲ ရောက်သွားတော့ အခြေအမြစ်ကို နားမလည်၊ မသိဘဲ ကိုယ်ထင်ရာ “ရစ်ကာသန်းတော့” လို့ ပြင်ချလိုက်တော့ အဓိပ္ပာယ်ပျောက်ရော။ သဒ္ဒါနည်းနဲ့ ပြောရရင် နာမ၀ိသေသန ပုဒ်စုကို အူတီးအူကြောင်နဲ့ ကြိယာဝိသေသန ပုဒ်စု လုပ်ပစ်လိုက်တဲ့ အမှားပါ။

စလေဦးပုညရဲ့ “မြတ်လေးရုံတော အစ” ချီ တေးထပ်ကို ဇာတ်မင်းသား တစ်ယောက်က သီဆိုသွားရာမှာ “လွမ်းမတတ် စကားဝါ အငူမှာ” အပိုဒ်ကို “လွမ်းစရာ့ စကားဝါ အငူမှာ” လုပ်သွားတာ အတော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။ တကယ်လို့သာ နတ်ရှင်နောင်ရဲ့ ရတုတွေနဲ့ ရင်းနှီးတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင် ဒီလို မမှားလောက်ပါဘူး။

ငှက်သွင်ပျံကြွ မတတ်သောဝ်။
ရောက်တိုင် တိမ်ထွတ် ပျံမတတ်တည့်။
ခြေတော်စက်သို့ တင်ဆက်မတတ်။
စိစစ်မတတ် ကြင်လေးမြတ်သည်။

စသဖြင့် နတ်ရှင်နောင်ဟာ “မတတ်” ဆိုတဲ့ အသုံးအနှုန်းကို သူ့ရတုတွေမှာ တော်တော် သုံးလေ့ရှိတယ်။ နတ်ရှင်နောင်ကို တော်တော် ကျေညက်ပုံရတဲ့ ဦးပုညက ဒီအသုံးကို နတ်ရှင်နောင်ဆီကို ယူလိုက်တယ်လို့ ယူမယ်ဆိုရင် ယူလို့ ရပါတယ်။ ဆန်းတာတော့ မဆန်းပါဘူး။ “လွမ်းမတတ်” ဆိုတာ ဘယ်လိုလွမ်းရမှန်းကို မတတ်စွမ်းတော့ဘူးလို့ ဆိုလိုတာပဲပေါ့။

ဆရာ မြို့မငြိမ်း ရေးဖွဲ့ထားတဲ့ နောက်ထပ် သီချင်းတစ်ပုဒ် ဖြစ်တဲ့ “ပျို့မှာတမ်း” ကို ကြားဖူးကြမယ် ထင်တယ်။ ဆရာ မြို့မငြိမ်းက “စားစား သွားသွား နေနေ မောင့်အပူ ပွေသူပါရှင်” လို့ ရေးစပ်ထားတယ်။ “ကျွန်မမှာ စားတဲ့အချိန်၊ သွားတဲ့အချိန်၊ နားနေတဲ့အချိန်၊ ဘယ်အချိန်မဆို မောင့်အတွက် ပူပန်နေရပါတယ်” လို့ အဓိပ္ပာယ်ရတယ်။ နောက်ပြီး နေ နဲ့ ပွေ ကိုလည်း ကာရံယူထားတယ်။

ဒါကိုပဲ အခုခေတ် လူတတ်တချို့က “စားစား သွားသွား နေနေ မောင့်အပေါ် ဗွေမယူပေါင်ရှင့်” လုပ်ပစ်လိုက်တယ်။ “မောင် ဘာစားစား၊ ဘယ်သွားသွား၊ ဘယ်နားနေနေ ကျွန်မကတော့ ဗွေမယူပါဘူး” လို့ ပြောချင်ပုံ ရတယ်။ ဒါပေမယ့် “စားစား သွားသွား နေနေ” ဆိုတာ သီဆိုသူက ကိုယ့်ကိုယ်ကို ပြန်ရည်ညွှန်းတာမို့ အဲ့ဒီလို သုံးတာ လုံးဝ လုံးဝ မှားပါတယ်။
ဒီသီချင်းမှာ မိန်းကလေးက သူ့အဖြစ်ကို ပြောနေတာ။ မိုးညိုရင်လည်း မောင့်ပဲ သတိရတယ်။ လသာရင်လည်း မောင့်ပဲ သတိရတယ်။ မောင့် မျက်နှာချည်း မြင်နေတယ်။ စားစား သွားသွား နေနေ မောင့်အတွက် ပူပန်နေရတယ်လို့ ပြောနေတာပါ။ စားသူ၊ သွားသူ၊ နေသူက မိန်းကလေး၊ မောင်မဟုတ်ဘူး ဆိုတာ အဆက်အစပ်အရ သိနိုင်တယ်။

နောက်ပြီး “ပွေ” ဆိုတဲ့ စကားလုံးက ဒီနေရာမှာ သောကပွေတယ် လို့ အဓိပ္ပာယ် ယူထားတယ်။ သဘောက ပူပန်တယ်ပေါ့။ စိုးနှောင့်ဗျာပွေ ဆိုတဲ့ သီချင်းစာသားလည်း ရှိပါတယ်။ ဒါကိုပဲ “ပွေ” ဆိုတဲ့ စကားလုံးကို ညှာပွေတယ် လို့ ယူဆသွားသလား မသိဘူး။ ခေတ်အခေါ် စော်ပွေတယ်ပေါ့ဗျာ။ မိန်းကလေးနဲ့ မသင့်လျော်ဘူး ဆိုပြီး ဉာဏ်ကြီးရှင်တို့က ပြင်လိုက်ပုံ ရတယ်။

(ဆက်ရန်)


အရှေ့နှင့် အနောက်၏ လူနေမှုပုံစံ

လွန်ခဲ့တဲ့ ရက် အနည်းငယ်က သူငယ်ချင်း NNW က Fwd Mail တစ်စောင် ပို့လာတယ်။ ဖွင့်ကြည့်လိုက်တော့ အနောက်တိုင်းသားတွေနဲ့ အာရှသားတွေရဲ့ လူနေမှုပုံစံ ကွာခြားချက်တွေကို ပုံနဲ့ သရုပ်ဖော်ထားတယ်။ စေ့စေ့ကြည့်ပြီး သေချာစဉ်းစားလိုက်တော့ အတော်လေး မှန်နေသဗျ။ ဒါပေမယ့် ကျနော် လက်ခံလို့ မရတဲ့ အချက် တချို့လည်း ရှိနေတယ်။ ကျနော် ရောက်ဖူးတဲ့ နိုင်ငံတွေက ပြည်သူတွေရဲ့ စရိုက်နဲ့ အခု တင်ပြထားတာနဲ့ ယှဉ်ကြည့်လိုက်တော့ အတော်လေး မှန်တာ တွေ့ရပါတယ်။

သူ တင်ပြထားတဲ့ အထဲက ကျနော် လက်မခံနိုင်တာ တစ်ခုက Anger နဲ့ ပတ်သက်ပြီးတော့ပါ။ အနောက်တိုင်းသားတွေက ဒေါသဖြစ်တာကို ပြတယ်။ အာရှသားတွေက ဒေါသ ဖြစ်နေပေမယ့် ပြုံးမြဲ ပြုံးနေတတ်တယ်တဲ့။ ကျနော်တော့ အဲလို လက်မခံဘူးဗျ။ ပြုံးတတ်တဲ့ နေရာမှာ အာရှသားတွေ ပိုတယ်ဆိုတာ လက်ခံနိုင်ပါတယ်။ နောက်ပြီး အာရှသားတွေဟာ စိတ်ညစ်လွယ်တယ်။ ရယ်မောလွယ်တယ်။ စိတ်ဆိုးလွယ်တယ်။ စိတ်ပြေလွယ်တယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် အာရှသားတွေဟာ Emotional Management မှာ အတော်လေး လိုသေးတာ တွေ့ရတယ်။ နောက်ပြီး Easily to express လွယ်လွယ်နဲ့ ဖွင့်ထုတ်ပစ်တယ်။ အကောင်းဘက်က ပြောရင် ဟန်မဆောင် တတ်ဘူးပေါ့ဗျာ။ အနောက်တိုင်းသားတွေက Emotional Management နဲ့ ယှဉ်ပါးနေတာ ကြာပြီ။ ခံစားချက်ကို တကယ် မထိန်းချုပ်နိုင်တောင်မှ ခံစားချက်ကို ထိန်းချုပ်နိုင်လို့ ရမယ့် အားသာချက်ကို သိနေပြီးသားမို့ တော်ရုံနဲ့ ကိုယ်ဘာခံစား နေရတယ်ဆိုတာ ပြလေ့ မရှိပါဘူး။ အနောက်နိုင်ငံက ခေါင်းဆောင်တွေကို ကြည့်ကြည့်ပါ။ ဥပမာ ကလင်တန်၊ ဘုရှ်၊ မာကယ်၊ တိုနီဘလဲ၊ စသည်ပေါ့။ သူတို့ကို ကြည့်ရင်ကို သိသာပါတယ်။ သူတို့တွေ သိပ်ဟန်ဆောင် ကောင်းကြတယ်လေ။

ကျနော် အားမရတဲ့ အာရှသားတွေရဲ့ အားနည်းချက်က တန်းစီတတ်တဲ့ အလေ့အထ မရှိခြင်းပါ။ လန်ဒန်က အင်္ဂလိပ် အဖိုးကြီးတစ်ယောက် ပြောတဲ့ စကားကို သတိရမိတယ်။ ငါတို့ လူမျိုးတွေက တန်းစီတာကို ဘယ်လောက် ကျင့်သားရနေသလဲဆို မင်း မယုံရင် လူသုံးလေးယောက်လောက် ခေါ်ပြီး တွေ့တဲ့ တစ်နေရာမှာ တန်းစီနေကြည့်လိုက်။ မကြာခင် အလျှိုလျှို လာတန်းကြလိမ့်မယ်တဲ့။ တန်းစီတတ်တဲ့ အလေ့အကျင့်ဟာ တကယ်ပဲ လိုအပ်သလားလို့ ကျနော် စဉ်းစားဖူးတယ်။ တန်းစီတတ်တဲ့ အလေ့အကျင့် လုံးဝမရှိဘူးဆိုတာ ကျနော်တို့ မြန်မာနိုင်ငံမှာ သိသာပါတယ်။ အားမငယ်ပါနဲ့။ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး။ တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒယ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေမှာတောင် တန်းစီပြီး လုပ်တတ်တဲ့ အလေ့အကျင့် မရှိသေးပါဘူး။ လာဘ်ထိုးပြီး နေရာကျော်မယ်။ အမျိုးအသိမို့ အရင်ပေးတယ်။ မသိသလို သိသလိုနဲ့ ကိုယ့်ရှေ့ကလူကို ကျော်တက်တယ်။ ခပ်တည်တည်နဲ့ ခြားဖျက် ၀င်တယ်။ ဒါ အာရှသားတွေ မဖျောက်နိုင်သေးတဲ့ အကျင့်ဆိုးတွေပါ။ ကိုယ်ချင်းစာစိတ် ခေါင်းပါးနေကြသေးလို့လား။ ဒီလို ယူဆလိုက်ရင် အနောက်တိုင်းသားတွေ သိပ်ကိုယ်ချင်းစာတတ်တယ် ဖြစ်သွားလိမ့်မယ်။ တကယ်တန်းတော့ ကိုယ့်အလှည့်ရောက်တဲ့အထိ စောင့်တတ်တဲ့ အလေ့အထ၊ အခွင့်ကောင်း ယူရမှာ ရှက်တတ်တဲ့ အလေ့အထ၊ ကိုယ်ချင်းစာနာစိတ်၊ တန်းစီခြင်းဟာ လူ့စည်းကမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဆိုတဲ့ အသိ၊ ဒါတွေ ပြည့်ဝလာတဲ့ တစ်နေ့ ကျနော်တို့ အာရှသားတွေလည်း စည်းကမ်းရှိရှိ တန်းစီတတ်လာလိမ့်မယ် ထင်တယ်။

အားမရတာ နောက်တစ်ခုက In the restaurant ဆိုတဲ့ ခေါင်းစဉ်အောက်က ပုံပါ။ ကျနော်တို့ အာရှသားတွေ စားသောက်ဆိုင်တွေမှာ ဆူဆူညံညံ စားသောက်တတ်ကြတယ်။ အနောက်နိုင်ငံနဲ့ နေရာ အတော်များများမှာ နီးနီးစပ်စပ်တူညီတဲ့ ဂျပန်လူမျိုးတွေမှာတောင် ဒီအကျင့်ရှိနေတယ်။ ရန်ကုန်က Cafe Shop အတော်များများမှာ သီချင်းတွေကို အကျယ်ကြီး ဖွင့်ကြတယ်။ တစ်စားပွဲတည်း ထိုင်နေတဲ့ လူနှစ်ယောက်၊ တစ်ယောက်ပြောစကားကို နောက်တစ်ယောက်က မကြားနိုင်လောက်အောင်ကို အသံကျယ်ကျယ် ဖွင့်တယ်။ Cafe Shop ထဲ ၀င်သွားရင် စကားပြောတဲ့ လူသံတွေနဲ့ သီချင်းသံတွေနဲ့ ဆူညံ ပွက်လော ရိုက်နေတယ်။ သီချင်းသံကျယ်လို့ စကားပြောသံမကြားရလို့ စကားကျယ်ကျယ် ပြောနေတာလား။ စကားကျယ်ကျယ်ပြောလို့ ဆူညံနေတာကို လွှမ်းချင်တာကြောင့် သီချင်းသံကျယ်ကျယ် ဖွင့်ထားတာလား။ တကယ်တန်းတော့ စကားပြောသံကျယ်လို့ သီချင်းသံချဲ့ထားတယ်။ သီချင်းသံကျယ်လို့ စကားသံကျယ်ကျယ် ပြောတယ်။ အသစ်ဝင်လာတဲ့ လူအတွက်တော့ နားကိုငြီးလို့။ စားသောက်ဆိုင်တွေမှာလည်း ဒီလိုပါပဲ။ အော်ဟစ်ဆဲဆို စကားပြောပြီး စားသောက်နေကြတာ စားသောက်ဆိုင်တိုင်းလိုလိုမှာ တွေ့နိုင်ပါတယ်။ ကျနော်ကတော့ ထမင်းစားရင် အေးအေးဆေးဆေးလေး စားတတ်တော့ အဲဒီ စရိုက်ကို သဘောမကျနိုင်ဘူး ဖြစ်နေတယ်။

နောက် ကျန်တာတွေက သဘာဝကျသလို သင်ခန်းစာ ယူဖို့လည်း ကောင်းပါတယ်။ ဘာလို့ အဲဒီလို ကွာနေသလဲ ဆိုတာလည်း စဉ်းစားလို့ ကောင်းနေတယ်။ မူရင်း အင်္ဂလိပ်လို ဖတ်ရင် ပိုကောင်းမယ်ထင်လို့ မြန်မာလို မပြန်တော့ပါဘူး။ ကဲ … ရှုစားတော်မူကြပါဗျာ။ အပြာရောင်က အနောက်နိုင်ငံသားကို ကိုယ်စားပြုပြီး၊ အနီက အာရှသားတွေကို ကိုယ်စားပြုပါတယ်။

Opinion
Talk to the point
Talk around the circle, especially if different opinions

Way of Life
Individualism, think of himself or herself
Enjoy gathering with family and friends, solving their problems, and know each other’s business

Punctuality
On time
In time

Contacts
Contact to related person only
Contact everyone everywhere, business very successful

Anger
Show that I am angry
I am angry, but still smiling (beware!)

Queue when waiting
Queuing in an orderly manner
Queuing? What’s that?

Sundays on the road
Enjoy weekend relaxing peacefully
Enjoy weekend in crowed places, like going to the mall

Party
Only gather with their own group
All focus on the one activity that is hosted by the CEO

In the restaurant
Talk softly and gently in the restaurant
Talk and laugh loudly like their own in the restaurant

Travelling
Love sightseeing and enjoy the scenery
Taking picture is the most important, scenery is just for the background

Handling of problems
Take any steps to solve the problems
Try to avoid conflicts, and if can, don’t leave any trail

Three meals a day
Good meal for once a day is sufficed
At least 3 good meals a day

Transportation
Before – drove cars, now – cycling for environmental protection
Before – no money and rode a bike, now – got money and drive a car

Elderly in day to day life
When old, there is snoopy for companionship
When old, guarantee will not be lonely, as long as willing to baby-sit the grandkids

Moods and weather
The logic is, rain is pain
The more the rain, more prosperity

The Boss
The boss is part of the team
The boss is a Fierce god

What’s Trendy
Healthy Asian cuisine
Expensive Western cuisine

The Child
The kid is going to be independent and make his/her own living
Work, live and all for the kids, the centre of life


ကြွက်ထောင်ချောက်


ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲ လို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။

အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။

မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

အော် … ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။

ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ လို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တာက

အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ တကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကို ဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။

ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း ထပ်ပြောလိုက်တယ်။ နွားက
ဝိုး … ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ။ လို့ ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။

အော် … လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။

တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။ လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့ အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။ အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။ ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။ အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။

အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။

ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။ အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။ သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။ လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့ မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် …
သတိရပါ။

ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့ အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး ဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန် ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။




by Unknown Author

A mouse looked through the crack in the wall to see the farmer and his wife open a package.

What food might this contain?” The mouse wondered – he was devastated to discover it was a mousetrap. Retreating to the farmyard, the mouse proclaimed the warning. There is a mousetrap in the house! There is a mousetrap in the house!”

The chicken clucked and scratched, raised her head and said, “Mr. Mouse, I can tell this is a grave concern to you, but it is of no consequence to me. I cannot be bothered by it.”

The mouse turned to the pig and told him, “There is a mousetrap in the house! There is a mousetrap in the house!” The pig sympathized, but said, “I am so very sorry, Mr. Mouse, but there is nothing I can do about it but pray. Be assured you are in my prayers.”

The mouse turned to the cow and said “There is a mousetrap in the house! There is a mousetrap in the house!” The cow said, “Wow, Mr. Mouse. I’m sorry for you, but it’s no skin off my nose.”

So, the mouse returned to the house, head down and dejected, to face the farmer’s mousetrap alone.

That very night a sound was heard throughout the house — like the sound of a mousetrap catching its prey. The farmer’s wife rushed to see what was caught. In the darkness, she did not see it was a venomous snake whose tail the trap had caught. The snake bit the farmer’s wife. The farmer rushed her to the hospital, and she returned home with a fever.

Everyone knows you treat a fever with fresh chicken soup, so the farmer took his hatchet to the farmyard for the soup’s main ingredient.

But his wife’s sickness continued, so friends and neighbors came to sit with her around the clock. To feed them, the farmer butchered the pig.

The farmer’s wife did not get well; she died. So many people came for her funeral; the farmer had the cow slaughtered to provide enough meat for all of them.

The mouse looked upon it all from his crack in the wall with great sadness.

The next time you hear someone is facing a problem and think it doesn’t concern you, remember — when one of us is threatened, we are all at risk. We are all involved in this journey called life. We must keep an eye out for one another and make an extra effort to encourage and help one another.

ရေးတော့အမှန် ဖတ်တော့အသံ (ဖတ်ထုံး)

ကျနော်တို့ မြန်မာစာမှာ “ရေးတော့အမှန် ဖတ်တော့အသံ” ဆိုတဲ့ ဆိုရိုးလေး ရှိပါတယ်။ ဘာလို့ ဒီစကားရပ် ပေါ်လာသလဲလို့ ပြန်စမ်းစစ်ကြည့်ရင် ကျနော်တို့ မြန်မာစာမှာ ရေးတဲ့ အတိုင်း ဖတ်လို့ မရတာကြောင့်ပါ။ ဥပမာ ရန်ကုန် ဆိုတဲ့ စကားလုံးကို ကျနော်တို့ ဘယ်လို ဖတ်မလဲ။ ဆင်ကြီး ဆိုတာကိုကော ဘယ်လို ဖတ်မလဲ။ ကလေးက အစ ဖတ်တတ်ပါတယ်။ ရန်ဂုန်၊ ဆင်ဂျီး လို့ ဖတ်ကြတယ်။ ကျနော် သိသလောက် ငယ်ငယ်ကတည်းက အခုအချိန်ထိ သင်ရိုးညွှန်းထဲမှာ ဘာကြောင့် အဲဒီလို ပြောင်းဖတ်ရသလဲ ဆိုတာ ကျနော်တို့ မသင်ခဲ့ရပါဘဲနဲ့ မြန်မာတွေ ဘာလို့ အဲဒီလို ဖတ်တတ်နေကြသလဲ။ ဒီမေးခွန်းကို မစဉ်းစားဖြစ်ခင်က ကျနော် တွေးမိတဲ့ အတွေးက “မြန်မာစာမှာ ရေးတာ တစ်မျိုး ဖတ်တော့ တစ်ခြား။ ဘာလို့ အဲဒီလောက် ဖရိုဖရဲ နိုင်နေရသလဲ” ဆိုတဲ့ မေးခွန်းကို တွေးနေမိတယ်။ ကိုယ့်ဘာသာစကားကို အထင်မသေးရက်တော့ စည်းမျဉ်းစည်းကမ်း ရှိကောင်းရဲ့ ဆိုပြီး လိုက်ရှာတော့လည်း တော်တော်နဲ့ ရှာယူခဲ့ရတယ်။

မြန်မာ့အာ၊ မြန်မာ့လျှာနဲ့ လိုက်ဖက်ညီညီ အသံပြောင်း အသံလွှဲ လုပ်တဲ့ နည်းကို လူကြီးတွေတင် မကဘဲ ကလေးတွေကအစ ဘာသင်တန်းမှ မတတ်ဘဲ အလိုလို တတ်မြောက်နေကြတယ်။ ဘာဖြစ်လို့ အဲဒီလို ပါးနပ်စွာနဲ့ မူလရေးထားတဲ့ အတိုင်း မဟုတ်ဘဲ သင့်လျော်တဲ့ အသံတစ်ခုကို ပြောင်းပြီး ဖတ်တတ်နေကြသလဲ။ ဘာဖြစ်လို့ အဲဒီလို အလိုအလျောက် ကျင့်သားရပြီး ဖြစ်နေကြသလဲ။ ဒါ လေ့လာသင့် လေ့လာအပ်တဲ့ အကြောင်းရပ် ပညာရပ်တစ်ခုပါ။ ကျနော်တို့ မြန်မာပြည်ဖွားတွေ အလိုအလျောက် ပြောင်းတတ်နေပေမယ့် မြန်မာစကားကို သင်ယူနေတဲ့ နိုင်ငံခြားသားတွေက ဘာလို့ အဲဒီလို ပြောင်းဖတ်တာလဲလို့ မေးရင် ကျနော်တို့ ဖြေလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်။ “ရေးတော့အမှန် ဖတ်တော့အသံ” တဲ့။ အဲလို ပြောတာ ကြားလိုက်တော့ စည်းမရှိ ကမ်းမရှိ ဖတ်ချင်သလို ဖတ်နေသလား ထင်ရတယ်။ တကယ်တော့ မဟုတ်ပါဘူး။ မြန်မာစာမှာ အသံပြောင်းလဲပုံ စည်းမျဉ်းလေး ရှိပါတယ်။ ရန်ကုန်လို့ ရေးပြီး ဖတ်တဲ့အခါ ကုန်ကို ဂုန် လို့ ပြောင်းပြီး ရန်ဂုန်လို့ ဘာကြောင့် ဖတ်ရသလဲ ဆိုတာ စည်းမျဉ်းနဲ့တကွ ရှင်းပြပေးချင်ပါတယ်။


၁။ အက္ခရာ ခွဲတမ်း

မြန်မာအက္ခရာတွေမှာ အသံနုအက္ခရာနဲ့ အသံရင့်အက္ခရာ ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ဘယ်အက္ခရာတွေက အသံရင့်လဲ၊ ဘယ်ဟာတွေက အသံနုလဲ ဆိုတာ ခွဲခြားပြီး သိမယ်ဆိုရင် အသံပြောင်းခြင်း ဥပဒေသကို နားလည်လွယ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ များသောအားဖြင့် အသံနုကလေ အသံရင့်ကို ပြောင်းသွားတတ်လို့ပါ။

သံနု အက္ခရာ ကိုးလုံး ရှိပါတယ်။
က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ပ၊ ဖ၊ သ တို့ ဖြစ်တယ်။ သဒ္ဒါဝေါဟာရနဲ့ ဆိုရင် အဃောသ အက္ခရာစုလို့ ခေါ်ပါတယ်။

အဲဒီ ၉ လုံးက လွဲရင် ကျန် အက္ခရာတွေက သံရင့် အက္ခရာ တွေပါ။ စုစုပေါင်း ၂၉ လုံး ရှိပါတယ်။

ဂ၊ ဃ၊ င၊ ဇ၊ စ်၊ ည၊
ဒ၊ ဌ၊ န၊ ဗ၊ ဘ၊ မ၊
ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ ဠ။ အဲဒီ ဗျည်း (၁၈) လုံးနဲ့
အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊
ဧ၊ အဲ၊ သြ၊ သြော်၊ အို၊ စတဲ့ သရ (၁၁) လုံး စုစုပေါင်း (၂၉) လုံးဟာ သံရင့်အက္ခရာတွေ ဖြစ်တယ်။

၂။ အနက်တူရာ အက္ခရာများ

အထက်မှာ ဖော်ပြထားတဲ့ အသံနု အက္ခရာနဲ့ အသံရင့် အက္ခရာ ယှဉ်တွဲပြီး ရှိလာတဲ့အခါမှာ တိုက်ခိုက်မှု ဖြစ်လာပြီး အသံပြောင်းကြရတယ်။ လောကသဘာဝအတိုင်း အသံနုတွေကပဲ လိုက်ပြောင်းပေးရတယ်။ ဒါကြောင့် အသံပြောင်းတဲ့အခါမှာ အသံနုတွေ ဖြစ်တဲ့ က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ပ၊ ဖ၊ သ အက္ထရာတွေကပဲ ပြောင်းတယ်။ ပြောင်းတဲ့အခါမှာလဲ အရမ်းမဲ့ ပြောင်းချင်သလို ပြောင်းသွားတာ မဟုတ်ဘဲ အနက်ချင်း တူရာ တူရာကိုပဲ ပြောင်းတယ်။ အခြား အက္ခရာကို ပြောင်းလေ့ မရှိဘူး။ အနက်တူတဲ့ အက္ခရာတွေက
သံနု က ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် ဈ အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ် ကို ပြောင်းသွားရတယ်။

၃။ အသံပြောင်းလဲခြင်း အကြောင်းရင်း

မီးများရင် မီးနိုင်တယ်။ ရေများရင် ရေနိုင်တယ်တဲ့။ အဲဒီလိုပါပဲ။ သံနုအက္ခရာထက် သံရင့်အက္ခရာထက် အသံရှိန်ပိုပြင်းတယ်။ ပိုအားကောင်းတယ်။ ဒါကြောင့် အသံ နုတဲ့ အားသေးတဲ့ အက္ခရာက အသံပြင်းတဲ့ အားကောင်းတဲ့ အက္ခရာနား သွားကပ်တဲ့အခါမှာ အားကြီးတဲ့ ဒါဏ်ကို မခံနိုင်ဘဲ အလိုအလျောက် သဘာဝချင်းတူတဲ့ အားကောင်းတဲ့ အက္ခရာအဖြစ် ပြောင်းလဲသွားရတယ်။ ဒါမှ ရွတ်ဖတ်တဲ့ အခါမှာ လျှာခလုတ် မတိုက်ဘဲ လျှောခနဲ ထွက်လာနိုင်မှာပါ။ ဒါမှလည်း မြန်မာ့လျှာ၊ မြန်မာ့အာနဲ့ ကိုက်ညီသွားတယ်။

၎။ အသံပြောင်းလဲခြင်း စည်းမျဉ်း

သံရင့်ဗျည်း (သို့) ဗျည်း+ သံရင့်သရ (သို့) ဗျည်း + သံရင့်အသတ် တွေရဲ့ နောက်က အသံနုဗျည်းတွေ သက်ဆိုင်ရာ အသံတွေ လိုက်ပြောင်းသွားရတယ်။
သံရင့်ဗျည်း – ဂ၊ ဃ၊ င၊ ဇ၊ ဈ၊ ည၊ ဒ၊ ဌ၊ န၊ ဗ၊ ဘ၊ မ၊ ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ ဠ ။
သံရင့်သရ – အ၊ အာ၊ ဣ (အိ)၊ ဤ (အီ)၊ ဥ (အု)၊ ဦ (အူ)၊ ဧ (အေ)၊ အဲ၊ သြ (အော)၊ သြော် (အော်)၊ အို ။
သံရင့်အသတ် – ~င်၊ ~ဉ်၊ ~ည်၊ ~န်၊ ~မ်၊ ~ယ်၊ ~ိန်၊ ~ိမ်၊ ~ုန်၊ ~ုမ်၊ေ~ာင်၊ ~ိုင်၊ ~ုံ ။

ဥပမာနဲ့ ရှင်းပါ့မယ်။
သုံးခု ကို ကျနော်တို့ ဖတ်တဲ့ အခါမှာ သုံးဃု လို့ ဖတ်ပါတယ်။ ပြန်ပြီး စမ်းစစ်ကြည့်ရအောင်။ သုံး ဆိုတာ ( သ + ~ုံ + ~း ) ပေါင်းထားတာပါ။ အဲဒီမှာ သံရင့်အသတ် ပါနေတာကြောင့် “ခု” မှာ ပါတဲ့ ခကွေး ဟာ သူရဲ့ တွဲဖက် ဖြစ်တဲ့ သံရင့် “ဃ” အက္ခရာကို ပြောင်းသွားပြီး ဃု လို့ ဖတ်ရပါတယ်။ ဒါကြောင့် သုံးဃု လို့ ဖတ်ရတယ်။
ထင်သာအောင် နောက်ဥပမာတစ်ခု ပြပါဦးမယ်။
လူကြီး ကို ကျနော်တို့ ဖတ်တဲ့ အခါမှာ လူဂြီး လို့ ဖတ်ပါတယ်။ ကျနော်တို့ ဓါတ်ခွဲကြည့်ရအောင်။ လူ ဆိုတာ (လ + ~ူ) ပေါင်းထားတာပါ။ သံရင့်သရ ပါနေတာကြောင့် ကကြီးကနေ ဂငယ် ပြောင်းသွားပြီး လူဂြီး လို့ ဖတ်ရပါတယ်။
နောက်ပြီး
ရန်ကုန် => ရန်ဂုန်
မန္တလေး => မန်းဒလေး
ဘယ်ကိုသွားမလဲ => ဘယ်ဂိုသွားမလဲ
ကြိုးစားစမ်းပါ => ကြိုးဇားဇမ်းဗာ
ဈေးတောင်းခေါင်းရွက် => ဈေးဒေါင်း ဃောင်းရွက်
သူပဲ ငါပဲ => သူဗဲ ငါဗဲ
အင်္ကျီ => အင်းဂျီ
တံဆိပ်ခေါင်း => တံဇိပ်ဃောင်း

၅။ အသံမပြောင်းလဲခြင်း စည်းမျဉ်း

သံနုဗျည်း (သို့) ဗျည်း + သံနုအသတ် တွေရဲ့ နောက်က အသံနုဗျည်းတွေ လိုက်ရင် အသံနုအတိုင်းပဲ မပြောင်းဘဲ ဖတ်ရပါတယ်။
သံနုဗျည်း – က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ပ၊ ဖ၊ သ ။
သံနုအသတ် – ~က်၊ ~စ်၊ ~တ်၊ ~ပ်၊ ~ိတ်၊ ~ိပ်၊ ~ုတ်၊ ~ုပ်၊ေ~ာက်၊ ~ိုက် ။

သံရင့်ဗျည်း နဲ့ သံနုအသတ်နဲ့ တွဲလိုက်တဲ့အခါမှာ သံရင့်ဗျည်း ဖြစ်ပေမယ့် အသံနုနဲ့ အသတ်ခံရတဲ့အတွက် အသံနုသွားရတယ်။ ဒါကြောင့် သူတို့နောက်က လိုက်တဲ့ အသံနု အက္ခရာတွေနဲ့ လိုင်းတူသွားတာကြောင့် ပြောင်းစရာ မလိုတော့ပါဘူး။ ဥပမာလေးတွေ ကြည့်ကြည့်ပါ။
ဘက်တော်သား => ဘက်တော်သား
ကျိုက်ထီးရိုး => ကျိုက်ထီးရိုး
တိုးတက်ရေး => တိုးတက်ရေး
ချစ်စိတ် => ချစ်စိတ်
လက်ဖက်ရည် => လက်ဖက်ရည်
ထိပ်ဆုံးသို့ => ထိပ်ဆုံးသို့

အသံပြောင်းခြင်း ဆိုင်ရာမှာ ကျနော် နားမလည်သေးတာ၊ မသိသေးတာ၊ အထောက်အထား ရှာမတွေ့သေးတာ တချို့ ရှိပါသေးတယ်။
ဥပမာ ဗာဒံ လို့ ရေးထားပြီး ဘာလို့ ဗံဒါ လို့ ဖတ်ကြသလဲ။ ဘယ်လို ဥပဒေသကို သုံးသွားသလဲ ဆိုတာ ကျနော် မသိပါဘူး။
နောက်တစ်ခုက ဘားအံ လို့ အရေးထားတဲ့ အသံရင့် အက္ခရာကို ဖတ်တဲ့အခါမှာ အသံနု ဖြစ်တဲ့ ဖားအံ လို့ အသံထွက်ပါတယ်။ အဲဒါတွေအပြင် တခြား အများရီး ရှိနေနိုင်ပါသေးတယ်။ အဲဒါတွေက ဘယ်သို့သော ဥပဒေသတွေကို လိုက်နာပြီး ရွတ်ဖတ်ရသလဲ။ ဒါမှမဟုတ် ချွင်းချက်တွေလား ဆိုတာ ကျနော်ဖြင့် ရှာဖွေဆဲပါ။ သိနှင့်ပြီးသူ ရှိရင်လည်း ဝေမျှခဲ့ပါဦးလို့ တောင်းဆိုရင်း …..


ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး

ဟိုး ရှေးရှေးတုန်းက ယုန် နဲ့ လိပ်ဟာ ဘယ်သူ အပြေးပိုသန်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြသတဲ့။ အဲဒီ ငြင်းခုန်မှုကို ပြိုင်ပွဲတစ်ပွဲနဲ့ အဖြေရှာဖို့ နှစ်ဦးလုံး သဘောတူလိုက်ကြတယ်။ အပြေးပြိုင်ဖို့ လမ်းကြောင်းတစ်ကြောင်းကို နှစ်ဦးသဘောတူ ရွေးချယ်ပြီး ပြိုင်ပွဲကို စတင်လိုက်တယ်။ စလိုက်တယ် ဆိုရင်ပဲ ယုန်ဟာ အားကုန် ရှိသမျှ ခွန်အားနဲ့ တဟုန်ထိုး ပြေးတော့တယ်။ လှုပ်ပဲ့လှုပ်ပဲ့ ရွေ့လာနေတဲ့ ကိုရွှေလိပ်နဲ့ အပြတ်အသတ် ကွာနေတော့ ကိုယုန်က သစ်ပင်တစ်ပင်အောက်မှာ အေးဆေး အနားယူတော့တာပေါ့။ မကြာခင်မှာပဲ အိပ်ပျော်သွားလေရဲ့။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး လာနေတဲ့ ကိုရွှေလိပ်က ပန်းတိုင်ကို ရောက်မှ ကိုယုန်ခမျာ နိုးလာတော့ ဘာတတ်နိုင်ဦးမှာလဲ။ ရှုံးရောပေါ့။
အနှစ်သာရဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ရင် အောင်ပွဲခံနိုင်တယ်။
ဒါ ကျနော်တို့ ကြားဖူးနားဝ ရှိနေခဲ့တဲ့ ယုန်နဲ့လိပ် ပုံပြင်လေးပါ။ ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။ တခြား စိတ်ဝင်စားစရာတွေ ရှိနေပါသေးတယ်။ ဘာတွေ ဆက်ဖြစ်သေးသလဲ ဆိုတော့ …

ကိုယုန်က ပြိုင်ပွဲ ရှုံးသွားလို့ အတော်လေး စိတ်တိုသွားတယ်။ ဒါပေမယ့် သူ ရှုံးရတဲ့ အကြောင်းအရင်းကို ကိုယ့်ဖာသာ မညှာတမ်း ပြန်ပြီး သုံးသပ်နေမိတယ်။ ကိုယ့်ကိုယ်ကို အသားလွတ် အထင်ကြီးခဲ့မိလို့ ဆိုတာ သိလာခဲ့တယ်။ နောက်ပြီး ဂရုမစိုက်ဘူး။ အရမ်း ပေါ့ပေါ့ဆဆ နိုင်ခဲ့တယ်လို့ သူ နားလည်လိုက်တယ်။ ဒါတွေကိုသာ သူ ပြင်နိုင်မယ် ဆိုရင် သူ ကိုရွှေလိပ်ကို ဘာမနိုင်စရာ အကြောင်း ရှိမလဲ။ ဒီလိုနဲ့ ကိုယုန်ဟာ ယုံကြည်ချက် အပြည့်နဲ့ ကိုရွှေလိပ်ကို နောက်တစ်ခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ကိုရွှေလိပ်ကလည်း “ကြောက်လို့လား” လို့တော့ အပြောမခံဘူး။ ပြိုင်ဖို့ ခေါင်းညိတ်လိုက်တယ်။ ဒီတစ်ခါတော့ ကိုယုန်က ပန်းတိုင်ရောက်တဲ့အထိ နည်းနည်းလေးမှကို အနားမယူတော့ဘဲ တရစက် ပြေးတော့တာပဲ။ ဒီတော့ မိုင်ပေါင်းများစွာ အပြတ်အသတ်ကွာပြီး ကိုရွှေလိပ်ကို အနိုင်ရလိုက်တယ်။
အနှစ်သာရခပ်မြန်မြန်လေး တသတ်မတ်တည်း လုပ်နိုင်မယ်ဆိုရင် ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်သူကို ဘယ်တော့မဆို ယှဉ်နိုင်ပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်တာ ကောင်းပါတယ်။ ဒါပေမယ့် အရှိန်ကို ခပ်သွက်သွက်လေး ထိန်းပြီး အလုပ်လုပ်သွားနိုင်ရင် ပိုကောင်းတာပေါ့။
ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။

ဒီတစ်ခါတော့ ကိုရွှေလိပ် စဉ်းစားရပြီပေါ့။ ဒီပုံ ဒီလမ်းနဲ့သာ ပြိုင်မယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ ကိုယုန်ကို မယှဉ်နိုင်တာ သေချာနေတယ်။ သူ အကြိတ်အနယ် စဉ်းစားပြီး တခဏမှာတော့ ကိုယုန်ကို နောက်တစ်ခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ပြေးလမ်းကြောင်းကို အပြောင်းအလဲ အနည်းငယ် လုပ်လိုက်တယ်။ ကိုယုန်က သဘောတူတော့ ပြိုင်ပွဲကို နောက်တစ်ကြိမ် စလိုက်ပြန်ပြီ။ ထုံးစံအတိုင်း ယုံကြည်ချက် အပြည့်နဲ့ ကိုယုန်ဟာ သူ ခံယူထားတဲ့အတိုင်း ခပ်မြန်မြန်လေး မနားတမ်း ပြေးတော့တာပေါ့။ ပြေးရင်းနဲ့ အတန်အသင့် ကျယ်တဲ့ မြစ်ကမ်းနားဘေး ရောက်တော့ ကိုယုန် အတွေးနယ် ချဲ့ရပြန်ပြီ။ မြစ်တစ်ဖက်ကမ်းရဲ့ မိုင်အနည်းငယ်ကို သွားပြီးမှ သူတို့ သက်မှတ်ထားတဲ့ ပန်းတိုင်က ရောက်မယ်လေ။ ကိုယုန် ငုတ်တုတ်ကြီးထိုင်ပြီး ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ စဉ်းစားခန်း ၀င်နေတော့တယ်။ ဟိုကောင် ကိုရွှေလိပ် ဘယ်လို လုပ်မလဲဆိုတာလည်း သူ စိတ်ဝင်စားနေတယ်။ ခဏကြာတော့ ကိုရွှေလိပ်ရောက်လာပြီး မြစ်ထဲဆင်းသွားလေရဲ့။ လက်ပစ်ကူးသွားပြီး ဟိုဘက်ကမ်းရောက်တော့ မနားတမ်း ဆက်လျှောက်သွားတယ်။ ဒီလိုနဲ့ ကိုရွှေလိပ် ပန်းဝင်သွားတယ်။
အနှစ်သာရပထမဆုံး ကိုယ့်ရဲ့ ယှဉ်ပြိုင်နိုင်တဲ့ အားသာချက်ကို စမ်းစစ်ပါ။ နောက်ပြီး အဲဒီ အားသာချက်နဲ့ သင့်လျော်မယ့် ပတ်ဝန်းကျင်ကို ရွေးချယ်ပြီး ပြိုင်ဆိုင်ဖို့ ကြိုးစားပါ။ အဲဒီလို ပတ်ဝန်းကျင်ကို ဖန်တီးပါ။
ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။

ဒီအချိန်မှာတော့ ယုန်နဲ့လိပ်ဟာ အင်မတန် ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်နေကြပြီ။ သူတို့ နှစ်ကောင် အတူတကွ အကြံထုတ်ပြီး နောက်ဆုံး ပြိုင်ပွဲလေးတစ်ပွဲကို လှလှပပနဲ့ အဆုံးသတ်လိုက် ချင်ကြတယ်။ ဒါကြောင့် နောက်ထပ် ပြေးပွဲလေး တစ်ပွဲနွှဲပြီး စည်းလုံးမှုကို ပြဖို့ ဆုံးဖြတ်လိုက်တယ်။ ပြေးပွဲလေး စပြီ။ ဒီတစ်ခါတော့ ကိုယုန်ဟာ ကိုရွှေလိပ်ကို မြစ်ကမ်းနားပါး ရောက်တဲ့ အထိ ထမ်းခေါ်သွားလိုက်တယ်။ မြစ်ထဲမှာတော့ ကိုရွှေလိပ်က ကိုယုန်ကို ကျောပေါ်တင်ပြီး မြစ်ကို အတူကူးကြတယ်။ ဟိုဘက်ကမ်းလည်း ရောက်ရော ကိုယုန်က ပြန်ထမ်းပြီး အတူတူ ပန်းဝင်လိုက်ကြတယ်။ ဒီတခါတော့ အရင်က ခံစားခဲ့ရတဲ့ ကျေနပ်မှုထက် အများကြီးသာတဲ့ ကျေနပ်မှုတွေ နှစ်ယောက်လုံး ပိုင်ဆိုင်ကြရတယ်။
အနှစ်သာရတစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့ အောင်မြင်တယ်ဆိုတာ ကောင်းပါတယ်။ ကိုယ်ပိုင် ထူးကဲတဲ့ အရည်အချင်းနဲ့ပေါ့။ ဒါပေမယ့် စုစုစည်းစည်း တစ်ဦးချင်းစီရဲ့ အားသာချက်တွေ အသုံးပြုပြီး အဖွဲ့နဲ့ အလုပ် မလုပ်တတ်ဘူးဆိုရင်တော့ သင်ဟာ သာမန်လူ သာသာပါပဲ။ ဘာလို့လဲဆိုတော့ သင်မတတ်နိုင်တဲ့ ကိစ္စတချို့မှာ တခြားသူက ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ အနေအထားတွေ အမြဲ ရှိနေမယ်လေ။ နေရာတိုင်းမှာ နံပါတ် တစ် ဆိုတာတော့ ဘယ်ဖြစ်နိုင်မလဲ။ ဒီတော့ အားလုံး ခြုံကြည့်လိုက်ရင် သင်ဟာ သာမန်လူ သာသာပဲ။ စုစည်းလုပ်ဆောင်မှုမှာ အခြေအနေအရ ခေါင်းဆောင်တွေ အပြောင်းအလဲ လုပ်ပေးရမယ်။ သူတို့ရဲ့ ထူးကဲတဲ့ အားသာချက် စွမ်းရည်တွေအပေါ် မူတည်ပြီးတော့ပေါ့။

အထက်က ပုံပြင်မှာဆိုရင် ယုန်ကော လိပ်ပါ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် နောက်မဆုတ်၊ လက်မတွန့်ခဲ့ပါဘူး။ ယုန်ဟာ ရှုံးပွဲနဲ့ ကြုံရပြီးနောက်ပိုင်း အရင်ကထက် ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်ခဲ့တယ်။ လိပ်ဟာလည်း သူ အစွမ်းကုန် ကြိုးစားပြီးတာတောင် မအောင်မြင်နိုင်တော့ လမ်းဟောင်းကို စွန့်ပြီး နည်းဗျူဟာ အသစ်ကို ပြောင်းသုံးဖို့ ၀န်မလေးခဲ့ဘူး။

ကျနော်တို့ ဘ၀မှာကော ….။ ဆုံးရှုံးမှုတွေနဲ့ ကြုံလာရတဲ့အခါ တစ်ခါတလေ ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ တစ်ခါတလေမှာ နည်းဗျူဟာ နဲ့ တခြား ပြောင်းလဲမှု တစ်စုံတစ်ရာ လုပ်ယူရတယ်။ တစ်ခါတလေတော့လည်း နှစ်ခုစလုံး တပြိုင်တည်း လုပ်ရလိမ့်မယ်။ ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်နေကြမယ့်အစား လက်ရှိအခြေအနေတွေကို စိန်ခေါ်နိုင်ရင် ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာပါလိမ့်မယ်။

ယုန်နဲ့လိပ် ပုံပြင်ကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် …
  • ခပ်သွက်သွက်၊ ခပ်မြန်မြန်ဖြင့် ပြီးမြောက်အောင် လုပ်ခြင်းသည် ဖြည်းဖြည်းနှင့် မှန်မှန် ပြုလုပ်ခြင်းထက် သာလွန်မြဲ ဖြစ်၏။
  • မိမိ၏ ယှဉ်နိုင်စွမ်းရှိသော အားသာချက်ဖြင့် အလုပ်လုပ်ပါ။
  • အဖွဲ့တစ်ဖွဲ့အနေဖြင့် ရှိပြီး အရင်းအမြစ်များအား ခွဲဝေအသုံးချတတ်လျှင် တစ်ကိုယ်တည်း စွမ်းဆောင်မြင့်သူထက် သာလွန်သည်သာ ဖြစ်၏။
  • ဆုံးရှုံးမှုများ တွေ့ကြုံလာသော်လည်း မည်သည့်အခါမျှ အရှုံးမပေးအပ်။
  • နောက်ဆုံးအနေဖြင့် တခြားသူနှင့် ယှဉ်ပြိုင်နေခြင်းထက် လက်ရှိအခြေအနေကို စိန်ခေါ်အံတု နိုင်ပါစေ။


The Story Doesn’t End Here…

By Author Unknown, Copied from this site

Once upon a time a tortoise and a hare had an argument about who was faster. They decided to settle the argument with a race. They agreed on a route and started off the race. The hare shot ahead and ran briskly for some time. Then seeing that he was far ahead of the tortoise, he thought he’d sit under a tree for some time and relax before continuing the race. He sat under the tree and soon fell asleep. The tortoise plodding on overtook him and soon finished the race, emerging as the undisputed champ. The hare woke up and realized that he’d lost the race. The moral- “Slow and steady wins the race. This is the version of the story that we’ve all grown up with.” THE STORY DOESN’T END HERE, there are few more interesting things…..it continues as follows……

The hare was disappointed at losing the race and he did some soul-searching. He realized that he’d lost the race only because he had been overconfident, careless and lax. If he had not taken things for granted, there’s no way the tortoise could have beaten him. So he challenged the tortoise to another race. The tortoise agreed. This time, the hare went all out and ran without stopping from start to finish. He won by several miles. The moral – ” Fast and consistent will always beat the slow and steady. It’s good to be slow and steady; but it’s better to be fast and reliable.” THE STORY DOESN’T END HERE.

The tortoise did some thinking this time, and realized that there’s no way it can beat the hare in a race the way it was currently formatted. It thought for a while, and then challenged the hare to another race, but on a slightly different route. The hare agreed. They started off. In keeping with his self-made commitment to be consistently fast, the hare took off and ran at top speed until he came to a broad river. The finishing line was a couple of kilometres on the other side of the river. The hare sat there wondering what to do. In the meantime the tortoise trundled along, got into the river, swam to the opposite bank, continued walking and finished the race. The moral – ” First identify your core competency and then change the playing field to suit your core competency.” THE STORY STILL HASN’T ENDED.

The hare and the tortoise, by this time, had become pretty good friends and they did some thinking together. Both realized that the last race could have been run much better. So they decided to do the last race again, but to run as a team this time. They started off, and this time the hare carried the tortoise till the riverbank. There, the tortoise took over and swam across with the hare on his back. On the opposite bank, the hare again carried the tortoise and they reached the finishing line together. They both felt a greater sense of satisfaction than they’d felt earlier. The moral – “It’s good to be individually brilliant and to have strong core competencies; but unless you’re able to work in a team and harness each other’s core competencies, you’ll always perform below par because there will always be situations at which you’ll do poorly and someone else does well.

Teamwork is mainly about situational leadership, letting the person with the relevant core competency for a situation take leadership. Note that neither the hare nor the tortoise gave up after failures. The hare decided to work harder and put in more effort after his failure. The tortoise changed his strategy because he was already working as hard as he could.”

In life, when faced with failure, sometimes it is appropriate to work harder and put in more effort. Sometimes it is appropriate to change strategy and try something different. And sometimes it is appropriate to do both. The hare and the tortoise also learnt another vital lesson. When we stop competing against a rival and instead start competing against the situation, we perform far better.

To sum up, the story of the hare and tortoise has much to say:
Chief among them are that fast and consistent will always beat slow and steady; work to your competencies; pooling resources and working as a team will always beat individual performers; never give up when faced with failure; & finally, compete against the situation – not against a rival.

စာလုံးပေါင်းတွေ မှန်စေချင် (၁)

မြန်မာတွေ မြန်မာလို ရေးနေကြတာ ဆိုပေမယ့် မြန်မာစာကို အလေးမထားတာ တွေ့ရတော့ အတော်လေး ၀မ်းနည်းမိပါတယ်။ ကိုယ့်ရဲ့ မိခင်ဘာသာကို အသုံးပြုပြီး အတွေ့အကြုံ၊ အတွေးအကြံတွေ ဖြန့်ဝေနေကြတဲ့ လူတွေ ဖြစ်နေပေမယ့် ကိုယ့်ရဲ့ မိခင်ဘာသာကို ဂရုမစိုက် အလေးမထားဘဲ ရေးနေကြတာ တွေ့နေရတယ်။ အဆိုးဝါးဆုံး မြင်နေရတာတော့ စာလုံးပေါင်းမှားခြင်း ပါ။ မြန်မာလို ရေးမယ်ဆိုရင်တော့ အရေးအကြီးဆုံးနဲ့ အနိမ့်ဆုံး အဆင့်အနေနဲ့ စာလုံးပေါင်းတွေ မှန်စေချင်ပါတယ်။ မြန်မာအချင်းချင်း ဖတ်နေတာပဲ၊ မြန်မာတွေ နားလည်ရင် ပြီးရောပေါ့ ဆိုတဲ့ ပြီးစလွယ် အဖြေမျိုး မပေးစေချင်ဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ကိုယ်ကိုယ်တိုင် သားသမီးရလာလို့ ကိုယ့်သားသမီးက ကိုယ့်ရဲ့ (ဖခင်ရဲ့) နာမည်ကို မှားခေါ်ရင် ဘယ်လို ခံစားရမလဲ။ တွေးကြည့်ပါ။ ဒီလိုပါပဲ။ မိခင်ဘာသာ စကားကို သုံးနေကြပါလျက်နဲ့ စာလုံးပေါင်းတော့ မလွဲစေချင်ဘူး။ တချို့ မသိလို့ မှားတယ်။ တချို့ သိဖို့ မကြိုးစားဘဲ မှားတယ်။ တချို့ ပြီးစလွယ်ရေးလို့ မှားတယ်။ တချို့ကတော့ မှန်တယ်ထင်ပြီး မှားတယ်။ ဘယ်လိုပဲ မှားမှား၊ မမှန်လို့ မှားတာပဲ။ ကျနော် အခု မှားလေ့မှားထ ရှိတဲ့၊ အမှားများတဲ့ စကားလုံးတချို့ကို တင်ပြပေးပါ့မယ်။ မှားတယ်လို့ သိရှိသွားပြီး အမှန်ပြင်နိုင်ပါစေလို့ …..

လဲ၊ လည်း
“လဲ” ဟာ အမေးကြိယာပစ္စည်း ဖြစ်တယ်။
ဘယ်က လာသလဲ။ လို့ မေးရမယ်။ ဘယ်က လာသလည်း ဆိုပြီး ညသတ်နဲ့ လည်းရင် မှားတယ်။
“လည်း” ဟာ နာမ်ထောက်ပစ္စည်း ဖြစ်တယ်။
မောင်လည်းလိုက်မယ် ချန်မထားနဲ့ ဆိုတဲ့ ၀ါကျမျိုးကျမှ ညသတ် လည်းကို သုံးရမယ်။ မောင် ဆိုတဲ့ နာမ်စားကို အထောက်အကူပြုတာကြောင့် လည်းကို နာမ်ထောက်ပစ္စည်းလို့ ခေါ်တယ်။

ဘက်၊ ဖက်
တောင်ဘက်မြောက်ဘက် စတဲ့ အရပ်မျက်နှာကို ညွှန်းလိုတဲ့အခါ ဘကုန်း ဘက်ကို သုံးတယ်။ ကျောဘက်ခေါင်းဘက် စသဖြင့် …
တစ်၊ နှစ်၊ သုံး စတဲ့ ဂဏန်းတွေနဲ့ တွဲသုံးမှ တစ်ဖက်နှစ်ဖက်သုံးဖက် စသဖြင့် ဖဦးထုပ်နဲ့ ဖက်ကို သုံးရတယ်။

ကာ၊ ခါ
“ကာ” ဟာ သမ္ဗန္ဓပုဒ်ဖြစ်တယ်။ “၍၊ လျက်” တို့လို သုံးနိုင်တယ်။
လူးကာလှိမ့်ကာ ငိုသည်။ (တစ်ပြိုင်နက် ပြုမူသည်)
သူခိုးကို ဖမ်းကာ ရဲစခန်းသို့ ပို့သည်။ (တစ်ခုပြီးမှ တစ်ခု ဆောင်ရွက်သည်)
“ခါ” ကို အချိန်ကာလနဲ့ ပတ်သက်ပြီး သုံးနိုင်တယ်။
သွားခါနီးလာခါနီးစာမေးပွဲ ဖြေခါနီး …. စသဖြင့်

ခန်း၊ ခမ်း
ခန်းမစာသင်ခန်းအိမ်ခန်း စတဲ့ အခန်းတွေကို နသတ် နဲ့ ခန်းရမယ်။
အခမ်းအနားကျောင်းသင်္ခမ်း တွေကိုတော့ မသတ် နဲ့ ခမ်းရတယ်။

စကြာ
စကြာကို စကြ်ာ (သို့) စင်္ကြာလို မှားယွင်းပြီး ရေးတတ်ကြတယ်။ စကြာ လို့ ရေးမှ မှန်ပါမယ်။ စကြာကို စက်ကြာ လို့ အသံထွက်ရတယ်။ တကယ်လို့ စင်္ကြာလို့ ရေးထားရင် စင်ကြာလို့ အသံထွက်ရမယ်။
နောက်ပြီး စကြ၀ဠာ ကိုလည်း စကြာဝဠာဆိုပြီး မှားရေးတာ တွေ့ရတတ်တယ်။ ကြမှာ ရေးချထည့်ပြီး မရေးရပါဘူး။ ရေးချမပါဘဲ စကြ၀ဠာ လို့ပဲ ရေးရမယ်။

ပဲ၊ ဘဲ
“ပဲ” ဆိုတာ သာလျှင် လို့လည်း အဓိပ္ပါယ် သက်ရောက်ပါတယ်။ ကန့်သတ်တဲ့ သဘောပါတယ်။
မင်းသာ အနားမှာနေ လို့ ရေးချင်ရင်တော့ မင်းပဲ အနားမှာနေ လို့ ရေးမှ မှန်ပါမယ်။ မင်းဘဲ အနားမှာနေ လို့ မှားရေးကြတာ တွေ့နေရတယ်။
ဘကုန်းနဲ့ ဘဲ ချင်တယ် ဆိုရင်တော့ အငြင်းသဘော ပါမှ သုံးလို့ရမယ်။ ဒါကြောင့် “ဘဲ” ဆိုတဲ့ စကားလုံးရဲ့ အရှေ့တစ်နေရာမှာ “မ” ဆိုတာ တွေ့ရတတ်တယ်။ မ … ဘဲ ဆိုမှ ပြည့်စုံမယ်။ မသွားဘဲမလာဘဲမစားဘဲမကြည့်ဘဲမနေဘဲ စသဖြင့်ပေါ့။ မသွားပဲမလာပဲ ဆိုပြီး ရေးလို့ မရဘူး။
လူပဲနင်ပဲငါပဲ ဆိုရင်တော့ ဘကုန်းဘဲ သုံးလို့မရဘဲ ပစောက်ပဲ ကိုပဲ သုံးရမယ်။