လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

မွေးနေ့ ဧည့်ခံပွဲလေး

16 February 2008

၂၀၀၈ ခုနစ်၊ ဖေဖော်ဝါရီလ၊ ၁၆ ရက် (စနေနေ့)



မတွေ့ဖြစ်ကြတာလည်း ကြာပြီနော်။ ပျောက်ဆို ခရီးထွက်နေတယ်လေ။ မန်းကိုရောက်နေတာ ဒီနေ့ မနက်မှပဲ ပြန်ရောက်တယ်။ မန်းမှာက နက်မကောင်းတော့ မ၀င်ဖြစ်ဘူး။ ကိုယ့်ရဲ့ ဘလော့ဂ် သယ်ရင်းတွေကို မုန့်ကျွေးဖို့ ဒီနေ့ အမှီ ပြန်မယ်ဆိုပြီး အသည်းအသန် ပြေးလာတာ။ ဒီနေ့ ကျနော်ရဲ့ မွေးနေ့ ဆိုတော့ မုန့်တွေ တ၀ကြီး ကျွေးချင်ပေမယ့် ဒီနေ့ မနက်မှ အပြေးအလွှား စီစဉ်ရတာဆိုတော့ မုန့်တွေ နည်းသွားရင် လျှော့သွားရင် မလောက်မင ဖြစ်နေရင် စိတ်မဆိုးကြေးနော်။ ဒါတောင် သူ စီစဉ်ပေးထားလို့ အားလုံးကို ကျွေးနိုင်တာ။ နို့မို့ဆို ခရီးပန်းနေတာနဲ့ ဘာမှ မလုပ်နိုင်ဘူးလေ။ စားကြပါ အားရပါးရ။
ဘာလဲ ....။ ဘယ်နှနှစ်မြောက် မွေးနေ့လဲ ဟုတ်လား။ မွေးနေ့ရှင် စိတ်ဆိုးအောင် မမေးရ၀ူးလေ။ သူတောင် မေ့ချင်ယောင် ဆောင်နေတဲ့ ကိစ္စကို။ ဒါပေမယ့် မေးတဲ့လူ အဖြေရှိအောင် နည်းနည်းတော့ ဖြေပါ့မယ်။ အသက်က သုံးဆယ့်နဲ့ ............................ ။ အာ ... မဟုတ်ဘူး။ မှားလို့။ ဘယ်ကလာ။ သုံးဆယ်တောင် မပြည့်သေးတာ။ နှစ်ဆယ်ကျော်ပဲ ရှိသေးတယ်ဗျ။ ဘယ်လောက်ကျော်သလဲ ဟုတ်လား။ အင်းးးးးး ။ သေချာတာကတော့ နှစ်ဆယ်ကို တော်တော်လေး ကျော်နေပြီ။ ဟီး ဟီး။ ကဲပါ ကဲပါ။ စကားပေါနေတာနဲ့ မုန့်ဆီ မရောက်တော့ဘူး။ ဟေ့ ရှင်မရေ .... ဧည့်သည်တွေလာနေပြီ၊ မုန့်တွေ ချလိုက်တော့လေ။