လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
နောက်ကျသွားသော အပြုံး (၃)
20 March 2013
<- အပိုင်း (၂) သို့
ကိုယ်ဖြစ်ချင်တဲ့ အရာတွေဟာ ဘာတစ်ခု ဖြစ်မလာခဲ့ပါလား လို့ စိတ်ပျက်အားငယ်စွာနဲ့ပဲ အငှားယာဉ်ပေါ်မှာ မျက်ရည်စိုစို ရွှဲခဲ့ရသေးတယ်။
`ဘာကြောင့်လဲ။ ငါတို့အချစ်ဟာ လောကဓံရဲ့ ရိုက်ချက်တစ်ချက်လေးတောင် ခံနိုင်ရည် မရှိခဲ့ပါလား။´
လို့ တွေးမိတိုင်း ၀မ်းနည်းလို့ မဆုံးဘူး။ အိမ်ပြန်ရောက်တော့လည်း ဘာမှ လုပ်ချင်စိတ် မရှိတာနဲ့ အိပ်ယာပေါ်ပဲ လှဲနေလိုက်တယ်။ မျက်စိမှိတ်လိုက်တိုင်း ကိုရဲ့ စူးရဲလွန်းတဲ့ သူစိမ်းဆန်လွန်းတဲ့ အကြည့်တွေပဲ ပြန်ပြန် မြင်ယောင်နေမိတယ်လေ။ နှင်း အားရပါးရ ငိုချပစ်လိုက်တယ်။ ညဉ့်နက်သန်းခေါင်ကျော်မှာ အံဆွဲ အဖွင့်အပိတ် အသံကြောင့် နှင်း လန့်နိုးလာခဲ့တယ်။ မီးဖွင့်ကြည့်လိုက်တော့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ တွင်တွင်စီးနေတဲ့ ကို့ကို မြင်လိုက်ရတယ်။ သူ ပိုက်ဆံတွေ ယူပြီး အိတ်ထဲ ထည့်နေလေရဲ့။ နှင်း ဘာမှ မပြောဘဲ မတ်တပ်လေး သူ့ကို စိုက်ကြည့်နေမိတယ်။ ကို နှင်းကို တစ်ချက်လေးတောင် လှည့်မကြည့်တော့ဘဲ ပိုက်ဆံတချို့နဲ့ ဘဏ်စာရင်းစာအုပ်ကို အိတ်ထဲထည့်ပြီး အိမ်ထဲက ထွက်သွားခဲ့တယ်။ အော် ... ကို တကယ်ပဲ ပြတ်သားတော့မှာပေါ့လေ။ သူက အချစ်မှာ ပြတ်သားတာ မဟုတ်ဘူး။ ငွေရေးကြေးရေးပိုင်းတောင် တယ်ပဲ ပြတ်သားတာပဲနော်။ နှင်း သူ့အပြုအမူကို ကြည့်ပြီး ရယ်ချင်စိတ် ပေါက်လာတယ်။ နှင်းဟာ ခြောက်ကပ်ကပ်ကြီး ရယ်ချလိုက်ပေမယ့် နှင်းရဲ့ မျက်၀န်းတစ်စုံကတော့ စိုစိုရွှဲလို့ပါ။
နောက်တစ်နေ့ နှင်း အလုပ်ကို ခွင့်တိုင်လိုက်တယ်။ ဒီကိစ္စမှာ ကိုနဲ့ ပြတ်သားတဲ့ အဖြေတစ်ခု ရှိဖို့ လိုတယ်လေ။ နောက်ပြီး နှင်း စိတ်မလျှော့သေးဘူး။ ကိုနဲ့ အေးအေးဆေးဆေးလေး စကားပြောချင်သေးတယ်။ ကို အထင်လွဲတာ ရှိရင်လည်း နှင်း ရှင်းပြလိုက်ချင်ပါတယ်။ ဒီလိုနဲ့ နှင်း ကို့ရဲ့ ရုံးကို လိုက်သွားခဲ့တယ်။ ရုံးရောက်တော့ ကိုရဲ့ အတွင်းရေးမှူးမလေးက နှင်းကို ဇ၀ေဇ၀ါကြီး ကြည့်ပြီး `ဆရာ့အမေ ယာဉ်တိုက်မှု ဖြစ်လို့ ဆရာ ဆေးရုံကို သွားပါတယ်´ လို့ လှမ်းပြောလိုက်တယ်။ သူ့စကားကြောင့် နှင်း ရှော့ရသွားတယ်။ နောက်မှ သတိရပြီး ဆေးရုံကို အမြန်လိုက်သွားမိတယ်။ ဆေးရုံရောက်လို့ စိတ်ဓါတ် အင်မတန် ပျက်ပြားနေတဲ့ ကို့ကို မြင်ရချိန်မှာ အမေဟာ ဒီလောကကြီးထဲမှာ မရှိရှာတော့ဘူး။ ကိုကတော့ နှင်းကို အသိအမှတ်ပြုတဲ့အနေနဲ့ တစ်ချက်လေးတောင် လှည့်မကြည့်ပါဘူး။ သူ့မျက်နှာမှာလည်း ဘာခံစားချက်မှ မရှိတော့သလိုပဲ။ ဖြူဖက်ဖြူယော် ဖြစ်နေတဲ့ အမေရဲ့ မျက်နှာကို မြင်ရရင်ပဲ နှင်းရဲ့ မျက်ရည်တွေကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ပါဘူး။ `ဘာလို့ ဒီလောက်တောင် ဖြစ်ကုန်ရတာလဲ ရှင်´ လို့ပဲ အော်ပစ်လိုက်ချင်တော့တယ်။
အသုဘအခမ်းအနား တလျှောက်လုံး နှင်းကို ကို ဘာစကားတစ်ခွန်းမှ မဟခဲ့ပါဘူး။ ဒါပေမယ့် ရံဖန်ရံခါ ဆိုသလို နာကျည်းတဲ့ အကြည့်တွေနဲ့ လှမ်းတော့ ကြည့်တတ်ပါရဲ့။ အမေ ဘယ်လိုလုပ်ပြီး ယာဉ်တိုက်မှု ဖြစ်သလဲဆိုတာ သိပ်သိချင်တာကြောင့် တခြားသူတွေကို လိုက်မေးကြည့်ရတယ်။ အဲဒီနေ့ညက အမေ ရွာပြန်မယ် ဆိုပြီး ညကြီးမိုးချုပ် ကားမှတ်တိုင်ကို လမ်းလျှောက် ထွက်သွားခဲ့တယ်။ ကိုက လှမ်းမြင်လိုက်လို့ အမေ့နောက်ကို အမီလိုက်တော့ အမေကလည်း သူ့ကို လိုက်မှန်းသိလို့ အတင်းပြေးတော့တယ်။ နောက်တော့ လမ်းဖြတ်အကူး သတိမထားမိဘဲ တစ်ဘက်က လာတဲ့ ဘက်စ်ကားကြောင့် ဆုံးခဲ့ရရှာတယ်လေ။ အင်း ... အခုတော့ နှင်း နားလည်လိုက်ပါပြီလေ။ ဒါကြောင့်လည်း ကိုက နှင်းကို အဲဒီလောက် နာကျည်းနေရတာကိုး။ တကယ်လို့ နှင်းဟာ ဟိုးအရင်တစ်ရက် အမေ့ရှေ့မှာ မပျို့မအန်ခဲ့ရင် ... ၊ တကယ်လို့ နှင်းနဲ့ကိုဟာ အကြီးအကျယ် ရန်မဖြစ်ခဲ့ရင် ... ၊ တကယ်လို့ ... ။ နှင်းဟာ သွယ်၀ိုက်သော နည်းအားဖြင့် အမေကို သတ်ခဲ့တဲ့ လူသတ်တရားခံ ဖြစ်နေပါရော့လား။ ကို့အနေနဲ့ အဲဒီလိုပဲ ယူဆနေမှာပဲနော်။
ကိုဟာ အမေအရင်နေခဲ့တဲ့ အခန်းဘက်ကို ရွှေ့သွားခဲ့တယ်။ ညတိုင်းလည်း သူ ပြန်လာရင် အရက်နံ့ကို ထောင်းနေတာပဲ။ နှင်းမှာတော့ တစ်ယောက်တည်းပဲ ကိုယ့်ဖာသာ စီရင်ချက်ချပြီး ကိုယ့်ဖာသာ ကြိုးမိန့်ပေးရမယ့်သူလို အားငယ်စိတ်များစွာ၊ အထီးကျန်မှု များစွာနဲ့ ကို့ကို ဖြေရှင်းချက် ပေးနိုင်မယ့် တစ်ရက်၊ ကိုပြန် ခွင့်လွှတ်လာမယ့် တစ်ရက်ကို စောင့်မျှော်နေခဲ့မိတယ်။ ကိုနဲ့ နှင်းတို့ရဲ့ ရင်သွေးလေး မကြာခင်မှာ မွေးဖွားလာတော့မယ် ဆိုတာကိုလည်း ကို့ကို ပြောပြချင်လိုက်တာ။ မတော်တဆ သူနဲ့ မျက်နှာချင်းဆိုင် ဆုံမိရင်တောင် သူရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေကြောင့် ပြောဖို့ ကြံရွယ်ထားတဲ့ စကားလုံးတွေက ပါးစပ်မဟခင်မှာပဲ အကုန် ပြန်၀င်သွားကြတယ်။
အခု ဖြစ်ခဲ့တာတွေ အားလုံးဟာ အကုန်လုံး နှင်းအပြစ် မဟုတ်ပေမယ့် အားလုံးအတွက် တောင်းပန်ဖို့ အဆင်သင့်ပါပဲ။ ကို အားရပါးရ ရိုက်ချင်လည်း ရိုက်ပါစေတော့။ ကို စိတ်ကျေနပ်တဲ့အထိပါ။ ဒါတွေ အားလုံး နှင်း ခံယူဖို့ အသင့်ပါ ကိုရယ်။ ဒါပေမယ့် အဲဒီလို အခွင့်အရေးလေးတောင် ကို နှင်းကို မပေးခဲ့ဘူး။ အိမ်ကြီးရဲ့ တိတ်ဆိတ်မှုဟာ ရက်တွေ လတွေ ကြာလာတာနဲ့ အမျှ ကိုဟာလည်း အိမ်ပြန်တာ နောက်ကျသတဲ့ နောက်ကျလာတယ်။ နှင်းတို့ နှစ်ယောက်ကြားမှာ ရှိတဲ့ ပြဿနာအထုံးကြီးကလည်း ရှုပ်မြဲရှုပ်ဆဲပါပဲ။ နှင်းတို့ နှစ်ယောက်ဟာ တစ်အိမ်တည်း အတူနေကြပေမယ့် လုံး၀ မမြင်ဖူး မသိဖူးကြတဲ့ သူစိမ်းတွေလိုပဲ။ နှင်းဟာ ကို့နှလုံးသားထဲက ဆူးတစ်ချောင်းများ ဖြစ်နေပြီလား ကို။
တစ်ရက် အနောက်တိုင်း စားသောက်ဆိုင်အရှေ့ကို ဖြတ်လျှောက်တော့ အမှတ်မထင် ဆိုင်ထဲမှာ ကို့ကို တွေ့လိုက်ရတယ်။ ဒါပေမယ့် ကို တစ်ယောက်တည်း မဟုတ်ဘူး။ မျက်နှာချင်းဆိုင်မှာ ကောင်မလေးတစ်ယောက်နဲ့။ နောက်ပြီး အဲဒီ ကောင်မလေးရဲ့ ဆံပင်ကို ကို က အသာအယာ ပွတ်သပ်ပေးနေလေရဲ့။ ဒါ ဘာဆိုလိုသလဲ ဆိုတာ နှင်း သိတာပေါ့။ ခြောက်ခြားသွားတဲ့ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး နှင်း ကိုရှိရာကို ဦးတည်လိုက်တယ်။ ကို့အရှေ့တည့်တည့်မှာ ရပ်လိုက်ပြီး ကို့ကို ခပ်ပြင်းပြင်းလေး ကြည့်ပစ်လိုက်တယ်။ မျက်၀န်းထဲမှာတော့ မျက်ရည်တွေ ခမ်းလို့။ ကို့ကို ဘာမှ ပြောစရာ မရှိသလိုပဲ။ တကယ်တမ်းတော့ ဘာမှလည်း ပြောနေစရာ မလိုတော့ပါဘူးလေ။

ဤပို့စ်အား Wednesday, March 20, 2013 နေ့တွင် ရေးသားထားပြီး
ဝတ်ထုတို
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Wednesday, March 20, 2013
|
စာညွှန်း
ဝတ္ထုတို