လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

အီးကျူ စစ်တမ်း

08 November 2007

ဒီ EQ စစ်တဲ့ ဆိုက်ကို နှင်းဆီနီနီ ဆီမှာ တွေ့တာပါ။

နည်းနည်းတော့ လျှာရှည်ပါရစေ။ အီးကျူဆိုတာ ခံစားမှုပိုင်းဆိုင်ရာ အရည်အချင်းပေါ့။ အဖြစ်အပျက်တွေမှာ လူတွေက ဘယ်လို တုန့်ပြန်သလဲ ဆိုတာပေါ် မူတည်ပြီး အဲဒီလူရဲ့ အနာဂတ်က ပြောင်းလဲသွားပါတယ်။ စိတ်ဆိုးလို့ ဓါးနဲ့ ထထိုးတဲ့လူ ရှိသလို ငိုတဲ့သူတွေလည်း ရှိပါတယ်။ လူတစ်ယောက်ချင်းဆီမှာ တုန့်ပြန်ပုံတွေ မတူကြပါဘူး။ ပြသနာကြီးငယ်ကို ဖြေရှင်းတဲ့နေရာမှာ အတတ်ပညာတချို့ လိုသလိုပဲ အသိတရားကလည်း လိုသဗျ။ လူတစ်ယောက်မှာ IQ မြင့်ဖို့ လိုသလိုပဲ EQ မြင့်ဖို့က အရေးကြီးတယ်။ နှစ်ခုစလုံးက ရေချိန်မျှနေရင် အကောင်းဆုံးပါ။ အဆိပ်တွေ ဓါတုလက်နက်တွေ ထွင်ကြတဲ့လူတွေရဲ့ IQ ကို ကျနော်တို့ မမှီပါဘူး။ ဒါပေမယ့် သူတို့မှာ EQ အားနည်းတော့ လူသတ်ဖို့ပဲ စဉ်းစားနေကြတယ်လေ။
ဒီမေးခွန်းလေးတွေ ဖြေကြည့်ပါ။ အမှတ်အနည်းအများ ဆိုတာထက် သူမေးခွန်းမေးသွားပုံလေးကို သဘောကျမိပါတယ်။ ဒီမေးခွန်းမှာ ပါတဲ့ ပြဿနာဟာ EQ နဲ့ အများကြီး ပတ်သက်နေတယ် ဆိုတာကို ကျနော်တို့ ပညာယူရမယ်။ အဲဒါလေးတွေကို စောင့်ကြည့်နိုင်ရင် အတော် လူလုံးပေါ်လာမှာပါ။ လူစိတ်မရှိတဲ့ လူတော်တွေ ကမ္ဘာပေါ်မှာ အများကြီးပါ။ ဒါကြောင့်လည်း ပထ၀ီမြေကြီးက တဖြေးဖြေးလေးလာပြီး သမုဒ္ဒရာထဲကို ကျွံကျနေတာပေါ့။ ကျနော်တို့ တစ်ထောင့်တစ်နေရာကနေ နေရာယူပြီး မြှင့်တင်ပေးသင့်ပါတယ်။

ကျနော်လည်း ၀င်ဖြေကြည့်လိုက်ပါတယ်။ ရမှတ်က ၁၆၇ တဲ့။ သူပေးတဲ့ မှတ်ချက်ကလည်း ကြောက်စရာကြီး။ အမှတ် ၁၅၀ နဲ့ အထက် ရတဲ့သူဟာ ဆရာကြီး မဟုတ်ရင်တော့ အာကြီးပဲတဲ့။ ဟဲဟဲ သူ ပြောတာ မမှားလောက်ပါဘူး။ ကျနော်က အာတဲ့ နေရာမှာ ဆရာကြီးလေ။ ဖြေကြည့်ပါဦး။ စိတ်ဝင်စားဖို့ ကောင်းလို့ ညွှန်ပေးလိုက်ပါတယ်။ ဒီမှာ ကလစ်နှိပ်ပြီး ၀င်ဖြေလည်း ရပါတယ်။
မှတ်ချက် ။ ။ အမှတ်ကောင်းကောင်း ရလို့ ကြွားချင်တာလည်း ပါပါတယ်။

Your EQ is 167

50 or less: Thanks for answering honestly. Now get yourself a shrink, quick!
51-70: When it comes to understanding human emotions, you'd have better luck understanding Chinese.
71-90: You've got more emotional intelligence than the average frat boy. Barely.
91-110: You're average. It's easy to predict how you'll react to things. But anyone could have guessed that.
111-130: You usually have it going on emotionally, but roadblocks tend to land you on your butt.
131-150: You are remarkable when it comes to relating with others. Only the biggest losers get under your skin.
150+: Two possibilities - you've either out "Dr. Phil-ed" Dr. Phil... or you're a dirty liar.