လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ရှိခြင်း၊ မရှိခြင်း နှင့် လူ

03 December 2007

မရှိတာကို အရှိလုပ်တာ လူညံ့
မရှိတာကို ရှိအောင် အတင်းလုပ်ယူတာ လူမိုက်
မရှိတာကို မရှိဘူးလို့ သိတာ ပညာရှိ
မရှိတာကို ရှိအောင် ကြိုးစားတာ လူတော်
မရှိတာကို အရှိမြင်တာ စိတ်ကူးယဉ်သူ
ရှိတာကို မရှိအောင် လုပ်တာ လူဆိုး
ရှိတာကို မရှိဘူးလို့ ထင်တာ အရူး
ရှိတာကို မရှိဘူးလို့ တွေးတာ အားနေတဲ့လူ
ရှိတာကို မရှိဘူးလို့ ငြင်းတာ လူညာ
ရှိသလို မရှိသလိုလို မြင်တာ စိတ်မနှံ့သူ
ရှိသလို မရှိသလိုလို ပြောတာ လူလိမ်
ရှိလိုက် မရှိလိုက် ဖြစ်စေချင်တာ လူယုတ်မာ
ရှိရှိ မရှိရှိ မြင်နိုင်တာ တွေးခေါ်သူ
ရှိရှိ မရှိရှိ နေတတ်တာ သူတော်ကောင်း
ရှိခြင်းနဲ့ မရှိခြင်းကို နားလည်တာ စူးစမ်းသူ
ရှိခြင်းနဲ့ မရှိခြင်းကို ခံစားနိုင်တာ အနုပညာသမား
ရှိခြင်းနဲ့ မရှိခြင်းကို မေ့နိုင်တာ တရားသမား
ရှိခြင်းနဲ့ မရှိခြင်းကို စဉ်းစားနေတာ ကျနော်ပေါ့ဗျာ။