လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

လောကသဘာဝက မပေးဘဲမရ

15 September 2007

မပေးဘဲ ရသလား။
ရသည်။ တစ်ကြိမ်တော့ ရနိုင်သည်။
သို့သော် အကြိမ်ကြိမ်ယူချင်၍ မရနိုင်။
မစိုက်ဘဲ စားရသလား။
ရသည်။ တစ်နပ်တော့ စားရနိုင်သည်။
သို့သော် ထာဝရ မရ။
တစ်ရာသီစားဖို့၊ တစ်သက်တာစားဖို့၊ သားစဉ်မြေးဆက်စားဖို့ အတွက်တော့ စိုက်ပျိုးရလိမ့်မည်။

စာဖတ်သမား၏ မှတ်စုများ - ဖေမြင့် မှ ကောက်နှုတ်တင်ပြသည်။