ကောက်ချက်

တစ်ချိန်တုန်းက ပုံပြောဆရာတစ်ယောက် ရှိခဲ့ဖူးတယ်။ အဲဒီ ပုံပြောဆရာဟာ တစ်နေ့တစ်နေ့ ဒီပုံပြင် အဟောင်းတွေပဲ ပြောပြီး တစ်ဝဲဝဲလည်နေတော့ စိတ်ပျက် ငြီးငွေ့လာတယ်။ ဒါနဲ့ တစ်ထောင့်တစ်ည အိပ်ယာဝင် ပုံပြင်တွေကို ဆက်ပြောနေမယ့်အစား တကယ့် လက်တွေ့ကျမယ့် ဘဝရဲ့ ဇာတ်လမ်း အစစ်အမှန်တွေကို ရှာဖွေဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ သူရဲ့ အရင်နေတဲ့ အိမ်ကနေ ထွက်လာပြီး သူရဲ့ ဇာတ်လမ်း ရှာပုံတော် ခရီးစဉ်ကြီး စတင်တော့တယ်။

ဒီလိုနဲ့ သူ ရွာတစ်ရွာကို ရောက်သွားတော့ အဲဒီ ရွာမှာ တဲအိမ်လေးတစ်လုံး ငှားနေတော့တယ်။ ဒီလိုနဲ့ ရွာထဲကို မွှေနှောက် လျှောက်သွားပြီး ကုန်ကြမ်းဇာတ်လမ်းတွေ ရလိုရငှား လှည့်ပတ်နေတော့တယ်။ အချိန်က လချီပြီး ကြာလာပေမယ့် သူလိုချင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းက မတွေ့တော့ စိတ်ပျက်စ ပြုလာပြီ။ ဒီလိုနဲ့ ရှာမတွေ့တော့ စိတ်ပျက်လက်ပျက်နဲ့ သူရဲ့ ရှာပုံတော်လုပ်ငန်းစဉ်ကြီးကို ရပ်တန်းက ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်တစ်နေ့ ရောက်တော့ သူရဲ့ တဲအိမ်ထဲမှာ လက်မှိုင်ချပြီး ထိုင်နေတုန်း ရုတ်တရက် အသံတစ်သံ ကြားလိုက်ရတယ်။ မိန်းမကြီးတစ်ယောက်က တစ်ယောက်ယောက်ကို အာပြဲလျှာပြဲနဲ့ ဆူငေါက် အော်ဆဲနေတဲ့ အသံ။ အသံဟာ သူ့အိမ် အနောက်ဘက် ဝင်းထရံ ဟိုဘက်ကလာမှန်း သိလိုက်တော့ သူ ဝင်းထရံနား ကပ်ပြီး သူတို့ရဲ့ ပြောစကားတွေကို အသေအချာ နားထောင်နေတော့တယ်။ စကား အသွားအလာကို ခန့်မှန်း ကြည့်ရတာတော့ ချွေးမတစ်ယောက်ကို နှိပ်စက်နေတဲ့ လေသံပဲ။ ဘယ်လိုမှ နားမခံသာပေမယ့် သူ့အတွက် ဇာတ်တစ်ပုဒ် ရပြီဆိုပြီး ပျော်နေမိတယ်။

ဒီလိုနဲ့ နေ့တိုင်းနေ့တိုင်း သူတို့ရဲ့ စကား အပြောအဆိုတွေကို အကဲခတ် လေ့လာပြီး သူရဲ့ ဇာတ်ကွက်ထဲမှာ ဖြည့်ဖြည့်ပြီး ရေးသွားလိုက်တယ်။ ကာယကံရှင်တွေကို လုံးဝ မမြင်ဖူးပေမယ့် ဟို ယောက်ခမ ဆိုတဲ့ မိန်းမကြီးကို တဖြည်းဖြည်းနဲ့ မုန်းတီးလာတယ်။ အဲဒီ မိန်းမကြီးက အမြဲတမ်း နိုင်ထက်စီးနင်းနဲ့ မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ် ပြောဆို ကြိမ်းမောင်းနေပေမယ့် ချွေးမလုပ်သူခမျာ ဘာအသံမှ မထွက်ရှာဘူး။ ဒီလို တစ်ဖက်သတ် အနိုင်ကျင့်ရာရောက်တော့ မျက်နှာမမြင်ရဘဲ အသံကြားရရုံနဲ့ မိန်းမကြီးကို မုန်းတီးတဲ့စိတ်၊ ကြည့်မရတဲ့စိတ်က တစ်နေ့တခြား တိုးပွားနေတယ်။

ဒီလိုနဲ့ အချိန်တော်တော်ကြာ ဇာတ်ကွက်တွေ ရေးပြီး ဇာတ်လမ်းကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်တယ်။ သေချာပါတယ်။ ဇာတ်လမ်းထဲမှာ ယောက်ခမ လုပ်တဲ့သူကတော့ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးပေါ့။ အနှိပ်စက်ခံ ဘဝနဲ့ အင်မတန်မှ သနားစရာကောင်းတဲ့ ချွေးမရဲ့ ဘဝကို ဇာတ်နာအောင် ရေးထားမယ့် အိမ်တွင်းရေး ဇာတ်လမ်းကြီးတစ်ပုဒ် ဖြစ်တော့မှာပါ။ ဇာတ်လမ်းရဲ့ အဆုံးသတ်ကို ချရေးပြီးတဲ့နောက်မှာ သူ့ဇာတ်အိမ်မှာ ပါတဲ့ ဇာတ်ကောင်တွေရဲ့ မျက်နှာကို မြင်ဖူးလိုက်ချင်တယ် ဆိုတဲ့ အာသာတ ပေါ်လာတယ်။ ဒါနဲ့ သူဟာ နောက်ဘေး ဝင်းထရံကို ကျော်ခွ တက်ပြီး သူ့ဇာတ်ကောင်တွေရဲ့ အသွင်အပြင်ကို အကဲခတ်လေတော့တယ်။

လှမ်းကြည့်လိုက်တဲ့ အချိန် မြင်လိုက်ရတာက Wheelchair နဲ့ မိန်းမကြီးတစ်ယောက်။ လေဖြတ်ထားလို့ ကိုယ်လက် မသန်မစွမ်းတော့တဲ့ ပုံစံနဲ့။ သူနဲ့ ခပ် မနီးမဝေးမှာတော့ မိန်းမငယ် တစ်ယောက် ထိုင်နေတယ်။

မိန်းမကြီးနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ စားပွဲပေါ်က အစားအသောက်ကို မမီမကမ်းနဲ့ လှမ်းယူနေတဲ့ မိန်းမကြီးကို အမူအရာတွေ အားလုံးကို သေချာ ကြည့်နေမိတယ်။ ဒါပေမယ့် မသန်မစွမ်းနဲ့မို့ စားပွဲပေါ်က စားသောက်ပန်းကန်ကို ယူလို့ မရဘဲ အခက်တွေ့နေတဲ့ မိန်းမကြီးကို ကြည့်ပြီး ကျေနပ်ကြည်နူးနေတဲ့ မိန်းမငယ်ရဲ့ အမူအရာကိုလည်း သတိထားနေမိတယ်။ အခုလို မိန်းမကြီး ခိုကိုးရာမဲ့နေတာကို မိန်းမငယ်လေး သဘောကျနေတယ်ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။

မမီမကမ်းနဲ့ လှမ်းအဆွဲမှာ ရုတ်တရက် ထိုင်ခုံပေါ်မှာ ပြုတ်ကျလေရဲ့။ အဲဒီတော့ မိန်းမကြီးက မိန်းမငယ်လေးကို ပတ်ပတ်စက်စက် ဆဲပါလေရော။

အဲဒီ အဖြစ်အပျက်တွေ မြင်လိုက်ရတော့ ပုံပြောဆရာဟာ ချက်ချင်းပဲ တဲထဲ ပြေးဝင်ပြီး သူရဲ့ ဇာတ်လမ်းဇာတ်ကွက် အသွားအလာတွေကို ပြင်ဆင်ရပါတော့တယ်။ သူထင်ထားသလို ဇာတ်သိမ်းလို့မှ မရတော့ဘဲ။ သူ နဂိုက ထင်ထားတဲ့ အယူအဆတွေနဲ့ အတော်ကြီးကို ကွာခြားသွားပြီကိုး။ သူအနေနဲ့ တကယ်ကို စစ်မှန်တဲ့ ဇာတ်လမ်းတစ်ပုဒ် ရလိုက်သလိုပဲ သင်ခန်းစာတစ်ပုဒ်လည်း ရလိုက်ပါတယ်။

အကြောင်းအချက်တွေ အားလုံးကို သေချာ မသိသေးဘဲ အခြေအနေကို ကောက်ချက်မချလိုက်ပါနဲ့။
တစ်ခါတလေမှာ ကျနော်တို့ အမှန်တရားနဲ့ ဘယ်လောက် ကွာဝေးနေသေးလဲ ဆိုတာ ခန့်မှန်းကြည့်လို့ မသိနိုင်ပါဘူး။

လက်ထပ်ခွင့် ပြုပါ

ပထမဆုံး အကြိမ် ကျနော် သူ့ကို လက်ထပ်ခွင့်တောင်းခဲ့တာ ခြောက်နှစ်သား အရွယ်ကပေါ့။
ငါ မင်း ယောက်ျား လုပ်မယ်။ ဒါဆို နင်က ငါ့ မိန်းမဖြစ်ပြီ။” လို့ ပြောတော့
ဟင့်အင်း” လို့ပဲ ရိုးရိုး ပြန်ငြင်းလိုက်တယ်။
ဟုတ်တယ်
ဟုတ်ဘူးပဲ” လို့ ပြောပြီး အိမ်ထဲက ပြေးထွက်သွားတယ်။
ခဏလေး ကြာတော့ ကျနော်လည်း ထွက်လာခဲ့လိုက်တယ်။ အိမ်ထဲမှာ တစ်ယောက်တည်း ကစားရတာ အတော် ပျင်းစရာ ကောင်းတာပါကလား။

ဒုတိယအကြိမ် လက်ထပ်ခွင့် တောင်းခဲ့တာ ကျနော်တို့ (၁၄) နှစ်သားလောက်ကပေါ့။ နှစ်စဉ် လုပ်နေကျဖြစ်တဲ့ ကျောင်း ကပွဲတစ်ပွဲမှာ ကျနော်တို့ နှစ်ယောက် တွဲ က ရတယ်လေ။ အ၀တ်လဲခန်းကနေ သူ ထွက်အလာကို ကျနော် စောင့်နေခဲ့တယ်။ အ၀တ်လဲခန်းကနေ ထွက်လာတော့ ပန်းရောင်ဝတ်စုံလေးနဲ့ သူ့ကို မြင်ရတော့ အသက်ရှူတောင် မ၀ချင်တော့ဘူး။ နတ်ပြည်ကနေ ဆင်းလာတဲ့ နတ်သမီးလေး အလား လှရက်လွန်းလို့ ပြောမယ့်စကားတွေတောင် ရှာမရဘဲ ပါးစပ်လေး အဟောင်းသားနဲ့ သူ့ကို ငေးနေမိတော့တယ်။
ဟေ့ … ဘာကြည့်နေတာလဲ” လို့ ကျနော်ကို ကြည့်ရင်း ပြုံးစိစိနဲ့ လှမ်းမေးတယ်။
ငါ့ကို လက်ထပ်ခွင့် ပြုပါလား” လို့ ကျနော် ရုတ်တရက် ပြောချလိုက်တော့ ပြုံးနေရာကနေ စပ်ဖြဲဖြဲလုပ်ပြီး ခဏကြာတော့ ရယ်ချပါတော့တယ်။ ကျနော် အပြစ်မယူပါဘူး။ သူ့မျက်လုံးတွေ လင်းလက်နေတာ ကျနော် မြင်နေရတာကိုး။ ရယ်ရင်းနဲ့ပဲ သူ ကျနော်လက်ကို ဆွဲရင်း ကပွဲစင်ပေါ် တက်သွားတော့တယ်။

တတိယအကြိမ် ကျနော် သူ့ကို လက်ထပ်ဖို့ ပြောခဲ့တာ သူ့ရဲ့ တစ်ဆယ့်ခြောက်နှစ်မြောက် မွေးနေ့မှာပါ။ ကျနော်တို့ အဲဒီနေ့က တခြား သူငယ်ချင်းတွေနဲ့ ပျော်ပွဲစား ထွက်ခဲ့ကြတယ်။ သူငယ်ချင်းတွေ ဘာဂိမ်း ထပ်ကစားရင် ကောင်းမလဲလို့ ငြင်းခုန်နေကြတဲ့ အချိန်မှာ ကျနော်နဲ့သူနဲ့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်နေခဲ့ကြတယ်။ ငြင်းနေ ခုန်နေကြတာကို ကြည့်ရင်း ရယ်ရွှင်နေတဲ့ သူ့ကို ကျနော် ကြည့်လို့မဝ ဖြစ်နေခဲ့တယ်။ သူ့ရယ်သံဟာ ဆည်းလည်းသံလေးလို ချိုမြနေတယ်။ ကျနော် ဘေးနားမှာ ပေါက်နေတဲ့ ဂန္ဓမာပန်းပွင့်လေးကို ခူးလိုက်ပြီး သူ့ကို ကမ်းပေးလိုက်ရင်း
ငါရဲ့ ဘဝလက်တွဲဖော်အဖြစ် နေပေးပါလား
လို့ ပြောလိုက်တယ်။ သူ ပန်းပွင့်ကို ကြည့်ပြီး အားရပါးရ ထပ်ရယ်ပြန်တယ်။ ပန်းပွင့်ကို သူ လှမ်းယူလိုက်ပြီး သူငယ်ချင်းတွေ ရှိရာကို သူ ပြေးသွားတယ်။ ကျနော်လည်း အူတိအူကြောင်နဲ့ပဲ နောက်က လိုက်သွားခဲ့တယ်။

စတုတ္ထအကြိမ်ကတော့ အသက် (၁၈) နှစ်မှာပါ။ တက္ကသိုလ်ထဲက ကန်တင်းမှာ သောက်လက်စ လိမ္မော်ဖျော်ရည်ခွက်ကို ကိုင်ရင်း စကားပြောနေဖြစ်တယ်။ သူ နောက်ဆုံး ဖတ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ဟာ ဘယ်လောက်ကောင်းသလဲ ဆိုတာ ကျနော်ကို ပြောပြနေတယ်။ အချိန်တော်တော်ကြာ မနားတမ်း စကားပြောပြီး သူ ရပ်သွားတယ်။
အဲ … နင် ဘာဖြစ်နေတာလဲ။ ဘာတစ်ခွန်းမှလည်း ပြန်မပြောပါလား” လို့ သူ ကျနော်ကို မေးလိုက်တယ်။ ကျနော် သူရဲ့ လှပလွန်းတဲ့ မျက်ဝန်းလေးတွေကို အသေအချာ ကြည့်လိုက်ပြီး
ငါဘဝရဲ့ အချိန်တွေ အားလုံးကို နင်နဲ့အတူပဲ ကုန်ဆုံးလိုက်ချင်တယ်။ ငါ့ကို လက်ထပ်ခွင့် ပြုပါလား” လို့ မေးလိုက်တော့ အရင်လိုပဲ ဟားတိုက်ပြီး ရယ်ပြန်တယ်။
ငါတို့တွေ အိမ်ထောင်ပြုဖို့ အရွယ်မှ မရောက်သေးဘဲ” လို့ ပြန်ဖြေပြီး သူ့ကဗျာတွေ အကြောင်းပဲ တရစပ် ပြောနေတော့တယ်။

ငါးကြိမ်မြောက် ခွင့်ပန်ခဲ့တာ ကျနော်တို့ ဘွဲ့ယူတဲ့နေ့မှာပါ။ ကျနော်တို့ နှစ်ယောက်လုံး အသက် နှစ်ဆယ့်တစ်နှစ် ရှိနေပါပြီ။ ကျနော် ဒူးတစ်ဘက် ဒေါက်၊ နှင်းဆီပန်းတစ်ပွင့် လက်ထဲမှာကိုင်ပြီး သူ့ကို မရဲတရဲ ဖွင့်ပြောခဲ့တယ်။
အခု နင်ရဲ့ ဘဝလက်တွဲဖော် အဖြစ် ခွင့်ပြုမယ်မလား
ဒီတစ်ကြိမ်တော့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေတယ်။
နင် ကြည့်ရတာ အမြဲ အလောတကြီးနဲ့နော်။ ဘွဲလွန်သင်တန်းတွေ တက်ဦးမယ်လို့ နင် စိတ်ကူးထားတာ မဟုတ်လား
ကျနော် ဘာပြောလို ပြောရမှန်း မသိဖြစ်သွားတယ်။ မတ်တပ် ပြန်ရပ်လိုက်ပြီး ဘွဲ့နှင်းသဘင် ခန်းမထဲကို သူနဲ့အတူ လျှောက်ဝင်သွားလိုက်တယ်။

လေးနှစ်ကြာတော့ ကျနော် တက်ခဲ့တဲ့ မဟာဘွဲ့လည်း ရပြီ။ နိုင်ငံတကာ ကုမ္ပဏီတစ်ခုမှာလည်း အလုပ်ရပါပြီ။ သူ ချိန်းဆိုထားတဲ့ အအေးဆိုင်တစ်ဆိုင်မှာ ကျနော်တို့ နှစ်ယောက် ထိုင်ဖြစ်ကြတယ်။
ဒီလေးနှစ်အတွင်း နင် ငါ့ကို လက်ထပ်ခွင့် မတောင်းခဲ့ဘူးနော်။ ဘာဖြစ်လို့လဲ။ အေးပေါ့လေ။ လူဆိုတာကလည်း အပြောင်းအလဲ မြန်တတ်တာပဲ မဟုတ်လား” လို့ ခပ်ပြုံးပြုံးလေးနဲ့ သူ ကျနော်ကို ပြောလိုက်တယ်။
နင် ဘယ်လို ထင်လို့လဲ
ငါ နင့်ကို နောက်တစ်ခေါက် ထပ်ငြင်းမှာကို နင့်အနေနဲ့ ခံနိုင်ရည် မရှိတော့ဘူးလို့ ထင်တယ်
ဒါပေမယ့် ငါ မှတ်မိသလောက် နင် အခုချိန်ထိ တစ်ခါမှ ပြတ်ပြတ်သားသား မငြင်းဖူးဘူးလေ။ နင် ငါ့ကို နိုးလို့ တစ်ခါမှ မပြောဖူးသေးဘူး
ငါ ပြောဖူးပါတယ်။ အဲဒီတုန်းက ငါတို့ ခြောက်နှစ်ပဲ ရှိသေးတယ်
အော် သူ မှတ်မိသားပဲ” လို့ ကိုယ့်ဖာသာ ရေရွတ်လိုက်မိတယ်။ တခဏအတွင်း အတိတ်ကို ပြန်မြင်ယောင်လိုက်တော့ ပြုံးနေမိတယ်။
ကျနော် ရေခဲမုန့် တစ်ဇွန်း ခပ်လိုက်ပြီး သူစားဖို့ ထိုးပေးလိုက်တယ်။ နောက်ပြီး
အင်း ဟုတ်တာပေါ့။ နင် ငါ့ကို တစ်ခါ ငြင်းခဲ့ဖူးတာပဲ” လို့ ပြောလိုက်တော့
အဲဒီတော့ …. ” လို့ ပြောပြီး ကျနော် လှမ်းထားတဲ့ ရေခဲမုန့်ကို စားလိုက်တယ်။
အဲဒီတော့ ဘာမှ မဟုတ်ပါဘူး
သူ မပြုံးနိုင်တော့ဘဲ မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်နေတယ်။
ကောင်းပြီလေ။ ငါ့စိတ်တွေ ပြောင်းသွားပြီလို့ နင် ထင်ထားတာလား

ငါ မသိဘူး” လို့ ပြန်ဖြေပြီး မှိုင်နေတော့တယ်။ သူ မှိုင်နေတာတောင် အင်မတန်မှ ချစ်စရာ ကောင်းနေပါလား။ သူ့ကို ခပ်ကြာကြာ စိုက်ကြည့်နေမိပြီး
ဒီတစ်ခါ နင့်ကို ငါက လက်ထပ်ယူဖို့ နင့်အနေနဲ့ ဘာလို့ မတောင်းဆိုရတာလဲ
ငါက ….” လို့ မျက်လုံး အပြူးသား အံ့သြနေတဲ့ မျက်နှာနဲ့ လှမ်းပြောလိုက်တယ်။
အင်းလေ။ ဘာဖြစ်လို့လေ။ ဘာမှားနေလို့လဲ
မဟုတ်သေးပါဘူး
နင် ငါ့ကို နောက်ထပ်တစ်ခါ ထပ်ငြင်းလိုက်တာလား
အာ … မဟုတ်ဘူး။ မဟုတ်ဘူး” လို့ ခပ်မြန်မြန် ဖြေလိုက်တယ်။
ဒါဆို လက်ခံလိုက်တာပေါ့ ဟုတ်လား

ကျနော် ဘယ်ခွင်ဆင်နေသလဲဆိုတာ သူ သိသွားတော့ ကျနော်ကို လျှာထုတ်ပြပြီး သူ့ ရေခဲမုန့်ပဲ သဲကြီးမဲကြီး စားနေတော့တယ်။
ဟေ့” ကျနော် သူ့လက်ကို ဖမ်းဆုတ်ထားလိုက်ပြီး ပြောလိုက်တယ်။
လက်ထပ်ခွင့် ပြုနော်
သူ နှာခေါင်းလေးကို ရှုံ့ပြီး ပြန်ပြောတယ်။
နင်က သေချာလို့လား
ကျနော် ခြောက်နှစ်သားကတည်းက သေချာနေခဲ့ပြီးပြီပဲ။ ကျနော် ခပ်ရိုးရိုးလေးပဲ ဖြေလိုက်တယ်။ “အင်း” လို့။ ကျနော် ဒီတစ်သက် မမေ့နိုင်တဲ့ အပြုံးတစ်ခုနဲ့ အတူ သူ ခေါင်းညိတ်ပြတာ မြင်လိုက်ရတယ်။

အကောင်းမြင် အတွေး

ကျနော် မေးခွန်းတစ်ခု မေးပါ့မယ်။ ကျနော် ပြောရဲတယ်။ အဲဒီ မေးခွန်းကို ဘယ်သူမှ မှန်အောင် ဖြေနိုင်မှာ မဟုတ်ဘူးလို့ အာမခံရဲတယ်။ အောက်က စာပိုဒ်လေး ဖတ်ကြည့်ပြီး မေးခွန်းကို ကြိုးစား ဖြေကြည့်ပါဦး။

အင်မတန် ချစ်ကြတဲ့ လင်မယားနှစ်ယောက်ဟာ ခရီးအတူထွက်ခဲ့ကြတယ်။ သူတို့ စီးလာတဲ့ လိုင်းကားဟာ တောင်ကုန်းတောင်မြင့် ထူပြောတဲ့ နေရာ အတော်များများကို ဖြတ်သန်းရတယ်။ တောင်ကြားလမ်း မရောက်ခင် တစ်နေရာမှာ သူတို့ ဇနီးမောင်နှံက ကားပေါ်က ဆင်းနေခဲ့ပြီး ဆုံးဖြတ်လိုက်ပြီး ကားကို ရပ်ခိုင်းလိုက်တယ်။ သူတို့ တောင်းဆိုတဲ့ နေရာ အရောက်မှာ ကားဆရာက ကားကို ရပ်ပေးလိုက်တော့ သူတို့ ကားပေါ်က ဆင်းလိုက်ကြတယ်။ သူတို့ ဆင်းပြီး ခဏအကြာမှာပဲ ကားက မောင်းထွက်သွားလိုက်တယ်။ အရှေ့ တောင်ကြား အရောက်မှာ တောင်ပေါ်က ကျောက်တုံးတွေ လှိမ့်ကြလာပြီး ကားကြီး တစ်စင်းလုံး ရစရာ မရှိအောင်ကို ပြားချပ်သွားပြီး ကားပေါ်မှာ ပါသမျှသူ အကုန် သေကြတယ်။ အဲဒီ အဖြစ်အပျက်တွေ အားလုံးကို မြင်နေရတဲ့ ဇနီးမောင်နှံခမျာ အတော်လေး စိတ်မကောင်း ဖြစ်ကြရှာတယ်။ အဲဒီ စိတ်မကောင်းစရာ အဖြစ်အပျက်ကို မြင်ရတော့ နှစ်ယောက်စလုံးရဲ့ နှုတ်ကနေ ရေရွတ်တဲ့ စကားတစ်ခွန်း တပြိုင်တည်း ထွက်လာတယ်။

ငါတို့ အဲဒီကားပေါ် ပါသွားရင် သိပ်ကောင်းမှာပဲ

အဲဒီလိုစကား ဘာကြောင့် ပြောတာလို့ သင်ထင်ပါသလဲ။

အဲဒီမေးခွန်းရဲ့ အဖြေက အူကြောင်ကြောင် အဖြေမျိုး မဟုတ်ပါဘူး။ တကယ်ကို ယုတ္တိတန်တဲ့ အဖြေမျိုးပါ။ စဉ်းစားကြည့်ပါဦး။ သေသေချာချာ စဉ်းစားကြည့်စေချင်တယ်။ ကိုယ်စီက ထွက်တဲ့ အဖြေက ကိုယ်ရဲ့ အမူအကျင့်ကို ကိုယ်စားပြုပါလိမ့်မယ်။ ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ အဆိုးကနေ စ စဉ်းစားတတ်လား။ အကောင်းဘက်ကနေ စ တွေးကြမလား။ တစ်ခါတလေမှာ အကောင်းဘက်က တွေးချင်ပေမယ့် ဘယ်လိုမှ အကောင်းမမြင်နိုင်တဲ့ အခြေအနေတွေလည်း ရှိတတ်တယ်။ အကောင်းမမြင်တာ အကောင်းမရှိဘူးလို့ မဆိုလိုပါဘူး။ ကြည့်တဲ့သူက မြင်အောင် မကြည့်လို့ပါ။ ကဲ အထက်က မေးခွန်းလေးကို တွေးကြည့်ပါဦး။ တွေးလို့ရပြီဆိုရင် အောက်က လင့်ခ်လေးကို နှိပ်ပြီး အဖြေ ကြည့်ကြည့်ပါ။ ဖြစ်နိုင်လို့ရှိရင် အဖြေမရမချင်း စဉ်းစားစေချင်ပါတယ်။

သူတို့ ကားပေါ်က ဆင်းဖို့ မဆုံးဖြတ်ခဲ့ဘူး ဆိုရင် သူတို့ ကားပေါ်မှာ ရှိနေခဲ့မှာပါ။ အဲဒီလို မဆင်းခဲ့ရင် စောနက တောင်ကြားကို ဖြတ်မယ့် အချိန်က ပိုစောသွားပါ့မယ်။ ဆင်းဖို့ အချိန်သာ မပေးခဲ့ရဘူးဆိုရင် တောင်ကြားကို ခပ်စောစော ဖြတ်နိုင်မှာပေါ့။ ဒါကြောင့် အချိန် နည်းနည်း စောသွားတာကြောင့် ကျောက်ခဲတွေ ပြုတ်ကျမယ်ဆိုလည်း အဲဒီကား ဖြတ်ပြီး နည်းနည်းကြာမှ ပြုတ်ကျမှာပါ။ ဒါဆို ကားပေါ်က လူတွေလည်း သေစရာ အကြောင်း မရှိတော့ဘူးလေ။

ကျနော်တို့ကော ပြဿနာ တစ်ခု ဖြစ်လာရင် ဒီလိုဆိုရင် ဒီလိုတော့ ဖြစ်ကောင်းရဲ့ ဆိုပြီး အတွေးမျိုးတွေ တွေးတတ်ရဲ့လား။ တွေးခဲ့ရဲ့လား။
အောင်မြင်မှုရဲ့ ဆက်ကျင်ဘက်က ဆုံးရှုံးခြင်း မဟုတ်ပါဘူး။ နှုတ်ထွက်ခြင်းပါ။

အရေးကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း

ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ” ဆိုတဲ့ မေးခွန်းကို အဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ မေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း အပြောခံနေရတယ်။

ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့ ထင်ခဲ့တာ။ “မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား” လို့ အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။
မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာ ထပ် စဉ်းစားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်

နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။

ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။ ဒီတစ်ခါ ကျနော် မေမေ့ကို ဖြေလိုက်တာက “မေမေ၊ အမြင်အာရုံက လူတိုင်းအတွက် အင်မတန် အရေးကြီးတယ်လေ။ ဒီတော့ အဖြေက ကျနော်တို့ရဲ့ မျက်လုံးတွေပဲ ဖြစ်ရမယ်
မေမေ ကျနော်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ကရုဏာလေသံနဲ့
သားက အတော်လေး စဉ်းစားလာနိုင်ပြီပဲ။ ဒါပေမယ့် အဖြေက မှားနေသေးတယ်။ လောကမှာ မျက်စိမမြင်တဲ့ လူတွေ အများကြီးရှိတယ် သားရဲ့” လို့ ပြန်ပြောသွားတယ်။

ကျနော် စိတ်လေသွားခဲ့ပြန်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖြေမှန်ရအောင်တော့ ကျနော် ဆက်ကြိုးစားဖို့ အားမာန် အပြည့်နဲ့ပါ။ တွေးတတ်ခေါ်တတ်ဖို့ အမေရဲ့ လေ့ကျင့်ခန်းကို ကျနော် မမေ့မလျော့ အမြဲ လုပ်နေဖြစ်တယ်။ ဒီနှစ်တွေ ကြားမှာလည်း မေမေ့ကို ခဏခဏ ဖြေပေးဖူးတယ်။ ဒါပေမယ့် အမေဆီက ကြားရတဲ့ အားပေးစကားက မပြောင်းလဲခဲ့ဘူး။
မဟုတ်သေးဘူး သား။ ဒါပေမယ့် လူလေးက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး တွေးတတ်ခေါ်တတ်လာတာပဲ

တစ်နှစ်တော့ ကျနော့ အဘိုး ဆုံးတယ်။ အားလုံး အတော်လေး စိတ်ထိခိုက်ကြတယ်။ အားလုံးလည်း ငိုခဲ့ကြတယ်။ ကျနော်ရဲ့ အဖေတောင် ငိုတယ်။ ကျနော် ကောင်းကောင်း မှတ်မိတာပေါ့။ ဘာလို့လဲဆို ဖေဖေ ငိုတာကို ဒါပါနဲ့ဆို နှစ်ခါပဲ မြင်ဖူးသေးတာ။

အသုဘ အခမ်းအနားမှာ အခေါင်းပိတ်ဖို့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် အဘိုးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတယ်။ ကျနော်တို့ အလှည့်လည်း ရောက်ရော အမေက ကျနော်ကို လှမ်းကြည့်တယ်။ နောက်ပြီး သူ ကျနော်ကို လှမ်းပြောလိုက်တယ်။
အရေးကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲဆိုတာ အခု သိပြီလား၊ သား

ဒီလို အချိန်မျိုးမှာ ဒီမေးခွန်း မေးလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး။ အမေးခံလိုက်ရတော့ အတော်လေး ထွေသွားတယ်။ သူနဲ့ ကျနော် နှစ်ယောက်တည်း ဆော့တဲ့ ဂိမ်းတစ်ခုပဲလို့ ကျနော် ထင်နေခဲ့တာလေ။ အူကြောင်ကြောင်ဖြစ်နေတဲ့ ကျနော်မျက်နှာကို အကဲခတ်မိတဲ့ မေမေက
ဒီမေးခွန်းက သိပ်အရေးကြီးတယ်၊ သား။ ဘဝမှာ တကယ်ပဲ အသက်ရှင်လျက် နေထိုင်နေသလား ဆိုတာကို သိဖို့ ဒီအဖြေက အရေးပါတယ်။ ဟိုးအရင်က အစိတ်အပိုင်း အတော်များများကို သားအဖြေပေးဖူးတယ်။ ပေးတိုင်းလည်း မှားတယ်ဆိုတဲ့အကြောင်း မေမေ ဥပမာနဲ့ အမြဲ ရှင်းပြခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့ အရေးကြီးတဲ့ ဒီ သင်ခန်းစာကို သားအနေနဲ့ မှတ်ကို မှတ်သားမှ ဖြစ်မယ်။

မိခင်တစ်ယောက်ရဲ့ ကရုဏာမျိုးနဲ့ ကျနော်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး ပြောလာတယ်။ သူရဲ့ မျက်ဝန်းအိမ်အပြည့် မျက်ရည်တွေနဲ့ ဖုံးလွမ်းနေတာ ကျနော် သတိထားမိတယ်။
သား … မင်းရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းက မင်းရဲ့ ပုခုံးတွေပဲ

ကျနော့် ခေါင်းကို ထမ်းပိုးထားရလို့လား မေမေ
မဟုတ်ဘူး၊ သား။ သားရဲ့ ပုခုံးနဲ့ သူငယ်ချင်း ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူရဲ့ ခေါင်းကို မှီခွင့် ပေးထားနိုင်တယ်လေ။ သူတို့ ငိုရင်ပေါ့။ လူတိုင်းလူတိုင်း သူတို့ရဲ့ ဘဝမှာ အကြောင်း တစ်မျိုးမျိုးကြောင့် ငိုကြရရင် အမှီပြုဖို့ ပုခုံးတစ်ဖက်တော့ လိုမယ်၊ သား။ သားမှာ လုံလောက်တဲ့ အချစ်တွေ ရှိဖို့ပဲ မေမေ မျှော်လင့်တယ်။ အဲဒီလို အချစ်တွေကြောင့် သား လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့် သူငယ်ချင်းတွေ များများ ရှိပါစေလို့လည်း မေမေ အမြဲ ဆုတောင်းပေးနေပါတယ်

သင် ပြောခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
သင် လုပ်ခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
ဒါပေမယ့်
သင့်ကြောင့် သူတို့ ဘယ်လို ခံစားသွားရသလဲ ဆိုတာကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

တပါးသူအား ကူညီတတ်ခြင်း

တစ်နေ့မှာ ဘုရားသခင်နဲ့ သူတော်စင်တစ်ပါး စကားလက်စုံ ကျကြရင်း သူတော်စင်က ဘုရားသခင်ကို တစ်ခု တောင်းဆိုလိုက်တယ်။
“အရှင်ဘုရား နိဗ္ဗာန်နဲ့ ငရဲပြည် ဘယ်လိုကွာသလဲဆိုတာ သိလို မြင်လိုပါတယ်။ တပည့်တော်ကို ပြတော်မူပါ ဘုရား။”

ဒါနဲ့ ဘုရားသခင်ဟာ သူတော်စင်ကို တံခါးနှစ်ပေါက်ဆီ ဦးတည်ပြီး ခေါ်သွားတယ်။ တံခါးတစ်ပေါက်ကို ဖွင့်ပြလိုက်တော့ သူတော်စင်က အထဲကို လှမ်းကြည့်လိုက်တယ်။ အခန်းရဲ့ အလယ်မှာ စားပွဲဝိုင်း အကြီးကြီး တစ်လုံး ချထားတယ်။ စားပွဲရဲ့ အလယ်ခေါင်မှာ ရှိတဲ့ ဟင်းအိုး အကြီးကြီးကနေ ခုန်ထွက်လာတဲ့ အမွှေးနံ့ဟာ သူတော်စင်ကိုတောင် မနေနိုင်အောင် သားရေကျတဲ့အထိ ဆွပေးနေတယ်။ စားပွဲ ပတ်ပတ်လည်မှာ ထိုင်နေတဲ့ လူတွေကို ကြည့်လိုက်တော့ ပိန်လီလို့။ နည်းနည်း လှုပ်လိုက်ရင် အထဲက အရိုးတွေ ကန်ထွက်လာမှာတောင် စိုးရိမ်ရသေး။ သူတို့ကို ကြည့်ရတာ တအားကို ဆာလောင်နေကြပေမယ့် လက်ထဲမှာလည်း ဇွန်းတွေ ကိုယ်စီနဲ့ပါ။ ဇွန်းတွေ အားလုံးကလည်း ရိုးတံ ရှည်တော့ အလယ်ခေါင်က ဟင်းအိုးကို လှမ်းခပ်ဖို့ မီပါတယ်။ ဒါပေမယ့် ခက်နေတာက ဇွန်းတံရှည်တော့ သူတို့ရဲ့ ပါးစပ်ထဲကို ထည့်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ မြင်လျက်နဲ့ မကြင်ရတဲ့ ဘဝကို မြင်ပြီး သူတော်စင်ခမျာ သနားရုံကလွဲပြီး ဘာတတ်နိုင်မှာတဲ့လဲ။ “အခု မြင်နေရတာ ငရဲပဲ” လို့ ပြောပြီး ဘုရားသခင်ဟာ တခြားတံခါးပေါက်ဆီ ဦးတည်ပြီး လျှောက်သွားတယ်။

သူတော်စင်ဟာ နောက် တံခါးတစ်ချပ်ကို ဖွင့်ပြီး အထဲကို အသေအချာ လေ့လာကြည့်လိုက်တယ်။ ပထမ ဝင်ခဲ့တဲ့ အခန်းနဲ့ ဘာမှ မထူးပါဘူး။ စားပွဲဝိုင်း အကြီးကြီး၊ အင်မတန်မှ စားချင့်စဖွယ် ဟင်းအိုးတစ်လုံး နဲ့ ရိုးတံရှည်ရှည်နဲ့ ဇွန်းတွေ။ ထူးတာက စားပွဲ ပတ်လည်မှာ ထိုင်နေတဲ့ လူတွေက အရင် အခန်းကလို ပိန်လှီမနေဘဲ ဝလို့ ဖြီးလို့။ တရယ်ရယ် တမောမော နဲ့ စကားတွေ ဝိုင်းဖွဲ့ ပြောနေလိုက်ကြတာ။

ဒီအခြင်းအရာကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သူတော်စင်က ဘုရားသခင်ကို မေးခွန်းထုတ်ရတော့တယ်။
“တပည့်တော် နားမလည်နိုင်ဘူး ဖြစ်နေပါတယ် ဘုရား”
“အင်မတန်မှ ရိုးရှင်းပါတယ်” လို့ ပြောရင်း ဘုရားသခင် ဆက်လက် မိန့်ကြားလိုက်တာက
အတတ်ပညာ တစ်ခုပဲ လိုတာပါ။ ကြည့်စမ်း … ။ ဒီလူတွေ တစ်ယောက်ကို တစ်ယောက် ခွံ့ကျွေးဖို့ နားလည်ကြပေမယ့် ဟိုဘက်အခန်းက လောဘသားတွေက ကိုယ့်အတွက်ပဲ စဉ်းစားနေကြတာလေ။

Translated from They have learned to feed each other

အချစ်ကို နားလည်သော …

ဟိုးတစ်ချိန်က ကျွန်းလေးတစ်ကျွန်းမှာ ခံစားချက်တွေ အားလုံး နေထိုင်ကြတယ်။ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ချမ်းသာခြင်း၊ အသိပညာ စသဖြင့်ပေါ့။ အချစ်လည်း နေပါတယ်။ တစ်နေ့တော့ သူတို့ စုပေါင်းနေကြတဲ့ ကျွန်းဟာ မကြာခင်မှာ ပင်လယ်ထဲကို မြုပ်တော့မယ်လို့ သတိပေးကြေငြာချက် ထွက်လာတယ်။ ဒါနဲ့ပဲ အားလုံးကိုယ်စီကိုယ်စီ လှေတွေ လုပ်ကြပြီး အဲဒီကျွန်းကနေ ထွက်ခွာသွားကြတော့တယ်။ အချစ်က လွဲလို့ပေါ့။

သူက နောက်ဆုံးအချိန်ထိ မျှော်လင့်ချင်သေးတယ်လေ။ ကျွန်းကြီးတစ်ခုလုံး မြုပ်ခါနီးပြီဆိုမှ အချစ်က သူ့ကိုလာကယ်ဖို့ အကူအညီ တောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ချမ်းသာခြင်းကို လှေနဲ့ ဖြတ်သွားတာ မြင်လိုက်တော့ အချစ်က
ဗျို့ … ကိုချမ်းသာ၊ ကျနော့်ကို ခင်ဗျားနဲ့ အတူလိုက်ခွင့် ပေးပါလား။” လို့ လှမ်းအကူအညီ တောင်းလိုက်တယ်။ ဒီတော့ ချမ်းသာခြင်းက
ဝမ်းနည်းပါတယ် အချစ်ရာ။ လှေပေါ်မှာ တင်ထားတဲ့ ရွှေတွေ ငွေတွေနဲ့ ပြည့်နေတယ်။ မင်းအတွက် နေရာမရှိဘူး။” လို့ ငြင်းလိုက်တယ်။

ဘေးနား ရောက်လာတဲ့ မာနကို လှမ်းအကူအညီတောင်းတော့လည်း အဖြေက မထူးဘူး။
ကိုယ် မင်းကို မကူညီနိုင်ဘူး အချစ်။ မင်း တစ်ကိုယ်လုံးလည်း ရွှဲလို့ ငါလှေ ပျက်သွားလိမ့်မယ်။ မဖြစ်ပါဘူး။

ကြေကွဲမှုကို လှမ်းမြင်လိုက်တော့ အော်ပြောလိုက်တယ်။ “ကြေကွဲမှု၊ ကျနော့်ကိုလည်း ခေါ်သွားပါဦး။
အို … အချစ်၊ ငါ တအား ဝမ်းနည်းနေလို့ပါကွာ။ တစ်ယောက်တည်းပဲ အေးဆေး နေပါရစေ။” လို့ ပူဆွေးနေတဲ့ အသံနဲ့ ပြန်ဖြေလိုက်တယ်။

ပျော်ရွှင်မှု ဘေးနားက ဖြတ်သွားတာ မြင်တော့ လှမ်းခေါ်လိုက်ပေမယ့် သူ့ဖာသာ အပျော်လုံးနဲ့ စို့နေတော့ ခေါ်နေတာတောင် မကြားနိုင်တော့ဘူးလေ။

အဲဒီလို အားကိုးရာမဲ့လို့ အားငယ်နေချိန်မှာ ရုတ်တရက် ဆိုသလို “လာ အချစ်။ ငါနဲ့ လိုက်ခဲ့။” ဆိုတဲ့ အသံတစ်သံ ထွက်လာတယ်။ သူ့ကြည့်ရတာ အသက်တော်တော် ကြီးနေပါပြီ။ ဘာပဲ ဖြစ်ဖြစ်လေ။ အချစ်ခမျာ တအား ပျော်သွားပြီး လှေပေါ် ခုန်တက်လိုက်တယ်။ ကယ်တင်ရှင်တွေ့ပြီ ဆိုပြီး အပျော်လွန်လိုက်တာ အဘိုးအိုကို ဘယ်သွားမလို့လဲ ဆိုတာတောင် မမေးလိုက်မိဘူး။ နောက် ကမ်းခြေ တစ်နေရာလည်း ရောက်ရော အချစ်ကို ချပြီးပြီးချင်း ဘာမှ မပြောဘဲ လှေလှော်ပြီး ထွက်သွားလေရဲ့။

ကျေးဇူးတင်ချင်တာတောင် ဘယ်သူ့ တင်ရမှန်း မသိတဲ့ ဘဝ။ ဒါနဲ့ တခြားအဘိုးအို တစ်ယောက်ဖြစ်တဲ့ ဦးပညာကို သွားမေးတော့တယ်။
ကျနော်ကို ဘယ်သူ ကူညီသလဲဆိုတာ သိလား အဘ
အဲဒါ အချိန် ကွဲ့” လို့ အဘိုးအို ပြန်ဖြေတော့ “အချိန်” လို့ ပါးစပ်ကနေ ရေရွတ်ရင်း စဉ်းစားနေမိတယ်။ အချစ်ရဲ့ မျက်နှာ အမူအရာကို အကဲခတ်မိတဲ့ ဘိုးပညာက တစ်ချက်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်။
အေးကွဲ့။ လောကမှာ အချစ်ရဲ့ တန်ဖိုးကို နားလည်နိုင်စွမ်းရှိတာ အချိန်ပဲ ရှိတယ်မဟုတ်လား အမောင်ရဲ့

xxxxxx ဝဝဝဝဝဝ xxxxxx
ဒီ ပုံပြင်လေး ဖတ်ပြီးသွားတော့ အတော်လေး တွေးနေဖြစ်တယ်။ လူတစ်ယောက် အချစ်နဲ့ ဒုက္ခပင်လယ် ဝေနေချိန်မှာ ဘာကမှ အဖော်မပြုနိုင်ဘူး ဆိုတာကို ကောင်းကောင်းကြီး သရုပ်ဖော်သွားပါတယ်။ ဒါပေမယ့် အဲဒီ ကျွန်းပေါ်မှာသာ သူ့လိုပဲ နောက်ထပ် အချစ် တစ်ယောက် ထပ်ရှိနေရင်ကောလို့ တွေးမိပြန်တယ်။ ဒါဆိုလည်း ဒီကျွန်းပေါ်မှာပဲ ရေနစ်ပြီး သေချင်သေပါစေလို့ ပြောင်းတွေးသွားမလား ဆိုတာလည်း စိတ်ဝင်စားစရာပဲနော်။ အချစ်အကြောင်းကို ဖတ်ရတိုင်း စဉ်းစားမိတိုင်း သူငယ်ချင်းတစ်ယောက် ပြောခဲ့တာကို အမှတ်သွားသွား ရနေမိတယ်။ သူ့ရဲ့ စကားလေးကို အတွေးပွားနိုင်ဖို့ တင်ပြရင်း …..
အချစ်ဆိုတာ ကြက်သွန် လှီးတဲ့အခါ ကျတဲ့ မျက်ရည်လိုပဲ။ လှီးနေတုန်းတော့ ကျနေမှာပေါ့ကွာ။ လှီးပြီးသွားတော့လည်း ဘယ်ကျတော့မလဲ။ လှီးပြီးတဲ့အချိန် မျက်ရည်ကျတဲ့ အကြောင်းကို ပြန်စဉ်းစားကြည့်ရင် ရယ်ချင်စရာကြီးကွ။ ထပ်လှီးကြည့် ထပ်ကျဦးမှာပဲ။ လုံးဝ မကျချင်ရင်တော့ မလှီးနဲ့ပေါ့ကွာ။

တစ်နာရီ နှစ်ထောင်

အဖေလုပ်သူဟာ အလုပ်ကနေ အိမ်ပြန်လာပြီဆို အမြဲ နောက်ကျပြီး၊ ပင်ပန်းနွမ်းချိနေတော့ သားတစ်ယောက်ရဲ့ တည်ရှိမှုကိုတောင် ဂရုမစိုက်နိုင်အားတော့ဘူး။ တစ်နေ့ သူ့ရဲ့ ငါးနှစ်အရွယ် ရှိတဲ့ သူ့ရဲ့သားက ဧည့်ခန်းမှာ ထိုင်ပြီး အဖေကိုတွေ့ဖို့ စောင့်နေလေရဲ့။ သူ့အဖေကို မြင်တယ်ဆိုရင်ပဲ
သား ။ ။ ဖေဖေ၊ မေးခွန်းတစ်ခုလောက် မေးလို့ ရမလား။
ဖေ ။ ။ ပြောပါသားရယ်၊ မေးလို့ရတာပေါ့။
သား ။ ။ ဖေဖေ အခုလို အလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင်။
ဖေ ။ ။ ကလေးက ကလေးနေရာ မနေဘူး။ ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။ ဘာလို့ ဒီမေးခွန်း မေးရတာလဲ။
စိတ်တိုတိုနဲ့ပဲ ဆူငေါက်လိုက်တယ်။
သား ။ ။ သား သိချင်လို့ပါ။ ပြောပြပါနော် ဖေဖေ။ တစ်နာရီ ဘယ်လောက်ရလဲ။
ဖေ ။ ။ အလုပ်က ပင်ပန်းရတဲ့အထဲကွာ။ မင်း သိချင်သပါ့ဆို ပြောပြမယ်။ တစ်နာရီ နှစ်ထောင်ရတယ်။
အိုး” လို့ နှုတ်က ရေရွတ်လိုက်ပြီး ကလေးခမျာ ခေါင်းလေး ငိုက်စိုက် ကျသွားတယ်။ ခဏကြာတော့ ခေါင်းလေး မော့လာပြီး သူ့အဖေကို
သားကို ပိုက်ဆံ တစ်ထောင်လောက် ချေးပါလား
အဖေလုပ်သူက မျက်နှာထားတင်းသွားပြီး
ဒီ ပိုက်ဆံတစ်ထောင် ချေးပြီး ဘာမဟုတ်တဲ့ အရုပ်တွေ လျှောက်ဝယ်မလို့ မလား။ သွား … မင်းအိပ်ခန်းကို အခုသွား။ အိပ်တော့။ မင်း ဘာလို့ အဲလောက် အတ္တဆန်ရသလဲ ဆိုတာ သေချာပြန်စဉ်းစားစမ်း။ ငါ့မှာ တစ်နေ့တစ်နေ့ ဒီလို ကလေးကလား အပြုအမူတွေအတွက် အလုပ်လုပ်နေရသလိုပဲ။
ကလေးခမျာ ဘာမှ ပြန်မပြောတော့ဘဲ တိတ်တိတ်ကလေး အခန်း ပြန်သွားတော့တယ်။

အဖေလုပ်သူက ထိုင်ခုံမှာ ထိုင်ပြီး တွေးလေ ဒေါသထွက်လေ ဖြစ်နေတော့တယ်။ ပိုက်ဆံလေးချေးဖို့ ကိစ္စများ ငါ့ကို ကြီးကြီးကျယ်ကျယ် ဘယ်လောက်ရသလဲလေး ဘာလေးနဲ့။ မေးရက်လိုက်တာ လို့ တွေးနေမိတယ်။ တစ်နာရီလောက်ကြာတော့ အဖေဖြစ်တဲ့ သူက တည်ငြိမ်စ ပြုလာပြီး ကလေးရဲ့ မေးခွန်းနဲ့ တောင်းဆိုချက်ကို သေချာ ပြန်စဉ်းစားမိတယ်။ သူ ငွေတစ်ထောင် ချေးတာဟာ တကယ်ပဲ တစ်ခုခု ဝယ်ဖို့ လိုအပ်နေလို့ ဖြစ်နိုင်တယ်။ ဒီကလေး အဲဒီလို အရင်က ချေးလေ့မရှိပါဘူးလို့ တွေးလိုက်မိတော့ ကောင်လေးရဲ့ အခန်းထဲကို ဝင်သွားပြီး ကောင်လေးနဲ့ စကားသွားပြောတယ်။

အိပ်ပြီလား၊ သား
သား မအိပ်သေးပါဘူး ဖေဖေ
ဖေဖေ ပြန်စဉ်းစားနေမိတယ်သား။ အဖေ ဆုံးဖြတ်ချက်ချတာ လောသွားတယ်။ တနေကုန်လုံး ပင်ပန်းထားတော့ သားအပေါ် ဒေါသတွေ စုပုံ ချမိသွားတယ်။ ရော့သား၊ သားလိုချင်တဲ့ ငွေတစ်ထောင်။
ကလေးက မတ်တပ်ထရပ်ပြီး ပြုံးရွှင်စွာနဲ့ပဲ ပြန်ပြောလိုက်တယ်။ “ကျေးဇူးပါ ဖေဖေရယ်
ကလေးက သူ့ ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ ပိုက်ဆံ အနွမ်းလေးတွေကို ထုတ်ရေလိုက်တယ်။ အဖေလုပ်သူက ဒီကောင် သူ့မှာလည်း ပိုက်ဆံ ရှိလျက်နဲ့ ငါ့ဆီက ထပ်တောင်းသေးတယ် ဆိုတဲ့ အတွေးနဲ့ ဒေါသက တစ်ချောင်းချောင်း ထပ်ထွက်နေပြီ။ ကလေးက သူ့ ပိုက်ဆံတွေကို အသေအချာ ရေကြည့်ပြီး သူ့အဖေကို မော့ကြည့်လိုက်တယ်။ အဖေလုပ်သူကလည်း ဒေါသတကြီးနဲ့
မင်းဆီမှာ ပိုက်ဆံတွေ ရှိနေရဲ့သားနဲ့ ဘာလို့ ထပ်တောင်းရတာတုန်း” လို့ အော်ဟောက်လိုက်တယ်။
သားလုပ်သူ မျက်နှာငယ်လေးနဲ့ ပြန်ဖြေလိုက်တာက
အဲဒီတုန်းက မပြည့်သေးလို့ပါ ဖေဖေ။ အခုတော့ ပြည့်သွားပြီ။
ဖေဖေ၊ သားမှာ အခု ငွေနှစ်ထောင် ရှိသွားပြီ။ ဖေဖေဆီက အချိန် တစ်နာရီစာ သားကို ရောင်းပေးပါလားဟင်။ မနက်ဖြန် ညနေ အိမ်ကို စောစော ပြန်ခဲ့လေ။ သားတို့ ညစာ အတူတူစားရအောင်လား။

xxxxx ဝဝဝဝဝဝ xxxxx

ပုံပြင်ကတော့ ဒါလေးပါပဲ။ ကြားဖူးတဲ့သူလည်း ရှိကောင်း ရှိပါလိမ့်မယ်။ ကျနော်တောင် ဖတ်ဖူးတာ အတော်လေး ကြာနေပါပြီ။ ဒါပေမယ့် အထပ်ထပ် အခါခါ ပြန်ဖတ်လည်း မရိုးနိုင်ဘူး ဖြစ်နေတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုလည်း သတိပေးချင်လို့ပါ။ အဲလောက်ကြီး မအားတာ မဟုတ်ပေမယ့်လို့။ ပုံပြင်ရဲ့ အနှစ်သာရက အလုပ် သိပ်ကြိုးစားတယ် သိပ်လုပ်တယ် ဆိုတဲ့ လူတွေကို သတိပေးချင်တဲ့ ဆန္ဒပါ။ သူတို့အနေနဲ့ ပြန်စဉ်းစားကြည့်သင့်တာက ငါတို့ ဘာကြောင့် အလုပ်လုပ်နေသလဲ ဆိုတဲ့ မေးခွန်းပါ။ Rich Dad, Poor Dad စာအုပ်ထဲမှာ Poor Dad က ပိုက်ဆံရဖို့ အလုပ်လုပ်ပါတယ်တဲ့။ Rich Dad ကတော့ အလုပ်လုပ်ရင်း ပိုက်ဆံရှာတယ်တဲ့လေ။ အဓိပ္ပာယ်ကတော့ ဆင်သလိုလိုပဲ။ ဒါပေမယ့် မတူဘူးဗျ။ တစ်ယောက်က ပိုက်ဆံရဖို့ အလုပ်လုပ်တော့ အလုပ်လုပ်ရင်း ပိုက်ဆံရဲ့ ကျေးကျွန် ဖြစ်သွားတယ်။ ပိုက်ဆံရတဲ့ အလုပ် မှန်သမျှ လုပ်မယ်။ သူ့ ပန်းတိုင်က ပိုက်ဆံရဖို့။ ဒီတော့ တခြားဟာတွေကို စတေးဖို့ ဝန်မလေးတော့ဘူး။ ယုတ်စွအဆုံး မိသားစုအတွက် ရှာတယ်ဆိုတာတောင် မိသားစုရဲ့ ပျော်ရွှင်မှုကိုပါ ချစတေးလာတတ်တယ်။ နောက်တစ်ယောက်က အလုပ်လုပ်ရင်း ပိုက်ဆံရှာတယ်။ သူ့ရဲ့ ဦးတည်ချက်က အလုပ်လုပ်ဖို့။ ဒီတော့ အလုပ်ရွေးလာတတ်တယ်။ အလုပ်ရွေးတယ်ဆိုကတည်းက သူ့မှာ အကန့်အသတ်တွေ များလာတယ်။ သဘောက ညပိုင်းမလုပ်ဘူး၊ စာဖတ်ဖို့။ စနေတနင်္ဂနွေ မလုပ်ဘူး၊ အနားယူဖို့ စသဖြင့်ပေါ့။ အဲဒီလို မကန့်သတ်နိုင်ဘူး ဆိုရင် မိသားစုအတွက်လို့ ပါးစပ်က တဖွဖွ ပြောရင်းနဲ့ မိသားစုကို လစ်လျူရှုနေမိတတ်တယ်

ကုမ္ပဏီအတွက်၊ ရာထူးအတွက်၊ ဘဝရှေ့ရေးအတွက်၊ လစာအတွက်၊ မိသားစု တင့်တောင်းတင့်တယ် နေနိုင်ရေးအတွက် ဆိုပြီး အလုပ်လုပ်နေတဲ့သူတွေ အထူးသဖြင့် စပယ်ရှယ် အလုပ်ကြိုးစားနေတဲ့ သူတွေကို တစ်ခု ပြောပြချင်ပါတယ်။ ကျနော်တို့ မနက်ဖြန် သေသွားခဲ့မယ်ဆိုရင် ကျနော်တို့ အလုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီက အချိန်တိုလေးအတွင်းမှာ ကျနော်တို့ နေရာကို နောက်တစ်ယောက် လူစားထိုးပစ်လိုက်မှာပါ။ ဒါပေမယ့် ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေကတော့ လစ်လပ်နေတဲ့ ဒီနေရာကို ဒီအတိုင်းပဲ ထားပြီးတော့ တစ်သက်လုံး ဆုံးရှုံးမှုအတွက် ခံစားသွားကြမှာပါ။ ခင်ဗျားတို့ ပြန်စဉ်းစားကြည့်ကြပါဦး။ ချစ်တဲ့သူတွေကို ပစ်ပယ်ပြီး အလုပ်လုပ်နေတာဟာ တကယ်ကို ထိုက်တန်တဲ့ (သို့) အမြော်အမြင်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ဟုတ်ပါ့မလား။

FAMILY ဆိုတဲ့ စကားလုံးရဲ့ အရှည်ကို သိကြရဲ့လား။
Father And Mother, I Love You

A man came home from work late, tired and irritated, to find his 5-year old son waiting for him at the door.
SON: “Daddy, may I ask you a question?”
DAD: “Yeah sure, what is it?” replied the man.
SON: “Daddy, how much do you make an hour?”
DAD: “That’s none of your business. Why do you ask such a thing?” the man said angrily.
SON: “I just want to know. Please tell me, how much do you make an hour?”
DAD: “If you must know, I make $20 an hour.”
“Oh,” the little boy replied, with his head down. Looking up, he said,
“Daddy, may I please borrow $10?”

The father was furious, “If the only reason you asked that is so you can borrow some money to buy a silly toy or some other nonsense, then you march yourself straight to your room and go to bed. Think about why you are being so selfish. I work hard everyday for such this childish behavior.”
The little boy quietly went to his room and shut the door. The man sat down and started to get even angrier about the little boy’s questions. How dare he ask such questions only to get some money?

After about an hour or so, the man had calmed down, and started to think: Maybe there was something he really needed to buy with that $10 and he really didn’t ask for money very often.

The man went to the door of the little boy’s room and opened the door.
“Are you asleep, son?” He asked. “No daddy, I’m awake,” replied the boy.
“I’ve been thinking, maybe I was too hard on you earlier,” said the man. “It’s been a long day and I took out my aggravation on you. Here’s the $10 you asked for.”
The little boy sat straight up, smiling. “Oh, thank you daddy!” He yelled.
Then, reaching under his pillow he pulled out some crumpled up bills.
The man, seeing that the boy already had money, started to get angry again.
The little boy slowly counted out his money, and then looked up at his father.
“Why do you want more money if you already have some?” the father grumbled.
“Because I didn’t have enough, but now I do,” the little boy replied.
“Daddy, I have $20 now. Can I buy an hour of your time? Please come home early tomorrow. I would like to have dinner with you.”

Share this story with someone you like…. But even better, share $20 worth of time with someone you love. It’s just a short reminder to all of you working so hard in life. We should not let time slip through our fingers without having spent some time with those who really matter to us, those close to our hearts.

If we die tomorrow, the company that we are working for could easily replace us in a matter of days.
But the family & friends we leave behind will feel the loss for the rest of their lives. And come to think of it, we pour ourselves more into work than to our family. An unwise investment indeed!

ဘုရားသခင်သို့ ပေးစာ

စာတိုက်မှာ အလုပ်လုပ်ပြီး အင်မတန်မှ သနားတတ်၊ ကြင်နာတတ်တဲ့ လူတစ်ယောက်ရှိတယ်။ သူ့အလုပ်က တစ်နေ့တစ်နေ့ ပို့ထားတဲ့ စာတွေရဲ့ လိပ်စာကို သေချာစစ်ဆေးပြီး လိပ်စာ အမှားတွေ၊ မပြည့်စုံတာတွေကို မူလ စာရှင်ဆီ ပြန်ပို့ပေးရတယ်။ တစ်နေ့ သူ စစ်ဆေးနေတုန်း တုန်ချိနေတဲ့ လက်ရေးနဲ့ လိပ်စာ ရေးထားတဲ့ စာတစ်စောင် သွားတွေ့တယ်။ လိပ်မူထားတာက ဘုရားသခင်ဆီသို့ တဲ့။ ဒီစာကို သူ ဖောက်ဖတ်ကြည့်မှ ဖြစ်မယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။ သူ ဖောက်ဖတ်လိုက်တော့ အထဲမှာ ရေးထားတာက

လေးစားကြည်ညို အားကိုးရပါသော ဘုရားသခင်ရှင့်
ကျမဟာ အခုဆိုရင် အသက် (၈၃) နှစ် ရှိတဲ့ မုဆိုးမကြီး တစ်ယောက်ပါ။ အင်မတန် နည်းလှတဲ့ ပင်စင်လစာနဲ့ တစ်လတစ်လ အသက်ဆက်နေရပါတယ်။ မနေ့က ကျမရဲ့ ပိုက်ဆံအိတ် ခါးပိုက် နှိုက်ခံလိုက်ရပါတယ်။ အထဲမှာ ထည့်ထားတဲ့ ဒေါ်လာတစ်ရာဟာ ကျမမှာ ရှိတဲ့ ဥစ္စာ အကုန်ပါပဲ။ နောက်တစ်လ ပင်စင်လစာ မထုတ်မချင်း ကျမမှာ သုံးစရာ ပိုက်ဆံ မရှိတော့ပါဘူး။
လာမယ့် တနင်္ဂနွေနေ့ဟာ အမေများနေ့ပါ။ ကျမရဲ့ လက်ကျန် သူငယ်ချင်း နှစ်ယောက်ကို အဲဒီနေ့မှာ ညစာ ထမင်းလာစားဖို့ ဖိတ်ထားပြီးပါပြီ။ ဒီပိုက်ဆံမှ မရှိလေတော့ ကျမမှာ ဘာစားစရာမှ ဝယ်လို့ မရတော့ပါဘူး။ တခြား အားကိုးစရာ ဘာ အဆွေအမျိုးမှလည်း မရှိလေတော့ ဘုရားသခင်ကိုပဲ အားကိုးရတော့မှာပါ။ ကျမကို ကူညီပါဦး။

ဒီစာကို ဖတ်ပြီး အတော်လေး သနားသွားတယ်။ ဒါနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စာလိုက်ပြပြီး တတ်နိုင်သမျှ ပိုက်ဆံလိုက်စုတော့တယ်။ အားလုံးကလည်း သနားကြလေတော့ အိတ်ကပ်ထဲမှာ ပါတဲ့ ပိုက်ဆံအကြွေတွေကို ထုတ်ပေးရှာတယ်။ ဒီလိုနဲ့ စုလိုက်တာ အားလုံးပေါင်း ၉၆ ဒေါ်လာ ရတယ်။ အားလုံးရဲ့ စေတနာပေါ့။ ဒါနဲ့ အဲ့ဒီ ပိုက်ဆံကို စာအိတ်လေးနဲ့ ပြန်ပိတ်ပြီး စောနက စာပိုင်ရှင် အဖွားအိုဆီ ပြန်ပို့ပေးလိုက်တယ်။

စာတိုက်က ဝန်ထမ်းတွေက သူတို့ လုပ်လိုက်တဲ့ ကောင်းမှုအတွက် ဝမ်းသာ ကြည်နူးလို့ မဆုံးဘူး။ အမေနေ့လည်း နီးနေတော့ ကိုယ့်အမေအရွယ် အဘွားအိုတစ်ယောက်ကို ဒါနပြုလိုက်ရတာ အတော်လေးလည်း ကျေနပ်နေကြတယ်။ ဒီလိုနဲ့ အမေနေ့လည်း ကျော်ပြီး ရက်အနည်းငယ်ကြာတော့ အဖွားအိုရဲ့ ဘုရားသခင်ဆီ ပြန်စာ ရောက်လာတယ်။ သူက ဘုရားသခင်က ပို့တယ်ပဲ ထင်တာကိုး။ အဖွားအိုရဲ့ ကျေးဇူးတင်စကားကို ပီတိအပြည့်နဲ့ ခံစားမယ်ဆိုတဲ့ အတွေးနဲ့ အားလုံး ဝိုင်းအုံလာပြီး ရောက်လာကြတယ်။ စာထဲမှာ ရေးထားတာက …

လေးစားရပါသော ဘုရားသခင်
အရှင်ဘုရားရဲ့ အခုလို ရက်ရောမှုကို ကျမအနေနဲ့ ဘယ်လို ကျေးဇူးတင်ရမှန်းကို မသိတော့ပါဘူး။ အရှင်ဘုရားရဲ့ ပေးကမ်းစွန့်ကြဲမှုကြောင့် ကျမ လက်လွှတ်လိုက်ရပြီ ထင်ထားတဲ့ ပျော်မွေ့ဖွယ် ညစာစားပွဲလေးက ပြန်ပြီး အသက်ဝင်လာပါတယ်။ ကျမအနေနဲ့ ဘဝမှာ အင်မတန် ပျော်စရာ ကောင်းတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ခဲ့ရပြီး ဘုရားသခင်ရဲ့ သဘောထား ကြီးမားတဲ့ လက်ဆောင်အကြောင်းလည်း သူငယ်ချင်းတွေကို ပြောပြလိုက်တယ်။ အော် ဒါနဲ့ စကားမစပ်၊ စာတိုက်မှာ သူခိုးတွေ ရှိနေတာတော့ သေချာနေပြီ။ ဘုရားသခင် ပေးတဲ့အထဲက လေးဒေါ်လာ ရော့နေလို့။

xxxx oooo xxxx
ဟာသ ပုံပြင်လေး ဆိုပေမယ့် စေတနာမှန်ရင် အကျိုးပေးပါတယ် ဆိုတဲ့ လောကဓမ္မတာကို နည်းနည်း ပြောင်ထားသလိုပဲ။ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပါဘူး။ အဖွားအိုနေရာမှာ ကျနော် ရှိနေရင်လည်း ဘာလို့ လေးဒေါ်လာ ရော့နေသလဲ ဆိုပြီး သံသယ ဝင်မိမှာတော့ အမှန်ပဲလေ။ တစ်ဘက်ကလည်း စာတိုက်က လူတွေအနေနဲ့ ပေးလည်း ပေးရသေးတယ်၊ ငါတို့ကို စော်ကားလိုက်သေးလို့ တွေးမိမှာပဲ။ ဒါလည်း သဘာဝကျတယ်။ ဒါက လောကဓမ္မတာဆိုတဲ့ သဘာဝကို ဖီဆန်သွားတာ မဟုတ်ပါဘူး။ အမြီးအမောက် မတည့်တတ်တဲ့ သဘာဝကြီးမှာ အစီအစဉ် မကျတဲ့ စေတနာတွေ အလစ်သုတ်ခံလိုက်ရတာ ဖြစ်မယ်

A man worked in a post office. His job was to process all mail that had illegible addresses. One day a letter came to his desk, addressed in shaky handwriting to God. He thought, “I better open this one and see what it’s all about.” So he opened it and it read: “Dear God, I am a 83 year old widow living on a very small pension. Yesterday someone stole my purse. It had a hundred dollars in it which was all the money I had until my next pension check.”

“Next Sunday is Mother’s Day, and I had invited my last two friends over for dinner. Without that money, I have nothing to buy food with.” “I have no family to turn to, and you are my only hope. Can you please help me?” The postal worker was touched, and went around showing the letter to all the others. Each of them dug into his wallet and came up with a few dollars. By the time he made the rounds, he had collected 96 dollars, which they put into an envelope and sent over to her.

The rest of the day, all the workers felt a warm glow thinking of the nice thing they had done. Mother’s Day came and went, and a few days later came another letter from the old lady to God. All the workers gathered around while the letter was opened. It read, “Dear God, How can I ever thank you enough for what you did for me?” “Because of your generosity, I was able to fix a lovely dinner for my friends. We had a very nice day, and I told my friends of your wonderful gift. ” “By the way, there was 4 dollars missing. It was no doubt those thieving bastards at the post office!!!!!!

ဘဝမှာ ရပ်ကြည့်မိသော အခါ

အသက်ကငယ်ငယ်နဲ့ စီးပွားရှာကောင်းတဲ့ မောင်ဇော်တစ်ယောက် ညပိုင်းတွေ အားပြီဆိုရင် ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ် စိတ်ပြေလက်ပျောက် အလည်ထွက်တတ်တယ်။ သူဝယ်ထားတဲ့ အသစ်စက်စက် ကားနဲ့ ရန်ကုန်လမ်းတွေပေါ် အတင်းကို ဒရဇက် မောင်းလေ့ရှိတယ်။ ဝယ်ထားတာ နှစ်လပဲ ရှိသေးတော့ ထုံးစံအတိုင်း တသသပေါ့။ တစ်နေရာအရောက် လမ်းဘေးမှာ ကစားနေကြတဲ့ ကလေးတွေအပေါ် အာရုံအပြည့် ရောက်နေတဲ့အချိန် ရုတ်တရက် မျက်စိထဲမှာ အရိပ်တစ်ခု ဖြတ်သွားတာ မြင်လိုက်လို့ ကားကို အရှိန်လျှော့ပစ်လိုက်တယ်။ သူ့ကားကို ဖြည်းဖြည်းလေး သတိနဲ့ မောင်းနေတယ်။ ဒါပေမယ့် ကလေးရဲ့ အရိပ်အခြေ မတွေ့ဘူး။ အဲဒီအခိုက်အတန့်မှာပဲ အုတ်နီခဲတစ်ခဲ ပျံကျလာတယ်။ ဒုန်းးးးးးးးးးး

ဘရိတ်ကို အတင်း ဖမ်းအုပ်ပစ်လိုက်တယ်။ ထိသွားတာက သူ့ကားရဲ့ ညာဘက် တံခါး။ ကားကို နောက်ပြန်မောင်းပြီး ခုန အုတ်ခဲ မှန်တဲ့ နေရာကို ဆုတ်သွားလိုက်တယ်။ မောင်ဇော် ကားထဲကနေ ခုန်ထွက်ပြီး အုတ်နီခဲနဲ့ ထုတဲ့ ကောင်လေးရဲ့ ပုခုံးကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး ပလောင်းဖောင်းဘက်ကို တွန်းပစ်လိုက်တယ်။ သူ တအား ဒေါသထွက်နေလေတော့ ကောင်လေးကို အော်ဟစ်ပြီး
မင်း ဒါ ဘာလုပ်တာလဲ။ မင်း ဘယ်သူလဲ။ မင်း ဘာတွေ လုပ်နေတယ် ဆိုတာကော မင်းကိုမင်း သိရဲ့လား။ ငါ့ကားအသစ်ကွ။ မင်းပစ်လိုက်တဲ့ ခဲလုံးတစ်လုံးက လျှော်ကြေး ဘယ်လောက်ကြီးကြီးမားမား ဖြစ်သွားနိုင်တယ် ဆိုတာကော မင်း စဉ်းစားမိရဲ့လား။ နေစမ်းပါဦး။ မင်းက ငါ့ကို ဘာလို့ ခဲနဲ့ ထုတာလဲ။ ပြောစမ်း။

က က ….. ကန်တော့ပါတယ်ခင်ဗျာ။ ကျနော် တောင်းပန်ပါတယ်။ ရှိကြီး ခိုးပါတယ်ဗျာ။ ကျနော် တခြား ဘာလုပ်ရမလဲ စဉ်းစားလို့ မထွက်လို့ပါ။
လို့ လက်အုပ်ချီပြီး တောင်းပန်ရှာတယ်။
ကျနော် ဒီလို အုတ်ခဲနဲ့မှ မပစ်ရင် ဘယ်လိုလူမှ ရပ်မှာ မဟုတ်ဘူးလေ။

မျက်ရည်တွေ ချင်းချင်းစီးပြီး မျက်နှာပြင်တစ်ခုလုံး စိုရွှဲနေတဲ့ ကောင်လေးက လမ်းဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးနားကို လက်ညိုးထိုးပြနေတယ်။
အဲဒါ ကျနော့် အကိုပါ ဦးဦး။ သူ ပလပ်ဖောင်းပေါ်ကနေ လှိမ့်ကျပြီး Wheelchair လည်း လဲသွားတယ်။ ကျနော် သူ့ကို မထူနိုင်ဘူးခင်ဗျ။ ကျေးဇူးပြုပြီး အကို့ကို ထူပေးလို့ ရမလား။ သူ ခိုက်မိသွားတယ်။ သူ့ကိုယ်က တအားလေးတော့ ကျနော် မနိုင်ဘူး ဖြစ်နေတယ်။

စကားလုံးတွေရဲ့ အဆုံးမှာ မောင်ဇော် ဆွံ့အသွားတယ်။ ဂလု၊ ဂလုနဲ့ တံတွေးတွေကိုသာ မျိုချပြီး ဘာပြောလို ပြောရမှန်း မသိ ဖြစ်နေတယ်။ စိတ်တိုမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ခေါင်းကို ကားနဲ့ ပြေးဆောင့်ရတော့ မလိုလို။

လမ်းမပေါ် လဲနေတဲ့ ကောင်လေးကို ထူပြီး Wheelchair ပေါ် တင်ပေးလိုက်တယ်။ သူ့ရဲ့ လက်ကိုင်ပုဝါကို ထုတ်ပြီး ပွန်းပဲ့သွားတဲ့ ဒူးက ဒဏ်ရာတွေကို သုပ်သက် ရှင်းလင်းပေးပြီး စိတ်ချရတဲ့ အနေအထားထိ ဖြစ်အောင် စစ်ဆေးပေးတယ်။ နောက်တော့ Wheelchair ကို သူကိုယ်တိုင် တွန်းပေးပြီး အိမ်တိုင်ရာရောက် ပို့ပေးလိုက်တယ်။ သူ့ရဲ့ ကားဆီကို ပြန်လျှောက်လာရတာလည်း အတော်လေး ဝေးလံတဲ့ ခရီးပါပဲ။ ခပ်ဖြည်းဖြည်းနဲ့ အေးဆေးပေါ့။ အတွေးတွေနဲ့ အပြန်လမ်းက အေးခဲနေတယ်။

မောင်ဇော် သူ့ကားရဲ့ ဘေးတံခါးကို ဘယ်တော့မှ ပြန်မပြင်တော့ဘူး။ ပိန့်ရာအတိုင်း ထားထားတော့တယ်။ သူ့ကိုယ်သူ သတိပေးချင်လို့တဲ့။
ကိုယ့်ရဲ့ အလေးထားမှုကို ရဖို့အတွက် တခြားလူတစ်ယောက်က အုတ်နီခဲနဲ့ ပစ်ရလောက်အောင် ဘဝကို ခပ်သွက်သွက် မဖြတ်သန်းမိစေဖို့ပါ။

အင်မတန်ကောင်းတဲ့ အတွေးလေးတစ်ခုပါနော်။

ဘဝရဲ့ အချိန်တိုင်းမှာ ရုပ်ဝတ္ထု ပစ္စည်းတွေအပေါ် ကျနော်တို့ အာရုံ တအား စိုက်နေကြတယ်။ ကျနော်တို့တွေ ကိုယ့်ကိုယ်ကို (သို့) ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကိုပဲ ဗဟိုပြု အလေးထားပြီး ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူ၊ အကူအညီ လိုအပ်နေတဲ့သူတွေကို ဂရုစိုက်ဖို့ မေ့လျော့နေကြတယ်။

အပြည့်အဝ နားမလည်တဲ့ အခြေအနေ၊ ဒါမှမဟုတ် တခြားသူရဲ့ အခြေအနေကို နားလည်ဖို့ အပြည့်အဝ အချိန်မပေးနိုင်တဲ့ အချိန်တွေမှာ စိတ်ပျက်ဖွယ်ရာ၊ ဝမ်းနည်းဖွယ် အမူအရာတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ကျနော်တို့ တုံပြန်လိုက်မိတယ်။ ဒါမှမဟုတ် သူတို့ ဘာကြောင့် ဒီလို လုပ်တာပါ ဆိုတဲ့ အကြောင်းပြချက်တွေ ဖော်ထုတ်ဖို့ပဲ အချိန်တွေ ဖြုန်းပစ်လိုက်ကြတယ်။

ဘဝမှာ သင့်ကို အုတ်နီခဲ မမှန်စေနဲ့နော်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက် သတိရှိပါစေ။


Translated from “Stopped By A Brick – Unknown Author”

About ten years ago, a young and very successful executive named Josh was traveling down a Chicago neighborhood street. He was going a bit too fast in his sleek, black, 12-cylinder Jaguar XKE, which was only two months old. He was watching for kids darting out from between parked cars and slowed down when he thought he saw something. As his car passed, no child darted out, but a brick sailed out and — WHUMP! — it smashed into the Jag’s shiny black side door! SCREECH…!!!! Brakes slammed! Gears ground into reverse, and tires madly spun the Jaguar back to the spot from where the brick had been thrown.

Josh jumped out of the car, grabbed the kid and pushed him up against a parked car. He shouted at the kid, “What was that all about and who are you? Just what the heck are you doing?!” Building up a head of steam, he went on. “That’s my new Jag, that brick you threw is gonna cost you a lot of money. Why did you throw it?”

“Please, mister, please…I’m sorry! I didn’t know what else to do!” pleaded the youngster. “I threw the brick because no one else would stop!”

Tears were dripping down the boy’s chin as he pointed around the parked car. “It’s my brother, Mister,” he said. “He rolled off the curb and fell out of his wheelchair and I can’t lift him up.” Sobbing, the boy asked the executive, “Would you please help me get him back into his wheelchair? He’s hurt and he’s too heavy for me.”

Moved beyond words, the young executive tried desperately to swallow the rapidly swelling lump in his throat.

Straining, he lifted the young man back into the wheelchair and took out his handkerchief and wiped the scrapes and cuts, checking to see that everything was going to be OK. He then watched the younger brother push him down the sidewalk toward their home. It was a long walk back to the sleek, black, shining, 12-cylinder Jaguar XKE – a long and slow walk.

Josh never did fix the side door of his Jaguar. He kept the dent to remind him not to go through life so fast that someone has to throw a brick at him to get his attention.

—- What a great story!

At times in our lives, we tend to become so wrapped up in other things. We become focused on ourselves or our job we do not realize there are others around us that need our help.

We can react in a negative way to a situation without fully realizing or taking the time to look at the other persons situation. Or to take the time to find out the reason the other person has taken the action that they did.

Don’t let the bricks in life hit you,
be sensitive to those around you.
Catherine Pulsifer

ပြည့်ဝနိုင်သော အချစ်

သူတို့ မင်္ဂလာဆောင်ခဲ့တာ အခုဆို နှစ်နှစ်ကျော်ပါပြီ။ ကောင်လေးက စာပေပိုင်းမှာ အားသန်တော့ နက်ပေါ်မှာ စာတွေ ရေးပြီး တင်လေ့ရှိတယ်။ ဒါပေမယ့် သူ့စာကို ဖတ်ဖူးတဲ့လူက ခပ်ရှားရှားရယ်။ ဓါတ်ပုံရိုက်တဲ့ အလုပ်နဲ့လည်း အသက်မွေး ၀မ်းကျောင်းတယ်။ မင်္ဂလာပွဲတွေ လိုက်ရိုက်တာပဲ များတယ်။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ်။ ကောင်မလေးလည်း အပြန်အလှန်ပေါ့။ ကောင်မလေးက စိတ်မြန် လက်မြန်နဲ့ ဒေါသလည်း အထွက်မြန်တယ်။ ဒေါကြီးမောကြီးနဲ့ ကောင်လေးကို အမြဲ ဆက်ဆံတတ်ပေမယ့် ကောင်လေးကတော့ အမြဲလိုလို ခွင့်လွှတ်ပေးနိုင်ခဲ့တယ်။

ဒီနေ့လည်း ကောင်မလေး ကမူးရှူးတိုး လုပ်ပြန်ပြီ။

မ – မင်း ဘာလို့ ငါ့သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ ဓါတ်ပုံ မရိုက်ပေးနိုင်ရတာလဲ။ သူ ပိုက်ဆံပေးမယ်လို့ ငါ့ကို ကတိပေးထားတယ်။
က – ငါ အဲဒီနေ့ အချိန် မရှိဘူး။
မ – အန်
က – ဘာဖြစ်
မ – အချိန်မရဘူး ?? ဒီ ဝတ္ထုတွေ လျှော့ရေးပါလား။ ဒါဆို လိုအပ်သလောက် အချိန်တွေ ရပြီပဲ။
က – ငါ …. တချိန်ချိန်မှာ တစ်ယောက်ယောက်ကတော့ ငါရဲ့ အရေးအသားတွေကို အသိအမှတ် ပြုလာမှာပါ။
မ – ဟန်။ ငါ အဲဒါ ဂရုမစိုက်ဘူး။ အဲဒီပွဲကို မင်း ဓါတ်ပုံ သွားရိုက်ကို ရိုက်ပေးရမယ်။
က – ဟင့်အင်း
မ – တစ်ခါတည်းတောင် မရဘူးပေါ့။
က – ဟင့်အင်း

ဒီထက် ဘာမှ ဆက်ညှိနှိုင်းစရာ မရှိတော့ဘူး။ ဒါနဲ့ ကောင်မလေးက နောက်ဆုံး အနေနဲ့ သတိပေးလိုက်တယ်။ “သုံးရက်အတွင်း အင်း ဆိုတဲ့ အဖြေပဲ ကြားချင်တယ်။ အဲလို မဟုတ်ရင်တော့လား ……”

ပထမနေ့ … ကောင်မလေးက မီးဖိုချောင်၊ ကွန်ပြူတာ၊ ရေချိုခန်း၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊ DVD ဖွင့်စက် စတဲ့ ပစ္စည်းတွေ အားလုံးကို လုံးဝ ပေးမထိတော့ဘူး။ နှစ်ယောက်အိပ် ကုတင်ကလွဲလို့လေ။ သူ့ရဲ့ စာနာစိတ်ကို ပြချင်လို့ပဲ ထင်စရာရှိတယ်နော်။ ဘယ်ကလာ။ ဒီကုတင်မှာ သူလည်း အိပ်ရဦးမှာကိုး။

ဒါပေမယ့် ကောင်လေးက မှုတဲ့ပုံ မပေါ်ဘူး။ အိတ်ကပ်ထဲမှာ ပိုက်ဆံ ကျန်နေသေးတာပဲ အေးဆေးပေါ့။

ဒုတိယနေ့ … ကောင်မလေးက ဖြတ်လေးဖြတ်အပြင် အိတ်ကပ်ထဲမှာ ရှိသမျှ အကုန် သိမ်းပစ်လိုက်ပြီး သတိပေးလိုက်တယ်။ ကိုယ့်ဖာသာ သူများ အကူအညီ တောင်းပေတော့။ မင်းကုသိုလ်နဲ့ မင်းပဲ။

ကောင်လေး အခုတော့ တိုင်ပတ်ပြီ။ ညရောက်တော့ သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ရှာတော့တယ်။ ဒီကိစ္စ ရပ်တန်းက ရပ်ဖို့ပေါ့။ ကောင်မလေးကတော့ ခွင့်လွှတ်ဖို့ အစီအစဉ် မရှိ။ သူ ဘာပြောပြော ဟင့်အင်းပဲ။ သဘောမတူမချင်းပေါ့။

တတိယနေ့ ည … ကုတင်ပေါ်မှာ ကောင်လေးက လှဲနေပြီး တစ်ဘက်ကို ငေးကြည့်နေတယ်။ ကောင်မလေးလည်း ကုတင်ပေါ်လှဲပြီး တခြားတစ်ဘက်ကို ငေးမောနေတယ်။

က – ငါတို့ ပြောဖို့ လိုလာပြီ။
မ – မင်္ဂလာဆောင် ကိစ္စ မဟုတ်ရင် မပြောနဲ့။
က – အတော်လေး အရေးကြီးတဲ့ ကိစ္စ မို့ပါ။

ကောင်မလေး ငြိမ်နေတယ်။

က – ငါတို့ လမ်းခွဲရအောင်။
ကောင်မလေး သူ့ရဲ့ နားတွေကို မယုံနိုင်အောင် ဖြစ်သွားတယ်။
က – ငါ မိန်းကလေး တစ်ယောက်ကို သိကျွမ်းခဲ့တယ်။

ကောင်မလေး တော်တော်ကို တင်းသွားတယ်။ သူ့ကို ရိုက်ပစ်လိုက်ချင်ပေမယ့် မြှောက်လိုက်တဲ့ လက်တွေက အတော်လေး လေးလံနေတော့ ကောင်လေးဆီ မရောက်ဘဲ သူ့ဘေးနားတင် ပြန်ကျသွားတယ်။ သူ့ကို ဘာမှ ဆက်မပြောစေချင်တော့ဘူး။ သူမရဲ့ မျက်လုံးတွေကလည်း စိုစွတ်နေပြီ။ ကောင်လေးဟာ ဓါတ်ပုံတစ်ပုံကို သူ့ ဗိုက်နားကနေ ဆွဲထုတ်လိုက်တယ်။ အတွင်းခံ အိတ်ထဲမှာ ထည့်ထားပုံပဲ။ အေးလေ။ ကောင်မလေး မနေ့က ဒီလောက် မွှေနေတာ သူ မနှိုက်ကြည့်မိတာ ဆိုလို့ အဲဒီ အိတ်ကပ်ပဲ ရှိမှာပေါ့။ ပေါ့ဆလိုက်တာ …

က – တကယ်တော်တဲ့ မိန်းကလေးပါ။
ကောင်မလေး မျက်ရည်တွေ ဖြိုင်ဖြိုင် ကျလာပြီ။

က – စိတ်ရင်းလေးလည်း ကောင်းရှာတယ်။
ကောင်မလေးရဲ့ အသည်း အစိပ်စိပ် အမွှာမွှာ ကွဲပြီ။ ကောင်လေးရဲ့ နှလုံးသားနဲ့ အနီးဆုံးမှာ တခြား မိန်းကလေးတစ်ယောက် ရောက်နေပြီလေ။
က – သူက ပြောတယ်။ ငါတို့ လက်ထပ်ပြီး ကြရင် ငါ့ရဲ့ စာပေပိုင်း လိုက်စားမှုတွေကို အပြည့်အ၀ အားပေး ထောက်ပံ့မယ်တဲ့။

ကောင်မလေး တော်တော် သ၀န်တိုသွားတယ်။ သူလည်း ဟိုးအတိတ်ရဲ့ တချိန်က ဒီလိုပဲ ပြောခဲ့တာလေ။
က – သူ ငါ့ကို တကယ် နှစ်နှစ်ကာကာ ချစ်တာပါ။
“ငါကတော့ မဟုတ်လို့လား … ” လို့ ကောင်မလေး ထအော် ပစ်ချင်စိတ်တွေ တဖွားဖွား ပေါ်နေတယ်။
က – ဒါကြောင့် ငါ မလုပ်ချင်တဲ့ အလုပ်တွေကို အတင်းအကျပ် တွန်းအားပေးပြီး သူ မလုပ်ခိုင်းလောက်ဘူး။

ကောင်မလေး စဉ်းစားရပြီ။ ဒါပေမယ့် ဒေါသတွေကတော့ မငြိမ်မသက်နဲ့။
က – ငါ ရိုက်ပေးထားတဲ့ သူ့ရဲ့ ဓါတ်ပုံလေးကို မင်း ကြည့်ကြည့်မလား။
မ – ….. !

ဓါတ်ပုံကို ကောင်မလေးရဲ့ မျက်စိနား ရွှေ့ပေးလိုက်တယ်။ ဝေဝါးနေတဲ့ မျက်စိ၊ တောက်လောင်နေတဲ့ ဒေါသ အဟုန်နဲ့ ကောင်လေးရဲ့ လက်ကို ပုတ်ချ ပစ်လိုက်တယ်။ နောက်ပြီး “ဖြန်း” ဆိုတဲ့ အသံနဲ့အတူ နီးမြန်းသွားတဲ့ ပါးတစ်ဖက်။

ကောင်လေး သက်ပြင်း ချလိုက်တယ်။ ကောင်မလေး ငိုနေတယ်။
သူ ဓါတ်ပုံကို သူ့ အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။

ကောင်လေး မီးကို ပိတ်ပြီး အိပ်ပစ်လိုက်တယ်။ ကောင်မလေး မီးကို ဖွင့်ပြီး ထ ထိုင်လိုက်တယ်။ ကောင်လေး အိပ်ပျော်သွားပြီ။ ကောင်မလေးတော့ အိပ်ချင်စိတ်ကို လုံးလုံး မရှိတော့ဘူး။ သူရဲ့ မာကျောခဲ့တဲ့ ဆက်ဆံမှုတွေကို ပြန်လည် မြင်ယောင်နေမိတယ်။

သူ ထပ်ငိုပြန်တယ်။ အကြောင်းအရာ အတော်များများကို စဉ်းစားပြီးနောက် ကောင်လေးကို နှိုးလိုက်ချင်တယ်။ သူတို့နှစ်ယောက် နွေးနွေးထွေးထွေး စကားပြောကြရအောင်ပါ။ နောက်နောင် ဖိအားမပေးတော့ဘူးပေါ့။ ကောင်လေးရဲ့ ဗိုက်ကို လှမ်းကြည့်မိတယ်။ ဟိုမိန်းကလေး ဘယ်လိုပုံပါလိမ့် ဆိုတာလည်း သိချင်လာတယ်။

ဓါတ်ပုံကို ဆွဲထုတ်လိုက်တယ်။ ကောင်မလေး တအားကို ငိုချင်သွားတယ်။ နောက်ပြီး ရယ်လည်း ရယ်နေတယ်။ နှပ်ချေးရွှဲရွှဲ ပြုံးဖြဲဖြဲ နဲ့ ဆိုတာ ဒါမျိုးထင်တယ်။

ဓါတ်ပုံ ရိုက်ထားတာ အတော်လေး ကောင်းတယ်။ ကောင်မလေးကို ရိုက်ပေးထားတဲ့ ဓါတ်ပုံလေ။ သူ ဒူးကို ကွေးချလိုက်ပြီး ကောင်လေးရဲ့ ဗိုက်ကို အနမ်းလေးနဲ့ တန်ဆာဆင်လိုက်တယ်။

သူက တလျှောက်လုံး အိပ်ချင်ယောင် ဆောင်နေတာလေ။ သူ ပြုံးနိုင်ရှာပြီပေါ့။

ဘယ်လိုချစ်မလဲ သင်ယူမှာလား။
ပြီးပြည့်စုံတဲ့လူကို မရှာပါနဲ့။
မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ မြင်တတ်ဖို့ပဲ သင်ယူပါ။

Translated from Loving an Imperfect Person

They have been married for two years. He loves literature and often posts his work on the net, but nobody ever reads them. He is also into photography and he handles their wedding photos. He loves her very much. Likewise with her. She has a quick temper and always bullies him. He is a gentleman and always gives in to her.

Today, she’s being willful again.

Her: “Why can’t you be the photographer for my friend’s wedding? She promised she’d pay.”
Him: “I don’t have time that day.”
Her: “Humph!”
Him: “Huh?”
Her: “Don’t have time? Write less of those novels, and you will have all the time you need.”
Him: “I… someone will definitely recognize my work some day.”
Her: “Humph! I don’t care, you’ll have to do it for her!”
Him: “No.”
Her: “Just this once?”
Him: “No.”

Negotiation’s broken. So, she gave the final warning: “Give me a Yes within three days, or else…”

First day, she “withheld” the kitchen, bathroom, computer, refrigerator, television, hi-fi… Except the double bed, to show her “benevolence”.

Of course, she has to sleep on it too. He didn’t mind, as he still has some cash in his pockets.

Second day, she conducted a raid and removed everything from his pockets and warned, “Seek any external help, and you bear the consequences.”

He’s nervous now. That night, on the bed, he begs for mercy, hoping that she’ll end this state. She doesn’t give a damn. No way am I giving in, whatever he says. Until he agrees.

Third day, night. On the bed. He’s lying on the bed, looking to one side. She’s lying on the bed, looking to the other side.

Him: “We need to talk.”
Her: “Unless it’s about the wedding, forget it.”
Him: “It’s something very important.”

She remains silent.

Him:”Let’s get a divorce.”
She did not believe her ears.
Him: “I got to know a girl.”

She’s totally angry, and wanted to hit him. But she held it down, wanting to let him finish. But her eyes already felt wet. He took a photo out from his chest. Probably from his undershirt pocket, that’s the only place she didn’t go through yesterday. How careless.

Him: “She’s a nice girl.”
Her tears fell.

Him: “She has a good personality too.”
She’s heartbroken because he puts a photo of some other girl close to his heart.
Him: “She says that she’ll support me fully in my pursue for literature after we got married.”

She’s very jealous because she said the same thing in the past.
Him: “She loves me truly.”
She wishes to sit up and scream at him “Don’t I?”
Him: “So, I think she won’t force me to do something that I don’t want to do.”

She’s thinking, but the rage won’t subside.
Him: “Want to take a look at the photo I took for her?”
Her: “…!”

He brings the photo before her eyes. She’s in a total rage, hits his hand away and leaves a burning slap on his face.

He sighs. She cries.
He puts the photo back to his pocket. She pulls her hand back under the blanket.

He turns off the light, and sleeps. She turns on the light, and sits up. He’s asleep. She lost sleep. She regrets treating him the way she treated him.

She cried again, and thought about a lot of things. She wants to wake him up. She wants to have a intimate talk with him. She doesn’t want to push him anymore. She stares at his chest. She wants to see how the girl looks.

She slips the photo out. She wanted to cry and she wanted to laugh.

It’s a nicely taken photo. A photo he took for her. She bends down, and kissed him on his cheek.

He smiled. He was just pretending to be asleep.

You learn to love, not by finding a perfect person, but by learning to see an imperfect person perfectly.