လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

မြန်မာည နှင့် ပါဠိည

20 January 2008

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၂၀ ရက် (တနင်္ဂနွေနေ့)

ညအက္ခရာ အရေးအသားနဲ့ စပ်ပြီး မြန်မာညနဲ့ ပါဠိညကို ခွဲခြားသင့်ပါတယ်။ ညအခါ၊ အညာအကြေ၊ ကြေညာ၊ သည်၊ တည်း စတာတွေမှာ ပါတဲ့ ညဟာ မြန်မာအက္ခရာ ဖြစ်တယ်။ ဦးခေါင်းနှစ်လုံး ပါပေမယ့် ညဗျည်းတစ်လုံးသာ ဖြစ်တယ်။ ဉ လို့ မရေးဘဲ ဦးခေါင်းအညွန့်တပ်ပြီး ည လို့ ရေးရတဲ့ အကြောင်းက တင့်တယ်စေချင်လို့ လို့ဆိုပါတယ်။ ညနှစ်လုံးဆင့် သံယုတ်အက္ခရာ မဟုတ်ပါဘူး။ ဝေါဟာရတ္ထပကာသနီ ၁၁၇ မှာ “ယင်းသို့လျှင် သတ်သောဉ ဗျည်းနှိုက်ပင်သော်လည်း ဦးခေါင်းထုတ်ရအံ့ ဟူသည်ကိုထောက်၍ ဦးခေါင်းထုတ်ရေးသော်လည်း မြမ္မာမှုနှိုက် သံယုတ်ဒွေးဘော်မဆိုရ။ သာရုပ္ပမင်္ဂလာ ဖြစ်လို၍သာ ဦးခေါင်းအညွန့် တပ်ပါသည်ဟူ၍ ယူသင့်၏။” လို့ မိန့်ဆိုထားပါတယ်။

ဒါ့ကြောင့် ကညသည်၊ ကညဝတ္တ၊ ကညစ်၊ တညတလေ၊ အညာဒေသ စတာတွေမှာ ညအက္ခရာ တစ်လုံးတည်းဖြစ်တဲ့ မြန်မာညဖြစ်လို့ ကဉ် ည (ကင်ည)ကဉ် ညစ်တဉ် ညတလေအဉ် ညာဒေသလို့ ဉ လေးသတ်သံ (ဉ သံယုတ်သံ) နဲ့ မဖတ်ရဘဲ၊ ကသံ ညသံအတိုင်း ကညကညစ်တညအညာ လို့ အသတ်သံမဲ့ ဖတ်ရတယ်။

ဉာတကာ၊ ဉာတိ၊ ကညာ၊ ပညာ၊ အရညဝါသီ၊ အညမည စတာတွေမှာ ပါတဲ့ ဉ ၊ ည တွေက ပါဠိဉ ဖြစ်တယ်။ ပါဠိဉ ဟာ ဦးခေါင်းအညွန့် တစ်လုံးတည်းသာ ပါရှိရတယ်။ ဥသရလိုပဲ အမြီးရှည်ရှည်ဆွဲပြီး ရေးသားရတယ်။ ကညာ၊ ပညာ စတာတွေမှာ ဦးခေါင်းနှစ်လုံး ပါနေရတဲ့ အကြောင်းက ဉ နှစ်လုံးကို ဆက်စပ်ထားတဲ့ သံယုတ်ညဖြစ်လို့ ခေါင်းနှစ်ခု ဖြစ်နေတာပါ။ အဲဒါဟာ ဉ နှစ်လုံးဆင့် သံယုတ်ည အက္ခရာဖြစ်လို့ ကညာကို ကဉ်ဉာ၊ ပညာကို ပဉ်ဉာ၊ အရညဝါသီ ကို အရဉ်ဉ ဝါသီ၊ အညမညကို အဉ်ဉ မဉ်ဉ လို့ ဉ သတ်သံယုတ်အသံ ထုတ်ပြီး ရွတ်ဆိုရတယ်။

ပန်းတိစုံဖြိုး၊ ရိပ်ထက်မိုးသား၊ တောင်ရိုးတောင်စဉ်၊ အရညကင်၊ ဤတောတွင်ကား။

အဲဒီမှာ တောင်စဉ်ဆိုတဲ့ ဉ လေးသတ်နဲ့ စပ်အပ်ပြုပြီး ရေးသားထားတာကို ထောက်လို့ မြန်မာညလို အရညလို့ မဖတ်ရဘူး။ အရဉ်ဉ လို့ ဉ လေးသတ် (အဉ်) သံနဲ့ ဖတ်ရမယ်လို့ သိနိုင်တယ်။ ကညာ၊ ပညာ၊ အညမည၊ အပ္ပမညာ၊ အညတ္တရ၊ ဝိညာဉ်၊ အဘိညာဉ် စတာတွေမှာလည်း ဒီနည်းအတိုင်း ကဉ်ဉာပဉ်ဉာအဉ်ညမဉ်ညအပ္ပမဉ်ဉာအဉ်ဉတ္တရဝိဉ် (ဝိန်) ဉာဉ်အဘိဉ် (ဘိန်) ဉာဉ် လို့ ဖတ်ရပါမယ်။

ပါဠိသက်ဝေါဟာရ အဘိဓာန် - ဦးထွန်းမြင့် မှ ကောက်နုတ်တင်ပြသည်။