လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ပုဒ်ဖြတ် ပုဒ်ရပ် နှင့် အလွဲများ

13 November 2007

ကျနော် အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် သိပ်မသိပါဘူး။ ဟိုအရင်လက အင်္ဂလိပ်လစဉ် မဂ္ဂဇင်း တစ်အုပ်ဖတ်ရင်း ရယ်လည်းရယ်ရ ဗဟုသုတလည်း ရလို့ မှတ်ထားပြီး အခု အားလုံးကို ပြန်ဖြန့်ဝေ ပေးချင်တာပါ။ အဓိက အင်္ဂလိပ်စာမှာ ရှိတဲ့ ပုဒ်ဖြတ် ပုဒ်ရပ် Punctuation ကို သတိမထားဘဲ ဖြတ်ချင်တဲ့နေရာမှာ ဖြတ်လို့ ဖြစ်ခဲ့ရတဲ့ ကမောက်ကမလေးတွေပါ။
အင်္ဂလိပ်စာ ပါမောက္ခ တစ်ယောက်က သင်ပုန်းမှာ ဒီလို ရေးလိုက်ပါတယ်။
woman without her man is nothing
တဲ့။
ဒါကို ကျောင်းသားတစ်ယောက်က ဒီလို ပုဒ်ဖြတ်လိုက်တယ်။
Woman, without her man, is nothing.
အဓိပ္ပါယ်က ယောက်ျားမရှိတဲ့ မိန်းမဟာ အလက္ကားပဲ တဲ့။
ဒါပေမယ့် ကျောင်းသူတစ်ယောက်က ဒီလို ပြန်ပြီး ပုဒ်ဖြတ်လိုက်တယ်။
Woman! Without her, man is nothing.
အဓိပ္ပါယ်က မိန်းမလား၊ သူမ မရှိရင် ယောက်ျားဟာ အလကားပဲ တဲ့။
စာလုံးတွေကတော့ ဒီတစ်မျိုးတည်းပဲ။ ပုဒ်ဖြတ် ပုဒ်ရပ်တွေ ကွဲသွားတာနဲ့ ဆန့်ကျင်ဘက် အဓိပ္ပါယ် နှစ်မျိုးထွက်သွားတယ်။

နောက်တစ်ခုက ရည်းစားစာ တစ်စောင်ကို ရေးပြမယ်။ အဲဒါကို ပုဒ်ဖြတ် ပုဒ်ရပ် လုပ်ကြည့်ပါလား။

dear jack
i want a man who knows what love is all about you are generous kind thoughtful people who are not like you admit to being useless and inferior you have ruined me for other men i yearn for you i have no feelings whatsoever when we're apart i can be forever happy will you let me be yours
Jill


ဒီစာကို လူတစ်ယောက်က သူထင်သလို ပုဒ်တွေ ဖြတ်လိုက်တော့ ရည်စားစာက သူ့ချစ်သူကို ဖြတ်တဲ့စာလို့ နားလည်သွားတယ်။

Dear Jack,
ခင်မင်ရသော ဂျက်၊
I want a man who knows what love is.
အချစ်ဆိုတာ သိတဲ့ လူတစ်ယောက် ကျမ လိုချင်တယ်။
All about you are generous, kind, thoughtful people, who are not like you.
ရှင့်အကြောင်း အကုန်လုံးကတော့ ရှင်ဟာ ရက်ရော၊ ကြင်နာပြီး စဉ်းစဉ်းစားစား လုပ်ကိုင်တတ်သူတွေနဲ့ မတူတာပါဘဲ။
Admit to being useless and inferior.
အသုံးမကျပြီး နိမ့်ကျတဲ့အကြောင်း ၀န်ခံစမ်းပါ။
You have ruined me.
ရှင် ကျမကို ဖျက်ဆီးခဲ့တယ်။
For other men I yearn!
တခြားယောက်ျားတွေကို ကျမ လွမ်းပါတယ်။
For you I have no feelings whatsoever.
ရှင့်အတွက် ကျမမှာ ဘာမှ ခံစားချက် မရှိပါဘူး။
When we're apart I can be forever happy.
ကျမတို့တတွေ ဝေးကွာနေရင် ကျမ အမြဲ ပျော်ရွင်နေနိုင်ပါတယ်။
Will you let me be?
ရှင် ကျမကို (ဝေးကွာ) ခွင့် ပြုမှာလား။
Yours,
ရှင့်ရဲ့
Jill (ဂျေးလ်)

ဒါတကယ်ပဲ ရည်းစားကို ဖြတ်တဲ့စာလား။ ဒီလိုလေး ထပ်ဖြတ်ကြည့်ပါလား။ တစ်မျိုးလေး ထပ်ဖြစ်သွားမယ်။

Dear Jack,
ခင်မင်ရသော ဂျက်၊
I want a man who knows what love is all about.
အချစ်အကြောင်း အကုန်သိတဲ့ လူတစ်ယောက် ကျမ လိုချင်တယ်။
You are generous, kind, thoughtful.
ရှင်ဟာ ရက်ရော၊ ကြင်နာပြီး စဉ်းစဉ်းစားစား လုပ်ကိုင်တတ်သူပါ။
People who are not like you admit to being useless and inferior.
ရှင်နဲ့ မတူတဲ့ လူတွေက (သူတို့ဟာ) အသုံးမကျပြီး နိမ့်ကျတဲ့ အကြောင်း ၀န်ခံကြတယ်။
You have ruined me for other men.
ရှင် ကျမကို တခြား ယောက်ျားတွေ အတွက် ဆုံးရှုံးစေခဲ့တယ်။
I yearn for you.
ကျမ ရှင့်ကို လွမ်းပါတယ်။
I have no feelings whatsoever when we're apart.
ကျမတို့တတွေ ဝေးကွာနေချိန်မှာ ကျမမှာ ဘာအတွက်မှ ခံစားချက် မရှိပါဘူး။
I can be forever happy - will you let me be yours?
ကျမ အမြဲပျော်ရွှင် နေနိုင်ပါတယ်။ ကျမကို ရှင့်ဇနီး ဖြစ်ခွင့်ပြုမှာလား။
Jill (ဂျေးလ်)

ကဲ ... ကြည့်ပါဦး။ ဘယ်လောက်များ ကွားခြားသွားလဲလို့။ ဒါကြောင့် အင်္ဂလိပ်စာမှာ Punctuation ကလည်း သိပ် အရေးကြီးပါတယ်။

နောက်ပြီး တစ်နေ့က ကျနော် ဖတ်လိုက်ရတဲ့ စာအုပ်တစ်အုပ်မှာ ရေးထားတဲ့ အင်္ဂလိပ်စာ အမှားကြောင့် အဓိပ္ပါယ်ကောက် လွဲရတာလေးကို နည်းနည်း ဆက်ပြီး ဖြန့်ဝေပေးချင်တယ်။

နော်ဝေးနိုင်ငံ ကော့တေးလ် အရက်ခန်းမ တစ်ခုမှာ အင်္ဂလိပ်လို ဆိုင်းဘုတ်လေး တစ်ခု ချိတ်ဆွဲထား သတဲ့။
Ladies are requested not to have children in the bar. တဲ့။
သူပြောချင်တဲ့ အဓိပ္ပါယ်က အမျိုးသမီးများ ဘားခန်းအတွင်းသို့ ကလေးငယ်များ ခေါ်ဆောင်မလာရ တဲ့။ ဒါပေမယ့် သူရေးထားတဲ့ အဓိပ္ပါယ်က ဘာဖြစ်နေလဲဆိုတော့ အမျိုးသမီးများ ဘားခန်းအတွင်း ကလေးမမွေးဖို့ တောင်းဆိုအပ်ပါသည် လို့ ဖြစ်သွားတယ်။
ဘယ်မှာ မှားသွားလဲဆိုတော့ သူက Bring အစား Have လို့သုံးထားတယ်။ အမှန်တကယ် ဖြစ်ရမှာက
Ladies are requested not to bring children in the bar. ပါ။

ဒိန်းမတ်လေဆိပ် တစ်ခုမှာတော့ ဒီလို ဆိုင်းဘုတ် ရေးထားပြန်တယ်။
We take your bags and send them in all directions. တဲ့။ `သင်တို့၏ ခရီးဆောင်အိတ်များကို (ကျွန်တော်တို့) ယူဆောင်၍ အရပ်ရပ်သို့ ပို့ပစ်လိုက်သည်။´ လို့ အဓိပ္ပါယ် ထွက်နေတယ်။ ရောက်ချင်ရာရောက်ပါစေ ပို့ပစ်မယ်ပေါ့။ ဒါ ရေးထားတဲ့ စာရဲ့ အဓိပ္ပါယ်လေ။
အင်္ဂလိပ်စာက ဘယ်မှာမှားနေလဲ။ In အစား To လို့ ထည့်လိုက်ရင် အတော် အဆင်ပြေသွားမယ်။
We take your bags and send them to all directions. ဖြစ်သွားမယ်။ အဓိပ္ပါယ်က `သင်တို့၏ ခရီးဆောင်အိတ်များကို မည်သည့် အရပ်သို့မဆို ပို့ပေးသည်´ ဖြစ်သွားတယ်။ In နဲ့ To မှားသုံးမိတယ်။ ဆိုလိုရင်းက တခြားစီပဲ။

ဂျပန်နိုင်ငံ ဟော်တယ်တစ်ခုရဲ့ ဆိုင်းဘုတ်က ဒီလို။
Please take advantage of the chambermaid. အဓိပ္ပါယ်က `ကျေးဇူးပြု၍ သန့်ရှင်းရေး အလုပ်သမများကို အခွင့်အရေး ယူပါ´ တဲ့။ ဟိုလို ဒီလို လုပ်ပါပေါ့။ အတော်ကောင်းလိုက်တဲ့ ဆားဗစ်။ ကြောက်စရာကြီးနော်။
သူတို့ ဆိုလိုချင်တာက ဒီလိုပါ။ `ဟိုတယ်ခန်း သန့်သန့်ရှင်းရှင်း ဖြစ်ဖို့ သန့်ရှင်းရေး အလုပ်သမတွေကို (အားမနာတမ်း) ခေါ်ခိုင်းပါ´ လို့ ဖြစ်ရမှာပေါ့။
ဘယ်မှာ မှားသလဲဆိုတော့ သူက စာတစ်ကြောင်းကို ခိုထားတယ်လေ။ အဲဒီမှာ ဒုက္ခရောက်တာပဲ။ အဲဒီ အဓိပ္ပါယ် သက်ရောက်ဖို့ ဒီလို ရေးမှ ရမယ်လေ။
Please take advantage of the chambermaid, to keep the room clean.

ကဲ ဒီလောက်ဆို မတက်တစ်ခေါက်နဲ့ ဒုက္ခရောက်ကျမယ့် မျက်နှာငယ်လေးတွေကို ကျနော် မြင်ယောင်နေမိပါတယ်။ ကျနော်လည်း အများကြီး လေ့လာရဦးမယ်။ စိတ်ဝင်စားဖို့လည်းကောင်း၊ ရယ်စရာလည်းကောင်း၊ ဗဟုသုတလည်းရတဲ့ စာတွေ ထက်တွေ့ရင် တင်လိုက်ပါဦးမယ်။ လက်ခံကြမယ် ဆိုရင်ပေါ့။

ဒီစာတွေကို Eats, shoots and leaves - ကျော်ကိုကိုကျော် : Global English No. (11) August 2007 နဲ့ တိမ်းစောင်းနေသော ကမ္ဘာကြီးမှ ကမောက်ကမများ - နိုင်သစ် တို့ရဲ့ စာတွေကို ကိုးကားပြီး ပြန်လည် ရေးသားထားတာပါ။