လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
ခွက် ခွက် ခွက်ဋီကာ
03 April 2016
ငယ်ငယ်က သမိန်ပေါသွပ်တို့လို ကာတွန်းတွေ ဖတ်ရင် ခွက် ခွက် စာလုံးကို မြင်တာနဲ့ တစ်ဦးက တစ်ဦးကို ထိုးနေပြီလို့ လူတိုင်း သိကြတယ်။ ခွက် ဆိုတဲ့ မြည်သံက မျက်နှာကို လက်သီးလို့ ထိုးလိုက်ရင် မျက်နှာပြင်နဲ့ လက်သီးနဲ့ ထိလို့ မြည်တဲ့အသံကို ကိုးစားပြုခဲ့တယ်။ တုတ်နဲ့ ရိုက်ရင်လည်း ဒီအတိုင်းပေါ့။ ခွက် ဆိုတာနဲ့ တုတ်နဲ့ ဆော်ပလော်တီးခံလိုက်ရပြီလို့ နားလည်သွားကြတယ်။ ခွက် ဆိုတာ တခြားဘာအဓိပ္ပါယ်မှ မရောရှက်တဲ့ မြည်သံပေါ့။ နောက်ထပ် တစ်ခု။ ခွက် ဆိုတဲ့ စကားလုံးကို လူတွေ ရင်းရင်းနှီးနှီး ရှိခဲ့ကြတယ်။ အရည်တစ်မျိုးမျိုး၊ အဖတ်တစ်မျိုးမျိုးကို ထည့်စရာ။ အိုးခွက်ပန်းကန်၊ ပန်းကန်ခွက်ယောက်၊ ရေခွက် စသဖြင့်ပေါ့။ လွယ်လွယ်ပြောရရင်တော့ ထည့်စရာပစ္စည်း။ ရွှေနဲ့ လုပ်ထားတော့ ရွှေခွက်၊ ကြေးနဲ့လုပ်ထားတော့ ကြေးခွက်၊ ကြွေနဲ့ လုပ်ထားတော့ ကြွေခွက်၊ အုန်းမှုတ်နဲ့ လုပ်တော့ အုန်းမှုတ်ခွက်၊ ရေထည့်သုံးတော့ ရေခွက်၊ အစာထည့်တော့ စားခွက်၊ စသည် စသည်။ ထည့်စရာကို ဘာကြောင့် ခွက်လို့ ခေါ်သလဲ ကောက်ချက်မချခင် ခွက်ရဲ့ မူလအဓိပ္ပါယ်ကို ကြည့်ကြည့်ရအောင်။ မြန်မာအဘိဓာန် စာမျက်နှာ (၇၁) မှာ ခွက် - နဝိ၊ မျက်နှာပြင် ချိုင့်ဝှမ်းသော။ န - ၁၊ ချိုင့်ဝှမ်းသောနေရာ။ ဒါကို ကြည့်ခြင်းအားဖြင့် ခွက် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်မှာ ချိုင့်တယ် ဆိုတဲ့ အနက် ပါနေတယ်။ ဒါကြောင့် ချိုင့်ဝှမ်းနေသော ထည့်စရာကိုလည်း ခွက် လို့ ခေါ်ရသတဲ့။
ခွက်ပုန်းချသည်၊ ခွက်ပုန်းသောက်သည် ဆိုတဲ့ ဝေါဟာရက အများမသိအောင် ခိုးလုပ်တဲ့ သဘော။ အရက်သမား ဝေါဟာရက ဆင်းသက်လာတာပေါ့။ ကိုယ်အရက်သောက်တာ သူများ မသိစေချင်တော့ ရေနွေးခရားအိုးထဲ ရေနွေးကြမ်း မထည့်ဘဲ အရက်ထည့်ထားတယ်။ အများရှေ့မှာတော့ ရေနွေးအိုး ငှဲ့ပြီး အိန္ဒြေရရ သောက်နေတာပေါ့။ အများက ရေနွေးကြမ်းလို့ ထင်တယ်။ တကယ်သောက်နေတာက အရက်။ အဲဒီလို လုပ်ရပ်ကို ခွက်ပုန်းချတယ်၊ ခွက်ပုန်းသောက်တယ် လို့ ခေါ်တယ်။ နောက်ပိုင်းတော့ သူများမသိအောင် ခိုးလုပ်ရင်ပဲ ခွက်ပုန်းချတယ်၊ ခွက်ပုန်းသမား၊ အဲ့သလို သုံးလာကြတော့တယ်။
ခွက်စောင်းခုတ်တယ် ဆိုတာကျတော့ ဘာခွက်လဲ စဉ်းစားကြည့်မိတယ်။ အတူတူနဲ့ အနူနူ၊ ဘဝတူချင်းကို ပြဿနာလာရှာတယ် ဆိုတဲ့ အနက်မျိုး။ ဒါက သူတောင်းစား ဝေါဟာရ။ သူတောင်းစားအချင်းချင်း လုရာကနေ ပြဿနာတက်တော့ တစ်ယောက်နဲ့တစ်ယောက် ပြန်ချစရာ လက်နက်က ကိုယ်တောင်းစားနေရတဲ့ ခွက်ပဲ ရှိတာကိုး။ ဒီတော့ သူတို့ချင်း သူတို့ ရန်ဖြစ်ရင် ခွက်စောင်းနဲ့ ခုတ်ကြတယ်၊ ခေါက်ကြတယ်။ ဒါကြောင့် ခွက်စောင်းခုတ်တယ် ဆိုတာက သူတောင်းစားအချင်းချင်း ရန်ဖြစ်တာကို ခေါ်တာပါ။ နောက်ပိုင်းတော့ အကျင့်မကောင်းတဲ့ သူအချင်းချင်း ရန်ဖြစ်ရင် ပြဿနာတက်ရင် ခွက်စောင်းခုတ်တယ်လို့ သုံးလာကြတော့တယ်။ အဆင့်မရှိတဲ့သူ နိမ့်ကျတဲ့သူ သီလမရှိတဲ့သူ အချင်းချင်း ရန်ဖြစ်မှ သုံးနှုန်းတာပါ။ ဒီထက် ရင့်ရင့်သီးသီး ပြောချင်ရင်တော့ စားမာန်ခုတ်တယ်၊ စားခွက်လုတယ် စသဖြင့် ခွေးနဲ့ နှိုင်းပြောကြတယ်။ နောက်နောက်ပိုင်းတော့ သူတောင်းစားလို့ ဆဲချင်ရင် ခွက်ခုတ် လို့ ဆဲလာကြတယ်။ ဆံပင်တွေ ဖိုသီဖတ်သီ ကိုးယိုးကားယားနဲ့ ဆိုရင် ခွက်ခုတ်ကေလို့ သုံးကြတယ်။ သူတောင်းစားကေ ပေါ့။
ခွက်နေတဲ့အရာ ချိုင့်နေတဲ့အရာ မဟုတ်ပေမယ့် ခွက်နဲ့ သဏ္ဌာန်တူလို့ ခွက်နဲ့ ယှဉ်တွဲ သုံးတာလည်း ရှိသေးတယ်။ ဥပမာ ကြာခွက်။ ချိုင့်နေတာတော့ မဟုတ်ဘူး။ ကြာပွင့်ကနေ အသီးသီးလာတော့ ကြာသီးလို့ မခေါ်ဘဲ ခွက်နဲ့ တူတာကြောင့် ကြာခွက်လို့ သုံးတယ်။ နောက်တစ်ခုက အုတ်ခွက်ဘုရား။ ခွက်နဲ့ တူသလားဆိုတော့ မတူဘူး။ ထည့်လို့ရလောက်အောင် အလွန်ပဲ ချိုင့်နေသလား ဆိုတော့လည်း အဲ့သလောက်လည်း မချိုင့်ဘူး။ ဒါပေမယ့် ရွှံ့ကို ချိုင့်ခွက်အောင် လုပ်ပြီး ဘုရားပုံ ဖော်ထားလို့ အုတ်ခွက်ဘုရားလို့ သုံးနှုန်းပြန်တယ်။
ခွက်နဲ့စတဲ့ ကြိယာဝိသေသနတချို့ရဲ့ မူလအရင်းအမြစ်ကို အခုထိ နားလည်လို့ မရဘူး။ ဥပမာ ခွက်ခွက်လန်။ အများဆုံး သုံးတာကတော့ ခွက်ခွက်လန်ရှုံးတယ် လို့ သုံးကြတယ်။ ခွက်ခွက်လန်နိုင်တယ် ဆိုတဲ့ အသုံးတော့ မတွေ့ဖူးဘူး။ ခွက်ခွက်လန်မှားတယ်ပဲ ရှိတယ်၊ ခွက်ခွက်လန်မှန်တယ်လို့ မရှိဘူး။ ခွက်ခွက်လန် ဆိုတာ အလွန်အကွျံ နဲ့ အနက်အတူတူပဲ။ ဒါပေမယ့် ခွက်ခွက်လန်ကို မကောင်းတဲ့ဘက်မှာပဲ သုံးတာ တွေ့ရတယ်။ ခွက်ခွက်လန် ဆိုတဲ့ ဝေါဟာရမှာ ပါတဲ့ ခွက်ရဲ့ ဆိုလိုရင်းက ဘာဖြစ်မလဲ။ ကျနော် မသိတာ အမှန်ပဲ။ နောက်ထပ် မသိတဲ့ တစ်လုံးက ခွက်ထိုးခွက်လန်။ သူလည်းပဲ အဓိပ္ပါယ်က ခွက်ခွက်လန်နဲ့ မကွာလှဘူး။ အလွန်အမင်း၊ အလွန်အကွျံလို့ အနက်ရတယ်။ ဒါပေမယ့် ခွက်ထိုးခွက်လန် ရှုံးတယ်လို့ အသုံးမရှိဘူး။ ခွက်ထိုးခွက်လန် ရယ်တယ် လို့ပဲ သုံးကြတယ်။ ခွက်ထိုး နဲ့ ခွက်လန်၊ နှစ်လုံး ခွဲကြည့်ရင် ခွက်ဆိုတာ ရေခွက်လို ဟာမျိုးကို ဆိုမလား။ တစ်လုံးက ထိုးတယ်၊ ထိုးလိုက်တော့ လန်တယ်။ အားရပါးရ ရယ်တယ်ဆိုတဲ့ သဘောပဲ။ ခန္ဓာကိုယ်ကို ယိုင်ထိုးပြီး လဲကျမတက် ရယ်ရင် ခွက်ထိုးခွက်လန်ရယ်တယ် လို့ သုံးကြတယ်။ အဲ့ဒီမှာ ပါတဲ့ ခွက် ဆိုတာ ထည့်စရာကို ဆိုလိုသလား။ စဉ်းစားစရာပါပဲ။
ဒီနှစ်ပေါင်း ငါးဆယ်ကျော်လောက် အတွင်းမှာမှ ခေတ်စားလာတဲ့ ဝေါဟာရတစ်ခုက ခွက်ထိုးခွက်လန်တရား တဲ့။ ဘာဖြစ်မယ် ထင်လဲ။ ဘယ်သူ့ကိုမှ စော်ကားလိုစိတ်နဲ့ ရေးတာ မဟုတ်ပါဘူး။ သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ လူတွေ သုံးတဲ့ ဝေါဟာရကို စာရေးမှတ်သားတဲ့ သဘောပါ။ မြန်မာနိုင်ငံရဲ့ ဝိပဿနာ သမိုင်းမှာ အင်မတန်နှိုင်းယှဉ်ဖို့ခက်အောင် ကျော်ကြားခဲ့တဲ့ ဆရာတော်ကြီးတစ်ပါး။ အခုလက်ရှိအထိပဲ သူ့ရဲ့ နည်းနာနိဿယနဲ့ တစ်နိုင်ငံလုံးမက၊ တစ်ကမ္ဘာလုံးကို ဖြန့်ဖြူးနေတဲ့ ဝိပဿနာဆရာတော်ကြီးပါ။ အဲ့ဒီ ဆရာတော်ကြီးရဲ့ တရားကို မလိုသူတချို့က ခွက်ထိုးခွက်လန်တရား လို့ ကွယ်ရာမှာ ကင်ပွန်းတပ်ကြသတဲ့။ မြင်လောက်ပြီလားမသိ။ ဆရာတော်ကြီးရဲ့ တပည့်သားမြေးတွေက တရားဟောတဲ့အခါမှ ခွက်တွေကို အသုံးပြုလေ့ရှိကြတယ်။ တရားဟောပလ္လင်ရဲ့ ရှေ့မှာ ခွက်တွေ မှောက်ထားတယ်။ ခွက်တွေကို တစ်လုံးချင်းစီ လက်ညိုးထိုး (သို့) တုတ်နဲ့ ထိုး ပြပြီး ဒါကို ရုပ်လို့မှတ်၊ ဒါကို သညာလို့ မှတ်၊ စသဖြင့်ပေါ့။ နောက်ပြီး ခွက်ကလေး လှန်လှန်ပြပြီး ဒါက ဘာတဲ့ ဒါက ဘာတဲ့၊ စသဖြင့် ပြောတော့ မလိုသူတချို့က ဆရာတော်ကြီးရဲ့ တရားကို ခွက်ထိုးခွက်လန်တရားတဲ့။ မှတ်ကရော။ ဟုတ်တယ်ဗျ။ မိုးကုတ်တရားပါတဲ့။
ချိုင့်နေတဲ့အရာတွေကို ခွက်လို့ အသုံးပြုတာထက် မခွက်ဘဲ မချိုင့်ဘဲနဲ့ ခွက်နဲ့ တွဲသုံးတဲ့ ဝေါဟာရကလည်း ရှိသေးရဲ့။ မျက်ခွက် တဲ့။ ဟုတ်တယ်၊ မျက်နှာကို ခပ်ရင့်ရင့် ပြောတော့ မျက်ခွက်လို့ ပြောတယ်။ မျက်ခွက်ကိုက ရှစ်ခေါက်ချိုးနဲ့ .... စသဖြင့်ပေါ့။ ရင့်ရင့်သီးသီး ပြောတာ။ အဲ့ဒီမှာ ထူးဆန်းတာက မချိုင့်တဲ့အပြင် ခုံးတောင် နေသေး။ ဘာလို့လား ခွက်နဲ့ တွဲသုံးကြသလဲ နားမလည်ဘူး။ ရှိစေတော့။ နောက်ပိုင်းနောက်ပိုင်း လူတွေက စကားပြောတာ ရင့်သတဲ့ ရင့်လာတော့ မျက် ဆိုတဲ့ စာလုံးတောင် မပါတော့ဘူး။ အခွက်ကိုက အချိုးမပြေဘူး ဆိုတဲ့ အသုံးမျိုးတွေ။ မျက်ခွက်ကနေ "မျက်" ပြုတ်ပြီး ခွက်ပဲ ကျန်တယ်။ အခွက်လာမပြောင်နဲ့နော် ဆိုတဲ့ စကားရပ်မှာလည်း အခွက် ဆိုတာ မျက်နှာကို ကိုယ်စားပြုလာတယ်။ နောက်တော့ ပိုပြီး ရင့်ရင့်သီးသီးနဲ့ စောက် ပါ ထည့်သုံးလာတယ်။ စောက်ခွက် တဲ့။ ကျောက်ပေါက်ရာ မျက်နှာနဲ့ သူကို ကျောက်ပေါက်ခွက် စဖြင့် သုံးလာတယ်။ ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ ခွက် ဆိုတာ ထည့်စရာတင် မကတော့ဘဲ မျက်နှာ ကိုပါ ကိုယ်စားပြုလာတယ်။
လူငယ်တွေ သုံးနေကြတာ ရှိသေးတယ်။ ငါ့လာပြီး ခွက်မကျနဲ့ ဆိုတာလို။ ဒီမှာ ခွက်က ဘယ်က ဆင်းသက်လာမှန်း မသိပေမယ့် ခွက်မကျနဲ့ ဆိုတာက အချောင်မနှိုက်နဲ့။ ဖျံမကျနဲ့ ဆိုတဲ့ သဘောလို့ ယူဆတယ်။ နောက်ဆုံးအနေနဲ့ ဆွေးနွေးကြည့်ချင်တာက ဖဲခွက်စား (ပဲခွက်စား ?) ဆိုတဲ့ ဝေါဟာရပါ။ ရှေးခေတ်က အနုပညာသည်တွေကို ဖဲခွက်စား (ပဲခွက်စား ?) ဟု ခေါ်ကြတယ်။ ဟိုးရှေးရှေးက ပဒေသရာဇ်စနစ် လက်ထက်က အနုပညာသည် (အထူးသဖြင့် သဘင်ပညာသည်) တွေကို နှိမ်ခဲ့ကြတယ်။ တချို့ခေတ်တွေမှာ သူတောင်းစားသာသာ ဆက်ဆံကြတာလည်း ရှိတယ်။ အနုပညာကြေးကို သူတောင်းစားပေး ပေးခဲ့ကြတော့ ပဲစေ့ (ပိုက်ဆံ) တွေပဲ ပြည့်နေတဲ့ ခွက်နဲ့ လုပ်စား (နေထိုင်စားသောက်) ကြရလို့ ပဲခွက်စားလို့ ခေါ်ခဲ့ကြတာ ဖြစ်မယ်။ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ အတွေ့ ဆိုတဲ့ ဇာတ်ကားမှာ သဘင်သည်တွေကို လူတွေက အထင်သေးကြောင်း လှစ်ပြထားတယ်။ ဖဲခွက်စား ဆိုတဲ့ ဝေါဟာရထက် ပဲခွက်စား ဆိုတာကို ပိုသဘောကျမိတယ်။ ဒါပေမယ့် အခုချိန်ထိ ဘယ်စာလုံး မှန်သလဲ၊ အရင်းအမြစ်ကဘာလဲ၊ အထောက်အထား ရှာမတွေ့ပါဘူး။ ကျနော် ဖတ်မှတ်ရသလောက် မတွေ့သေးတာပါ။ ထူးအိမ်သင်ရဲ့ သီချင်းတစ်ပုဒ်ထဲမှာလည်း ပါပါတယ်။ ပဲခွက်စား အကြောင်း။
နိဂုံးချုပ် ပြောရရင် မြန်မာစာမှာ ခွက် ဆိုတာ ချိုင်းဝှမ်းသော ထည့်စရာ၊ မျက်နှာ (ဘန်း) ဆိုတဲ့ အဓိပ္ပါယ်တွေ အပြင် ကျနော် မပြောဘဲ ချန်ထားခဲ့တာက အလေးချိန်နဲ့ ပမာဏကို ပြတဲ့ အနက်လည်း ရှိပါသေးတယ်။ အလေးချိန်ကို ပြရင် တစ်ခွက် ဆိုတာ တစ်ပိဿာ နဲ့ ညီမျှပါတယ်။ ပမာဏနဲ့ ပြမယ်ဆိုရင်တော့ တစ်ခွက် ဆိုတာ ပြည်ဝက်၊ နို့ဆီဗူး (၄) လုံးနဲ့ ညီမျှပါတယ်။ နှစ်ခွက်ကို တစ်ပြည်ပေါ့။ ချိန်ဝန် (အလေးချိန်) နဲ့ ချင့်ဝန် (ပမာဏ) လို့ သုံးပါတယ်။ ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ စကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်နဲ့ သက်ရောက်မှု နယ်ပယ်ကလည်း ကျယ်ပြန့်လာတော့တာပါပဲ။ အထက်မှာ တင်ပြခဲ့သလို မျက်ခွက် ဆိုတဲ့ ဝေါဟာရမှာ မျက် ဆိုတာ ပျောက်ပြီး ခွက် တစ်လုံးတည်းနဲ့ မျက်နှာကို ကိုယ်စားပြုလာတာမျိုးပေါ့။ စာလုံးအရင်းအမြစ် အဘိဓာန်အတွက် ကုန်ကြမ်းရလိုရငြား ရေးသား ဖော်ပြလိုက်ပါတယ်။

ဤပို့စ်အား Sunday, April 03, 2016 နေ့တွင် ရေးသားထားပြီး
တွေးစရာ
,
မြန်မာစာပေ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Sunday, April 03, 2016
|
စာညွှန်း
တွေးစရာ,
မြန်မာစာပေ