လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
ဖြုန်းတီးခြင်း
16 January 2009
အသိပညာ - အသုံးမချခြင်းဖြင့် ဖြုန်းတီးပစ်နေသည်။
ကျနော်တို့ တစ်သက်လုံး ပညာတွေ သင်ပြီးရင်း သင်နေကြတယ်။ တချို့လည်း သင်ရင်းနဲ့ သေတော့မယ်၊ ထုတ်မသုံးဖြစ်သေးဘူး။ သူတို့ရဲ့ အဖြစ်က ဦးကပ်စေးနဲ့ တူနေတယ်။ ပိုက်ဆံတော့ ရှာတယ်။ မသုံးရက်ဘူး။ မသုံးဘဲ ရှာခြင်းက အချည်းနှီးပါ။ တစ်သက်လုံးပဲ ကျောင်းတက်စားတော့မလား ဆိုတာ မေးစရာ ဖြစ်နေတယ်။
လုပ်အား - သတိလက်လွတ် နေခြင်းဖြင့် ဖြုန်းတီးပစ်နေသည်။
တစ်နေ့တာ တစ်နေ့တာ လုပ်ခဲ့သမျှကို ပြန်ဆန်းစစ်ကြည့်ပါ။ ကိုယ် စိတ်ပါလို့ လုပ်လိုက်တဲ့ အလုပ် ဘယ်နှခု ရှိသလဲ။ မစိတ်ပါဘဲ လုပ်လိုက်မိတဲ့ အလုပ်တွေ ဘယ်နှခု ရှိလဲ။ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ စိတ်ခွန်အားတွေ ဖြုန်းတီးချင်တိုင်း ဖြုန်းတီးပြီး သတိလက်လွတ် လုပ်နေမိတဲ့ အလုပ်တွေ တစ်နေ့တာမှာ ဘယ်လောက် များနေသလဲ။
ပိုင်ဆိုင်မှု ဥစ္စာ - အကုသိုလ်ဖြင့် အလွဲသုံးစား လုပ်၍ ဖြုန်းတီးပစ်နေသည်။
ကျနော်တို့ရဲ့ ငွေကြေး၊ အဆင့်အတန်း၊ ရာထူး နဲ့ အာဏာတွေကို အာဃာတ၊ မာန၊ လက်စားချေမှု တွေအတွက် အပြည့်အဝ သုံးစွဲပြီး ကုသိုလ်ရေးအတွက် လက်နှေးနေကြတယ်။ လူအများစုဟာ လက်မောင်းဆန့်တန်းပြီး ဒေါသထွက်ဖို့ လွယ်သလောက် အခက်အခဲရှိသူကို လက်ကမ်းဖို့ကျ အတော်လေး ခက်ခဲတတ်ကြပါတယ်။
အချိန် - နောင်တ၊ တွေဝေမှု၊ သောကတို့ဖြင့် ဖြုန်းတီးပစ်နေသည်။
ပစ္စုပ္ပာန် အချိန်မှာ ဘယ်သူများ အချိန်ကြာကြာ နေဖူးကြပါသလဲ။ အတိတ်ကအကြောင်း စဉ်းစားချင် စဉ်းစား၊ မစဉ်းစားရင် အနာဂါတ်အကြောင်းနဲ့ အချိန်ကုန်နေကြတဲ့ လူတွေပဲ များမှာပါ။ လက်ရှိအချိန်တွေက နောင်တ နဲ့ တွေဝေမှုက စိုးမိုးထားတာ များတယ်။ အတိတ်က နောင်တအဖြစ်နဲ့ အသွင်းပြောင်းပြီး နေတယ်။ အနာဂါတ်က တွေဝေမှုအဖြစ် အသွင်ပြောင်းပြီး နေတယ်။ ဒီနှစ်ခုနဲ့ပဲ အများစုက ပစ္စုပ္ပာန်ကို အစားထိုး ထားကြတယ်။

ဤပို့စ်အား Friday, January 16, 2009 နေ့တွင် ရေးသားထားပြီး
တွေးစရာ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Friday, January 16, 2009
|
စာညွှန်း
တွေးစရာ