လက်ထပ်ခွင့် ပြုပါ

ပထမဆုံး အကြိမ် ကျနော် သူ့ကို လက်ထပ်ခွင့်တောင်းခဲ့တာ ခြောက်နှစ်သား အရွယ်ကပေါ့။
ငါ မင်း ယောက်ျား လုပ်မယ်။ ဒါဆို နင်က ငါ့ မိန်းမဖြစ်ပြီ။” လို့ ပြောတော့
ဟင့်အင်း” လို့ပဲ ရိုးရိုး ပြန်ငြင်းလိုက်တယ်။
ဟုတ်တယ်
ဟုတ်ဘူးပဲ” လို့ ပြောပြီး အိမ်ထဲက ပြေးထွက်သွားတယ်။
ခဏလေး ကြာတော့ ကျနော်လည်း ထွက်လာခဲ့လိုက်တယ်။ အိမ်ထဲမှာ တစ်ယောက်တည်း ကစားရတာ အတော် ပျင်းစရာ ကောင်းတာပါကလား။

ဒုတိယအကြိမ် လက်ထပ်ခွင့် တောင်းခဲ့တာ ကျနော်တို့ (၁၄) နှစ်သားလောက်ကပေါ့။ နှစ်စဉ် လုပ်နေကျဖြစ်တဲ့ ကျောင်း ကပွဲတစ်ပွဲမှာ ကျနော်တို့ နှစ်ယောက် တွဲ က ရတယ်လေ။ အ၀တ်လဲခန်းကနေ သူ ထွက်အလာကို ကျနော် စောင့်နေခဲ့တယ်။ အ၀တ်လဲခန်းကနေ ထွက်လာတော့ ပန်းရောင်ဝတ်စုံလေးနဲ့ သူ့ကို မြင်ရတော့ အသက်ရှူတောင် မ၀ချင်တော့ဘူး။ နတ်ပြည်ကနေ ဆင်းလာတဲ့ နတ်သမီးလေး အလား လှရက်လွန်းလို့ ပြောမယ့်စကားတွေတောင် ရှာမရဘဲ ပါးစပ်လေး အဟောင်းသားနဲ့ သူ့ကို ငေးနေမိတော့တယ်။
ဟေ့ … ဘာကြည့်နေတာလဲ” လို့ ကျနော်ကို ကြည့်ရင်း ပြုံးစိစိနဲ့ လှမ်းမေးတယ်။
ငါ့ကို လက်ထပ်ခွင့် ပြုပါလား” လို့ ကျနော် ရုတ်တရက် ပြောချလိုက်တော့ ပြုံးနေရာကနေ စပ်ဖြဲဖြဲလုပ်ပြီး ခဏကြာတော့ ရယ်ချပါတော့တယ်။ ကျနော် အပြစ်မယူပါဘူး။ သူ့မျက်လုံးတွေ လင်းလက်နေတာ ကျနော် မြင်နေရတာကိုး။ ရယ်ရင်းနဲ့ပဲ သူ ကျနော်လက်ကို ဆွဲရင်း ကပွဲစင်ပေါ် တက်သွားတော့တယ်။

တတိယအကြိမ် ကျနော် သူ့ကို လက်ထပ်ဖို့ ပြောခဲ့တာ သူ့ရဲ့ တစ်ဆယ့်ခြောက်နှစ်မြောက် မွေးနေ့မှာပါ။ ကျနော်တို့ အဲဒီနေ့က တခြား သူငယ်ချင်းတွေနဲ့ ပျော်ပွဲစား ထွက်ခဲ့ကြတယ်။ သူငယ်ချင်းတွေ ဘာဂိမ်း ထပ်ကစားရင် ကောင်းမလဲလို့ ငြင်းခုန်နေကြတဲ့ အချိန်မှာ ကျနော်နဲ့သူနဲ့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်နေခဲ့ကြတယ်။ ငြင်းနေ ခုန်နေကြတာကို ကြည့်ရင်း ရယ်ရွှင်နေတဲ့ သူ့ကို ကျနော် ကြည့်လို့မဝ ဖြစ်နေခဲ့တယ်။ သူ့ရယ်သံဟာ ဆည်းလည်းသံလေးလို ချိုမြနေတယ်။ ကျနော် ဘေးနားမှာ ပေါက်နေတဲ့ ဂန္ဓမာပန်းပွင့်လေးကို ခူးလိုက်ပြီး သူ့ကို ကမ်းပေးလိုက်ရင်း
ငါရဲ့ ဘဝလက်တွဲဖော်အဖြစ် နေပေးပါလား
လို့ ပြောလိုက်တယ်။ သူ ပန်းပွင့်ကို ကြည့်ပြီး အားရပါးရ ထပ်ရယ်ပြန်တယ်။ ပန်းပွင့်ကို သူ လှမ်းယူလိုက်ပြီး သူငယ်ချင်းတွေ ရှိရာကို သူ ပြေးသွားတယ်။ ကျနော်လည်း အူတိအူကြောင်နဲ့ပဲ နောက်က လိုက်သွားခဲ့တယ်။

စတုတ္ထအကြိမ်ကတော့ အသက် (၁၈) နှစ်မှာပါ။ တက္ကသိုလ်ထဲက ကန်တင်းမှာ သောက်လက်စ လိမ္မော်ဖျော်ရည်ခွက်ကို ကိုင်ရင်း စကားပြောနေဖြစ်တယ်။ သူ နောက်ဆုံး ဖတ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ဟာ ဘယ်လောက်ကောင်းသလဲ ဆိုတာ ကျနော်ကို ပြောပြနေတယ်။ အချိန်တော်တော်ကြာ မနားတမ်း စကားပြောပြီး သူ ရပ်သွားတယ်။
အဲ … နင် ဘာဖြစ်နေတာလဲ။ ဘာတစ်ခွန်းမှလည်း ပြန်မပြောပါလား” လို့ သူ ကျနော်ကို မေးလိုက်တယ်။ ကျနော် သူရဲ့ လှပလွန်းတဲ့ မျက်ဝန်းလေးတွေကို အသေအချာ ကြည့်လိုက်ပြီး
ငါဘဝရဲ့ အချိန်တွေ အားလုံးကို နင်နဲ့အတူပဲ ကုန်ဆုံးလိုက်ချင်တယ်။ ငါ့ကို လက်ထပ်ခွင့် ပြုပါလား” လို့ မေးလိုက်တော့ အရင်လိုပဲ ဟားတိုက်ပြီး ရယ်ပြန်တယ်။
ငါတို့တွေ အိမ်ထောင်ပြုဖို့ အရွယ်မှ မရောက်သေးဘဲ” လို့ ပြန်ဖြေပြီး သူ့ကဗျာတွေ အကြောင်းပဲ တရစပ် ပြောနေတော့တယ်။

ငါးကြိမ်မြောက် ခွင့်ပန်ခဲ့တာ ကျနော်တို့ ဘွဲ့ယူတဲ့နေ့မှာပါ။ ကျနော်တို့ နှစ်ယောက်လုံး အသက် နှစ်ဆယ့်တစ်နှစ် ရှိနေပါပြီ။ ကျနော် ဒူးတစ်ဘက် ဒေါက်၊ နှင်းဆီပန်းတစ်ပွင့် လက်ထဲမှာကိုင်ပြီး သူ့ကို မရဲတရဲ ဖွင့်ပြောခဲ့တယ်။
အခု နင်ရဲ့ ဘဝလက်တွဲဖော် အဖြစ် ခွင့်ပြုမယ်မလား
ဒီတစ်ကြိမ်တော့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေတယ်။
နင် ကြည့်ရတာ အမြဲ အလောတကြီးနဲ့နော်။ ဘွဲလွန်သင်တန်းတွေ တက်ဦးမယ်လို့ နင် စိတ်ကူးထားတာ မဟုတ်လား
ကျနော် ဘာပြောလို ပြောရမှန်း မသိဖြစ်သွားတယ်။ မတ်တပ် ပြန်ရပ်လိုက်ပြီး ဘွဲ့နှင်းသဘင် ခန်းမထဲကို သူနဲ့အတူ လျှောက်ဝင်သွားလိုက်တယ်။

လေးနှစ်ကြာတော့ ကျနော် တက်ခဲ့တဲ့ မဟာဘွဲ့လည်း ရပြီ။ နိုင်ငံတကာ ကုမ္ပဏီတစ်ခုမှာလည်း အလုပ်ရပါပြီ။ သူ ချိန်းဆိုထားတဲ့ အအေးဆိုင်တစ်ဆိုင်မှာ ကျနော်တို့ နှစ်ယောက် ထိုင်ဖြစ်ကြတယ်။
ဒီလေးနှစ်အတွင်း နင် ငါ့ကို လက်ထပ်ခွင့် မတောင်းခဲ့ဘူးနော်။ ဘာဖြစ်လို့လဲ။ အေးပေါ့လေ။ လူဆိုတာကလည်း အပြောင်းအလဲ မြန်တတ်တာပဲ မဟုတ်လား” လို့ ခပ်ပြုံးပြုံးလေးနဲ့ သူ ကျနော်ကို ပြောလိုက်တယ်။
နင် ဘယ်လို ထင်လို့လဲ
ငါ နင့်ကို နောက်တစ်ခေါက် ထပ်ငြင်းမှာကို နင့်အနေနဲ့ ခံနိုင်ရည် မရှိတော့ဘူးလို့ ထင်တယ်
ဒါပေမယ့် ငါ မှတ်မိသလောက် နင် အခုချိန်ထိ တစ်ခါမှ ပြတ်ပြတ်သားသား မငြင်းဖူးဘူးလေ။ နင် ငါ့ကို နိုးလို့ တစ်ခါမှ မပြောဖူးသေးဘူး
ငါ ပြောဖူးပါတယ်။ အဲဒီတုန်းက ငါတို့ ခြောက်နှစ်ပဲ ရှိသေးတယ်
အော် သူ မှတ်မိသားပဲ” လို့ ကိုယ့်ဖာသာ ရေရွတ်လိုက်မိတယ်။ တခဏအတွင်း အတိတ်ကို ပြန်မြင်ယောင်လိုက်တော့ ပြုံးနေမိတယ်။
ကျနော် ရေခဲမုန့် တစ်ဇွန်း ခပ်လိုက်ပြီး သူစားဖို့ ထိုးပေးလိုက်တယ်။ နောက်ပြီး
အင်း ဟုတ်တာပေါ့။ နင် ငါ့ကို တစ်ခါ ငြင်းခဲ့ဖူးတာပဲ” လို့ ပြောလိုက်တော့
အဲဒီတော့ …. ” လို့ ပြောပြီး ကျနော် လှမ်းထားတဲ့ ရေခဲမုန့်ကို စားလိုက်တယ်။
အဲဒီတော့ ဘာမှ မဟုတ်ပါဘူး
သူ မပြုံးနိုင်တော့ဘဲ မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်နေတယ်။
ကောင်းပြီလေ။ ငါ့စိတ်တွေ ပြောင်းသွားပြီလို့ နင် ထင်ထားတာလား

ငါ မသိဘူး” လို့ ပြန်ဖြေပြီး မှိုင်နေတော့တယ်။ သူ မှိုင်နေတာတောင် အင်မတန်မှ ချစ်စရာ ကောင်းနေပါလား။ သူ့ကို ခပ်ကြာကြာ စိုက်ကြည့်နေမိပြီး
ဒီတစ်ခါ နင့်ကို ငါက လက်ထပ်ယူဖို့ နင့်အနေနဲ့ ဘာလို့ မတောင်းဆိုရတာလဲ
ငါက ….” လို့ မျက်လုံး အပြူးသား အံ့သြနေတဲ့ မျက်နှာနဲ့ လှမ်းပြောလိုက်တယ်။
အင်းလေ။ ဘာဖြစ်လို့လေ။ ဘာမှားနေလို့လဲ
မဟုတ်သေးပါဘူး
နင် ငါ့ကို နောက်ထပ်တစ်ခါ ထပ်ငြင်းလိုက်တာလား
အာ … မဟုတ်ဘူး။ မဟုတ်ဘူး” လို့ ခပ်မြန်မြန် ဖြေလိုက်တယ်။
ဒါဆို လက်ခံလိုက်တာပေါ့ ဟုတ်လား

ကျနော် ဘယ်ခွင်ဆင်နေသလဲဆိုတာ သူ သိသွားတော့ ကျနော်ကို လျှာထုတ်ပြပြီး သူ့ ရေခဲမုန့်ပဲ သဲကြီးမဲကြီး စားနေတော့တယ်။
ဟေ့” ကျနော် သူ့လက်ကို ဖမ်းဆုတ်ထားလိုက်ပြီး ပြောလိုက်တယ်။
လက်ထပ်ခွင့် ပြုနော်
သူ နှာခေါင်းလေးကို ရှုံ့ပြီး ပြန်ပြောတယ်။
နင်က သေချာလို့လား
ကျနော် ခြောက်နှစ်သားကတည်းက သေချာနေခဲ့ပြီးပြီပဲ။ ကျနော် ခပ်ရိုးရိုးလေးပဲ ဖြေလိုက်တယ်။ “အင်း” လို့။ ကျနော် ဒီတစ်သက် မမေ့နိုင်တဲ့ အပြုံးတစ်ခုနဲ့ အတူ သူ ခေါင်းညိတ်ပြတာ မြင်လိုက်ရတယ်။

အချစ်ကို နားလည်သော …

ဟိုးတစ်ချိန်က ကျွန်းလေးတစ်ကျွန်းမှာ ခံစားချက်တွေ အားလုံး နေထိုင်ကြတယ်။ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ချမ်းသာခြင်း၊ အသိပညာ စသဖြင့်ပေါ့။ အချစ်လည်း နေပါတယ်။ တစ်နေ့တော့ သူတို့ စုပေါင်းနေကြတဲ့ ကျွန်းဟာ မကြာခင်မှာ ပင်လယ်ထဲကို မြုပ်တော့မယ်လို့ သတိပေးကြေငြာချက် ထွက်လာတယ်။ ဒါနဲ့ပဲ အားလုံးကိုယ်စီကိုယ်စီ လှေတွေ လုပ်ကြပြီး အဲဒီကျွန်းကနေ ထွက်ခွာသွားကြတော့တယ်။ အချစ်က လွဲလို့ပေါ့။

သူက နောက်ဆုံးအချိန်ထိ မျှော်လင့်ချင်သေးတယ်လေ။ ကျွန်းကြီးတစ်ခုလုံး မြုပ်ခါနီးပြီဆိုမှ အချစ်က သူ့ကိုလာကယ်ဖို့ အကူအညီ တောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ချမ်းသာခြင်းကို လှေနဲ့ ဖြတ်သွားတာ မြင်လိုက်တော့ အချစ်က
ဗျို့ … ကိုချမ်းသာ၊ ကျနော့်ကို ခင်ဗျားနဲ့ အတူလိုက်ခွင့် ပေးပါလား။” လို့ လှမ်းအကူအညီ တောင်းလိုက်တယ်။ ဒီတော့ ချမ်းသာခြင်းက
ဝမ်းနည်းပါတယ် အချစ်ရာ။ လှေပေါ်မှာ တင်ထားတဲ့ ရွှေတွေ ငွေတွေနဲ့ ပြည့်နေတယ်။ မင်းအတွက် နေရာမရှိဘူး။” လို့ ငြင်းလိုက်တယ်။

ဘေးနား ရောက်လာတဲ့ မာနကို လှမ်းအကူအညီတောင်းတော့လည်း အဖြေက မထူးဘူး။
ကိုယ် မင်းကို မကူညီနိုင်ဘူး အချစ်။ မင်း တစ်ကိုယ်လုံးလည်း ရွှဲလို့ ငါလှေ ပျက်သွားလိမ့်မယ်။ မဖြစ်ပါဘူး။

ကြေကွဲမှုကို လှမ်းမြင်လိုက်တော့ အော်ပြောလိုက်တယ်။ “ကြေကွဲမှု၊ ကျနော့်ကိုလည်း ခေါ်သွားပါဦး။
အို … အချစ်၊ ငါ တအား ဝမ်းနည်းနေလို့ပါကွာ။ တစ်ယောက်တည်းပဲ အေးဆေး နေပါရစေ။” လို့ ပူဆွေးနေတဲ့ အသံနဲ့ ပြန်ဖြေလိုက်တယ်။

ပျော်ရွှင်မှု ဘေးနားက ဖြတ်သွားတာ မြင်တော့ လှမ်းခေါ်လိုက်ပေမယ့် သူ့ဖာသာ အပျော်လုံးနဲ့ စို့နေတော့ ခေါ်နေတာတောင် မကြားနိုင်တော့ဘူးလေ။

အဲဒီလို အားကိုးရာမဲ့လို့ အားငယ်နေချိန်မှာ ရုတ်တရက် ဆိုသလို “လာ အချစ်။ ငါနဲ့ လိုက်ခဲ့။” ဆိုတဲ့ အသံတစ်သံ ထွက်လာတယ်။ သူ့ကြည့်ရတာ အသက်တော်တော် ကြီးနေပါပြီ။ ဘာပဲ ဖြစ်ဖြစ်လေ။ အချစ်ခမျာ တအား ပျော်သွားပြီး လှေပေါ် ခုန်တက်လိုက်တယ်။ ကယ်တင်ရှင်တွေ့ပြီ ဆိုပြီး အပျော်လွန်လိုက်တာ အဘိုးအိုကို ဘယ်သွားမလို့လဲ ဆိုတာတောင် မမေးလိုက်မိဘူး။ နောက် ကမ်းခြေ တစ်နေရာလည်း ရောက်ရော အချစ်ကို ချပြီးပြီးချင်း ဘာမှ မပြောဘဲ လှေလှော်ပြီး ထွက်သွားလေရဲ့။

ကျေးဇူးတင်ချင်တာတောင် ဘယ်သူ့ တင်ရမှန်း မသိတဲ့ ဘဝ။ ဒါနဲ့ တခြားအဘိုးအို တစ်ယောက်ဖြစ်တဲ့ ဦးပညာကို သွားမေးတော့တယ်။
ကျနော်ကို ဘယ်သူ ကူညီသလဲဆိုတာ သိလား အဘ
အဲဒါ အချိန် ကွဲ့” လို့ အဘိုးအို ပြန်ဖြေတော့ “အချိန်” လို့ ပါးစပ်ကနေ ရေရွတ်ရင်း စဉ်းစားနေမိတယ်။ အချစ်ရဲ့ မျက်နှာ အမူအရာကို အကဲခတ်မိတဲ့ ဘိုးပညာက တစ်ချက်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်။
အေးကွဲ့။ လောကမှာ အချစ်ရဲ့ တန်ဖိုးကို နားလည်နိုင်စွမ်းရှိတာ အချိန်ပဲ ရှိတယ်မဟုတ်လား အမောင်ရဲ့

xxxxxx ဝဝဝဝဝဝ xxxxxx
ဒီ ပုံပြင်လေး ဖတ်ပြီးသွားတော့ အတော်လေး တွေးနေဖြစ်တယ်။ လူတစ်ယောက် အချစ်နဲ့ ဒုက္ခပင်လယ် ဝေနေချိန်မှာ ဘာကမှ အဖော်မပြုနိုင်ဘူး ဆိုတာကို ကောင်းကောင်းကြီး သရုပ်ဖော်သွားပါတယ်။ ဒါပေမယ့် အဲဒီ ကျွန်းပေါ်မှာသာ သူ့လိုပဲ နောက်ထပ် အချစ် တစ်ယောက် ထပ်ရှိနေရင်ကောလို့ တွေးမိပြန်တယ်။ ဒါဆိုလည်း ဒီကျွန်းပေါ်မှာပဲ ရေနစ်ပြီး သေချင်သေပါစေလို့ ပြောင်းတွေးသွားမလား ဆိုတာလည်း စိတ်ဝင်စားစရာပဲနော်။ အချစ်အကြောင်းကို ဖတ်ရတိုင်း စဉ်းစားမိတိုင်း သူငယ်ချင်းတစ်ယောက် ပြောခဲ့တာကို အမှတ်သွားသွား ရနေမိတယ်။ သူ့ရဲ့ စကားလေးကို အတွေးပွားနိုင်ဖို့ တင်ပြရင်း …..
အချစ်ဆိုတာ ကြက်သွန် လှီးတဲ့အခါ ကျတဲ့ မျက်ရည်လိုပဲ။ လှီးနေတုန်းတော့ ကျနေမှာပေါ့ကွာ။ လှီးပြီးသွားတော့လည်း ဘယ်ကျတော့မလဲ။ လှီးပြီးတဲ့အချိန် မျက်ရည်ကျတဲ့ အကြောင်းကို ပြန်စဉ်းစားကြည့်ရင် ရယ်ချင်စရာကြီးကွ။ ထပ်လှီးကြည့် ထပ်ကျဦးမှာပဲ။ လုံးဝ မကျချင်ရင်တော့ မလှီးနဲ့ပေါ့ကွာ။

ပြည့်ဝနိုင်သော အချစ်

သူတို့ မင်္ဂလာဆောင်ခဲ့တာ အခုဆို နှစ်နှစ်ကျော်ပါပြီ။ ကောင်လေးက စာပေပိုင်းမှာ အားသန်တော့ နက်ပေါ်မှာ စာတွေ ရေးပြီး တင်လေ့ရှိတယ်။ ဒါပေမယ့် သူ့စာကို ဖတ်ဖူးတဲ့လူက ခပ်ရှားရှားရယ်။ ဓါတ်ပုံရိုက်တဲ့ အလုပ်နဲ့လည်း အသက်မွေး ၀မ်းကျောင်းတယ်။ မင်္ဂလာပွဲတွေ လိုက်ရိုက်တာပဲ များတယ်။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ်။ ကောင်မလေးလည်း အပြန်အလှန်ပေါ့။ ကောင်မလေးက စိတ်မြန် လက်မြန်နဲ့ ဒေါသလည်း အထွက်မြန်တယ်။ ဒေါကြီးမောကြီးနဲ့ ကောင်လေးကို အမြဲ ဆက်ဆံတတ်ပေမယ့် ကောင်လေးကတော့ အမြဲလိုလို ခွင့်လွှတ်ပေးနိုင်ခဲ့တယ်။

ဒီနေ့လည်း ကောင်မလေး ကမူးရှူးတိုး လုပ်ပြန်ပြီ။

မ – မင်း ဘာလို့ ငါ့သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ ဓါတ်ပုံ မရိုက်ပေးနိုင်ရတာလဲ။ သူ ပိုက်ဆံပေးမယ်လို့ ငါ့ကို ကတိပေးထားတယ်။
က – ငါ အဲဒီနေ့ အချိန် မရှိဘူး။
မ – အန်
က – ဘာဖြစ်
မ – အချိန်မရဘူး ?? ဒီ ဝတ္ထုတွေ လျှော့ရေးပါလား။ ဒါဆို လိုအပ်သလောက် အချိန်တွေ ရပြီပဲ။
က – ငါ …. တချိန်ချိန်မှာ တစ်ယောက်ယောက်ကတော့ ငါရဲ့ အရေးအသားတွေကို အသိအမှတ် ပြုလာမှာပါ။
မ – ဟန်။ ငါ အဲဒါ ဂရုမစိုက်ဘူး။ အဲဒီပွဲကို မင်း ဓါတ်ပုံ သွားရိုက်ကို ရိုက်ပေးရမယ်။
က – ဟင့်အင်း
မ – တစ်ခါတည်းတောင် မရဘူးပေါ့။
က – ဟင့်အင်း

ဒီထက် ဘာမှ ဆက်ညှိနှိုင်းစရာ မရှိတော့ဘူး။ ဒါနဲ့ ကောင်မလေးက နောက်ဆုံး အနေနဲ့ သတိပေးလိုက်တယ်။ “သုံးရက်အတွင်း အင်း ဆိုတဲ့ အဖြေပဲ ကြားချင်တယ်။ အဲလို မဟုတ်ရင်တော့လား ……”

ပထမနေ့ … ကောင်မလေးက မီးဖိုချောင်၊ ကွန်ပြူတာ၊ ရေချိုခန်း၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊ DVD ဖွင့်စက် စတဲ့ ပစ္စည်းတွေ အားလုံးကို လုံးဝ ပေးမထိတော့ဘူး။ နှစ်ယောက်အိပ် ကုတင်ကလွဲလို့လေ။ သူ့ရဲ့ စာနာစိတ်ကို ပြချင်လို့ပဲ ထင်စရာရှိတယ်နော်။ ဘယ်ကလာ။ ဒီကုတင်မှာ သူလည်း အိပ်ရဦးမှာကိုး။

ဒါပေမယ့် ကောင်လေးက မှုတဲ့ပုံ မပေါ်ဘူး။ အိတ်ကပ်ထဲမှာ ပိုက်ဆံ ကျန်နေသေးတာပဲ အေးဆေးပေါ့။

ဒုတိယနေ့ … ကောင်မလေးက ဖြတ်လေးဖြတ်အပြင် အိတ်ကပ်ထဲမှာ ရှိသမျှ အကုန် သိမ်းပစ်လိုက်ပြီး သတိပေးလိုက်တယ်။ ကိုယ့်ဖာသာ သူများ အကူအညီ တောင်းပေတော့။ မင်းကုသိုလ်နဲ့ မင်းပဲ။

ကောင်လေး အခုတော့ တိုင်ပတ်ပြီ။ ညရောက်တော့ သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ရှာတော့တယ်။ ဒီကိစ္စ ရပ်တန်းက ရပ်ဖို့ပေါ့။ ကောင်မလေးကတော့ ခွင့်လွှတ်ဖို့ အစီအစဉ် မရှိ။ သူ ဘာပြောပြော ဟင့်အင်းပဲ။ သဘောမတူမချင်းပေါ့။

တတိယနေ့ ည … ကုတင်ပေါ်မှာ ကောင်လေးက လှဲနေပြီး တစ်ဘက်ကို ငေးကြည့်နေတယ်။ ကောင်မလေးလည်း ကုတင်ပေါ်လှဲပြီး တခြားတစ်ဘက်ကို ငေးမောနေတယ်။

က – ငါတို့ ပြောဖို့ လိုလာပြီ။
မ – မင်္ဂလာဆောင် ကိစ္စ မဟုတ်ရင် မပြောနဲ့။
က – အတော်လေး အရေးကြီးတဲ့ ကိစ္စ မို့ပါ။

ကောင်မလေး ငြိမ်နေတယ်။

က – ငါတို့ လမ်းခွဲရအောင်။
ကောင်မလေး သူ့ရဲ့ နားတွေကို မယုံနိုင်အောင် ဖြစ်သွားတယ်။
က – ငါ မိန်းကလေး တစ်ယောက်ကို သိကျွမ်းခဲ့တယ်။

ကောင်မလေး တော်တော်ကို တင်းသွားတယ်။ သူ့ကို ရိုက်ပစ်လိုက်ချင်ပေမယ့် မြှောက်လိုက်တဲ့ လက်တွေက အတော်လေး လေးလံနေတော့ ကောင်လေးဆီ မရောက်ဘဲ သူ့ဘေးနားတင် ပြန်ကျသွားတယ်။ သူ့ကို ဘာမှ ဆက်မပြောစေချင်တော့ဘူး။ သူမရဲ့ မျက်လုံးတွေကလည်း စိုစွတ်နေပြီ။ ကောင်လေးဟာ ဓါတ်ပုံတစ်ပုံကို သူ့ ဗိုက်နားကနေ ဆွဲထုတ်လိုက်တယ်။ အတွင်းခံ အိတ်ထဲမှာ ထည့်ထားပုံပဲ။ အေးလေ။ ကောင်မလေး မနေ့က ဒီလောက် မွှေနေတာ သူ မနှိုက်ကြည့်မိတာ ဆိုလို့ အဲဒီ အိတ်ကပ်ပဲ ရှိမှာပေါ့။ ပေါ့ဆလိုက်တာ …

က – တကယ်တော်တဲ့ မိန်းကလေးပါ။
ကောင်မလေး မျက်ရည်တွေ ဖြိုင်ဖြိုင် ကျလာပြီ။

က – စိတ်ရင်းလေးလည်း ကောင်းရှာတယ်။
ကောင်မလေးရဲ့ အသည်း အစိပ်စိပ် အမွှာမွှာ ကွဲပြီ။ ကောင်လေးရဲ့ နှလုံးသားနဲ့ အနီးဆုံးမှာ တခြား မိန်းကလေးတစ်ယောက် ရောက်နေပြီလေ။
က – သူက ပြောတယ်။ ငါတို့ လက်ထပ်ပြီး ကြရင် ငါ့ရဲ့ စာပေပိုင်း လိုက်စားမှုတွေကို အပြည့်အ၀ အားပေး ထောက်ပံ့မယ်တဲ့။

ကောင်မလေး တော်တော် သ၀န်တိုသွားတယ်။ သူလည်း ဟိုးအတိတ်ရဲ့ တချိန်က ဒီလိုပဲ ပြောခဲ့တာလေ။
က – သူ ငါ့ကို တကယ် နှစ်နှစ်ကာကာ ချစ်တာပါ။
“ငါကတော့ မဟုတ်လို့လား … ” လို့ ကောင်မလေး ထအော် ပစ်ချင်စိတ်တွေ တဖွားဖွား ပေါ်နေတယ်။
က – ဒါကြောင့် ငါ မလုပ်ချင်တဲ့ အလုပ်တွေကို အတင်းအကျပ် တွန်းအားပေးပြီး သူ မလုပ်ခိုင်းလောက်ဘူး။

ကောင်မလေး စဉ်းစားရပြီ။ ဒါပေမယ့် ဒေါသတွေကတော့ မငြိမ်မသက်နဲ့။
က – ငါ ရိုက်ပေးထားတဲ့ သူ့ရဲ့ ဓါတ်ပုံလေးကို မင်း ကြည့်ကြည့်မလား။
မ – ….. !

ဓါတ်ပုံကို ကောင်မလေးရဲ့ မျက်စိနား ရွှေ့ပေးလိုက်တယ်။ ဝေဝါးနေတဲ့ မျက်စိ၊ တောက်လောင်နေတဲ့ ဒေါသ အဟုန်နဲ့ ကောင်လေးရဲ့ လက်ကို ပုတ်ချ ပစ်လိုက်တယ်။ နောက်ပြီး “ဖြန်း” ဆိုတဲ့ အသံနဲ့အတူ နီးမြန်းသွားတဲ့ ပါးတစ်ဖက်။

ကောင်လေး သက်ပြင်း ချလိုက်တယ်။ ကောင်မလေး ငိုနေတယ်။
သူ ဓါတ်ပုံကို သူ့ အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။

ကောင်လေး မီးကို ပိတ်ပြီး အိပ်ပစ်လိုက်တယ်။ ကောင်မလေး မီးကို ဖွင့်ပြီး ထ ထိုင်လိုက်တယ်။ ကောင်လေး အိပ်ပျော်သွားပြီ။ ကောင်မလေးတော့ အိပ်ချင်စိတ်ကို လုံးလုံး မရှိတော့ဘူး။ သူရဲ့ မာကျောခဲ့တဲ့ ဆက်ဆံမှုတွေကို ပြန်လည် မြင်ယောင်နေမိတယ်။

သူ ထပ်ငိုပြန်တယ်။ အကြောင်းအရာ အတော်များများကို စဉ်းစားပြီးနောက် ကောင်လေးကို နှိုးလိုက်ချင်တယ်။ သူတို့နှစ်ယောက် နွေးနွေးထွေးထွေး စကားပြောကြရအောင်ပါ။ နောက်နောင် ဖိအားမပေးတော့ဘူးပေါ့။ ကောင်လေးရဲ့ ဗိုက်ကို လှမ်းကြည့်မိတယ်။ ဟိုမိန်းကလေး ဘယ်လိုပုံပါလိမ့် ဆိုတာလည်း သိချင်လာတယ်။

ဓါတ်ပုံကို ဆွဲထုတ်လိုက်တယ်။ ကောင်မလေး တအားကို ငိုချင်သွားတယ်။ နောက်ပြီး ရယ်လည်း ရယ်နေတယ်။ နှပ်ချေးရွှဲရွှဲ ပြုံးဖြဲဖြဲ နဲ့ ဆိုတာ ဒါမျိုးထင်တယ်။

ဓါတ်ပုံ ရိုက်ထားတာ အတော်လေး ကောင်းတယ်။ ကောင်မလေးကို ရိုက်ပေးထားတဲ့ ဓါတ်ပုံလေ။ သူ ဒူးကို ကွေးချလိုက်ပြီး ကောင်လေးရဲ့ ဗိုက်ကို အနမ်းလေးနဲ့ တန်ဆာဆင်လိုက်တယ်။

သူက တလျှောက်လုံး အိပ်ချင်ယောင် ဆောင်နေတာလေ။ သူ ပြုံးနိုင်ရှာပြီပေါ့။

ဘယ်လိုချစ်မလဲ သင်ယူမှာလား။
ပြီးပြည့်စုံတဲ့လူကို မရှာပါနဲ့။
မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ မြင်တတ်ဖို့ပဲ သင်ယူပါ။

Translated from Loving an Imperfect Person

They have been married for two years. He loves literature and often posts his work on the net, but nobody ever reads them. He is also into photography and he handles their wedding photos. He loves her very much. Likewise with her. She has a quick temper and always bullies him. He is a gentleman and always gives in to her.

Today, she’s being willful again.

Her: “Why can’t you be the photographer for my friend’s wedding? She promised she’d pay.”
Him: “I don’t have time that day.”
Her: “Humph!”
Him: “Huh?”
Her: “Don’t have time? Write less of those novels, and you will have all the time you need.”
Him: “I… someone will definitely recognize my work some day.”
Her: “Humph! I don’t care, you’ll have to do it for her!”
Him: “No.”
Her: “Just this once?”
Him: “No.”

Negotiation’s broken. So, she gave the final warning: “Give me a Yes within three days, or else…”

First day, she “withheld” the kitchen, bathroom, computer, refrigerator, television, hi-fi… Except the double bed, to show her “benevolence”.

Of course, she has to sleep on it too. He didn’t mind, as he still has some cash in his pockets.

Second day, she conducted a raid and removed everything from his pockets and warned, “Seek any external help, and you bear the consequences.”

He’s nervous now. That night, on the bed, he begs for mercy, hoping that she’ll end this state. She doesn’t give a damn. No way am I giving in, whatever he says. Until he agrees.

Third day, night. On the bed. He’s lying on the bed, looking to one side. She’s lying on the bed, looking to the other side.

Him: “We need to talk.”
Her: “Unless it’s about the wedding, forget it.”
Him: “It’s something very important.”

She remains silent.

Him:”Let’s get a divorce.”
She did not believe her ears.
Him: “I got to know a girl.”

She’s totally angry, and wanted to hit him. But she held it down, wanting to let him finish. But her eyes already felt wet. He took a photo out from his chest. Probably from his undershirt pocket, that’s the only place she didn’t go through yesterday. How careless.

Him: “She’s a nice girl.”
Her tears fell.

Him: “She has a good personality too.”
She’s heartbroken because he puts a photo of some other girl close to his heart.
Him: “She says that she’ll support me fully in my pursue for literature after we got married.”

She’s very jealous because she said the same thing in the past.
Him: “She loves me truly.”
She wishes to sit up and scream at him “Don’t I?”
Him: “So, I think she won’t force me to do something that I don’t want to do.”

She’s thinking, but the rage won’t subside.
Him: “Want to take a look at the photo I took for her?”
Her: “…!”

He brings the photo before her eyes. She’s in a total rage, hits his hand away and leaves a burning slap on his face.

He sighs. She cries.
He puts the photo back to his pocket. She pulls her hand back under the blanket.

He turns off the light, and sleeps. She turns on the light, and sits up. He’s asleep. She lost sleep. She regrets treating him the way she treated him.

She cried again, and thought about a lot of things. She wants to wake him up. She wants to have a intimate talk with him. She doesn’t want to push him anymore. She stares at his chest. She wants to see how the girl looks.

She slips the photo out. She wanted to cry and she wanted to laugh.

It’s a nicely taken photo. A photo he took for her. She bends down, and kissed him on his cheek.

He smiled. He was just pretending to be asleep.

You learn to love, not by finding a perfect person, but by learning to see an imperfect person perfectly.

နှုတ်ဆိတ်နေသော အချစ်

ဟိုး အစောကြီးကတည်းက ကောင်မလေးရဲ့ မိဘတွေက သူ့ ကောင်လေးနဲ့ကို လုံးဝ သဘောမတူတာပါ။ မိဘအသိုင်းအ၀ိုင်းရဲ့ အခြေအနေတွေ မတူကြတော့ အမြင်မတူတာတွေဟာ နောက်နောင် တစ်သက်လုံး ဒုက္ခ ရောက်စရာတွေချည်းလို့ လူကြီးတွေက အကြောင်းပြကြတယ်။

မိဘတွေရဲ့ ဖိအားတွေကြောင့် သူတို့ စုံတွဲ အမြဲလိုလို စကားများကြတယ်။ ကောင်မလေးဟာ ကောင်လေးကို အသက်ထက်ဆုံး ချစ်နေလေတော့ သူ့ကောင်လေးကို ဘယ်လောက် ချစ်သလဲ ဆိုပြီး အမြဲ မေးလေ့ရှိတယ်။

ဒီမေးခွန်းအတွက် ကောင်လေးမှာ ဖြေပြစရာ စကားလုံးတွေ ရှားနေတော့ တခါတလေ ကောင်မလေးက အတော်လေး စိတ်ပျက်မိတယ်။ သူ့လောက် မချစ်လို့လား ဆိုပြီးတော့လည်း တခါတခါ သံသယ ၀င်မိတော့တယ်။ နောက်ပြီး မိဘတွေ သဘောမတူလို့ ထွက်လာတဲ့ စကားလုံး အပြင်းစားတွေကြောင့်လည်း ဒေါသမှန်သမျှဟာ ကောင်လေးအပေါ်ပဲ ဖွင့်ချလိုက်တယ်။ ကောင်လေးကတော့ သူ့ချစ်သူရဲ့ ဒေါသ အားလုံးကို တိတ်ဆိတ် တည်ငြိမ်စွာနဲ့ပဲ ဘာမှ မပြောဘဲ ငြိမ်ခံနေလိုက်တယ်။

နှစ်အနည်းငယ် ကြာတော့ ကောင်လေးက နိုင်ငံခြားမှာ ပညာဆက်သင်ဖို့ အခွင့်အရေး ပေါ်လာတော့ သူ နိုင်ငံခြားသွားဖို့ ဆုံးဖြတ်လိုက်တယ်။ မထွက်ခွာခင်မှာ သူ ကောင်မလေးကို
စကားလုံးတွေနဲ့ ပီပြင်အောင် ပုံမဖော်တတ်ပေမယ့် အချစ်လေးအပေါ် ကို ဘယ်လောက်ချစ်သလဲဆိုတာ ကို အသိဆုံးပါ။ အချစ်လေး ခွင့်ပြုမယ်ဆိုရင် ကျန်နေသေးတဲ့ မင်းဘ၀ရဲ့ စက္ကန့်တိုင်းကို ကို စောင့်ရှောက်ပါရစေလား။ အချစ်ရဲ့ မိဘတွေကိုတော့ ကို သူတို့ သဘောတူတဲ့အထိ ကြိုးစားပါ့မယ်။ ကို့ကို လက်ထပ်ခွင့် ပြုပါလား။” လို့ တောင်းဆိုလိုက်တယ်။

ကောင်မလေး သဘောတူလိုက်သလို၊ ကောင်လေးရဲ့ အထပ်ထပ် အခါခါ ကြိုးပမ်းမှုကြောင့် မိဘတွေကလည်း လက်ထပ်ခွင့် ပြုလိုက်တယ်။ ဒါနဲ့ သူ မထွက်ခွာခင်မှာပဲ လူကြီးချင်း စေ့စပ်ကြောင်းလမ်းပွဲလေး လုပ်ခဲ့တယ်။

ကောင်လေး အနေနဲ့ နိုင်ငံခြားမှာ ပညာဆက်ပြီး သင်နေတဲ့ အချိန်နဲ့ အတူ ကောင်မလေးကလည်း လုပ်ငန်းခွင်ဝင်ပြီး တစ်ဖက်တစ်လမ်းက ပိုက်ဆံ စုနေတော့တယ်။ သူတို့ရဲ့ ချစ်ခြင်းတွေကို ဖုန်းနဲ့ အင်တာနက်ကနေ တဆင့်ပဲ ထုတ်ဖော်ခွင့် ရကြတယ်။ လွမ်းဆွတ်ဖွယ် ခက်ခဲတဲ့ ဘ၀တွေကို ဖြတ်သန်းနေရပေမယ့် နှစ်ယောက်လုံး ဇွဲမလျှော့တမ်း ကြိုးစားလာကြတယ်။

တစ်နေ့ ကောင်မလေး အလုပ်ကနေ အပြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး လုံးဝ သတိလစ် မေ့မျောသွားတယ်။ သူ နိုးလာတဲ့အခါ သူ့ အိပ်ရာဘေးမှာ မြင်လိုက်ရတာက သူ့ မိဘနှစ်ပါး။ သူ အတော်လေး ထိခိုက်ပြီး ဒဏ်ရာ ရနေတာကို သတိထားမိလိုက်တယ်။ သူ့ အမေ ကုတင်ဘေးမှာ အရမ်းငိုနေတာ တွေ့တော့ သူ့အမေကို ဖြေသိမ့် စကားပြောဖို့ အားယူလိုက်တယ်။ သူရဲ့ ကြိုးစားမှုနဲ့အတူ သတိထားမိလိုက်တာ သူ့ နှုတ်က ထွက်ကျလာတာ စကားလုံးတွေ မဟုတ်ဘဲ လေသံတွေပဲ ဖြစ်နေတယ်။ သူရဲ့ အသံတွေ ပျောက်ဆုံးသွားပြီ ……..

သူ့ ဦးနှောက်ကို ထိခိုက်သွားတဲ့အတွက် အသံ မထွက်နိုင်တော့တာလို့ ဆရာဝန်က ရှင်းပြခဲ့တယ်။ သူ့မိဘတွေရဲ့ ဖြေသိမ့်စကားကို နားထောင်နေရင်း ဘာဆို ဘာမှကို မပြောနိုင်တော့ဘဲ ဘေးနားမှာ ပုံပုံလေး လဲနေတော့တယ်။

ဆေးရုံမှာ နေနေရတဲ့ ကာလအတွင်း တိတ်တိတ်လေး ငိုနေရုံကလွဲလို့ ခိုးငိုနေရုံပဲလေ။ ကြေကွဲခြင်းဟာ သူ့ကို အဖော်ပြုနေတာပေါ့။ အိမ်ပြန်ရောက်တော့ ကြည့်ရာတာ အရာရာဟာ အရင်ကထက် ဘာမှ မပြောင်းလဲပါဘူး။ ဖုန်းမြည်သံက လွဲလို့ပေါ့။ ဖုန်းမြည်သံတိုင်းဟာ သူ့ နှလုံးသားကို ထိုးစွနေသလို စူးကနဲ အောင့်သွားလောက်အောင် ဖန်တီးနေတော့တယ်။ သူ့ကောင်လေးကို ဒီကိစ္စတွေ ဘာမှ မသိစေချင်ဘူးလေ။ စိတ်ပင်ပန်းနေရတဲ့ ဒုက္ခနဲ့ သူ့ကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ ဒါနဲ့ သူ့ကောင်လေးဆီ စာတစ်စောင် ရေးလိုက်တယ်။ နောက်ထပ် အကြာကြီး မစောင့်ဆိုင်းချင်တော့လို့ လို့ အကြောင်းပြပြီး သူ့ကို လက်စွတ် ပြန်ပို့ပေးလိုက်တယ်။ အသည်းကွဲရှာတဲ့ ကောင်လေးခမျာ စာတွေ အထပ်ထပ်ပို့၊ ဖုန်းတွေ အခါခါ ခေါ်နေလေတော့ ကောင်မလေးခမျာလည်း ဖုန်းဘေးနား ထိုင်ငိုနေရင်း ငိုရင်းကလွဲလို့ ဘာတတ်နိုင်ဦးမှာတဲ့လဲ။

အတိတ်အားလုံးကို မေ့ပျောက်နိုင်အောင်၊ အရာအားလုံးကို မေ့မေ့လျော့လျော့ ဖြစ်သွားအောင် မိဘတွေက နဂို ပတ်ဝန်းကျင်နဲ့ ဝေးရာ တစ်နေရာမှာ အခြေချဖို့ ဆုံးဖြတ်လိုက်တယ်။

ပတ်ဝန်းကျင် အသစ်မှာ ကောင်မလေးဟာ လက်အမူအရာနဲ့ စကားပြောတတ်ဖို့ သင်ယူရင်း ဘ၀အသစ်တစ်ခုကို စတင်လိုက်တယ်။ နေ့တိုင်းလိုလိုပဲ ကောင်လေးကို မေ့ပျောက်ပစ်ဖို့ သတိပေးနေရလောက်အောင် အတော်လေး စိတ်ပင်ပန်းနေတယ်။ တစ်နေ့တော့ ကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက် ရောက်လာပြီး ကောင်လေး ပြန်ရောက်နေကြောင်း ပြောတယ်။ ဖြစ်ပျက်ခဲ့သမျှ ကောင်လေးကို မပြောပြဖို့ တောင်းဆိုလိုက်တယ်။ အဲဒီနောက်တော့ သူ့သတင်း ဘာမှ မကြားရတော့ဘူး။

တစ်နှစ်ကြာတော့ သူ့သူငယ်ချင်း စာအိတ်တစ်လုံး ယူလာပြီး သူ့ဆီ ပြန်ရောက်လာတယ်။ စာအိတ်ထဲမှာက ကောင်လေးရဲ့ မင်္ဂလာဆောင် ဖိတ်စာ။ ကောင်မလေးခမျာ မျက်ရည်တွေ စို့တက်လာပြီး စူးအောင့်နေတဲ့ ရင်ဘက်ကြီးနဲ့ သတ္တိမွေးပြီး သတို့သမီး နာမည်ကို လှမ်းဖတ်လိုက်တယ်။ အဲ … ပါးစပ်အဟောင်းသားနဲ့ တွေ့လိုက်ရတာက သူရဲ့နာမည်။

ဘာတွေ ဖြစ်ကုန်တာလဲ။ သူ့ သူငယ်ချင်းကို မေးဖို့ အားယူနေတုန်းမှာပဲ သူ့အရှေ့မှာ ကောင်လေးကို တွေ့လိုက်ရတယ်။ ကောင်လေးက လက်အမူအရာနဲ့ ကောင်မလေးကို လှမ်းပြောလိုက်တယ်။
ကို တစ်နှစ်တိတိ အချိန်ယူပြီး လက်အမူအရာနဲ့ စကားပြောတတ်ဖို့ သင်ယူခဲ့တယ်။ ပေးခဲ့တဲ့ ကို့ရဲ့ ကတိတွေ မပျက်ပြယ်နိုင်သေးဘူး ဆိုတာကို သိစေချင်လို့ပါ။ မင်းရဲ့ အသံအဖြစ်နဲ့ ဘေးနားမှာ နေထိုင်ဖို့ အခွင့်အရေးလေး ကို့ကို ပေးပါလား။ မင်းကို အရမ်းချစ်တယ်။
ပြောပြီး ချက်ချင်းဆိုသလိုပဲ ကောင်မလေးကို လက်စွတ် ပြန်ဝတ်ပေးလိုက်တယ်။ အခုတော့ ကောင်မလေး ပြုံးနိုင်ရှာပြီလေ …… ။


A Silent Love

by unknown author

From the very Beginning, the girl’s family objected strongly on her dating this guy. Saying that it has got to do with family background & that the girl will have to suffer for the rest of her life if she were to be with him.

Due to family’s pressure, the couple quarrel very often. Though the girl love the guy deeply, but she always ask him: “How deep is your love for me?”

As the guy is not good with his words, this often cause the girl to be very upset. With that & the family’s pressure, the girl often vent her anger on him. As for him, he only endure it in silence.

After a couple of years, the guy finally graduated & decided to further his studies in overseas. Before leaving, he proposed to the girl:
I’m not very good with words. But all I know is that I love you. If you allow me, I will take care of you for the rest of my life. As for your family, I’ll try my best to talk them round. Will you marry me?

The girl agreed, & with the guy’s determination, the family finally gave in & agreed to let them get married. So before he leave, they got engaged.

The girl went out to the working society, whereas the guy was overseas, continuing his studies. They sent their love through emails & phone calls. Though it’s hard, but both never thought of giving up.

One day, while the girl was on her way to work, she was knocked down by a car that lost control. When she woke up, she saw her parents beside her bed. She realised that she was badly injured. Seeing her mum crying, she wanted to comfort her. But she realized that all that could come out of her mouth was just a sigh. She has lost her voice……

The doctors says that the impact on her brain has caused her to lose her voice. Listening to her parents’ comfort, but with nothing coming out from her, she broke down.

During the stay in hospital, besides silence cry,…..it’s still just silence cry that accompanied her. Upon reaching home, everything seems to be the same. Except for the ringing tone of the phone. Which pierced into her heart every time it rang. She does not wish to let the guy know. & not wanting to be a burden to him, she wrote a letter to him saying that she does not wish to wait any longer.

With that, she sent the ring back to him. In return, the guy sent millions & millions of reply, and countless of phone calls,.. all the girl could do, besides crying, is still crying….

The parents decided to move away, hoping that she could eventually forget everything & be happy.

With a new environment, the girl learn sign language & started a new life. Telling herself everyday that she must forget the guy. One day, her friend came & told her that he’s back. She asked her friend not to let him know what happened to her. Since then, there wasn’t anymore news of him.

A year has passed & her friend came with an envelope, containing an invitation card for the guy’s wedding. The girl was shattered. When she open the letter, she saw her name in it instead.

When she was about to ask her friend what’s going on, she saw the guy standing in front of her. He used sign language telling her
I’ve spent a year’s time to learn sign language. Just to let you know that I’ve not forgotten our promise. Let me have the chance to be your voice. I Love You.
With that, he slipped the ring back into her finger. The girl finally smiled.

အချစ် နှင့် အိမ်ထောင်ရေး

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃ ရက် (ကြာသပတေးနေ့)

အချစ်ဆိုတာ ဘာလဲ။

ဆရာက ပြောတယ်။
မင်းရဲ့ မေးခွန်းကို ဖြေဖို့အတွက် မင်း စပါးခင်းထဲကို သွားပါ။
အကြီးဆုံး စပါးနှံ (စပါးစေ့ ဆိုရင်လည်း ရမှာပါ။ မြင်သာအောင် စပါးနှံလို့ ပြောတာ) ရွေးယူပြီး ပြန်လာခဲ့လို့ မှာလိုက်တယ်။
ဒါပေမယ့် စည်းကမ်းက စပါးစိုက်ခင်းတန်းတစ်ခုကို တစ်ခါပဲ ဖြတ်ရမယ်။ ပြန်လှည့်ပြီး ကောက်ခွင့် မရှိဘူးတဲ့။
ဒါနဲ့ ကျောင်းသားက လယ်ကွင်းထဲ သွားတယ်။ ပထမတန်းကို ဖြတ်တဲ့အခါ စပါးနှံကြီး တစ်ခုကို မြင်တယ်။
ဒါပေမယ့် သူ ထင်တာ နောက်တစ်တန်းမှာ ဒီထက်ကြီးတာ တွေ့နိုင်သေးတယ်ပေါ့။
နောက်တော့ စပါးခင်း တစ်ဝက်လောက်မှာ သူ တွေ့သမျှ စပါးနှံတွေက ပထမ သူတွေ့ခဲ့တဲ့ စပါးနှံလောက် မကြီးဘူးဆိုတာ သူသိလာတဲ့အခါ သူ နောင်တ ရခဲ့တယ်။
နောက်ဆုံးမှာ လက်ဗလာနဲ့ ဆရာ့ဆီ ပြန်ခဲ့တယ်။
ဆရာ သူ့ကို ပြောတာက
အဲဒါ အချစ်ပဲ။ မင်းက နောက်ထပ် ဒီထက် ကောင်းတာတွေ့မလားဆိုပြီး ရှာခဲ့တယ်။ ဒါပေမယ့် ကောင်းတဲ့တစ်ယောက်ကို မင်း ဆုံးရှုံးခဲ့ပြီဆိုတာ နောက်တော့မှ မင်းသိလာမယ် တဲ့။

လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာကော ဘာလဲ။

ကျောင်းသားက ထပ်မေးပြန်တယ်။ ဒါဆို လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာကော ဘာလဲတဲ့။
ဒီတော့ ဆရာက ပြောတယ်။
ဒီတစ်ခါ ပြောင်းဖူးခင်းထဲ သွားပါ။
အကြီးဆုံး ပြောင်းဖူးယူပြီး ပြန်လာပါလို့ ဆိုသတဲ့။ စည်းကမ်းကတော့ ပထမ စည်းကမ်းအတိုင်းပဲပေါ့။
ဒီတစ်ခါတော့ ကျောင်းသားက နပ်သွားပြီဆိုတော့ စောစောကလို မမှားဖို့ သေချာ ဂရုစိုက်ပြီပေါ့။
ပြောင်းခင်းအလယ်လောက်မှာတော့ အလယ်အလတ် ပြောင်းဖူးတစ်ဖူးကို သူ ကျေနပ်စွာ ကောက်ယူပြီး ဆရာ့ဆီ ပြန်လာခဲ့တယ်။
ဆရာ ပြောတာက
ဒီတစ်ခါတော့ မင်းပြောင်းဖူး တစ်ဖူး ယူလာနိုင်ပြီ။ မင်း စိတ်ထဲမှာ မင်းကောင်းတာ ရှာတွေ့တယ်၊ မင်း အကောင်းဆုံး ရခဲ့တယ် ဆိုတဲ့ ယုံကြည်စိတ်ချမှု ရှိနေတယ်။ တကယ်တော့ ဟုတ်ချင်မှ ဟုတ်မယ်။
လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာ အဲဒီလိုပါပဲ
တဲ့။

စိတ်ဝင်စားစရာ၊ မှတ်သားစရာ ကောင်း၍ သူငယ်ချင်းတစ်ယောက် ပို့ထားသော အီးမေးလ်မှ ပြန်လည်ကောက်နုတ် တင်ပြသည်။

ချစ်သူ့လက်ဆောင် (100th Post)

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၃၁ ရက် (ကြာသပတေးနေ့)

ပို့စ်အသစ် မရေးတာလည်း အတော်လေး ကြားသွားပြီ။ အခု ရေးမှာက တစ်ရာမြောက် ပို့စ်ပါ။ ထူးထူးခြားခြားလေး ရေးမလား စိတ်ကူးမိပြန်တော့ အကြောင်းအရာ ရှာရင်းပဲ အချိန်ကြာသွားပြန်တယ်။ ရေးမယ်လို့ စိတ်ကူးလိုက်တော့ ရေးချင်တာက ကဗျာ၊ ထွက်လာတာက ခပ်တောင့်တောင့် စာသားတွေနဲ့ ဗြောင်ကျကျ စကားလုံးတွေပဲ။ ဘယ်လိုမှ နုကြည့်လို့ မရတဲ့ အဆုံးတော့ လက်လျှော့လိုက်ရတယ်။ တင်ချင်တဲ့ ကဗျာကို တင်နိုင်ရမယ်ဆိုတဲ့ ဇွဲနဲ့ တင်ဖြစ်အောင်တော့ တင်မယ်။ ဒါပေမယ့် ကျနော်ရေးထားတဲ့ ကဗျာတော့ မဟုတ်ဘူး။ ကျနော် သိပ်သဘောကျမိတဲ့ ကဗျာလေးတွေပါ။ အင်တာနက် တစ်နေရာကနေ တွေ့လို့ သိမ်းထားတာ။ အဲ့ဒီ ကဗျာလေးတွေ ခံစားကြည့်ပါဦး။ ပထမတော့ ဘာသာပြန်လိုက်မယ်လို့ စိတ်ကူးမိပေမယ့် မူရင်း ကဗျာရဲ့ အရသာကို ညစ်နွမ်းသွားမှာ စိုးလို့ ဘာသာ မပြန်လိုက်တော့ဘူး။ တစ်ပုဒ်က သူနားလည်မိလိုက်တဲ့ အချစ်ရဲ့ အဓိပ္ပါယ်ကို ရေးဖွဲ့ထားတယ်။ နောက်တစ်ပုဒ်က လောကဓံ အထွေထွေမှာ နှစ်ယောက် လက်တွဲပြီး ဖြတ်ကျော်ဖို့ လက်မလျှော့ကြေး ဆိုတဲ့ အကြောင်းလေး ရေးထားတယ်။ ခံစားကြည့်ပါဦး။

The Meaning of LOVE

To love is to share life together
to build special plans just for two
to work side by side
and then smile with pride
as one by one, dreams all come true.

To love is to help and encourage
with smiles and sincere words of praise
to take time to share
to listen and care
in tender, affectionate ways.

To love is to have someone special
one who you can always depend
to be there through the years
sharing laughter and tears
as a partner, a lover, a friend.

To love is to make special memories
of moments you love to recall
of all the good things
that sharing life brings
love is the greatest of all.

I’ve learned the full meaning
of sharing and caring
and having my dreams all come true;
I’ve learned the full meaning
of being in love
by being and loving with you.

– Kellie Spehn –

x-x-x-x-x-x-x-x-x-x-x-x-x-x-x

Don’t Give Up !

In this world that surrounds us
We sometimes break down and fall
Those who stand above us
Can make us seem so small

We tremble under the weight
Of the problems that hold us down
And when we start to collapse
There seems to be no one around

We try to fight in this world
That always seems to fight back
Sometimes were not strong enough though
There are too many things we lack

We’ll hide away in corners
Put upon ourselves pain
But there’s no escape from this life
We all must suffer the same

But although we may struggle
And yes we all do fall
I’ll stand by your side
I’ll stay with you through it all

And if you start to tremble
Or even break down
I’m your shoulder to cry on
I’ll always be around

We all have our faults
Are up and are downs
We cant always smile all the time
Everyone has to frown

No, no ones perfect
And no one is the same
Were in this world together
We all play the same game

If we stick together
No matter whats to come
With a little faith and hope
Anything can be done

We all get those bad times
Each and every one of us
But I promise it will get better
Just don’t you give up

But when you feel like you want too
Please just remember this
You can die at any time
But it takes a strong person to live.

ကြည်နူးခြင်း တခဏတာ ကုန်လွန်တော့
လွမ်းရင်းနဲ့ မောလာရတယ်
နာကျင်အောင် မရည်ရွယ်ကြပေမယ့်
လွမ်းဆွတ်တဲ့ဒဏ်ကို ကြိတ်မှိတ်ခံနိုင်ဖို့ အတော်လေး ကြိုးစားရမယ်။
ကျေကွဲခြင်းကို အံတုပြီး ကြည်နူးရဲတဲ့ သတ္တိကို အချစ်လို့ ခေါ်မလား။

ကြည်နူးမှုနဲ့ အရာအားလုံးကို
နှစ်သိမ့်ပေးနိုင်တော့
ဒုက္ခဆိုတာကိုလည်း လျစ်လျူရှုတတ်လာတယ်။
နာကျင်မှုတွေ လာစမ်းပါစေ။
ကြံ့ကြံ့ခံနိုင်ဖို့ လုံလောက်တဲ့ အချစ်တွေ ရှိနေပြီလေ။
ဒီအချစ်တွေကို နားလည်ခွင့်ပေးတဲ့ သူမကိုလည်း ………………… ။

သူမရဲ့ အကြောင်းလေး သိချင်လား။ ဒီကဗျာလေး ဆက်ဖတ်ကြည့်ပါဦး။

When I know your LOVE

I feel as if we’ve come to possess a little of part of each other,
Though we are far from one another.

Whenever I’m caught on the horns of dilemma,
You help me out and lead me with your kind behavior.

At times, I feel blue, sad, hopeless and helpless,
And I can always withstand cos of your love and kindness.


My Other Half

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၁၂ ရက် (စနေနေ့)

ဂရိဒဏ္ဍာရီတစ်ပုဒ် ပြောပြမယ်။

ကမ္ဘာဦးလူဟာ မျက်နှာနှစ်ခု၊ လက်လေးဘက်၊ ခြေလေးချောင်းရှိတဲ့ သတ္တ၀ါဖြစ်တယ်တဲ့ဗျ။
အဲသည်လူရဲ့ ခန္ဓာကိုယ်က မတ်မတ်ရှိတယ်။ လုံးတယ်။ မျက်နှာတွေက အချင်းချင်းဆိုင်နေတယ်။ မျက်နှာချင်းဆိုင် ရှိတယ်ပေါ့ဗျာ။
လမ်းလျှောက်တဲ့အခါ လူဟာ မတ်မတ်လျှောက်ပေမယ့် ပြေးတဲ့အခါ လက်လေးဘက်ကို ထောက်ထောက်ပြီး သစ်တုံးလိမ့်သလို ပြေးတယ်။
အဲသည်လူဟာဗျာ ခွန်အားကြီးသလောက် အလိုရမ္မက်လည်း ကြီးတယ်။ နတ်တွေနေတဲ့ နေရာတက်ပြီး ထိုးစစ်ဆင်ဖို့လည်း ကြိုးစားတယ်။
အဲသည်လိုဆိုတော့ …..
နတ်တွေရဲ့ အကြီးအမှူးဖြစ်တဲ့ ဇု (Zeus) နတ်မင်းကြီးနဲ့ တခြားနတ်ဒေ၀ါတွေက လူကို ထိတ်လန့်ကြတယ်။ ကြောက်ကြတယ်။

ဒါနဲ့ နတ်သဘင် အစည်းအဝေးခေါ်ပြီး `လူ´ ကိစ္စကို ဆွေးနွေးပွဲ ကျင်းပကြတယ်။ အဲသည် အစည်းအဝေးမှာ နတ်အများအပြားက ဘယ်လို အကြံပြုသလဲ ဆိုတော့ လူသတ္တ၀ါတွေကို နတ်လက်နက်နဲ့ ပစ်သတ်ဖြိုခွင်းမယ်လို့ အကြံပြုကြတယ်။ တချို့ကတော့လည်း ဟာ … ဘယ်သတ်ပစ်လို့ ဖြစ်မှာလဲ။ လူတွေကို အကုန်သတ်မစ်လိုက်ရင် နတ်ဒေ၀ါ ကျုပ်တို့ကို ပူဇော်ပသမယ့်သူတွေ မရှိကြတော့တဲ့ အဖြစ်ကို ရောက်သွားနိုင်တယ်။ ဒါကြောင့် အကုန်ပစ်သတ် ဖြိုခွင်းလို့တော့ မဖြစ်သေးဘူးလို့ဆိုတော့ …
ဇု (Zeus) နတ်မင်းကြီးနဲ့တကွ နတ်တွေက အပြန်ပြန်အလှန်လှန် တိုင်ပင်ဆွေးနွေးကြပြန်တယ်။ နောက်ဆုံးမှာ ဇုနတ်မင်းကြီးက ဘာပြောသလဲဆိုတော့ …
နတ်အပေါင်းတို့ ငါတို့သည် လူသတ္တ၀ါတွေကို သတ်ဖို့မလို။ လူကိုအားနည်းအောင် ပြုလုပ်နိုင်လျှင် ငါတို့ကို အနှောင့်အယှက် ပေးနိုင်ကြမည်မဟုတ်။ လူကို အားနည်းသွားအောင် မည်သို့ ပြုလုပ်ရမည်နည်း ဆိုလျှင် …
ခြေလေးချောင်း၊ မျက်နှာနှစ်ခု၊ လက်လေးဘက် ရှိနေသော လူ၏ ခန္ဓာကိုယ်ကို ထက်ခြမ်း ခွဲလိုက်ရန်သာ ဖြစ်သည်။
ထိုသို့ပြုလျှင် လူသတ္တ၀ါတွေလည်း မပျက်မစီးဖြစ်မည်။ ငါတို့လည်း အေးချမ်းမည်။ ထိုမျှသာမကသေး လူဦးရေလည်း တိုးလာနိုင်မည်ဖြစ်သောကြောင့် ငါတို့သည် ယခင်ကထက်ပင် ပို၍ အပူဇော်အပသကို ခံကြရလိမ့်မည်။
လူသတ္တ၀ါတို့သည် ယခင်က ခြေလေးချောင်းထောက်၍ လမ်းလျှောက်နိုင်လျှင် ယခုအခါတွင် ခြေနှစ်ချောင်းသာ ထောက်၍ လမ်းလျှောက်စေရမည်။
နတ်မင်းကြီး ဇု (Zeus) က အဲသည်လို ပြောဆို မိန့်မြွက်ပြီးတော့ လူသတ္တ၀ါတွေရဲ့ ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲလိုက်တယ်။ ခွဲပစ်လိုက်တော့ လူဟာ အခုလို ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း မျက်နှာတစ်ခုနဲ့ လူဖြစ်လာတာ …။
လူတွေကို ထက်ခြမ်းခွဲလိုက်တော့ လူတွေလည်း များသွားမှာပေါ့ဗျာ။
လူဟာ သူ့ဘ၀ သူ့ခန္ဓာကိုယ်က အခွဲခံလိုက်ရတဲ့ အခြမ်းကို သိပ်တွေ့ချင်တယ်။ တွေ့ဖို့ သိပ်တောင့်တတယ်။ ဒါကြောင့် သူ့ကိုယ်က အခွဲခံလိုက်ရတဲ့ အခြမ်းကို အမြဲလိုက်လံရှာဖွေနေတယ်။ ဟုတ်မှာပေါ့။ အခွဲခံလိုက်ရတဲ့ အခြမ်းကလည်း သူဆီက အခွဲခံရတဲ့ အခြမ်းကို ပြန်ပြီးတွေ့ချင်၊ ဆုံချင် မြင်ချင်မှာပေါ့။ သည်တော့ တစ်ဖက်က အခြမ်းကလည်း သူ့ဆီက အခွဲခံရတဲ့ အခြမ်းကို တွေ့အောင်ရှာနေမှာပါပဲ။ အမြဲရှာနေမှာပါပဲ။
ရှာလို့ တွေ့ကြတဲ့ အခါမှာ တစ်ခြမ်းက အခြားတစ်ခြမ်းကို မခွဲနိုင်မခွာရက် ပွေ့ဖက်ထားကြတယ်။ ဒါကို ချစ်ခြင်းမေတ္တာလို့ ဆိုရမလားပဲ။

`စိတ်တူကိုယ်တူ´ ဆိုတဲ့ စကားလုံးကို အားလုံး ကြားဖူးကြမှာပါ။ ဆွေမတော် မျိုးမဆက်ဘဲ တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းဆက်နေကြတယ် ဆိုရင်ကော ယုံလို့ရနိုင်မလား။ ကိုယ်က ဒီလို တွေးနေတဲ့ အချိန်မှာ သူကလည်း ကိုယ့်လို လိုက်တွေးနေတယ် ဆိုတာကော ယုံတမ်းစကားများ ဖြစ်နေမလား။ ကိုယ်က ကြိုက်နှစ်သက်တဲ့ အရာဝတ္ထု အတော်များများဟာ တခြားလူတစ်ယောက်နဲ့ ဆင်တူနေတယ် ဆိုတာကော ဖြစ်နိုင်ပါ့မလား။ ကိုယ့်ရဲ့ စိတ်ဓါတ် တစ်စိတ်တစ်ဒေသဟာ သူနဲ့ အတော်လေး ဆင်နေတယ် ဆိုရင်ကော အံသြကြမလား။ တကယ်လို့ လူနှစ်ယောက်ဟာ အဲဒီလောက် အဆင်တူနေမယ်၊ အတွေးတူနေမယ်၊ အမြင်တူနေမယ်၊ ယုံကြည်ချက်တူနေမယ်၊ အကြိုက်တူနေမယ်၊ မျှော်လင့်ချက်တူနေမယ် ဆိုရင် သိပ္ပံပညာရပ်နဲ့ ဘယ်လို သက်သေပြမလဲ။ ဘယ်လို သက်သေပြမလဲလို့ စဉ်းစားမိတဲ့ အချိန်တိုင်းမှာ ကျနော် သတိရလိုက်တာ ခုနက ဂရိဒဏ္ဍာရီလေးပါ။ အကယ်၍ `သူမ´ ဟာ ကျနော်နဲ့ အဲဒီလို လာတူနေမယ်ဆိုရင် ကျနော် နားလည်လိုက်တာက အဲဒီ `သူမ´ ဟာ ကျနော့် `အခြားတစ်ဖက်ခြမ်း´ ပါ။ My other half ပေါ့။ မြန်မာလို ရိုးရိုးရှင်းရှင်း ပြောရရင် ပါရမီဖြည့်ဖက်ပေါ့။ လူသန်းပေါင်း ခြောက်ထောင်ကျော်ထဲက ခဲရခဲဆစ် ရှာတွေ့ခဲ့တဲ့ အဲဒီ `သူမ´ ကို ကျနော် တန်ဖိုးမထားဘဲ ဘယ်နေနိုင်မလဲဗျာ။

အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်။ မိမိရဲ့ `အခြားတစ်ဖက်ခြမ်း´ နဲ့ အမြန်ဆုံး ဆုံဆည်းနိုင်ပါစေလို့ ………
This post is dedicated to My other half, HER.


မချစ်တတ်သေးပါ

အချစ်အကြောင်း ပြောပြဖို့ မေပျို က တက် (TAG) ထားတယ်လေ။ သူ့အကိုရဲ့ ဇာတ်လမ်းတွေ ကြားချင်ပုံ ရတယ်။ ဒါပေမယ့် စိတ်မကောင်းပါဘူး သဲရယ်။ အချစ်အကြောင်း ရေးမယ်လို့ အပီအပြင် အားတင်းပြီး ညစ်ထုတ် ကြိုးစားပေမယ့်လည်း တစ်လုံးမှ ထွက်မလာဘူးလေ။ သူငယ်ချင်း တစ်ယောက်က အကို့ကို “Intellectual Robot” လို့ သမုတ်ဖူးတယ်။ အသိတရား ရှိတဲ့ စက်ရုပ်ပေါ့။ လူလို ကောင်းကောင်း မခံစား တတ်ဘူးတဲ့လေ။ ၅ တန်းကတည်းက ခင်လာတဲ့ သူငယ်ချင်းဆိုတော့ သူပြောတဲ့ စကားကို ငြင်းဖို့ အတော် ခက်နေတယ်။ ဒါပေမယ့် ဟုတ်ပါတယ်လို့ ၀န်မခံခဲ့ဘူး။ ငါ ခံစားတတ်ပါတယ် လို့ပဲ ယုံကြည်ခဲ့တာလေ။ သူပြောတဲ့ စကားကို အတော်ကြာကြာ စဉ်းစားကြည့်မှ အတော်လေး မှန်နေတယ်။ ခံစားမှု အပိုင်းမှာ အတော်လေး အားနည်းနေတယ်။ `There is something beyond reasoning ´ တဲ့။ ဆင်ခြင်မှု နယ်မြေရဲ့ အပြင်မှာ အရာတချို့ ရှိတယ်တဲ့လေ။ ဒါကို အရင်က လက်မခံနိုင်ခဲ့ဘူး။ Just feel it !! ဆိုတာကိုလည်း သိပ် ဘ၀င် မကျဘူး။ ဘယ်အရာ မဆို မှားခြင်းနဲ့ မှန်ခြင်းကို ဝေဖန် ဆုံးဖြတ်နိုင်မှ ဘ၀ကြီးမှာ နေပျော်မယ်လို့ ထင်တာလေ။ ခံစားကြည့်ရုံနဲ့ အားလုံးဟာ စိုပြေနေမှာလား။ ဒီလို အတွေးတွေနဲ့ အကို့မှာ ချစ်ဖို့တောင် စဉ်းစားနေရတယ်လေ။

ငယ်ငယ်က တွေးတဲ့ အတွေးလေးတစ်ခု ရှိတယ်။ မှန်လား မမှန်လား စဉ်းစားသာ ကြည့်တော့လေ။ လောကမှာ ရှိတဲ့ သက်ရှိ သတ္တ၀ါတွေ အားလုံးက ခံစားချက် ဆိုတာကို အနည်းနဲ့ အများ နားလည်ကြတယ်။ ဒါပေမယ့် လူဆိုတဲ့ သတ္တ၀ါကမှ စဉ်းစား ဆင်ခြင်တတ်တဲ့ အသိတရားနဲ့ နေတတ်ကြတာ။ ဒီလိုလေး တွေးပြီး ယုံကြည်ထားမိတော့ ဆင်ခြင်တတ်ဖို့က နံပါတ်တစ် ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ခံစားမှုတွေရဲ့ ထိုးနှက်ချက်တွေကို ခံလာရတဲ့အခါမှာ ဒါတွေဟာ ဆင်ခြင်နိုင်မှုရဲ့ ပြင်ပကို ရောက်နေတာ တွေ့ရတယ်။ ဆိုလိုတာက ခံစားမှုတစ်ခုကို စဉ်းစားပြီး ဖန်တီးလို့ မရသလိုပဲ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုကိုလည်း စဉ်းစားတတ်ရုံနဲ့ မဖယ်ရှားနိုင်ဘူး၊ မဖြေရှင်းနိုင်ဘူး ဆိုတာ သိခဲ့ရတယ်။ ဒါနဲ့ပဲ တချို့ကိစ္စတွေမှာ Just feel it !! ဆိုသလိုပဲ စဉ်းစားကြည့် မနေတော့ဘဲ အရင် ခံစားပြီးမှ ဆုံးဖြတ်တယ်။ အဲဒီလိုမှ အချစ်ဆိုတာကို စတွေ့လာရတယ်။ ခံစားတတ်မှ ချစ်တတ်တယ် ဆိုတာကို အဲဒီတော့မှ နားလည်လာတယ်။ အခုအချိန်ထိ ဘာမှ အတိအကျ မသိသေးတော့ ကိုယ် ဖတ်ဖူးတဲ့ စာလေး တစ်ပုဒ်ကို ဘာသာပြန်ပြီး အချစ်ကို အဓိပ္ပါယ်ဖွင့် ပေးလိုက်ပါတယ်။ မူရင်း အင်္ဂလိပ်ဘာသာနဲ့ ဖတ်ချင်တယ် ဆိုရင် ဒီမှာ သွားကြည့်ပါ။ ဒီဘာသာပြန်လေးနဲ့ ကျေနပ်မယ်လို့ ထင်ပါတယ်။ ညီမလေး သဲရေ ကျေနပ်နော်။

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင် ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။


Everything Good Reminds Me Of You

ကျနော် မန်းပြန်သွားတော့ အိမ်မှာ လျှောက်မွှေရင်းနဲ့ ၂၀၀၂ ခုနစ်က ကျနော် ရေးခဲ့တဲ့ ဒိုင်ယာရီ အဟောင်းလေး တွေ့လို့ ပြန်ဖတ်ရအောင် ရန်ကုန်ကို သယ်လာခဲ့တယ်။ အဲဒီ ဒိုင်ယာရီထဲမှာ ဖတ်ခဲ့တဲ့ စာအုပ်တွေက မှတ်သားစရာ ကောင်းတဲ့ စာသားတွေကို ပြန်ဖတ်ရတော့ ကျေနပ်သွားတယ်။ ကျနော် ဖတ်ခဲ့သမျှ မှတ်ထားမိတော့ အလဟသတ် မဖြစ်တော့ဘူးပေါ့။ ဒါနဲ့ ဖတ်ရင်း ဖတ်ရင်း ၂၈ ရက် အောက်တိုဘာလမှာ ရေးထားတဲ့ စာတွေကို ရောက်တော့ ဘာကို ခံစားရမှန်း မသိ ခံစားလိုက်ရတယ်။ အဲဒီ ခံစားချက်ကို အဓိပ္ပါယ် မဖွင့်တတ်ဘူး ဖြစ်နေတယ်။ ဒါကြောင့် အခု ပို့စ်တစ်ခုအနေနဲ့ တင်ပြပြီး ဖတ်သွားတဲ့ သူတွေကို ဘယ်လို ခံစားလိုက်ရလဲလို့ မေးချင်တာပါ။ အချစ်အကြောင်း ရေးထားတယ်လို့ ထင်တယ်။ ဒီစာတွေ ဖတ်ပြီးရင်တော့ ပီကေဆိုတာ ဘယ်လိုကောင်လဲလို့ အတော်အသင့် သိသွားမယ်ထင်တယ်။ ခံစားကြည့်ပါဦး။

အချစ်စစ်ဆိုတာ အချစ်မှာ တဏှာ အားကြီးတာကို ခေါ်တာလား။ လောဘကြီးတာကို ခေါ်တာလား။ ဘာကိုမှ မဆင်ခြင်နိုင်စွမ်း ဖြစ်နေတဲ့ မောဟ အားကြီးတာကို ခေါ်တာလား။ သူ့ကို မိုက်ရင်ထိကြည့် ဆိုတဲ့ ဒေါသအားကြီးတာကို ခေါ်တာလား။
ငါ့ကို တရားစာအုပ်တွေ ဖတ်ပြီး ကြောင်သွားပြီလို့ ပြောပြော။ အဲဒီလို သတ်မှတ်ထားတဲ့ သူတို့ရဲ့ Definition ကို ငါက ဆန့်ကျင်လို့ ကြောင်တယ်ပြောချင် ပြောပါစေ။ အပြောခံမယ်။ သူတို့ သတ်မှတ်ချက်ကို လက်မခံနိုင်ဘူး။ ငါဟာ တရားသဘောအရ မောဟကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားနေတယ်။ ဒါကြောင့် အချစ်ရေးမှာလည်း ငါ ဦးနှောက်နဲ့ စဉ်းစားမယ်။ ဦးနှောက်နဲ့ စဉ်းစားရင် အချစ်စစ် မဟုတ်ဘူးတဲ့။ နေပါစေ။ အဲဒီလို အချစ်စစ် ငါမမက်ဘူး။ ဒေါသကို ပါးအောင် ငါ ကြိုးစားနေတယ်။ အချစ်စစ်က သ၀န်တိုသတဲ့။ မစစ်ချင်နေပါစေ။ မတိုပါရစေနဲ့။
ဒီတစ်နှစ်အတွင်းမှာ သူ့ကို တွေ့ခဲ့တယ်။ ဒီကာလတွေ အတွင်းမှာ ငါ့ရဲ့ အသိတရား (Spiritual Knowledge) နဲ့ တန်ဖိုးထားမှု (Value) တွေ ပြောင်းလာလို့လား မသိဘူး။ သူ့အပေါ်မှာ ရှိတဲ့ အချစ်က အများကြီး ပြောင်းလဲသွားတယ်။ လူအများ သက်မှတ်ထားတဲ့ ပေတံနဲ့ တိုင်းလို့ရှိရင် အချစ်စစ် မပြောနဲ့ အချစ်လို့တောင် နာမည်တပ်လို့ မရဘူးတဲ့။ အဲဒါ အချစ်ဆိုတာ ငါ အသိဆုံးပါ။ သူ့အပေါ်မှာ ထားတဲ့ ငါ့ရဲ့ သဘောထားက မတူဘူး။ ခံစားချက်လည်း မတူဘူး။ အဲဒါ အချစ်ပါ။ ငါ ငြင်းလို့ မရဘူး။ ငါ့ စေတနာက သက်သေခံနေတယ်။ ငါ အခုနှစ်တွေမှာ မသိမှုတွေနဲ့ ပြည့်လျှံနေတဲ့ သံတရာထဲမှာ အကုသိုလ်နဲ့ နစ်မွန်းနေမှာ ကြောက်တတ်လာတယ်။ ငါ ကြောက်သလိုပဲ သူ့ကိုပါ တ၀ဲလည်လည် ဖြစ်နေမှာ စိုးရိမ်နေမိတယ်။ ဒါ ငါထားခဲ့ဖူးသမျှ စေတနာတွေ အထဲမှာ အကြီးကျယ်ဆုံးနဲ့ အမွန်မြတ်ဆုံးပဲ။ ငါ့ရဲ့ တဏှာက ဒီစေတနာကို ညစ်နွမ်းမှာစိုးလို့ တဏှာလျှော့ဖို့ ငါ ကြိုးစားခဲ့တယ်။
သူ့အပေါ်ထားတဲ့ အချစ်ဟာ စေတနာတွေရဲ့ တွန်းအားကြောင့် တဖြည်းဖြည်း မေတ္တာဘက်ကို ယိမ်းလာတယ်။ မေတ္တာဘက်ကို ရောက်လေလေ သူ့ကို စွန့်လွှတ်ရမှာ မကြောက်လေလေပဲ။ သူနဲ့ ပေါင်းရပါလို၏ ဆိုတဲ့ ဆုတောင်းတွေ တဖြည်းဖြည်းနဲ့ နည်းလာပြီ။ သူ့ကို ပိုင်ဆိုင်ချင်တဲ့ ဆန္ဒထက် ခုန စေတနာကြီးက အားပိုနေတယ်။ အချစ်ထဲက တဏှာတွေကို ပါးပါးလှီးထုတ်ပြီး မေတ္တာစစ်စစ် ဖြစ်အောင် ပြုပြင်နေတဲ့ ငါ့ကို ပတ်ဝန်းကျင်က နားမလည်ကြဘူး။ နေပါ။ ငါ့ကိုယ် ငါတောင် အတော် အံ့သြနေမိတယ်။
သူ့ကို Propose မလုပ်လို့ ငါ့ကို အပြစ်တင်ကြတယ်။ သူ့ကို မပိုင်ဆိုင်ရရင် နေပါစေ။ တဏှာရဲ့ ခိုင်းစေမှုနဲ့ ငါ မလွမ်းတော့ဘူး။ သူ့အပေါ် မေတ္တာထားနိုင်လာတဲ့ နောက်ပိုင်း ငါ့မှာ ရည်မှန်းချက် တစ်ခု တိုးလာတယ်။ ` သမ္မာဒိဋ္ဌိ အယူစင်ကြယ်သူ တစ်ယောက်ဖြစ်အောင် ငါ ကြိုးစားမယ်။´ ဒါ တစ်သံတရာ စီမံကိန်းပါ။ ဒီ ဒီဇင်ဘာကုန်ရင် ဘယ်အခါမှ ပြန်တွေ့တော့ မလဲ ငါ မသိဘူး။ ဒီတစ်ဘ၀ အတွက် ရေစက် ကုန်ချင်လည်း ကုန်သွားမယ်။ ငါ မဆွေးရဘူး။ ဒါမှ မေတ္တာစစ်မယ်။
ငါသူ့ကို ကျေးဇူးတင်တယ်။ သူ့ကြောင့် လို့ တိုက်ရိုက် ပြောမရပေမယ့် သူ့ရဲ့ တွန်းအားကြောင့် ငါ အသိဉာဏ် ရင့်ကျက်လာတယ်။ Spiritual Growth ဖြစ်လာတာ မနည်းဘဲ။ မေတ္တာနဲ့ စေတနာလည်း နားလည်လာတယ်။ ငါနဲ့ ဆုံဆည်းမှုဟာ သူ့အတွက် အကျိုးရှိမယ်လို့ ငါယုံတယ်။ အကျိုးဆိုတာ Spiritual ပိုင်း ပြောတာ။ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိမှ မေတ္တာလို့ ဆရာတော် ဦးဇောတိက က သက်မှတ်တယ်။ အဲဒါ ငါ့အတွက် မှန်တယ်။ ငါ့အတွက်တော့ အကျိုး အများကြီးရှိတယ်။
Everything Good Reminds Me Of You တဲ့။ အဲဒီ ကောင်းတာလေးတွေ သူ့ကို မြည်းစမ်းကြည့် စေချင်တယ်။

ဒိုင်ယာရီထဲမှာ ရေးထားတာ အဲဒီလောက်ပါပဲ။ ဘယ်လို ခံစားလိုက် ကြရလဲ။ တချို့ ဒေါသထွက်ကြမယ် ထင်တယ်။ တချို့တော့ ဟားတိုက် ရယ်ပစ်လိုက်မယ် ထင်တယ်။ ကျနော်ကတော့ ဒီစာတွေ ပြန်ဖတ်လိုက်တော့ ရယ်ရမလို ငိုရမလိုပဲ။ ဒါ သူနဲ့ ခွဲရခါနီးမှာ ပေါက်ထွက်ပြီး ရေးချမိလိုက်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အံဖက်တွေ (အဲ မဟုတ်ပါဘူး) ခံစားချက်တွေပါ။ ထင်ချင်သလို ထင်ပါ။ အဲဒီတုန်းကတော့ အတော် ခံစားနေရသလိုပဲ။ အခု စာဖတ်သူကော ဘယ်လို ခံစားသွားရလဲ ….. ။

အကြည့်

ရွှေရောင်လင်းလဲ့နေသော လမင်း၏အလင်းရောင် …..
ကျောက်တောင်တွေပေါ်သို့ လှိုင်းများပုတ်ပုတ်တင်နေသော သက်ရှိပင်လယ် …..
အုန်းလက်အရိပ်များ …..
သူခပ်တိုးတိုးပြောလိုက်သည်။
`ကိုယ့်ရင်ထဲမှာ စကားလုံးတွေ အများကြီးရှိပါတယ်။ ယမင်းကို ပြောချင်ပါတယ်။ ဒါပေမယ့် … ကိုယ်ကြောက်နေတယ် သိလား။ ကိုယ့်ရင်ထဲက စကားလုံးတွေ အားလုံးကို ပြောလို့ပြီးသွားတဲ့အချိန်မှာ အမြင်နိုင်တဲ့တစ်နေရာက တစ်စုံတစ်ယောက်က “Cut” လို့ လှမ်းအော်ပြီး အားလုံးပြီးဆုံးသွားလေမလားလို့ ကိုယ်ကြောက်နေတယ်။ တကယ့်ဘ၀ထဲအထိ ရုပ်ရှင်က၀င်လာပြီး ရိုက်နေမှာကို စိုးတာပါ။´
သူ ကောင်းကင်ကို ဖြည်းဖြည်းချင်းမော့ကြည့်ရင်း ဆက်ပြောသည်။
`ဘ၀ကိုအစစ်လို့ အကြီးအကျယ် ယုံစားထားပြီးကာမှ တို့အားလုံးကို ဖန်ဆင်းနေတဲ့ ဒါရိုက်တာက “Cut” လို့ လှမ်းအော်လိုက်တာနဲ့ တပြိုင်နက် လမင်းရဲ့အလင်းရောင်မှိန်သွားမှာ၊ ပင်လယ်ကြီးပျောက်သွားမှာကို ကိုယ် … မခံစားရဲဘူး။ ဘ၀ဆိုတဲ့ရှင်သန်မှုတွေ ခံစားချက်တွေအားလုံးဟာ နောက်ဆုံးကျရင် အဲဒီလို ပြီးဆုံးသွားပစ်လိုက်ရမှာလား။ ကိုယ့်ကို ရူးအောင်မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး မင်းသိထားရင် ဖြေစမ်းပါ။ ဟောဒီလောကကြီးတစ်ခုလုံးဟာ ရုပ်ရှင်ကားတစ်ကားလား။´
ဆုယမင်းကျော်ထံမှ အဖြေကို သူမျှော်လင့်ချက်မထား။ သို့သော် …
`သမီး ဘာကိုမှ နားမလည်ခဲ့ပါဘူး ဦးဇောရယ်။ `ငါ´ ဟာ ငါကိုယ်တိုင်အစစ် ဟုတ်ရဲ့လားဆိုတာတောင် သမီးမသိတော့ပါဘူး။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတာ ကြာပါပြီ။ သမီးမှာ `ဘ၀´ဆိုတာ မရှိတော့ဘူးလေ။ ဘ၀တစ်လျှောက်လုံး သူများတွေရဲ့ စရိုက်တွေချည်း သရုပ်ဆောင်နေခဲ့ရတော့ ကိုယ့်ရဲ့စရိုက်အမှန်ဟာ ဘာလဲဆိုတာ မသိတော့ဘူး။ ဇာတ်ကောင်တွေရဲ့ ခံစားမှုအတိုင်းပဲ အမြဲငိုခဲ့ ရယ်ခဲ့ရတာဆိုတော့ ကိုယ့်ရဲ့ ခံစားချက်အစစ်က ဘယ်အခါမှာငိုပြီး ဘယ်အခါမှာ ရယ်သလဲဆိုတာ မသိတော့ဘူး။ သရုပ်ဆောင်ချက်တွေက သမီးရဲ့ဘ၀ကို အပိုင်သိမ်းသွားပြီ။ တကယ်တော့ သမီးဟာ တုံ့ပြန်လှုပ်တတ်တဲ့ စက်ရုပ်တစ်ရုပ်ပါပဲ။´
`နောက်ဆုံးအနေနဲ့ ကိုယ့်မျက်လုံးတွေထဲကို တစ်ချက်လောက် စူးစူးနစ်နစ် ကြည့်လိုက်ပါလား ယမင်း။ ရွိုင်ရယ်ဂါးဒင်းမှာ ဒင်နာကျွေးတုန်းက ကိုယ်ပြောခဲ့တဲ့ စကားလေးကို မှတ်မိသေးလား ယမင်း။´
`ကိုယ် မနက်စောစော လမ်းလျှောက်ထွက်တဲ့အခါတိုင်း သစ်ပင်တွေပေါ်ကနေ အသံပဲကြားရပြီး မမြင်ရတဲ့ ငှက်ကလေးအကြောင်းလေ။´
`အသံလေးကို ချစ်တယ်ဆိုရင် အသံကြားရယုံနဲ့ ကျေနပ်လိုက်တာ အကောင်းဆုံးပါပဲ။ ငှက်ကလေးကို ပိုင်ဆိုင်ခွင့်ရဖို့အထိ မတမ်းတကောင်းပါဘူး။ ဒီလိုပဲပေါ့ ယမင်းရယ် …. ။ ကိုယ်လည်း …..´
`ကိုယ့်အတွက် အချစ်ဆိုတာ အဲဒီ “အကြည့်” လေး တစ်ကြည့်စာလေးနဲ့တင် လုံလောက်ပါတယ်။´
…………
`ဒီနေ့မပြန်ခင် နောက်ဆုံးညမှာ ဟောဒီပင်လယ်၊ ဟောဒီလရောင်နဲ့ ဟောဒီလှိုင်းတွေ၊ သောင်ပြင်တွေကို နားလည်မှုတစ်ခုခု ပေးသွားချင်တယ်။ ပြီးတော့ သူတို့ဆီကနေ နားလည်မှုတစ်ခုခု ပြန်ယူသွားချင်တယ်။ နောက် ….. နောက်ပြီး´
`နောက်ပြီးတော့ကော ဘာဖြစ်သေးလဲ ယမင်း´
`နောက်ပြီး …. ဦးဇောဆီကလည်း နားလည်မှုတစ်ခုလောက် အပြန်အလှန် ဖလှယ်သွားချင်တယ်။ သမီးဆန္ဒက ဒါပါပဲ။ ဦးဇော ဘာပြောစရာရှိလဲ ပြောလေ။ သမီးနားထောင်နေမယ်။´

စိုမှာစိုး၍ မိုးမိတယ် – မင်းခိုက်စိုးစံ မှ ကောက်နှုတ်ဖော်ပြသည်။

ဦးသံလွင်ကျော်ဇော – အသက် (၄၀) ကျော် ထမင်းဆိုင်ပိုင်ရှင်။
ဆုယမင်းကျော် – အသက် (၂၀) ကျော် နာမည်ကြီး ရုပ်ရှင်မင်းသမီး။