လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

No Pain No Gain

12 March 2008

၂၀၀၈ ခုနစ်၊ မတ်လ၊ ၁၂ ရက် (ဗုဒ္ဓဟူးနေ့)

ဟူး ... ဒီပို့စ်တင်ဖို့ လုပ်နေတာ ၄ ရက်တောင် ရှိသွားပြီ။ ကိုးနတ်ရှင်က အဆင်မပြေတော့ အသည်းအသန် လုပ်လိုက်ရတယ်။ No Pain No Gain တဲ့။ သဘောက အနာခံမှ အသာစံရမယ်ပေါ့ဗျာ။

အခက်အခဲတွေကို ကျနော်တို့က ဒုက္ခလို့ မှတ်ယူကြတယ်။ ဒါဆို နာကျင်မှုတွေပေါ့။ အဲဒီ နာကျင်မှုတွေကို ရဲရဲရင့်ရင့် လက်ခံနိုင်ဖို့၊ အဲဒီ အခက်အခဲတွေကို မပုန်းမရှောင် ရင်ဆိုင်ရဲဖို့ သတ္တိတွေတော့ လိုမယ်။ အဲဒီ အခက်အခဲတွေကို သတ္တိရှိရှိ လက်ခံလိုက်ပါ။ အနာဂါတ်ဟာ ပိုပြီး စိုပြေလာလိမ့်မယ်။ မယုံရင် ဟိုး အရင်က ကြုံခဲ့ဖူးတဲ့ အခက်အခဲတွေ၊ အံကြိတ်ပြီး ခံခဲ့ရတဲ့ ဒုက္ခတွေအကြောင်း ပြန်စဉ်းစားကြည့်ပါ။ အဲ့ဒီအချိန်က လည်စင်းပြီး ခံနေခဲ့ရတော့ ဘယ်ချိုမြိန်မလဲနော်။ ငိုတောင် ငိုခဲ့ရမယ်ထင်တယ်။ ဒါပေမယ့် အဲဒါတွေ အခု ပြန်စဉ်းစားတော့ ဘယ်လိုနေလဲ။ အခုတော့ ရယ်စရာတွေ ဖြစ်နေမလားပဲ။ ကြည်နူးစရာတွေ ဖြစ်နေတယ်။ လွမ်းဆွတ်စရာတွေ ဖြစ်သွားတယ်နော်။ အနည်းဆုံး အတွေ့အကြုံအဖြစ်နဲ့ သင်ယူလိုက်ရတယ်။ သင်ခန်းစာအဖြစ်နဲ့ နားလည်လိုက်ရတယ်။ ဒါတွေဟာ အနာဂါတ် လှပဖို့ အတွက်ပဲ မဟုတ်လား။ ကျနော်တို့ လုပ်နေရတဲ့ အလုပ်တွေ၊ လုပ်ရပ်တွေဟာ ဒုက္ခတွေပဲလို့ တစ်ထစ်ချ မတွေးထင်လိုက်ပါနဲ့။ မယူဆလိုက်ပါနဲ့ဦး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ ဒုက္ခတွေ၊ နာကျင်မှုတွေ၊ အလုပ်တွေရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေ အမြဲ ရှိနေတတ်လို့ပါ။

ဒီကာတွန်းလေး ဆက်ခံစားကြည့်ပါဦး။ တစ်ခုခုတော့ ရလိုက်မယ် ထင်ပါတယ်။















Thanks to MOH, my best friend for sharing this amazing cartoon