လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ပီကေရဲ့ ဧည့်ခံပွဲလေး

14 December 2007

လည်လည်လာကြတဲ့ သယ်ရင်းများ အားလုံး အတွက် ဟိုဟာကို ဂုဏ်ပြုသောအားဖြင့် ကော်ကော်တိုက်ချင်စိတ်လေး ပေါက်လာတယ်ဗျာ။ အားလုံး ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်နဲ့ သောက်ချင်သလောက် သောက်လို့ရအောင် Vending Machine လေး ထားပေး ထားပါတယ်။ ကြိုက်သလောက် သောက်လို့ရအောင် အကြွေလည်း လိုသလောက် ပေးထားတယ်နော်။ ဧည့်သည်များတော့ ကိုယ်တိုင် ဧည့်မခံနိုင်တာ ခွင့်လွတ်ပါနော်။ ကိုယ်တိုင်ယူ စနစ် (Self-service) လေးနဲ့ ကော်ဖီကို အပူကြိုက်ကြိုက် အအေးကြိုက်ကြိုက် ရွေးသောက်သွားကြပါ။ ဒီကော်ဖီစပ်တဲ့ ဖော်မြူလာကို တောင်အမေရိက ကနေသယ်လာတာဆိုတော့ အရင်သောက်ဖူးတဲ့ ကော်ဖီနဲ့ မတူတာတော့ အမှန်ပဲဗျို့။ သောက်ပြီးရင် ကြိုက်မကြိုက် မိုက်မမိုက် ပြောခဲ့ဦးနော်။ ကောင်းရင်လည်း နေ့တိုင်း လာသောက်ပါ။ အဖော်လည်း အများကြီး ခေါ်လာလို့ ရတယ်လေ။ ကဲကဲ မှာတမ်းချွေနေတာနဲ့ ကော်ကော်သောက်ရတော့ဝူး။ အခုအချိန်က စပြီး အစားအသောက် အစီအစဉ် စပါပြီ ခင်ဗျားးးးးးး။ (ဖျောင်း ... ဖျောင်း .... ဖျောင်း ..... ဖျောင်း)
မှတ်ချက် - ဘာကို ဂုဏ်ပြုလဲ မမေးပါနဲ့။ တိုက်ချင်လွန်းလို့ အကြောင်းပြလိုက်တာပါ။


အကယ်၍ အဆင်မပြေရင် ဒီမှာ ကလစ်နှိပ်ပြီး သွားရောက် သုံးဆောင်ကြပါ ခင်ဗျား။

Special thanks to my friend, Ma Moe, for sharing this amazing file.