လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ဂျစ် ဂျစ် ဘူ

20 November 2007

လမင်းလေးက မသာတသာနဲ့ ဆိုတော့ ညအမှောင်က သိပ်မပီပြင်ဘူး ဖြစ်နေတယ်လေ။ ခပ်မှုန်မှုန်လေးမှာ အလင်းလေး ဖျဖျနဲ့ လမ်းလျှောက်ရတာ အတော်ကောင်းပဲ။ ဒီအချိန်မှာပဲ ရွာက ကာလသားတွေ လူပျိုလှည့်ကြတယ်လေ။ ခေတ်အခေါ် စော်ထွက် ၀ိုက်တယ်ပေါ့ဗျာ။ ဒီလို ညမျိုးလေးကျတော့ သိပ်ကို Romantic ဆန်တယ်လေ။ ဒါကြောင့် လူပျိုတွေက ဒီလို အချိန်မျိုး ရွေးပြီး ရွာထဲက ကွမ်းတောင်ကိုင် မချောတွေဆီ အလည်သွားပြီ ပလီပလာ သွားလုပ်ကြတာပေါ့။ ခေတ်အခေါ် အီတယ်ပေါ့ဗျာ။ ကျနော်တို့ ရွာက လူပျိုကြီး ထွန်းဇော်က ရွာထိပ်က ကွမ်းတောင်ကိုင် အုန်းမြိုင်ဆီကို သွားဖို့ ပြင်ဆင်နေလေရဲ့။ ထွန်းဇော်က ရွာမှာ ရှက်တတ်တဲ့ နေရာမှာ နှစ်ယောက် မရှိဘူးလေ။ အုန်းမြိုင်ဆီကိုတောင် ငယ်သူငယ်ချင်းတွေမို့ သွားရဲတာ။ ဟိုတစ်ယောက်ကလည်း ငယ်သူငယ်ချင်းတွေလို လက်ခံ စကားပြောပေးတယ် ဆိုတော့ အရှက်ကွဲပြီး ပြန်လာစရာ အကြောင်း မရှိဘူးလေ။ ဒါပေမယ့် အလိုက်ကန်းဆိုး မသိတာ အတော် ခက်တယ်ဗျ။ သူက Shadow နဲ့ Base ကို နားမလည်းဘူးလေ။ အရိပ်အခြေ ကိုပြောတာ။
လူပျိုသိုးကြီး ဆိုတော့ ကြောက်ကလည်းကြောက်၊ ရှက်ကလည်းရှက်၊ အရေးထဲ ပြောမယ့်စာတွေကလည်း အလွတ်ကျက်ရသေးတယ် ဆိုတော့ လုပ်သမျှ အချွတ်အချော်တွေ ချည်းပဲလေ။


အုန်းမြိုင်ဆီ ရောက်တော့ ဟိုက ရွာဓလေ့ အကြမ်းအိုးလေးချ၊ ထန်းလျက်နဲ့ ပဲကြီးလှော်နဲ့ ဧည့်ခံတယ်လေ။ ထွန်းဇော်ကတော့ ပဲကြီးလှော်လေးဝါး၊ အာလူးဖုတ်ပေါ့။ အုန်းမြိုင်က ဆီးမီးလေးနဲ့ ဗိုင်းငင်ရင်း အင်းအဲ လိုက်လုပ်ပေးနေရတာပေါ့။ ဟိုကောင်ကလည်း ကျက်လာတဲ့ စာလေး မမေ့ခင် တရစပ် မနားတမ်း ပြောနေတော့တာ။ ဒါနဲ့ အချိန်ကလေး လင့်လာတော့ ပြန်စေချင်ပြီလေ။ အတော်လည်း မှောင်နေပြီလေ။ ဟိုကောင်ကလဲ အလိုက်ကန်းဆိုး မသိဘူး။ ပြန်ဖို့ စကားကျောင်းလည်း သူပြောချင်ရာပဲ ဆက်ပြောနေတော့တယ်။ ပြန်တော့လို့ ပြောရမှာလည်း အားနာတော့ မပြောချင်ဘူး။ အဲဒီလို ပြောနေရင်းနဲ့ပဲ နှစ်ခြံကျော်က ကြက်ဖက ထတွန်ပါလေရော။ ဒါနဲ့ အုန်းမြိုင်လည်း စကားဖျက်ပြီး မေးလိုက်တယ်။ ကြက်ဖတောင် တွန်ပြီ၊ ပြန်တော့ပေါ့။ ဒီလို နားလည်စေချင်တာလေ။ ဟိုက ဘာပြန်ဖြေလဲ ဆိုတော့ ....
ဟဲ့ ... ထွန်းဇော်၊ အဲဒါ ဘာအသံလဲ။
အော် ... ကြက်ဖတွန်တာလေ။
အယ် ... ဘာကြက်လဲ မေးနေတာ။
ဒါလား။ စစ်တကောင်းကြက်လေ။
အချိန်ကို မေးနေတာ ဟဲ့။ အချိန်ကို။
အုန်းမြိုင်ရယ် တစ်ပိဿာခွဲလောက်တော့ ရှိမှာပေါ့။ ဒါနဲ့ ... @#!%&^#*@!$ ...
ဆိုပြီး သူပြောချင်တာ ဆက်ပြောနေတော့တာ။
ဒါနဲ့ အုန်းမြိုင်လည်း နှင်ထုတ်ရခက် ဖြစ်နေတယ်လေ။ အဲဒီအချိန်မှာ ထွန်းဇော်တစ်ယောက် ပဲကြီးလှော်တွေ အစားကောင်းတော့ ဗိုက်ထဲမှာ တစ်ဂွီဂွီနဲ့ အစွမ်း စပြပြီလေ။ လေလည်ချင်နေပြီ။ ရှင်းရှင်းပြောရရင် ချီးပေါက်ချင်တယ် ပေါ့ဗျာ။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ လူအနားမှာ ဘယ်လို မျက်နှာနဲ့ ထုတ်မလဲနော်။ ဒါနဲ့ အကြံထုတ်ရတော့တယ်။ ထွက်တော့မယ်လေ။ ထွန်းဇော်မျက်နှာက အဲဒီအချိန်မှာ ချီးမှန်တဲ့ မျက်နှာ မဟုတ်ဘူး။ ချီးတစ်တဲ့ မျက်နှာ ဖြစ်နေပြီ။ သူ အကြံရလိုက်တာက လေလည်တဲ့ အသံကို မကြားရအောင် နှောက်ယှက်မယ်ပေါ့။ ဒါနဲ့ သူက အကြောင်းမဲ့ လေသံကို နည်းနည်း မြှင့်လိုက်တယ်။ နောက်ပြီး အိမ်ကြမ်းပြင်ကြီးကို လက်သည်းနဲ့ ဂျစ်ဂျစ် ဆိုပြီး ခြစ်နေလေရဲ့။ ဟိုက မစပ်စုကလည်း ထူးခြားနေတော့ မသိမသာလေး အကဲခတ်နေတာပေါ့။ ဘာလို့ပါလိမ့်လို့လေ။ ထွန်းဇော်တစ်ယောက် သူရဲ့ လေကို ထိန်းထိန်းသိမ်းသိမ်းလေး လွှတ်ရတော့တာပေါ့။ တဂျစ်ဂျစ်နဲ့၊ တစ်ဖက်က တရှူးရှူးနဲ့ပေါ့။ ဒါပေမယ့် တစ်ချက်မှာတော့ သတိလက်လွှတ်နဲ့ ပစ်ထည့်လိုက်တာ။ ဂျစ် .. ဂျစ် .. ဘူ ဆိုပြီး ထွက်သွားလေရဲ့။ ဒီလောက် ပေါ်တင်ကျနေမှတော့ ဟိုက သိပြီလေ။ ဒါနဲ့ပဲ အုန်းမြိုင်က စိတ်မထိန်းနိုင်တော့ဘဲ တစ်ခစ်ခစ်နဲ့ ရယ်တော့တာပေါ့။
ဒါနဲ့ပဲ လူပျိုကြီး ရှက်လိုက်တာ ပြောမနေနဲ့တော့။ ချက်ချင်းကို ထပြီး ပြေးတော့တာလေ။ မျက်နှာကြီးကို နီရဲနေတာပဲ။ သူ့ချစ်သူရှေ့မှာမှ ထွက်ရက်တယ် အီးရယ် ဆိုပြီး စိတ်ထဲမှာ တစ်ငွေ့ငွေ့ အိမ်အောက် တန်းပြေးတော့တာ။ ဒါနဲ့ အုန်းမြိုင်လည်း အိမ်ရှင်ဆိုတော့ ဧည့်သည်ကို အ၀ထိ လိုက်ပို့ရမယ့် တာဝန် ရှိတယ်လေ။ ဆီမီးလေး ကိုင်ပြီး ထွက်လာတာပေါ့။ လှေကားအောက်မှာ ထွန်းဇော်တစ်ယောက် ဘာရှာနေမှန်း မသိဘူးလေ။ အင်း လရောင်မှောင်မှောင်ထဲမှာ တစ်ခုခု ရှာနေတယ်ပေါ့။ အမှန်က ဘိနပ်ရှာနေတာလေ။ ဒါနဲ့ အုန်းမြိုင်လည်း `ဘာရှာနေတာလဲ၊ ရော့ ... ဆီမီးနဲ့ ရှာ´ ဆိုပြီး ဆီမီး လှမ်းပေးလိုက်တယ်။ ဟိုကောင် ထွန်းဇော်က မျက်နှာတွေပူ၊ ခုနက အဖြစ်အပျက်ကို ပြန်ပြန်တွေးပြီး မျက်နှာတောင် တည့်တည့်မကြည့်ရဲဘူး။ မျက်နှာကို မကြည့်ဘဲ လှမ်းဖြေလိုက်တယ်လေ။ သူ့အဖြေကိုလည်း ကြားလိုက်ရော အုန်းမြိုင်တစ်ယောက် မထိန်းနိုင်တော့ဘဲ ဟားတိုက်ပြီး ရယ်ပစ်လိုက်တာ ဘိနပ်တောင် မပါဘဲ ပြေးလိုက်တာ တန်းနေတာပဲလေ။
သူဖြေလိုက်တာက `အီး တစ်ဖက် ပျောက်နေလို့´ တဲ့။

ရှေးရှေးက ဟာသလေး တစ်ခုကို အခြေခံပြီး ပြန်လည် ရေးဖွဲ့ထားတာပါ။ ၀င်းဦး (ဦး) သီချင်းထဲမှာတောင် ပါတယ်လို့ ပြောကြပါတယ်။