လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
သံပေါက်ကဗျာ စပ်နည်း
15 January 2009
တီးခြင်းအစ၊ လက်ခုပ်က
ကခြင်းအစ၊ လက်မြှောက်က
သီချင်းအစ၊ သံပေါက်က
ဆိုတဲ့အတိုင်း သီချင်း၊ ကဗျာကို လေ့လာချင်သူတွေအတွက် ပထမဆုံးအနေနဲ့ သံပေါက်ကဗျာစပ်နည်းကို စပြီး နားလည်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ သီချင်းနဲ့ ကဗျာကို တစ်တွဲတည်း တွဲပြီး ဖော်ပြထားလို့ နည်းနည်းလေး ကြောင်အမ်းအမ်း ဖြစ်နေမယ် ထင်တယ်။ ကဗျာလင်္ကာ စပ်နည်းကို အခြေခံအားဖြင့် နှစ်မျိုး ခွဲထားပါတယ်။
သံပေါက်စပ်နည်း
(၁)အမည်ခေါ်တွင်ပုံ
(၂) အမျိုးအစား
(၃) အပိုဒ်အရေအတွက်
(၄) အက္ခရာ အလုံးအရေအတွက်
(၅) အစပ် ကာရန် ယူပုံ
(၆) လေပြင်း - လေလျှော့ (ဂရု - လဟု) ထည့်ပုံ
(၇) သတိထားသင့်သော အပြစ်များ
(၈) လေ့လာစရာ ဥပမာ သံပေါက်များ
- အက္ခရာ - ဂိုဏ်း၊ ဂရု - လဟု၊ ဒီဃ - ရဿ၊ အပိုဒ် - အပုဒ်၊ အအုပ် - အခံ၊ ကာရန် - အထား၊ လေသွား - လေယူ စတာတွေနဲ့ စီစစ်ဝေဖန်ပြီး ရေးစပ်ရတဲ့ ကဗျာစပ်နည်းတစ်မျိုး။
- နှဲမောင်း၊ ကြေးနင်း၊ ခွက်ခွင်းအစုံ၊ ဆိုင်းဗုံ၊ ပတ်ဗျော၊ တယော၊ စောင်းညှင်း၊ ဒုံမင်း၊ ပတ်သာ၊ လမ္ပရာ စတဲ့ တူရိယာအသံကို လိုက်ပြီး တီးလုံး၊ တီးကွက်၊ မှုတ်ချက်၊ မှုတ်နည်း၊ စည်းချက်၊ ဝါးချက်၊ ဒုံးချက်တွေနဲ့ ကိုက်ညီအောင် ရေးစပ်ရတဲ့ သီချင်းစပ်နည်းတစ်မျိုး။
သံပေါက်စပ်နည်း
(၁)အမည်ခေါ်တွင်ပုံ
(၂) အမျိုးအစား
(၃) အပိုဒ်အရေအတွက်
(၄) အက္ခရာ အလုံးအရေအတွက်
(၅) အစပ် ကာရန် ယူပုံ
(၆) လေပြင်း - လေလျှော့ (ဂရု - လဟု) ထည့်ပုံ
(၇) သတိထားသင့်သော အပြစ်များ
(၈) လေ့လာစရာ ဥပမာ သံပေါက်များ
(၁)အမည်ခေါ်တွင်ပုံ
သံပေါက်လို့ ခေါ်ရတဲ့ အကြောင်းက အသံကို ပေါက်အောင် ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား စပ်ဆို သီကုံးထားလို့ ဖြစ်ပါတယ်။
(၂) အမျိုးအစား
သံပေါက်ကဗျာမှာ ငါးလုံးချသံပေါက် နဲ့ ခုနစ်လုံးချ သံပေါက် ဆိုပြီး နှစ်မျိုး ရှိပါတယ်။
(၃) အပိုဒ်အရေအတွက်
သံပေါက် နှစ်မျိုးစလုံးမှာ ပထမပိုဒ်၊ ဒုတိယပိုဒ်၊ တတိယပိုဒ် ဆိုပြီး ပေါင်း သုံး ပဒ၊ သုံးပိုဒ်စီ ရှိပါတယ်။
(၄) အက္ခရာ အလုံးအရေအတွက်
ငါးလုံးချ သံပေါက်မှာ ဆိုရင်
ခုနစ်လုံးချ သံပေါက်မှာ ဆိုရင်
(၅) အစပ် ကာရန် ယူပုံ
ငါးလုံးချ သံပေါက်မှာ ဆိုရင်
ဝ ဝ ဝ x
ဝ ဝ x
ဝ x ဝ ဝ ဝ
ခုနစ်လုံးချ သံပေါက်မှာ ဆိုရင်
ဝ ဝ ဝ x
ဝ ဝ x
ဝ x ဝ v ဝ ဝ v
အဲဒီလို အစပ်ကာရန်တွေ မှန်ကန်အောင် ဖွဲ့စပ်ထားတဲ့ အပိုဒ် သုံး ပိုဒ်ကို တစ်ပုဒ် အဖြစ်နဲ့ သက်မှတ်ပြီး သံပေါက်ကို တစ်ပုဒ်၊ နှစ်ပုဒ်၊ သုံးလေးပုဒ် ကိုယ် ကြိုက်သလို ရေးဖွဲ့နိုင်ပါတယ်။ တကယ်လို့ အပုဒ် အများကြီး ရေးသားမယ် ဆိုရင်တော့ ပထမအပုဒ်ရဲ့ အဆုံး ကာရန်နဲ့ ဒုတိယအပုဒ်ရဲ့ အဆုံးကာရံ စသဖြင့် အပုဒ်တိုင်းရဲ့ အဆုံးကာရန်က တစ်မျိုးတည်း ထပ်မိနေရပါဦးမယ်။
(၆) လေပြင်း - လေလျှော့ (ဂရု - လဟု) ထည့်ပုံ
သံပေါက် နှစ်မျိုးစလုံးမှာ ဘယ်နေရာ ဘယ်အက္ခရာမှာ လေပြင်း (သို့) လေလျှော့ ဖြစ်ရမယ်လို့ သက်မှတ်ထားချက် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေပြင်း (သို့) လေလျှော့ကို ဘယ်အက္ခရာ နေရာမှာပဲ ထားထား ရွတ်ဖတ်တဲ့အခါ ချောမော ပြေပြစ်နေတုန်းပဲ ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် သံပေါက် တစ်ပုဒ် တစ်ပုဒ်စီမှာ လေပြင်းချည်း သက်သက်၊ လေလျှော့ချည်း သက်သက် ထားပြီး မရေးသင့်ပါဘူး။ အဲဒီလို ရေးရင် ရွတ်ဖတ်လို့ မကောင်းတော့ပါဘူး။
(၇) သတိထားသင့်သော အပြစ်များ
သံပေါက်မှာ သတိထားစရာ အပြစ်နှစ်ခုက ဝဂ်နင်းအပြစ်နဲ့ ခွာထောက်အပြစ်ပါ။ အဲဒီ အပြစ်နှစ်ခုကို အကြမ်းဖျဉ်း ရှင်းပြပါ့မယ်။
(၈) လေ့လာစရာ ဥပမာ သံပေါက်များ
အပေါ်မှာ တင်ပြခဲ့တာကို ခြုံငုံကြည့်လို့ရအောင် ဥပမာတချို့ကို တင်ပြလိုက်ပါတယ်။

- ပထမပိုဒ်မှာ အက္ခရာ လေး (၄) လုံး၊
- ဒုတိယပိုဒ်မှာ အက္ခရာ သုံး (၃) လုံး၊
- တတိယပိုဒ်မှာ အက္ခရာ ငါး (၅) လုံး
ခုနစ်လုံးချ သံပေါက်မှာ ဆိုရင်
- ပထမပိုဒ်မှာ အက္ခရာ လေး (၄) လုံး၊
- ဒုတိယပိုဒ်မှာ အက္ခရာ သုံး (၃) လုံး၊
- တတိယပိုဒ်မှာ အက္ခရာ ခုနစ် (၇) လုံး
(၅) အစပ် ကာရန် ယူပုံ
ငါးလုံးချ သံပေါက်မှာ ဆိုရင်
- ပထမပိုဒ်ရဲ့ အဆုံးဖြစ်တဲ့ စတုတ္ထ အက္ခရာ နဲ့
- ဒုတိယပိုဒ်ရဲ့ အဆုံးဖြစ်တဲ့ တတိယ အက္ခရာ နဲ့
- တတိယပိုဒ်ရဲ့ ဒုတိယ အက္ခရာ၊
ဝ ဝ ဝ x
ဝ ဝ x
ဝ x ဝ ဝ ဝ
ခုနစ်လုံးချ သံပေါက်မှာ ဆိုရင်
- ပထမပိုဒ်ရဲ့ စတုတ္ထ အက္ခရာ နဲ့
- ဒုတိယပိုဒ်ရဲ့ တတိယ အက္ခရာ နဲ့
- တတိယပိုဒ်ရဲ့ ဒုတိယ အက္ခရာ၊
ဝ ဝ ဝ x
ဝ ဝ x
ဝ x ဝ v ဝ ဝ v
အဲဒီလို အစပ်ကာရန်တွေ မှန်ကန်အောင် ဖွဲ့စပ်ထားတဲ့ အပိုဒ် သုံး ပိုဒ်ကို တစ်ပုဒ် အဖြစ်နဲ့ သက်မှတ်ပြီး သံပေါက်ကို တစ်ပုဒ်၊ နှစ်ပုဒ်၊ သုံးလေးပုဒ် ကိုယ် ကြိုက်သလို ရေးဖွဲ့နိုင်ပါတယ်။ တကယ်လို့ အပုဒ် အများကြီး ရေးသားမယ် ဆိုရင်တော့ ပထမအပုဒ်ရဲ့ အဆုံး ကာရန်နဲ့ ဒုတိယအပုဒ်ရဲ့ အဆုံးကာရံ စသဖြင့် အပုဒ်တိုင်းရဲ့ အဆုံးကာရန်က တစ်မျိုးတည်း ထပ်မိနေရပါဦးမယ်။
(၆) လေပြင်း - လေလျှော့ (ဂရု - လဟု) ထည့်ပုံ
သံပေါက် နှစ်မျိုးစလုံးမှာ ဘယ်နေရာ ဘယ်အက္ခရာမှာ လေပြင်း (သို့) လေလျှော့ ဖြစ်ရမယ်လို့ သက်မှတ်ထားချက် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေပြင်း (သို့) လေလျှော့ကို ဘယ်အက္ခရာ နေရာမှာပဲ ထားထား ရွတ်ဖတ်တဲ့အခါ ချောမော ပြေပြစ်နေတုန်းပဲ ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် သံပေါက် တစ်ပုဒ် တစ်ပုဒ်စီမှာ လေပြင်းချည်း သက်သက်၊ လေလျှော့ချည်း သက်သက် ထားပြီး မရေးသင့်ပါဘူး။ အဲဒီလို ရေးရင် ရွတ်ဖတ်လို့ မကောင်းတော့ပါဘူး။
(၇) သတိထားသင့်သော အပြစ်များ
သံပေါက်မှာ သတိထားစရာ အပြစ်နှစ်ခုက ဝဂ်နင်းအပြစ်နဲ့ ခွာထောက်အပြစ်ပါ။ အဲဒီ အပြစ်နှစ်ခုကို အကြမ်းဖျဉ်း ရှင်းပြပါ့မယ်။
- ဝဂ်နင်းအပြစ်ဆိုတာ ကာရန်ယူတဲ့ အခါမှာ နီးနီးကပ်ကပ် ရှိနေတဲ့ အပိုဒ် နှစ်ပိုဒ်မှာ အက္ခရာတူ၊ အသတ်တူ၊ အသံတူ ပြန်ယူထားတာကို ခေါ်ပါတယ်။ အဓိပ္ပာယ်က ကပ်လျက် အပိုဒ်နှစ်ခုမှာ အက္ခရာတူ ပြန်သုံးထားတဲ့ အပြစ်ပါ။ ရှေ့တစ်ပိုဒ်မှာ "ထန်" ကာရန်ကို ယူထားပြီး နောက်တစ်ပိုဒ်မှာလည်း "ထန်" ကာရန်ကို ပြန်ယူထားမယ်ဆိုရင် ဝဂ်နင်းအပြစ် သင့်ပါတယ်။
- ခွာထောက်အပြစ် ဆိုတာကတော့ တစ်ပိုဒ်ကျော်မှာ အက္ခရာတူ၊ အသတ်တူ၊ အသံတူ ပြန်ယူထားတာကို ခေါ်ပါတယ်။ ပထမပိုဒ်မှာ "ထန်" ကာရန် ယူထားပြီး တတိယအပိုဒ်မှာလည်း "ထန်" ကာရန်ကိုပဲ ပြန်ယူထားရင် ခွာထောက်အပြစ် သင့်ပါတယ်။
(၈) လေ့လာစရာ ဥပမာ သံပေါက်များ
အပေါ်မှာ တင်ပြခဲ့တာကို ခြုံငုံကြည့်လို့ရအောင် ဥပမာတချို့ကို တင်ပြလိုက်ပါတယ်။
ငါးလုံးချသံပေါက်
နန္ဒမာလိနီ၊ ကျမ်းအဆီ၊ သညီကြိုင်သင်းထုံ။
ဟာသသညာ၊ စီကုံးရာ၊ ကဗျာညွန့်ပေါင်းစုံ။
မှတ်ကြောင်းမှတ်အပ်၊ ဤနှစ်ရပ်၊ ရောစပ်သီကုံးခြုံ။
ကဗျုပဒေ၊ သူ့အခြေ၊ ရှုလေနည်းဖုံဖုံ။
သံပေါက်စပ်ဝယ်၊ တတ်အလွယ်၊ မှတ်ဖွယ်ဥဒါဟရုဏ်။
သူ့နည်းစပ်မူ၊ ထပ်အတူ၊ မှတ်ယူကြံလင့်ကုန်။
ဟာသသညာ၊ စီကုံးရာ၊ ကဗျာညွန့်ပေါင်းစုံ။
မှတ်ကြောင်းမှတ်အပ်၊ ဤနှစ်ရပ်၊ ရောစပ်သီကုံးခြုံ။
ကဗျုပဒေ၊ သူ့အခြေ၊ ရှုလေနည်းဖုံဖုံ။
သံပေါက်စပ်ဝယ်၊ တတ်အလွယ်၊ မှတ်ဖွယ်ဥဒါဟရုဏ်။
သူ့နည်းစပ်မူ၊ ထပ်အတူ၊ မှတ်ယူကြံလင့်ကုန်။
ခုနစ်လုံးချသံပေါက်
သံပေါက်စပ်ဖွယ်၊ အဓိပ္ပာယ်၊ အကျယ်ဖော်ပြ ယင်းသို့ပ။
အပိုဒ်ထုံးစံ၊ ထားရပြန်၊ ဧကန်ရှုကြ သုံးပဒ။
စ ပိုဒ်လေးလုံး၊ လယ် ပိုဒ်သုံး၊ အဆုံး ငါးချခွန်လည်းရ။
ပ စ ဒု သုံး၊ တ ဒု လုံး၊ ခွန်ဆုံး တုတ္ထ ကာရ န္တ။
ဤသည့်နမူ၊ သင်မှတ်ယူ၊ တဆူနေလ ကဝိန္ဒ။
ချွင်းချက်သံပေါက်တချို့
ကြိယာခြောက်ဆယ်၊ အသွယ်သွယ်၊ အဘယ်ကျမ်းက ထွက်သနည်း။
သုံးဆယ့်သုံးသွယ်၊ ဗျည်းကကျယ်၊ ဘယ်သူ ဘယ်ဗျည်း စပ်သနည်း။
ကျယ်လျှင်ကားချဲ့၊ ပဲ့လျှင်ဖဲ့၊ နွဲ့လျှင်ကားသတ် ဘယ်ကြောင့်နည်း။
မှ - ရှင်နန္ဒဓဇဆို စွယ်စုံကျော်ထင်ကျမ်း
နွယ်ပန်း-ပန်းခွာညို၊ နှင်းစိုစို၊ ပြာသို ဆောင်းလရက်။
ပွင့်ခက်-ခက်လှစံ၊ မြချပ်ရံ၊ ဝတ်ဆံကြိုင်နံ့မျက်။
ရွှေချက်-ချက်မြှုပ်ရာ၊ မင်းဝံချာ၊ သီတာပတ်ရစ်လျက်။
မှ - လေခဝုဍ္ဎိကျမ်း
ဓါးသငယ် ရွှေခွေး၊ လက်တော်နွေး၊ မကွေးတောသီးယှက်၊ ရှလေ မင်းကြီးလက်။
မြင်းစိုင်းမြို့ရွှေနန်း၊ သာယာဆန်း၊ ရစ်သန်းသင်းတွဲမြောင်း၊ မြင့်မြတ် တောင်သာလျောင်း။
မှ - လေခဝုဍ္ဎိကျမ်း
ကိုးကားကျမ်းများ

- ကဗျာစွယ်စုံကျမ်းကြီး - ဓမ္မာစရိယ ဦးထွန်းရွှေ
- ကဗျာဖွဲ့နည်းနိသျည်း - ဒဂုန်ဦးစန်းငွေ
- အထက်တန်း မြန်မာကဗျာဖွဲ့နည်းကျမ်း - ဖိုးစိန်
ဤပို့စ်အား Thursday, January 15, 2009 နေ့တွင် ရေးသားထားပြီး
မြန်မာစာပေ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Thursday, January 15, 2009
|
စာညွှန်း
မြန်မာစာပေ