လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
တံခါးခေါက်သံများ (၄)
21 March 2009
ဆရာဝန်နဲ့ အေးဆေး စကားပြောဖြစ်တော့ (၇) ရက် စောင့်ရတဲ့ အကြောင်းအရင်းကို မေးကြည့်ဖြစ်တယ်။ ဆရာဝန်ကလည်း အသေအချာ ရှင်းပြပါတယ်။ ဘာလို့လဲဆို ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး ရောဂါတွေ ထဲမှာ ခွေးရူးပြန်ရောဂါလည်း တစ်ခု ပါဝင်နေလို့ပါ။ ခွေးရူးရောဂါပိုးဟာ အရေပြား အပေါက်အပြဲကနေ တဆင့် ခန္ဓာကိုယ်ထဲကို ရောက်နေတတ်ပါတယ်။ အဓိက သယ်ဆောင်လာပေးတဲ့ ကြားခံဟာ ခွေးသွားရေပါ။ အဓိက ကူးစက်စေတဲ့ သတ္တဝါဟာ ခွေးဖြစ်တာမို့ ခွေးရူးပြန်ရောဂါလို့ ကင်းပွန်းတပ်တာ ဖြစ်ပါလိမ့်မယ်။ ဆရာဝန်ရဲ့ ပြောပြချက်အရဆိုရင် ခွေးတိုင်းမှာ ခွေးရူးပြန်ရောဂါပိုး ရှိနေတတ်ပါတယ်။ ကာကွယ်ဆေး ထိုးမထားတဲ့ ခွေးတိုင်းမှာပေါ့။ တစ်ခါတလေ အိမ်မွေးခွေး တချို့က ကိုယ်ရဲ့ သခင်ကို ချစ်စနိုးနဲ့ လက်ကိုဖြစ်ဖြစ်၊ ခြေကိုဖြစ်ဖြစ် ခဲထားတတ်ပါတယ်။ ခွေးသွားရေမှာ ပိုးပါဝင်နိုင်မှုဟာ ကစားသလို စော့သလို ကိုက်တာထက် ကြောက်အားလန့်အား ကိုက်လိုက်တဲ့အခါမျိုးမှာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ ကျနော် သတိမထားမိတာ တစ်ခုက ခွေးရူးပြန်ရောဂါဟာ ကြောင်ကုတ်တာ၊ ကိုက်တာ ခံရလို့လည်း ကူးစက်တတ်ပါတယ်။ ဘာလို့လဲဆို ကိုက်တဲ့ ကြောင် ကိုယ်နှိုက်က ခွေးကိုက်ခံထားရလို့ပါ။ အဲဒီလို ခွေးကိုက်ခံထားရတဲ့ ကြောင်က လူကို ကုတ်ရင် ကိုက်ရင်လည်း ကူးစက်ပြန်ပါတယ်။ အဲဒါ သတိထားရမှာပါ။ နောက်ပြီး ကုတ်တာ၊ ကိုက်တာအပြင် အရေပြား အပေါက်အပြဲ တစ်နေရာရာကို အဲဒီကြောင်က လျှာနဲ့ လျက်ရင်လည်း ကူးစက်ပြန်ပါတယ်။ အဲဒါကို အင်မတန်မှ သတိထားသင့်ပါတယ်။ အိမ်မွေးကြောင်တွေကို ချစ်တယ်ဆိုပြီး ပိုင်ရှင်တွေက လျှက်တာ ခံလေ့ရှိပါတယ်။ အရေပြား အပေါက်အပြဲဆိုတာ လူတိုင်းလိုလိုမှာ တစ်နေရာမဟုတ် တစ်နေရာတော့ ရှိနေတတ်ပါတယ်။ လက်နဲ့ ကုတ်မိတယ် ဆိုရင်ပဲ အရေပြားက ခြစ်ရာကြောင့် ပေါက်သွားပါပြီ။ အဲလို နေရာမျိုးကို ခွေးကိုက်ခံထားရတဲ့ ကြောင်က လျှာနဲ့ လျက်လိုက်တယ် ဆိုရင်ပဲ သူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ခွေးရူးရောဂါပိုးဟာ လူဆီကို ကူးစက်သွားပါတယ်။ ဒါက လူသိနည်းပြီး ကူးစက်နိုင်ခြေ အများဆုံး ကူးစက်နည်းပါ။ ဒါကြောင့် ကိုယ်ရဲ့ အိမ်မွေးတိရစ္ဆာန် ခွေးကိုက်ခံရပြီ ဆိုရင်လည်း ကာကွယ်ဆေး အမြန်သွား ထိုးသင့်ပါတယ်။ သူ့ကို ကာကွယ်ရင်း ကိုယ့်ကိုယ်ကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။
ခွေးရူး ရောဂါပိုးဟာ အသက်အန္တရာယ်ကို ပေးစေတဲ့ အကြောင်းအရင်းကို ဦးနှောက်ကို ရောက်သွားလို့ပါ။ ဦးနှောက်ကို ရောက်ပြီး (၇) ရက်အတွင်းမှာ ဦးနှောက်ရဲ့ အလုပ်တွေ အားလုံးကို Shut down လုပ်ပစ်ပါတယ်။ ဒါကြောင့်လည်း သဘောအရဆို ခွေးရူးပြန် ရောဂါမှန်ရင် (၇) ရက်အတွင်း သေပါတယ်။ ကြောက်စရာ အကောင်းဆုံး ရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်း တစ်ခုပါ။ နောက်ပြီး ခွေးရူးပြန်ရောဂါပိုးဟာ ဦးနှောက်ကို မရောက်မချင်း သူရဲ့ လက္ခဏာတွေကို ပြလေ့ မရှိပါဘူး။ ပြပြီ ဆိုပြန်တော့လည်း (၇) ရက်အတွင်း သေပွဲဝင်ရတော့တယ်။ ခွေးရူးပြန်ရောဂါဟာ မြုံနေတတ်တာကြောင့် ကိုက်ခံရပြီး ဘယ်နှရက်အတွင်း ဦးနှောက်ကို ရောက်သလဲ ဆိုတာကိုတော့ အတိအကျ ပြောလို့ မရပြန်ပါဘူး။ ဒါကြောင့်လည်း သူငယ်ချင်းက ကိုက်ခံရပြီး ရှစ်လလောက်နေမှ ရောဂါ ထတာပါ။ ကိုယ်ခံအား ကောင်းနေတဲ့ အချိန်မို့ အသွင်ပြောင်းဖို့ အခွင့်မသာခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဆက်တိုက် မိုးမိပြီး အဖျားကြီးတာဟာ ရောဂါပိုးအတွက် အန္တရာယ်ပေးဖို့ အခွင့်ကောင်း ရသွားခဲ့တာပါ။ နောက်ထပ် ကြောက်စရာ ကောင်းတဲ့ အချက်တစ်ခုက အခုအချိန်ထိ ကာကွယ်လို့ပဲ ရပါတယ်။ ကုသလို့ မရသေးပါဘူး။ သဘောက ကာကွယ်ဆေးအနေနဲ့ပဲ ရှိနေပြီး ဖြစ်လာပြီဆိုရင် ကုသနိုင်တဲ့ ဆေးဝါး အခုအချိန်ထိ မပေါ်သေးတာပါ။ ကျနော်သိသလောက်ပေါ့။ မှားရင်လည်း ပြောပေးကြပါ။ ကုသနိုင်တဲ့ အနေအထား မရှိမှတော့ သေရဖို့ သေချာနေပြီပဲ။ အခြေအနေ ထူးမထူး (၇) ရက်ပြည့်အောင် ဘာလို့ စောင့်နေရသေးတာလဲ လို့ မေးစရာ ရှိပါတယ်။ ဆရာဝန် စောင့်ကြည့်ရတဲ့ အကြောင်းအရင်းက လူနာဟာ ရောဂါလက္ခဏာကို အံတုနေနိုင်တာကြောင့်ပါ။ လုံးဝ အံတုနိုင်လိုက်လို့ ရောဂါပိုးဟာ ဦးနှောက်ကနေ ဈာန်လျှောသွားရရင် ငသက်အတွက် မနက်ဖြန် များစွာ ရှိနေဦးမှာပေါ့။
မျှော်လင့်ချက် ဆိုတာ မဖြစ်မြောက်သေးတဲ့ အရာလို့ ပြောလို့ရသလိုပဲ၊ မဖြစ်မြောက်တော့ပေမယ့် ဖြစ်စေချင်လွန်းတဲ့ အရာ လို့လည်း သက်မှတ်လို့ရနေတယ်။ အကောင်းဆုံးကို မျှော်လင့်ခဲ့ကြပေမယ့် ငသက်အတွက် မနက်ဖြန် များစွာ မရှိတော့ပါဘူး။ ကျနော် နံနက်စောစော သူ့ဆီ ရောက်တဲ့အချိန်မှာ သူ သတိမေ့မျော နေပါပြီ။ ၈ နာရီထိုး ဆရာဝန် လာတဲ့အချိန်မှာ ဆရာဝန်က အသက်ကယ်ဆေး စပြီး ထိုးသွင်းနေပါပြီ။ နေ့ခင်း (၁၁) နာရီ ဆရာဝန် ထပ်လာပြီး စစ်ဆေးတဲ့အခါမှာ အခြေအနေ မကောင်းတာကြောင့် လက်နှစ်ဘက်၊ ခြေနှစ်ဘက်ကနေ အသက်ကယ်ဆေး စုစုပေါင်း (၄) လုံး တစ်ပြိုင်တည်း သွင်းနေပေမယ့် Blood Pressure က လုံးဝ ပြန်ကို မတက်တော့ပါဘူး။ ညနေ (၈) နာရီထိုး ဆရာဝန် ပြန်လာခဲ့အခါမှာ လူတစ်ယောက်အနေနဲ့ ကြောက်စရာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချခိုင်းပါတော့တယ်။ ဆရာဝန်ပြောတဲ့ စကားအတိုင်း ပြန်ပြောရရင်
“လူနာက မနက်ကတည်း သတိလစ်သွားတာဆိုတော့ သူ့ကို ကောင်းလာနိုးနိုး ကျနော်တို့ အသက်ကယ်ဆေး သွင်းခဲ့တာပါ။ အခုဆို အသက်ကယ်ဆေး သွင်းလာတာ (၁၂) နာရီ ကျော်ပါပြီ။ အခြေအနေက မထူးခြားတဲ့အပြင် BP က လုံးဝကျနေပါတယ်။ ပြန်ကို မတက်တော့ပေမယ့် နှလုံးခုန်နေတယ်။ သဘောက အခု ကျန်နေတာ အသက်ကယ်ဆေးရဲ့ အသက်ပါပဲ။ အသက်ကယ်ဆေး ပေးတာ ရပ်လိုက်တာနဲ့ နှလုံးခုန် ရပ်သွားမှာပါ။ ကိုယ်ပိုင် အသက် မရှိတော့တဲ့အတွက်၊ နောက်ထပ် ထပ်သွင်းနေလည်း ထူးခြား မလာနိုင်တော့တာကြောင့် လူနာရှင်ရဲ့ ဆန္ဒကို သိချင်ပါတယ်။ ဒီအတိုင်း ဆက်သွင်းနေဦးမယ်ဆိုရင် လည်း လူနာအနေနဲ့ ပိုပင်းပန်းပါလိမ့်မယ်။ အသက်ကယ်ဆေး သွင်းတာ ရပ်လိုက်ပြီး သူ သွားရမယ့်လမ်းကို အေးအေးသာသာ သွားစေချင်ပါတယ်။”
“သူ့လမ်းသူ အေးအေးသာသာ သွားပါစေတော့” ဆိုတဲ့ သေခွင့်ကို အမေတစ်ယောက်အနေနဲ့ ချဖို့ မပြောနဲ့။ ကျနော်တို့လို သွေးမတော် သားမစပ် သူငယ်ချင်းတွေ အနေနဲ့တောင် မပြောရက်ပါဘူး။ မလုပ်ရက်ပါဘူး။ အမေတစ်ယောက် အနေနဲ့ ဘယ်လိုစိတ် ထားပြီး ခေါင်းညိတ်လိုက်ရမလဲ။ သားတစ်ယောက် ဝေဒနာတွေ ထပ် မခံစားရပါစေနဲ့တော့ ဆိုတဲ့ ကရုဏာကြီးကို ရှေ့တန်းတင်ပြီး မျက်ရည်တွေနဲ့ လေးလံနေတဲ့ ခေါင်းကို အနိုင်နိုင် ညိတ်လိုက်တဲ့ မိခင်ရဲ့ မေတ္တာနဲ့ ဝေဒနာဟာ ကျနော်တို့ကိုပါ ကူးစက်နေပါတော့တယ်။ အသက်ကယ်ဆေး သွင်းတာ ရပ်လိုက်တာနဲ့ (၆) နာရီအတွင်း ဒီလူနာဟာ သေရတော့မယ်။ လုံးဝ ငြိမ်သက်ပြီး သေဖို့ အားယူနေတဲ့ လူတစ်ယောက်ဘေးမှာ ထိုင်ကြည့်နေမိတယ်။ အိမ်မှာပဲ ရှိနေတာဆိုတော့ နှလုံးခုန်နှုန်း တိုင်းတဲ့ ကိရိယာက မရှိတော့ သူနာပြု ဆရာမ တစ်ယောက်ကပဲ ၁၅ မိနစ်ခြားတစ်ခါ စမ်းသပ်ပေးပါတယ်။ ခပ်ပါးပါးလေး လှုပ်ခါနေတဲ့ သူရဲ့ ဝမ်းဗိုက်ကိုပဲ အားလုံး ဝိုင်းကြည့်နေမိကြတယ်။ ခန္ဓာကိုယ်က တစ်ချက်တစ်ချက် ဆက်ခနဲ တုန်တုန်သွားတတ်တာကြောင့် သူရဲ့ အသက်ရှင်နေမှုကို ကျနော်တို့ အနေနဲ့ မြင်သာတာပေါ့။ သူ့လိုပဲ ကျနော်တို့ရဲ့ ရှင်သန်နေထိုင်ခြင်းရဲ့ သင်္ကေတက လှုပ်ရှားနေနိုင်ခြင်းပဲလား။ ဒါဆို မေ့မျောနေသူနဲ့ ဘာမှ သိပ်မထူးသလိုဘဲနော်။ လူတစ်ယောက်ရဲ့ နှုတ်ဆက်ချိန်ရောက်ပြီမို့ သူနဲ့ ပတ်သက်ဖူးတဲ့ လူတွေ အားလုံးလည်း စုံသင့်သလောက် စုံပါပြီ။ နှုတ်ဆက်ဖို့လောက်သာ လူတွေ စိတ်ထဲ အရေးထားနေကြတာ မြင်ရတော့ ငသက်အစား ဝမ်းနည်းမိတယ်။
ငသက်ကို ထိုင်ကြည့်နေရင်းကနေ ကျနော်ဆီကို အတွေးတစ်ခု ရောက်လာတယ်။
နာရေးအတွက် ပြင်ဆင်နေကြချိန်မှာလည်း ကျနော် ကုတင်ဘေးက မခွာနိုင်သေးဘူး။ သူ လှုပ်လာမှာကို လူတွေ မသိလိုက်မှာ စိုးရိမ်နေခဲ့မိလို့။ အဲဒီလို သေခြင်းတရားကို လက်မခံနိုင်တဲ့ စိတ်ဟာ ဘယ်အထိ ရှိနေခဲ့သလဲ ဆိုရင် မီးသင်္ဂြိုလ်စက်နား ရောက်တဲ့ အချိန် အထိပါပဲ။ သူ့ကို အခေါင်းထဲ သွင်းလိုက်ကြပြီ။ ဒါကြောင့် ကျနော် အခေါင်းဘေးကနေ ခွာလို့ မဖြစ်ပြန်ဘူး။ အခေါင်းနံရံကို ခေါက်တဲ့ အသံများ ကြားရလေမလားလို့ မျှော်နေခဲ့မိတယ်။ ကျနော် ကြိုးစားနိုင်တဲ့ နောက်ဆုံး အဆင့်ကို ရောက်လာပါပြီ။ သူတို့ အခေါင်းကို မပြီး မီးသင်္ဂြိုလ်စက်ထဲ ထည့်ဖို့ ပြင်ဆင်နေကြပြီ။ ဒါနဲ့ ကျနော် အခေါင်းရဲ့ ခေါင်းရင်းကို ပြေးကိုင်လိုက်တယ်။ ခေါင်းရင်းဆိုတာ သူ့အသံကို ကြားရမယ့် အနီးနေရာပဲ မဟုတ်လား။ စက်ထဲ အခေါင်းကြီး တစ်ခုလုံး ရောက်သွားလို့ “ဂျုန်း” တံခါးပိတ်သံ ကြားရပေမယ့် ကျနော် အတွေးထဲမှာ၊ အသိဉာဏ်ထဲမှာ သူ မသေသေးပါ။ မီးသင်္ဂြိုလ်စက် တံခါးကို အတင်းထုပြီး ဖွင့်ခိုင်းနိုင်သေးတယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော် (၁၀) မိနစ်ကြာမျှ ရပ်ကြည့်နေမိတယ်။ ကျနော် သူ့ကို တကယ် စွန့်ခွာ သွားရတော့မှာလား။ သူ တကယ်ပဲ သေသွားပြီလား ဆိုတဲ့ အတွေးတွေက ကျနော်ကို စပြီး နှိပ်စက်ပါတော့တယ်။ အဲဒီ အချိန်မှာပဲ ကျနော် ပုခုံးကို လက်တစ်စုံနဲ့အတူ ငိုရှိုက်သံကြောင့် စိတ်ကို ဘယ်လိုမှ ထိန်းထားနိုင်စွမ်း မရှိတော့ပါဘူး။ ငိုကျွေးပူဆွေးလို့ အတော်ကြာကြာမှာ ဆရာဝန်ရဲ့ စကားတချို့ နားထဲ ပြန်ဝင်လာတာကြောင့် သက်သာရာ ရမိပါတော့တယ်။
“ခင်ဗျား သူငယ်ချင်း အင်မတန် ကံကောင်းပါတယ်။ အတိတ်ဘဝ ကုသိုလ်ကံပဲ ဆိုရမှာပေါ့။ တကယ်တမ်းဆိုရင် ခွေးရူးပြန် ရောဂါရှင်တိုင်းဟာ သူတို့နဲ့ နောက်ဆုံး အချိန်တွေမှာ မြင်ရသူ မကြည့်ရက်နိုင်အောင်ကို မချိမဆန့် ခံစားရပြီးမှ သေကြရတာ များပါတယ်။ ဦးနှောက်ကို ရောက်နေတဲ့ ရောဂါပိုးကြောင့် ဦးနှောက်ဟာ မူမမှန်တော့ဘဲ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ အာရုံကြောတွေ အားလုံးကို ဆွဲချုံ့ ပစ်လိုက်တယ်။ အဲဒါကြောင့် အင်မတန် ပြင်းထန်တဲ့ ဒုက္ခဝေဒနာဖြစ်ပြီး မချိမဆန့်နဲ့ပဲ ကွယ်လွန်ကြရတယ်။ ခင်ဗျားတို့ရဲ့ သူငယ်ချင်းကို ကြည့်ရတာ ဝေဒနာ လုံးဝ မခံစားရတဲ့ ပုံတော့ မဟုတ်ပါဘူး။ တစ်ချက်ချက် ဆပ်ခနဲ တုန်နေတာကို ကြည့်ခြင်းအားဖြင့် သူ ဝေဒနာကို အထိုက်အလျောက် ခံစားနေရမှာပါ။ သူကြည့်ရတာ စိတ်မာတော့ သူ့ဆွေမျိုး သားချင်းတွေ မမြင်ရအောင် ကြိတ်ခံသွားပုံလည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ်လေ တခြား ကြုံခဲ့ဖူးတဲ့ ရောဂါဝေဒနာရှင်တွေ ထက်တော့ သက်သက်သာသာ နှုတ်ဆက်သွားနိုင်တယ်လို့ ကောက်ချက်ချရမှာပါ။”
မှတ်ချက် ။ ။
(၁) ကိုယ်ချစ်တဲ့သူနဲ့ ပတ်သက်လာတဲ့ အသက်အန္တရာယ်တွေမှာ အသိဉာဏ်၊ အသိတရားမရနိုင်မှုကို မြင်စေချင်တာကြောင့် တင်ပြလိုက်တာပါ။
(၂) ကျနော်ဟာ လူနာကို အနီးကပ်ပြုစုခဲ့တဲ့ အတွက် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးခဲ့ရပါတယ်။ ကူးစက်ဖို့ ရာနှုန်းပြည့် ရှိပါတယ်။
မျှော်လင့်ချက် ဆိုတာ မဖြစ်မြောက်သေးတဲ့ အရာလို့ ပြောလို့ရသလိုပဲ၊ မဖြစ်မြောက်တော့ပေမယ့် ဖြစ်စေချင်လွန်းတဲ့ အရာ လို့လည်း သက်မှတ်လို့ရနေတယ်။ အကောင်းဆုံးကို မျှော်လင့်ခဲ့ကြပေမယ့် ငသက်အတွက် မနက်ဖြန် များစွာ မရှိတော့ပါဘူး။ ကျနော် နံနက်စောစော သူ့ဆီ ရောက်တဲ့အချိန်မှာ သူ သတိမေ့မျော နေပါပြီ။ ၈ နာရီထိုး ဆရာဝန် လာတဲ့အချိန်မှာ ဆရာဝန်က အသက်ကယ်ဆေး စပြီး ထိုးသွင်းနေပါပြီ။ နေ့ခင်း (၁၁) နာရီ ဆရာဝန် ထပ်လာပြီး စစ်ဆေးတဲ့အခါမှာ အခြေအနေ မကောင်းတာကြောင့် လက်နှစ်ဘက်၊ ခြေနှစ်ဘက်ကနေ အသက်ကယ်ဆေး စုစုပေါင်း (၄) လုံး တစ်ပြိုင်တည်း သွင်းနေပေမယ့် Blood Pressure က လုံးဝ ပြန်ကို မတက်တော့ပါဘူး။ ညနေ (၈) နာရီထိုး ဆရာဝန် ပြန်လာခဲ့အခါမှာ လူတစ်ယောက်အနေနဲ့ ကြောက်စရာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချခိုင်းပါတော့တယ်။ ဆရာဝန်ပြောတဲ့ စကားအတိုင်း ပြန်ပြောရရင်
“လူနာက မနက်ကတည်း သတိလစ်သွားတာဆိုတော့ သူ့ကို ကောင်းလာနိုးနိုး ကျနော်တို့ အသက်ကယ်ဆေး သွင်းခဲ့တာပါ။ အခုဆို အသက်ကယ်ဆေး သွင်းလာတာ (၁၂) နာရီ ကျော်ပါပြီ။ အခြေအနေက မထူးခြားတဲ့အပြင် BP က လုံးဝကျနေပါတယ်။ ပြန်ကို မတက်တော့ပေမယ့် နှလုံးခုန်နေတယ်။ သဘောက အခု ကျန်နေတာ အသက်ကယ်ဆေးရဲ့ အသက်ပါပဲ။ အသက်ကယ်ဆေး ပေးတာ ရပ်လိုက်တာနဲ့ နှလုံးခုန် ရပ်သွားမှာပါ။ ကိုယ်ပိုင် အသက် မရှိတော့တဲ့အတွက်၊ နောက်ထပ် ထပ်သွင်းနေလည်း ထူးခြား မလာနိုင်တော့တာကြောင့် လူနာရှင်ရဲ့ ဆန္ဒကို သိချင်ပါတယ်။ ဒီအတိုင်း ဆက်သွင်းနေဦးမယ်ဆိုရင် လည်း လူနာအနေနဲ့ ပိုပင်းပန်းပါလိမ့်မယ်။ အသက်ကယ်ဆေး သွင်းတာ ရပ်လိုက်ပြီး သူ သွားရမယ့်လမ်းကို အေးအေးသာသာ သွားစေချင်ပါတယ်။”
“သူ့လမ်းသူ အေးအေးသာသာ သွားပါစေတော့” ဆိုတဲ့ သေခွင့်ကို အမေတစ်ယောက်အနေနဲ့ ချဖို့ မပြောနဲ့။ ကျနော်တို့လို သွေးမတော် သားမစပ် သူငယ်ချင်းတွေ အနေနဲ့တောင် မပြောရက်ပါဘူး။ မလုပ်ရက်ပါဘူး။ အမေတစ်ယောက် အနေနဲ့ ဘယ်လိုစိတ် ထားပြီး ခေါင်းညိတ်လိုက်ရမလဲ။ သားတစ်ယောက် ဝေဒနာတွေ ထပ် မခံစားရပါစေနဲ့တော့ ဆိုတဲ့ ကရုဏာကြီးကို ရှေ့တန်းတင်ပြီး မျက်ရည်တွေနဲ့ လေးလံနေတဲ့ ခေါင်းကို အနိုင်နိုင် ညိတ်လိုက်တဲ့ မိခင်ရဲ့ မေတ္တာနဲ့ ဝေဒနာဟာ ကျနော်တို့ကိုပါ ကူးစက်နေပါတော့တယ်။ အသက်ကယ်ဆေး သွင်းတာ ရပ်လိုက်တာနဲ့ (၆) နာရီအတွင်း ဒီလူနာဟာ သေရတော့မယ်။ လုံးဝ ငြိမ်သက်ပြီး သေဖို့ အားယူနေတဲ့ လူတစ်ယောက်ဘေးမှာ ထိုင်ကြည့်နေမိတယ်။ အိမ်မှာပဲ ရှိနေတာဆိုတော့ နှလုံးခုန်နှုန်း တိုင်းတဲ့ ကိရိယာက မရှိတော့ သူနာပြု ဆရာမ တစ်ယောက်ကပဲ ၁၅ မိနစ်ခြားတစ်ခါ စမ်းသပ်ပေးပါတယ်။ ခပ်ပါးပါးလေး လှုပ်ခါနေတဲ့ သူရဲ့ ဝမ်းဗိုက်ကိုပဲ အားလုံး ဝိုင်းကြည့်နေမိကြတယ်။ ခန္ဓာကိုယ်က တစ်ချက်တစ်ချက် ဆက်ခနဲ တုန်တုန်သွားတတ်တာကြောင့် သူရဲ့ အသက်ရှင်နေမှုကို ကျနော်တို့ အနေနဲ့ မြင်သာတာပေါ့။ သူ့လိုပဲ ကျနော်တို့ရဲ့ ရှင်သန်နေထိုင်ခြင်းရဲ့ သင်္ကေတက လှုပ်ရှားနေနိုင်ခြင်းပဲလား။ ဒါဆို မေ့မျောနေသူနဲ့ ဘာမှ သိပ်မထူးသလိုဘဲနော်။ လူတစ်ယောက်ရဲ့ နှုတ်ဆက်ချိန်ရောက်ပြီမို့ သူနဲ့ ပတ်သက်ဖူးတဲ့ လူတွေ အားလုံးလည်း စုံသင့်သလောက် စုံပါပြီ။ နှုတ်ဆက်ဖို့လောက်သာ လူတွေ စိတ်ထဲ အရေးထားနေကြတာ မြင်ရတော့ ငသက်အစား ဝမ်းနည်းမိတယ်။
ငသက်ကို ထိုင်ကြည့်နေရင်းကနေ ကျနော်ဆီကို အတွေးတစ်ခု ရောက်လာတယ်။
“လူတစ်ယောက် သေဖို့အတွက် ဘယ်လို အခြေအနေတွေ ကိုက်ညီဖို့ လိုသလဲ။”
ခပ်ရှင်းရှင်း ပြောရရင် လူတစ်ယောက် သေဖို့အတွက် ဘာလိုသလဲပေါ့။ အသက်အရွယ် ဖြစ်မလား။ ကျနော် ငယ်ငယ်က ထင်ခဲ့တာက လူဆိုတာ အသက်ကြီးမှ သေမယ်ပေါ့။ အသက်ကြီးတယ်ဆိုတာ အသက် (၇၀) ကျော်လို့ မြင်မိတယ်။ ဒါကြောင့်လည်း အသက် (၂၂) နှစ် မပြည့်သေးတဲ့ ငသက် ဆိုတဲ့ သူငယ်ချင်းတစ်ယောက် သေရတော့မယ် ဆိုတာ သိလိုက်ရတဲ့အချိန်မှာ လောကကြီးကို၊ ကံကြမ္မာကြီးကို မတရားပါလားလို့ တွေးနေခဲ့မိတယ်။ အသက် (၇၀) မှ မပြည့်သေးဘဲ သေဖို့ မဖြစ်နိုင်သေးပါဘူး လို့လည်း စိတ်ထဲမှာ မဲတင်းထားတယ်။ ဒါကြောင့်လည်း ည (၁၁း၄၅) မှာ ဆရာဝန်ပြောတဲ့ “ကိုသက်နိုင်ဦး ဆုံးပြီ” ဆိုတဲ့ စကားလုံးကို ကျနော်ရဲ့ အသိဉာဏ်က အလိုလို ငြင်းပယ်ပစ်လိုက်တယ်။ အဲဒီလောက် သန်စွမ်းပြီး၊ မဖျားမနာခဲ့ဖူးတဲ့ သူတစ်ယောက် ကိုယ့်ထက် စောသေသွားတယ် ဆိုတဲ့ ဖြစ်ရပ်ကိုလည်း ဘယ်လိုမှ လက်မခံနိုင်ခဲ့ဘူး။ လူမှုရေး၊ ဘာသာရေး နဲ့ မိဘကို လုပ်ကျွေးနေတဲ့ သားတစ်ယောက်ရဲ့ လက်ရှိကံဟာ အဲလောက်ပဲ ဆိုးနေပါ့မလား ဆိုတဲ့ အတွေးတွေကြောင့် ဆရာဝန်ရဲ့ ကောက်ချက် အပြီးမှာတောင် ထလာဦးမလားလို့ ထိုင်ကြည့်နေမိတယ်။ လက်ဖဝါး တစ်ဖက်ကို ရင်ဘက်ပေါ် တင်ထားပြီး နှလုံးပြန် ခုန်အလာကို စောင့်နေခဲ့မိတယ်။နာရေးအတွက် ပြင်ဆင်နေကြချိန်မှာလည်း ကျနော် ကုတင်ဘေးက မခွာနိုင်သေးဘူး။ သူ လှုပ်လာမှာကို လူတွေ မသိလိုက်မှာ စိုးရိမ်နေခဲ့မိလို့။ အဲဒီလို သေခြင်းတရားကို လက်မခံနိုင်တဲ့ စိတ်ဟာ ဘယ်အထိ ရှိနေခဲ့သလဲ ဆိုရင် မီးသင်္ဂြိုလ်စက်နား ရောက်တဲ့ အချိန် အထိပါပဲ။ သူ့ကို အခေါင်းထဲ သွင်းလိုက်ကြပြီ။ ဒါကြောင့် ကျနော် အခေါင်းဘေးကနေ ခွာလို့ မဖြစ်ပြန်ဘူး။ အခေါင်းနံရံကို ခေါက်တဲ့ အသံများ ကြားရလေမလားလို့ မျှော်နေခဲ့မိတယ်။ ကျနော် ကြိုးစားနိုင်တဲ့ နောက်ဆုံး အဆင့်ကို ရောက်လာပါပြီ။ သူတို့ အခေါင်းကို မပြီး မီးသင်္ဂြိုလ်စက်ထဲ ထည့်ဖို့ ပြင်ဆင်နေကြပြီ။ ဒါနဲ့ ကျနော် အခေါင်းရဲ့ ခေါင်းရင်းကို ပြေးကိုင်လိုက်တယ်။ ခေါင်းရင်းဆိုတာ သူ့အသံကို ကြားရမယ့် အနီးနေရာပဲ မဟုတ်လား။ စက်ထဲ အခေါင်းကြီး တစ်ခုလုံး ရောက်သွားလို့ “ဂျုန်း” တံခါးပိတ်သံ ကြားရပေမယ့် ကျနော် အတွေးထဲမှာ၊ အသိဉာဏ်ထဲမှာ သူ မသေသေးပါ။ မီးသင်္ဂြိုလ်စက် တံခါးကို အတင်းထုပြီး ဖွင့်ခိုင်းနိုင်သေးတယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော် (၁၀) မိနစ်ကြာမျှ ရပ်ကြည့်နေမိတယ်။ ကျနော် သူ့ကို တကယ် စွန့်ခွာ သွားရတော့မှာလား။ သူ တကယ်ပဲ သေသွားပြီလား ဆိုတဲ့ အတွေးတွေက ကျနော်ကို စပြီး နှိပ်စက်ပါတော့တယ်။ အဲဒီ အချိန်မှာပဲ ကျနော် ပုခုံးကို လက်တစ်စုံနဲ့အတူ ငိုရှိုက်သံကြောင့် စိတ်ကို ဘယ်လိုမှ ထိန်းထားနိုင်စွမ်း မရှိတော့ပါဘူး။ ငိုကျွေးပူဆွေးလို့ အတော်ကြာကြာမှာ ဆရာဝန်ရဲ့ စကားတချို့ နားထဲ ပြန်ဝင်လာတာကြောင့် သက်သာရာ ရမိပါတော့တယ်။