လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
စနစ်တကျ တင်ပြခြင်း
01 March 2009
ခံစားချက် ရှိတဲ့ လူသားတိုင်း ကိုယ်ရဲ့ ခံစားချက်ကို ကိုယ့်ကိုယ်ကို (သို့) တခြားသူ တစ်ဦးဦးကို အမြဲတမ်း ပြောလေ့ရှိပါတယ်။ အဲဒီလို ပြောပြ၊ ရှင်းပြ၊ တင်ပြတဲ့ အခါမှာ တစ်ဖက်သူက တစ်ခါတည်း နားလည်၊ နားရှင်းသွားတာ ရှိသလို ဘယ်လိုမှ သဘောမပေါက်နိုင်တာလည်း ဖြစ်နိုင်တယ်။ တစ်ယောက် ပြောတဲ့ စကားကို တခြားတစ်ဘက် နားထောင်သူက နားမလည်ရတဲ့ အကြောင်းအရင်း ( ၄ ) ခု ရှိပါတယ်။
၁။ ပြောသူဟာ ရှင်းလင်းအောင် မတင်ပြတတ်ခြင်း
၂။ နားထောင်သူ အာရုံ မစူးစိုက်ခြင်း
၃။ ပြောကြားသော အကြောင်းအရာ ကိုယ်နှိုက်က မရှင်းလင်းခြင်း
၎။ ပတ်ဝန်းကျင် မကောင်းခြင်း (ဆူညံသော၊ အာရုံမစူးစိုက်နိုင်သော ပတ်ဝန်ကျင်၌ ပြောကြားခြင်း) တို့ပဲ ဖြစ်ပါတယ်။ ပြောသူ ဘယ်သူမဆို ကိုယ်ပြောတဲ့ စကားကို နားလည်စေချင်လို့သာ ပြောခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို နားလည်ဖို့ ရည်ရွယ်ပြီးတော့ပဲ ပြောပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို တစ်ချက်တည်း သူတပါး နားဝင်အောင်၊ နားလည်အောင် ပြောနိုင်ဖို့ ဆိုတာ အင်မတန် ခက်ပါတယ်။ ဒီသဘောတရားဟာ လူတိုင်း ကြုံတွေ့နေကျမို့ အကျယ်တဝံ့ ရှင်းပြနေဖို့ မလိုလောက်ပါဘူး။ တစ်ဘက်သူ နားမလည်ရတဲ့ အကြောင်းအရင်း (၄) ရပ်ထဲမှာ နံပါတ် (၂) နဲ့ နံပါတ် (၄) နဲ့က ဆက်စပ်မှု ရှိနေပါတယ်။ အာရုံမစူးစိုက်ခြင်း ဆိုတာ စိတ်မဝင်စားခြင်းနဲ့ သဘောတရား အတူတူပါပဲ။ တစ်ဖက်သူ စိတ်မဝင်စားနိုင်တဲ့ အကြောင်းအရာကို ပြောနေရင်လည်း ပြောသူသာ မောမယ်။ နားထောင်သူဟာ သဘောပေါက်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ သဘောပေါက်ဖို့ ကြိုးစားပေမယ့် စိတ်ဝင်စားလို့ မရတဲ့ ပတ်ဝန်းကျင်မှာ ပြောမယ်ဆိုရင်လည်း နားလည်မှာ မဟုတ်ပါဘူး။ ကိုယ်ပြောတဲ့ သဘောတရားဟာ အင်မတန်မှ နက်နဲပြီး ရှုပ်ထွေးနေရင်လည်း နားလည်ဖို့ အင်မတန် ခဲယဉ်းပါလိမ့်မယ်။ အခု ဒီပို့စ်ဟာ နံပါတ် (၁) ဖြစ်တဲ့ “ပြောသူဟာ ရှင်းလင်းအောင် မတင်ပြတတ်ခြင်း” ရဲ့ အရေးပါမှုကို တင်ပြချင်လို့ပါ။ ဒါပေမယ့် ကျမ်းတစ်စောင်အနေနဲ့ တင်ပြဖို့ စိတ်ကူး မရှိတာကြောင့် ပေါ့ပေါ့ပါးပါးပဲ ရေးပါရစေ။ ခေါင်းစဉ်နာမည် ပေးထားတာ တအား လေးနေပါလိမ့်မယ်။ ဒါပေမယ့် ပြောမယ့် အကြောင်းအရာနဲ့ တိုက်ရိုက် ပတ်သက်နေတာကြောင့် ဒီခေါင်းစဉ်ကိုပဲ ရွေးချယ်လိုက်ပါတယ်။

ကျနော်တို့ အနေနဲ့ ကိုယ်ရဲ့ ခံစားချက် (သို့) အချက်အလက်ကို တင်ပြတော့မယ်ဆိုရင် ကိုယ်ကိုယ်တိုင်က အဲဒီ တင်ပြမယ့် အကြောင်းအရာကို ဂဃနဏ သိနေမှ ဖြစ်ပါမယ်။ ကျနော် အမြဲတမ်း ခံယူထားတဲ့ ခံယူချက် တစ်ခု ရှိပါတယ်။
“အကြောင်းအရာတစ်ခုကို ဘယ်လောက် ရှင်းအောင် ရေးပြနိုင်သလဲဆိုတာကို ကြည့်ပြီး ရေးသူအနေနဲ့ အဲဒီ အကြောင်းအရာအပေါ် ဘယ်လောက် နားလည်သလဲဆိုတာ တွက်ဆနိုင်ပါတယ်။”
ကျနော် ဘာသာရေး စာပေတွေကို ဖတ်တဲ့အခါမှာ အဲဒီ ပေတံနဲ့ အမြဲတမ်း တိုင်းတာပါတယ်။ လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ မဟာဂန္ဓာရုံဆရာတော် တွေနဲ့ စာတွေကို ဖတ်ရတာ ဘယ်လောက် နက်နဲနက်နဲ ဖတ်တဲ့သူအနေနဲ့ ရှင်းရှင်းဘွင်းဘွင်း နားလည်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီစာတွေကိုပဲ လူပုဂ္ဂိုလ်တချို့ ရေးတာကို ဖတ်တဲ့အခါ ဖတ်ရင်းနဲ့လည်ပြီး စာပိုဒ်သာ ဆုံးသွားတယ်၊ လိုရင်း ထွက်မလာဘူး။ အဲဒီလိုဆိုရင် ရေးသူဟာ သူကိုယ်တိုင် အဲဒီ သဘောတရားကို နားမလည်တာကြောင့် နားလည်အောင် မရေးနိုင်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် ကျနော်အမြင်က ကိုယ်တင်ပြချင်တာကို တဖက်သူ နားလည်စေချင်တယ်ဆိုရင် ကိုယ်ကိုယ်နှိုက်က နားလည်ဖို့ အရင် ကြိုးစားသင့်ပါတယ်။ ကြုံတုန်း အကြံကောင်းတစ်ခု ပေးချင်ပါတယ်။ စာအုပ်တွေ ဖတ်တဲ့အခါမှာ ကိုယ်နားလည်ရုံ ဖတ်တာထက် သူများ နားလည်အောင် ရှင်းပြဖို့ ရည်ရွယ်ပြီး ဖတ်သင့်ပါတယ်။ ဒီသဘောတရားကို သူများကို စာသင်ပေးမှ သဘောပေါက်လာတာပါ။ သင်္ချာ ပုစ္ဆာတစ်ပုဒ်ကို ကိုယ်တိုင် တွက်တတ်ရုံနဲ့ ပိုင်နိုင်ပြီလို့ မယူဆပါနဲ့။ သူများလည်း တွက်တတ်အောင် ရှင်းပြနိုင်မှ ပိုင်နိုင်တယ်လို့ ယူဆပါတယ်။ စမ်းကြည့်ပါ။ ကိုယ်နားလည်ရုံ ဖတ်တာနဲ့ သူများ နားလည်ဖို့ ရည်ရွယ်ပြီး ဖတ်တဲ့ စာက ဘယ်ဟာ ကိုယ့်အတွက် ပို ကျန်မလဲဆိုတာ။ သေချာတာက သူများ နားလည်ဖို့ ရည်ရွယ်ပြီး ဖတ်မယ်ဆိုရင် သူတို့ မေးလာမယ့် မေးခွန်းတွေအတွက် ကျေနပ်လောက်မယ့် အဖြေပါ တပါတည်း စဉ်းစားရတာကြောင့် ပိုပြီးတော့လည်း ပင်ပန်းပါလိမ့်မယ်။ ကျနော် အမြဲ သူများအတွက်ပဲ စာဖတ်ပါတယ်။ သူများကို ပေးမယ့်သူက ကိုယ်တိုင်လည်း ရှိဦးမှကိုး။
လက်လွတ်စပယ် ပြောတဲ့ စကားနဲ့ အာမေဋိတ်က လွဲလို့ ဘယ် စကားမဆို ပြောရင်း ရည်ရွယ်ချက် ရှိပါလိမ့်မယ်။ အပြန်အလှန် အားဖြင့် ကိုယ်က စကားတစ်ခွန်း ပြောတော့မယ် (သို့) အကြောင်းတစ်ရပ် တင်ပြတော့မယ် ဆိုရင်လည်း ရည်ရွယ်ချက်ကို အရင် စဉ်းစားရပါမယ်။ လုပ်ငန်းရှင်ကို စီမံကိန်းတစ်ခု တင်ပြတယ်ဆိုရင်လည်း အဲဒီ စီမံကိန်းကို အတည်ပြုစေချင်တဲ့ ရည်ရွယ်ချက် ရှိသလိုပဲ အလှူရှင်တွေကို ခေါ်ယူတင်ပြရင်လည်း ဒီထက်ဒီ လှူချင်စိတ်ဖြစ်အောင်၊ သဒ္ဒါ ပွားအောင်ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ စကားပြောရင်လည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် မတင်ပြခင်၊ မပြောခင် ရည်ရွယ်ချက် ပြတ်သားဖို့ လိုတယ်။ ရည်ရွယ်ချက်ကို သိမှ သတိထားဖို့တွေ နားလည်လာမယ်။ ဥပမာ လှူစေချင်လို့ ပြောတဲ့စကားထဲမှာ သဒ္ဒါပျက်စေတဲ့ အကြောင်းအရာတွေ ပါလို့ မဖြစ်ဘူး။ ရည်ရွယ်ချက်ကို သိမှလည်းပဲ အဲဒီ ရည်ရွယ်ချက်ကို အထမြောက်ဖို့ ဘယ်လို လမ်းကြောင်းမလဲ ဆိုတာ စဉ်းစားလို့ရမယ်။ ကျနော် ပုံပြင်လေး တစ်ပုဒ်နဲ့ ဥပမာ ပြပါရစေ။
အင်မတန် သာယာတဲ့ နံနက်ခင်းလေး တစ်ခုမှာ အပူရှိန်ဟာ ပူလွန်းတယ်ဆိုလည်း မဟုတ်၊ အေးလွန်းတယ် ဆိုလည်း မဟုတ်။ နေလို့ ကောင်းတဲ့ အပူရှိန်ကြောင့် နေရောင်ခြည် အောက်မှာ လမ်းလျှောက်တဲ့သူ၊ အားကစား လုပ်နေတဲ့ သူနဲ့ ပန်းခြံထဲမှာ လူတွေ ပြည့်နေတယ်။ သစ်ပင် ပန်းမာန်တွေနဲ့ ထူထပ်နေပေမယ့် ပန်းခြံထဲက ကွင်းပြင်တစ်ခုလုံးဟာ စလိုက်မီးတွေ အမြောက်အမြား ထိုးထားတဲ့ ကဇာတ်ခုံနဲ့ တူနေပါတယ်။ မြူမှုန်တွေနဲ့ ခပ်ပြပြ ဖြစ်နေတဲ့ ကွင်းပြင်ကြီးမှာ ကခုန်နေတဲ့ ကလေးတွေရဲ့ ပျော်ပါး လွတ်လပ်တဲ့ အမူအရာတွေနဲ့ မြင်ရတာ ကြည်နူးစရာ ကောင်းပေမယ့် တစ်ဝမ်းတစ်ခါးအတွက် ကြိုးစားနေရရှာတဲ့ ကလေးမလေးအတွက်လည်း ကရုဏာ သက်စရာပါ။ ကလေးငယ်ရဲ့ ချစ်စဖွယ် မျက်နှာပေးကို သူ့ရဲ့ ချိုင့်ဝင်နေတဲ့ မျက်လုံးနှစ်ဘက်က မဖျက်ဆီးနိုင်ပါဘူး။ တခြား ကလေးငယ်တွေလို မပျော်ပါးနိုင်ဘဲ လမ်းဘေး မြတ်ခင်းပြင်လေးမှာ ဒူးလေးထောက်ပြီး ဝမ်းစာအတွက် ရှာကြံနေတဲ့ ကလေးမလေးကို သနားစာနာသူ တချို့တော့ တစ်ရာ နှစ်ရာ စွန့်ကြဲသွားကြတာပေါ့။ သူရဲ့ လည်ပင်းမှာ ချိတ်ထားတဲ့ စာက ဒီလို ရေးထားတယ်။
ကလေးမလေးရဲ့ တောင်းတဲ့ ပန်းကန်ထဲမှာ ပိုက်ဆံ အနည်းအကျဉ်း ရောက်နေပါပြီ။ အဲဒီအချိန်မှာ လူကြီးတစ်ယောက် ရောက်လာပြီး ငွေ နှစ်ရာ ထည့်လိုက်တယ်။ နောက်ပြီး ကလေးမဆီက ဆိုင်းဘုတ် ခဏတောင်းပြီး စာတချို့ ရေးလိုက်ပြီး လည်ပင်းမှာ ပြန်ချိတ်ပေးလိုက်တယ်။ ဘာမှ သိပ်မရှိသေးတဲ့ ပန်းကန်လုံးဟာ လူကြီး စာရေးပြီး နေ့ခင်း မရောက်ခင်မှာပဲ ပြည့်သွားတယ်။ ဘာစာများ ရေးသွားလို့ လူတွေက အဲဒီလောက် လှူချင်စိတ်တွေ ဖြစ်ပြီး ပိုက်ဆံ ထည့်သွားတာပါလိမ့်လို့ ကလေးမလေး သိချင်နေတယ်။ ခဏနေ လူကြီး ပြန်လာကြည့်တာကို ကလေးမလေးက မှတ်မိတော့ မေးတော့တာပေါ့။ ဒီတော့ လူကြီးပြန်ပြောတာက
“ဘာမှ ထွေထွေ ထူးထူး မဟုတ်ပါဘူး သမီးရယ်။ သမီး ရေးထားတဲ့ အကြောင်းအရာနဲ့ သိပ်မထူးပါဘူး။ ဒါပေမယ့် နည်းနည်း ပြောင်းရေးထားတယ်။ လူတွေရဲ့ ခံစားတတ်တဲ့ စိတ်ကို နည်းနည်း နှိုးဆွပေးထားတာပါ။ ဦးဦး ရေးထားတာက ရှင်းရှင်းလေးပါ။
နံနက်ခင်းက သိပ် သာယာမှာပဲနော်။ သမီးမှာ အဲဒါတွေကို ခံစားဖို့ မျက်စိအစုံ မရှိတော့ပါဘူး။”
စကားလေးမျိုး ရှိပါတယ်။ ပြောပြီးတဲ့အခါမှာ (၁) အကျိုးလည်းမရှိ၊ နှစ်လိုဖွယ်လည်းမရှိတဲ့ စကား၊ (၂) နှစ်လိုဖွယ် ရှိပေမယ့် အကျိုးမရှိတဲ့ စကား၊ (၃) အကျိုးရှိပေမယ့် နှစ်လိုဖွယ် မရှိတဲ့ စကား နဲ့ (၄) နှစ်လိုဖွယ်ရော အကျိုးပါ ရှိမယ့် စကား ဆိုပြီး လေးမျိုး ရှိတယ်။ အဲဒီ အထဲမှာ နံပါတ် (၄) ဖြစ်တဲ့ “နှစ်လိုဖွယ်ရော အကျိုးပါ ရှိမယ့် စကား” ဟာ အပြောသင့်ဆုံး စကားပါ။ အပြစ် အကင်းဆုံး စကားပေါ့။ ဒုတိယ အပြောသင့်ဆုံး စကားကတော့ နံပါတ် (၃) ဖြစ်တဲ့ “အကျိုးရှိပေမယ့် နှစ်လိုဖွယ် မရှိတဲ့ စကား” ပါ။ ဒီစကားကို ပြောလိုက်လို့ ပြောသူအနေနဲ့ ဒါဏ်သင့်ချင် သင့်သွားမယ်။ အပြစ် ဖြစ်ရင် ဖြစ်သွားမယ်။ နားထောင်သူ အနေနဲ့ အကျိုးရှိမယ်ဆိုရင် ပြောသင့်တဲ့ စကားပါပဲ။ အများအားဖြင့် အဲဒီလို စကားမျိုးက နားဝင်မချိုတတ်ပါဘူး။ ဒါကြောင့် တတ်နိုင်သလောက် မပြောတာ၊ မတင်ပြတာ အကောင်းဆုံးပါပဲ။ ကျန် စကားနှစ်မျိုးကတော့ ပြောကို မပြောသင့်ပါဘူး။ ကျနော်တို့ဟာ အကျိုးရှိမှန်း သိလျက်နဲ့ နားဝင်မချိုလို့ မပြောတော့ဘူးလား။ အမှန်တရားဟာ ခါးသီးတယ်လို့ ပြောတတ်ကြပါတယ်။ အမှန်တရားက ခါးသီးတာ မဟုတ်ပါဘူး။ အမှန်တရားဟာ ဆေးခါးလို မျိုချဖို့၊ လက်ခံနိုင်ဖို့ ခဲယဉ်းတာပါ။ အကျိုးရှိတဲ့ စကားတချို့ဟာ ပြောလိုက်ရင် နားထောင်သူအတွက် အကျိုးရှိသလို မပြောလိုက်ရရင်လည်း နားထောင်မယ့်သူအတွက် အကျိုးယုတ်သွားနိုင်ပါတယ်။ အဲဒီလို မပြောမဖြစ် စကားမျိုးတွေကို ပြောရတော့မယ်ဆိုရင် ခါးသီးတဲ့ စကားကနေ နားဝင်ချိုမယ့် စကားမျိုး ပြောင်းပြောတတ်ဖို့ ပညာလိုပါလိမ့်မယ်။ အဲဒီလို ပြောင်းပြောတတ်ဖို့ အရေးပါပုံကို သိရအောင် ကာလီဒါသရဲ့ အဖြစ်အပျက် သေးသေးလေးကို ထုတ်နှုတ် ဖော်ပြပါရစေ။ ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေမှာ မဟောသဓ ကို ပညာအရာ အဓိပတိလို့ သက်မှတ်ကြသလို ဟိန္ဒူဘာသာ ကျမ်းဂန်စာပေမှာလည်း ကာလီဒါသအမတ်ကြီးကို ပညာအဓိပတိလို့ သက်မှတ်ကြပါတယ်။
တစ်နေ့တော့ ဘောဇဘုရင်ကြီးဟာ အိပ်မက်တစ်ခု မြင်မက်ပြီး အဲဒီ အိပ်မက်ရဲ့ နိမိတ်ပုံကို သိရအောင် အာရုံတက်တယ် ဆိုရင်ပဲ အယူတော်မင်္ဂလာကို ခေါ်ယူပြီး အဓိပ္ပာယ် တွက်ချက်စေတယ်။
ဘောဇဘုရင် - မောင်မင်း၊ ငါကိုယ်တော်မြတ် မနေ့ညက အိပ်မက် မြင်မက်တော်မူတယ်။ ငါ ကိုယ်တော်မြတ်ရဲ့ အောက်သွားတော်တွေ အကုန် ကျိုးပဲ့နေတာကို မြင်မက်တယ် မောင်မင်း။ အဲဒီ နိမိတ်ကို ကောင်း၏၊ ဆိုး၏ တွက်ချက်ပြီး ဟုတ်မှန်တိုင်း လျှောက်ထားစေ။
အယူတော်မင်္ဂလာ - အရှင်မင်းကြီး၊ အရှင်ဘုရားရဲ့ အိပ်မက်တော်အား အိပ်မက်တိတ္တုံကျမ်း အလိုအရ တွက်ချက်ပြီး ဟုတ်တိုင်းမှန်ရာ လျှောက်တင်ပါမည် ဘုရား။ ကျမ်းတော်လာအတိုင်း လျှောက်တင်ရမယ်ဆိုရင် နိမိတ် မကောင်းပါဘုရား။ အရှင်ဘုရား၏ သားတော်၊ သမီးတော်များ စောလျင်စွာ ကွယ်လွန် အနိစ္စ ရောက်မည့်အကြောင်း နိမိတ်ထင်ကြောင်းပါဘုရား။ ဒါပေမယ့် .....
ဘောဇဘုရင် - တယ်လည်း ရိုင်းသကိုး မောင်မင်း။ နံနက်စောစော ငါ ကိုယ်တော်မြတ် မင်္ဂလာ ယူရမယ့် အချိန်မှာ ပါးစပ်ပုတ်နဲ့ အမင်္ဂလာ စကားတွေ ပြောနေရသလား။ လာဘ်မရှိတဲ့ စကားတွေနဲ့ အကျိုးပိတ်အောင် လုပ်နေတဲ့ ဒီလူကို အခုပဲ ထုတ်၍ သုတ်သင်ကြစမ်း မင်းချင်းတို့။
အိပ်မက်အနက်ဖော်ကျမ်း အရ အယူတော်မင်္ဂလာ ပြောတာ မှန်ကောင်း မှန်ပါလိမ့်မယ်။ သူ့အနေနဲ့ အဖြစ်မှန်ကို တင်ပြပြီး လိုအပ်တဲ့ ယတြာတွေနဲ့ ပြန်လည် ဖာထေးဖို့ လျှောက်တင်လိုပေမယ့် သူ့ စကားမဆုံးခင်မှာပဲ အမျက်ဒေါသ တစ်ချောင်းချောင်း ထွက်နေတဲ့ ဘုရားကြီးကတော့ သူ့ကို ထုတ်သတ်ဖို့ အမိန့်ပေးလိုက်ပြီ။ မင်းချင်းတွေ အယူတော်မင်္ဂလာကို သတ်ဖို့ ဆွဲထုတ်သွားတဲ့ အချိန်မှာပဲ ကာလီဒါသ အမတ်ကြီး အခစားဝင်ဖို့ အလာနဲ့ ဆုံတော့ အဖြစ်အပျက် အားလုံးကို မေးမြန်းပါတော့တယ်။ ကာလီဒါသက မင်းကြီး ဒေါသထွက်တုန်း တခဏမို့ သေဒါဏ်ပေးတာဖြစ်လို့ သူ ပြန်အလာကို စောင့်ပြီးမှ သတ်ဖို့ မင်းချင်းတွေကို ပြောပြီး ဘုရင်ကြီးဆီ အခစား ဝင်ပါတော့တယ်။ ကာလီဒါသ ရောက်တယ် ဆိုရင်ပဲ ဘုရင်ကြီးက အိပ်မက်အကြောင်း မေးပါတော့တယ်။
ဘောဇဘုရင် - ငါ ကိုယ်တော်မြတ်ရဲ့ အိပ်မက် နိမိတ်ကို ဟောပါဦး မောင်မင်း။
ကာလီဒါသ - တင်ပါ့ဘုရား။ အိပ်မက်တိတ္တုံကျမ်းအရ တွက်ချက်မယ်ဆိုရင် အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုးတော်ကြောင့် အရှင်မင်းကြီးဟာ သားတော် သမီးတော်များထက် သက်တော်ရှည်မယ်လို့ နိမိတ် ထင်ပါတယ်ဘုရား။ သားတော်၊ သမီးတော်များအား သက်တမ်းရှည်ကြာ နေနိုင်ဖို့ အတွက် ............ ယတြာကို လုပ်ဆောင် ပေးနိုင်ပါတယ် ဘုရား။
ကာလီဒါသရဲ့ လျှောက်တင်ချက်ကို ဘုရင်ကြီးအနေနဲ့ အင်မတန် သဘောကျ ဝမ်းမြောက်တာကြောင့် ဆုတော်လဒ်တော် ပေးသနားတော် မူတယ်။ ကာလီဒါသရဲ့ တောင်းပန်ချက်အရလည်း အယူတော်မင်္ဂလာကို သေဒါဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်တယ်။ အိပ်မက်က တစ်ခုတည်း။ အဖြေကလည်း တစ်မျိုးတည်း။ ဒါပေမယ့် လျှောက်တင်ပုံ မတူကြဘူး။ အဓိပ္ပာယ်ကတော့ တစ်ထပ်တည်းပဲ။ တစ်ယောက်က ခါးသီးတဲ့ အသုံးအနှုန်းကြောင့် သေဒါဏ်သင့်တယ်။ နောက်တစ်ယောက်တော့ နားဝင်ချိုအောင် ပြောနိုင်တာကြောင့် ဆုတော်လဒ်တော် တစ်သီကြီး ရသွားတယ်။
“အကြောင်းအရာတစ်ခုကို ဘယ်လောက် ရှင်းအောင် ရေးပြနိုင်သလဲဆိုတာကို ကြည့်ပြီး ရေးသူအနေနဲ့ အဲဒီ အကြောင်းအရာအပေါ် ဘယ်လောက် နားလည်သလဲဆိုတာ တွက်ဆနိုင်ပါတယ်။”
ကျနော် ဘာသာရေး စာပေတွေကို ဖတ်တဲ့အခါမှာ အဲဒီ ပေတံနဲ့ အမြဲတမ်း တိုင်းတာပါတယ်။ လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ မဟာဂန္ဓာရုံဆရာတော် တွေနဲ့ စာတွေကို ဖတ်ရတာ ဘယ်လောက် နက်နဲနက်နဲ ဖတ်တဲ့သူအနေနဲ့ ရှင်းရှင်းဘွင်းဘွင်း နားလည်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီစာတွေကိုပဲ လူပုဂ္ဂိုလ်တချို့ ရေးတာကို ဖတ်တဲ့အခါ ဖတ်ရင်းနဲ့လည်ပြီး စာပိုဒ်သာ ဆုံးသွားတယ်၊ လိုရင်း ထွက်မလာဘူး။ အဲဒီလိုဆိုရင် ရေးသူဟာ သူကိုယ်တိုင် အဲဒီ သဘောတရားကို နားမလည်တာကြောင့် နားလည်အောင် မရေးနိုင်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် ကျနော်အမြင်က ကိုယ်တင်ပြချင်တာကို တဖက်သူ နားလည်စေချင်တယ်ဆိုရင် ကိုယ်ကိုယ်နှိုက်က နားလည်ဖို့ အရင် ကြိုးစားသင့်ပါတယ်။ ကြုံတုန်း အကြံကောင်းတစ်ခု ပေးချင်ပါတယ်။ စာအုပ်တွေ ဖတ်တဲ့အခါမှာ ကိုယ်နားလည်ရုံ ဖတ်တာထက် သူများ နားလည်အောင် ရှင်းပြဖို့ ရည်ရွယ်ပြီး ဖတ်သင့်ပါတယ်။ ဒီသဘောတရားကို သူများကို စာသင်ပေးမှ သဘောပေါက်လာတာပါ။ သင်္ချာ ပုစ္ဆာတစ်ပုဒ်ကို ကိုယ်တိုင် တွက်တတ်ရုံနဲ့ ပိုင်နိုင်ပြီလို့ မယူဆပါနဲ့။ သူများလည်း တွက်တတ်အောင် ရှင်းပြနိုင်မှ ပိုင်နိုင်တယ်လို့ ယူဆပါတယ်။ စမ်းကြည့်ပါ။ ကိုယ်နားလည်ရုံ ဖတ်တာနဲ့ သူများ နားလည်ဖို့ ရည်ရွယ်ပြီး ဖတ်တဲ့ စာက ဘယ်ဟာ ကိုယ့်အတွက် ပို ကျန်မလဲဆိုတာ။ သေချာတာက သူများ နားလည်ဖို့ ရည်ရွယ်ပြီး ဖတ်မယ်ဆိုရင် သူတို့ မေးလာမယ့် မေးခွန်းတွေအတွက် ကျေနပ်လောက်မယ့် အဖြေပါ တပါတည်း စဉ်းစားရတာကြောင့် ပိုပြီးတော့လည်း ပင်ပန်းပါလိမ့်မယ်။ ကျနော် အမြဲ သူများအတွက်ပဲ စာဖတ်ပါတယ်။ သူများကို ပေးမယ့်သူက ကိုယ်တိုင်လည်း ရှိဦးမှကိုး။
လက်လွတ်စပယ် ပြောတဲ့ စကားနဲ့ အာမေဋိတ်က လွဲလို့ ဘယ် စကားမဆို ပြောရင်း ရည်ရွယ်ချက် ရှိပါလိမ့်မယ်။ အပြန်အလှန် အားဖြင့် ကိုယ်က စကားတစ်ခွန်း ပြောတော့မယ် (သို့) အကြောင်းတစ်ရပ် တင်ပြတော့မယ် ဆိုရင်လည်း ရည်ရွယ်ချက်ကို အရင် စဉ်းစားရပါမယ်။ လုပ်ငန်းရှင်ကို စီမံကိန်းတစ်ခု တင်ပြတယ်ဆိုရင်လည်း အဲဒီ စီမံကိန်းကို အတည်ပြုစေချင်တဲ့ ရည်ရွယ်ချက် ရှိသလိုပဲ အလှူရှင်တွေကို ခေါ်ယူတင်ပြရင်လည်း ဒီထက်ဒီ လှူချင်စိတ်ဖြစ်အောင်၊ သဒ္ဒါ ပွားအောင်ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ စကားပြောရင်လည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် မတင်ပြခင်၊ မပြောခင် ရည်ရွယ်ချက် ပြတ်သားဖို့ လိုတယ်။ ရည်ရွယ်ချက်ကို သိမှ သတိထားဖို့တွေ နားလည်လာမယ်။ ဥပမာ လှူစေချင်လို့ ပြောတဲ့စကားထဲမှာ သဒ္ဒါပျက်စေတဲ့ အကြောင်းအရာတွေ ပါလို့ မဖြစ်ဘူး။ ရည်ရွယ်ချက်ကို သိမှလည်းပဲ အဲဒီ ရည်ရွယ်ချက်ကို အထမြောက်ဖို့ ဘယ်လို လမ်းကြောင်းမလဲ ဆိုတာ စဉ်းစားလို့ရမယ်။ ကျနော် ပုံပြင်လေး တစ်ပုဒ်နဲ့ ဥပမာ ပြပါရစေ။
xxxxxx ဝဝဝဝဝဝဝဝ xxxxxx
အင်မတန် သာယာတဲ့ နံနက်ခင်းလေး တစ်ခုမှာ အပူရှိန်ဟာ ပူလွန်းတယ်ဆိုလည်း မဟုတ်၊ အေးလွန်းတယ် ဆိုလည်း မဟုတ်။ နေလို့ ကောင်းတဲ့ အပူရှိန်ကြောင့် နေရောင်ခြည် အောက်မှာ လမ်းလျှောက်တဲ့သူ၊ အားကစား လုပ်နေတဲ့ သူနဲ့ ပန်းခြံထဲမှာ လူတွေ ပြည့်နေတယ်။ သစ်ပင် ပန်းမာန်တွေနဲ့ ထူထပ်နေပေမယ့် ပန်းခြံထဲက ကွင်းပြင်တစ်ခုလုံးဟာ စလိုက်မီးတွေ အမြောက်အမြား ထိုးထားတဲ့ ကဇာတ်ခုံနဲ့ တူနေပါတယ်။ မြူမှုန်တွေနဲ့ ခပ်ပြပြ ဖြစ်နေတဲ့ ကွင်းပြင်ကြီးမှာ ကခုန်နေတဲ့ ကလေးတွေရဲ့ ပျော်ပါး လွတ်လပ်တဲ့ အမူအရာတွေနဲ့ မြင်ရတာ ကြည်နူးစရာ ကောင်းပေမယ့် တစ်ဝမ်းတစ်ခါးအတွက် ကြိုးစားနေရရှာတဲ့ ကလေးမလေးအတွက်လည်း ကရုဏာ သက်စရာပါ။ ကလေးငယ်ရဲ့ ချစ်စဖွယ် မျက်နှာပေးကို သူ့ရဲ့ ချိုင့်ဝင်နေတဲ့ မျက်လုံးနှစ်ဘက်က မဖျက်ဆီးနိုင်ပါဘူး။ တခြား ကလေးငယ်တွေလို မပျော်ပါးနိုင်ဘဲ လမ်းဘေး မြတ်ခင်းပြင်လေးမှာ ဒူးလေးထောက်ပြီး ဝမ်းစာအတွက် ရှာကြံနေတဲ့ ကလေးမလေးကို သနားစာနာသူ တချို့တော့ တစ်ရာ နှစ်ရာ စွန့်ကြဲသွားကြတာပေါ့။ သူရဲ့ လည်ပင်းမှာ ချိတ်ထားတဲ့ စာက ဒီလို ရေးထားတယ်။
“ကျမ မျက်စိ မမြင်ရလို့ သနားကြပါ”
တဲ့။ကလေးမလေးရဲ့ တောင်းတဲ့ ပန်းကန်ထဲမှာ ပိုက်ဆံ အနည်းအကျဉ်း ရောက်နေပါပြီ။ အဲဒီအချိန်မှာ လူကြီးတစ်ယောက် ရောက်လာပြီး ငွေ နှစ်ရာ ထည့်လိုက်တယ်။ နောက်ပြီး ကလေးမဆီက ဆိုင်းဘုတ် ခဏတောင်းပြီး စာတချို့ ရေးလိုက်ပြီး လည်ပင်းမှာ ပြန်ချိတ်ပေးလိုက်တယ်။ ဘာမှ သိပ်မရှိသေးတဲ့ ပန်းကန်လုံးဟာ လူကြီး စာရေးပြီး နေ့ခင်း မရောက်ခင်မှာပဲ ပြည့်သွားတယ်။ ဘာစာများ ရေးသွားလို့ လူတွေက အဲဒီလောက် လှူချင်စိတ်တွေ ဖြစ်ပြီး ပိုက်ဆံ ထည့်သွားတာပါလိမ့်လို့ ကလေးမလေး သိချင်နေတယ်။ ခဏနေ လူကြီး ပြန်လာကြည့်တာကို ကလေးမလေးက မှတ်မိတော့ မေးတော့တာပေါ့။ ဒီတော့ လူကြီးပြန်ပြောတာက
“ဘာမှ ထွေထွေ ထူးထူး မဟုတ်ပါဘူး သမီးရယ်။ သမီး ရေးထားတဲ့ အကြောင်းအရာနဲ့ သိပ်မထူးပါဘူး။ ဒါပေမယ့် နည်းနည်း ပြောင်းရေးထားတယ်။ လူတွေရဲ့ ခံစားတတ်တဲ့ စိတ်ကို နည်းနည်း နှိုးဆွပေးထားတာပါ။ ဦးဦး ရေးထားတာက ရှင်းရှင်းလေးပါ။
နံနက်ခင်းက သိပ် သာယာမှာပဲနော်။ သမီးမှာ အဲဒါတွေကို ခံစားဖို့ မျက်စိအစုံ မရှိတော့ပါဘူး။”
xxxxxx ဝဝဝဝဝဝဝဝ xxxxxx
စကားလေးမျိုး ရှိပါတယ်။ ပြောပြီးတဲ့အခါမှာ (၁) အကျိုးလည်းမရှိ၊ နှစ်လိုဖွယ်လည်းမရှိတဲ့ စကား၊ (၂) နှစ်လိုဖွယ် ရှိပေမယ့် အကျိုးမရှိတဲ့ စကား၊ (၃) အကျိုးရှိပေမယ့် နှစ်လိုဖွယ် မရှိတဲ့ စကား နဲ့ (၄) နှစ်လိုဖွယ်ရော အကျိုးပါ ရှိမယ့် စကား ဆိုပြီး လေးမျိုး ရှိတယ်။ အဲဒီ အထဲမှာ နံပါတ် (၄) ဖြစ်တဲ့ “နှစ်လိုဖွယ်ရော အကျိုးပါ ရှိမယ့် စကား” ဟာ အပြောသင့်ဆုံး စကားပါ။ အပြစ် အကင်းဆုံး စကားပေါ့။ ဒုတိယ အပြောသင့်ဆုံး စကားကတော့ နံပါတ် (၃) ဖြစ်တဲ့ “အကျိုးရှိပေမယ့် နှစ်လိုဖွယ် မရှိတဲ့ စကား” ပါ။ ဒီစကားကို ပြောလိုက်လို့ ပြောသူအနေနဲ့ ဒါဏ်သင့်ချင် သင့်သွားမယ်။ အပြစ် ဖြစ်ရင် ဖြစ်သွားမယ်။ နားထောင်သူ အနေနဲ့ အကျိုးရှိမယ်ဆိုရင် ပြောသင့်တဲ့ စကားပါပဲ။ အများအားဖြင့် အဲဒီလို စကားမျိုးက နားဝင်မချိုတတ်ပါဘူး။ ဒါကြောင့် တတ်နိုင်သလောက် မပြောတာ၊ မတင်ပြတာ အကောင်းဆုံးပါပဲ။ ကျန် စကားနှစ်မျိုးကတော့ ပြောကို မပြောသင့်ပါဘူး။ ကျနော်တို့ဟာ အကျိုးရှိမှန်း သိလျက်နဲ့ နားဝင်မချိုလို့ မပြောတော့ဘူးလား။ အမှန်တရားဟာ ခါးသီးတယ်လို့ ပြောတတ်ကြပါတယ်။ အမှန်တရားက ခါးသီးတာ မဟုတ်ပါဘူး။ အမှန်တရားဟာ ဆေးခါးလို မျိုချဖို့၊ လက်ခံနိုင်ဖို့ ခဲယဉ်းတာပါ။ အကျိုးရှိတဲ့ စကားတချို့ဟာ ပြောလိုက်ရင် နားထောင်သူအတွက် အကျိုးရှိသလို မပြောလိုက်ရရင်လည်း နားထောင်မယ့်သူအတွက် အကျိုးယုတ်သွားနိုင်ပါတယ်။ အဲဒီလို မပြောမဖြစ် စကားမျိုးတွေကို ပြောရတော့မယ်ဆိုရင် ခါးသီးတဲ့ စကားကနေ နားဝင်ချိုမယ့် စကားမျိုး ပြောင်းပြောတတ်ဖို့ ပညာလိုပါလိမ့်မယ်။ အဲဒီလို ပြောင်းပြောတတ်ဖို့ အရေးပါပုံကို သိရအောင် ကာလီဒါသရဲ့ အဖြစ်အပျက် သေးသေးလေးကို ထုတ်နှုတ် ဖော်ပြပါရစေ။ ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေမှာ မဟောသဓ ကို ပညာအရာ အဓိပတိလို့ သက်မှတ်ကြသလို ဟိန္ဒူဘာသာ ကျမ်းဂန်စာပေမှာလည်း ကာလီဒါသအမတ်ကြီးကို ပညာအဓိပတိလို့ သက်မှတ်ကြပါတယ်။
xxxxxx ဝဝဝဝဝဝဝဝ xxxxxx
တစ်နေ့တော့ ဘောဇဘုရင်ကြီးဟာ အိပ်မက်တစ်ခု မြင်မက်ပြီး အဲဒီ အိပ်မက်ရဲ့ နိမိတ်ပုံကို သိရအောင် အာရုံတက်တယ် ဆိုရင်ပဲ အယူတော်မင်္ဂလာကို ခေါ်ယူပြီး အဓိပ္ပာယ် တွက်ချက်စေတယ်။
ဘောဇဘုရင် - မောင်မင်း၊ ငါကိုယ်တော်မြတ် မနေ့ညက အိပ်မက် မြင်မက်တော်မူတယ်။ ငါ ကိုယ်တော်မြတ်ရဲ့ အောက်သွားတော်တွေ အကုန် ကျိုးပဲ့နေတာကို မြင်မက်တယ် မောင်မင်း။ အဲဒီ နိမိတ်ကို ကောင်း၏၊ ဆိုး၏ တွက်ချက်ပြီး ဟုတ်မှန်တိုင်း လျှောက်ထားစေ။
အယူတော်မင်္ဂလာ - အရှင်မင်းကြီး၊ အရှင်ဘုရားရဲ့ အိပ်မက်တော်အား အိပ်မက်တိတ္တုံကျမ်း အလိုအရ တွက်ချက်ပြီး ဟုတ်တိုင်းမှန်ရာ လျှောက်တင်ပါမည် ဘုရား။ ကျမ်းတော်လာအတိုင်း လျှောက်တင်ရမယ်ဆိုရင် နိမိတ် မကောင်းပါဘုရား။ အရှင်ဘုရား၏ သားတော်၊ သမီးတော်များ စောလျင်စွာ ကွယ်လွန် အနိစ္စ ရောက်မည့်အကြောင်း နိမိတ်ထင်ကြောင်းပါဘုရား။ ဒါပေမယ့် .....
ဘောဇဘုရင် - တယ်လည်း ရိုင်းသကိုး မောင်မင်း။ နံနက်စောစော ငါ ကိုယ်တော်မြတ် မင်္ဂလာ ယူရမယ့် အချိန်မှာ ပါးစပ်ပုတ်နဲ့ အမင်္ဂလာ စကားတွေ ပြောနေရသလား။ လာဘ်မရှိတဲ့ စကားတွေနဲ့ အကျိုးပိတ်အောင် လုပ်နေတဲ့ ဒီလူကို အခုပဲ ထုတ်၍ သုတ်သင်ကြစမ်း မင်းချင်းတို့။
အိပ်မက်အနက်ဖော်ကျမ်း အရ အယူတော်မင်္ဂလာ ပြောတာ မှန်ကောင်း မှန်ပါလိမ့်မယ်။ သူ့အနေနဲ့ အဖြစ်မှန်ကို တင်ပြပြီး လိုအပ်တဲ့ ယတြာတွေနဲ့ ပြန်လည် ဖာထေးဖို့ လျှောက်တင်လိုပေမယ့် သူ့ စကားမဆုံးခင်မှာပဲ အမျက်ဒေါသ တစ်ချောင်းချောင်း ထွက်နေတဲ့ ဘုရားကြီးကတော့ သူ့ကို ထုတ်သတ်ဖို့ အမိန့်ပေးလိုက်ပြီ။ မင်းချင်းတွေ အယူတော်မင်္ဂလာကို သတ်ဖို့ ဆွဲထုတ်သွားတဲ့ အချိန်မှာပဲ ကာလီဒါသ အမတ်ကြီး အခစားဝင်ဖို့ အလာနဲ့ ဆုံတော့ အဖြစ်အပျက် အားလုံးကို မေးမြန်းပါတော့တယ်။ ကာလီဒါသက မင်းကြီး ဒေါသထွက်တုန်း တခဏမို့ သေဒါဏ်ပေးတာဖြစ်လို့ သူ ပြန်အလာကို စောင့်ပြီးမှ သတ်ဖို့ မင်းချင်းတွေကို ပြောပြီး ဘုရင်ကြီးဆီ အခစား ဝင်ပါတော့တယ်။ ကာလီဒါသ ရောက်တယ် ဆိုရင်ပဲ ဘုရင်ကြီးက အိပ်မက်အကြောင်း မေးပါတော့တယ်။
ဘောဇဘုရင် - ငါ ကိုယ်တော်မြတ်ရဲ့ အိပ်မက် နိမိတ်ကို ဟောပါဦး မောင်မင်း။
ကာလီဒါသ - တင်ပါ့ဘုရား။ အိပ်မက်တိတ္တုံကျမ်းအရ တွက်ချက်မယ်ဆိုရင် အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုးတော်ကြောင့် အရှင်မင်းကြီးဟာ သားတော် သမီးတော်များထက် သက်တော်ရှည်မယ်လို့ နိမိတ် ထင်ပါတယ်ဘုရား။ သားတော်၊ သမီးတော်များအား သက်တမ်းရှည်ကြာ နေနိုင်ဖို့ အတွက် ............ ယတြာကို လုပ်ဆောင် ပေးနိုင်ပါတယ် ဘုရား။
ကာလီဒါသရဲ့ လျှောက်တင်ချက်ကို ဘုရင်ကြီးအနေနဲ့ အင်မတန် သဘောကျ ဝမ်းမြောက်တာကြောင့် ဆုတော်လဒ်တော် ပေးသနားတော် မူတယ်။ ကာလီဒါသရဲ့ တောင်းပန်ချက်အရလည်း အယူတော်မင်္ဂလာကို သေဒါဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်တယ်။ အိပ်မက်က တစ်ခုတည်း။ အဖြေကလည်း တစ်မျိုးတည်း။ ဒါပေမယ့် လျှောက်တင်ပုံ မတူကြဘူး။ အဓိပ္ပာယ်ကတော့ တစ်ထပ်တည်းပဲ။ တစ်ယောက်က ခါးသီးတဲ့ အသုံးအနှုန်းကြောင့် သေဒါဏ်သင့်တယ်။ နောက်တစ်ယောက်တော့ နားဝင်ချိုအောင် ပြောနိုင်တာကြောင့် ဆုတော်လဒ်တော် တစ်သီကြီး ရသွားတယ်။
xxxxxx ဝဝဝဝဝဝဝဝ xxxxxx
စွမ်းပကားရှိသူ အတွက်
လေးလံသောတာဝန် ဟူသည် မရှိ။
ခရီးသွားကုန်သည် အတွက်
ဝေးလံသော အရပ်ဒေသ ဟူသည် မရှိ။
ပညာရှိသူအတွက်
(မိမိဒေသ မဟုတ်သော) အခြားအရပ် ဟူသည် မရှိ။
ချိုသာစွာ ပြောတတ်၊ တင်ပြတတ်သူ အတွက်
သူစိမ်းတစ်ရံဆံ ဟူသည် မရှိ။
(လောကနီတိ)

ဤပို့စ်အား Sunday, March 01, 2009 နေ့တွင် ရေးသားထားပြီး
တွေးစရာ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Sunday, March 01, 2009
|
စာညွှန်း
တွေးစရာ