လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ဒါတို့တိုင်းတို့ပြည်

20 September 2007

အမေရိကန်သမ္မတကြီး ဘုရှ် နှင့် ကျွန်တော်တို့၏ ဘ၀ရှင်မင်းတရားကြီးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်မရဖြစ်နေကြရာမှ တစ်နေ့သ၌ ကောင်းဘွိုင်များကဲ့သို့ သေနတ်ချင်းယှဉ်ပစ်ကြဖို့ ဖြစ်လာ၏။
နှစ်ယောက်စလုံး တစ်ယောက်ခေါင်းကိုတစ်ယောက် အသေအချာချိန်ပြီး ပစ်လိုက်နိုင်သည်။
သို့သော် လဲကျပြီးသေအံ့မူးမူးဖြစ်နေသူက ဘုရှ် ....။ ဘ၀ရှင်မင်းတရားကြီးလည်း ဦးကျောက်လုံးရယ်သံဖြင့် တဟဲဟဲ ရယ်ပြီး ဘုရှ် အနားကပ်သွားသည်။
အမေရိကန်သမ္မတကြီးလည်း အံ့သြစွာဖြင့် မေးသည်။
`ဟေ့ကောင် ငါမင်းခေါင်းကို သေချာချိန်ပြီးပစ်တာပါ၊ မှန်သွားပါတယ်။ မင်းဘာမှ မဖြစ်ပါလား။´
`ဟား .. ဟား .. ဟား .. မင်းက တုံး တာကိုး လဒရဲ့။ ငါက အစကတည်းက ခေါင်းမှမရှိတာ။ မှတ်ထား။´

xxxxxxxxxx

တစ်နေ့သ၌ ရုရှသတင်းစာတစ်စောင်တွင် အောက်ပါအတိုင်း သတင်းတစ်ပုဒ် ပါလာ၏။

`ရုရှသိပ္ပံပညာရှင်များ သည် မြေကြီးကို တူးဆွကြရင်း ပေ ၁၀၀ အရောက်တွင် ကြေးနန်းကြိုးမျှင်တစ်ချောင်း တွေ့ရသည်ဟူသတတ် ... ။ ဒီတော့ ရုရှပြည်ကြီးမှာ လွန်ခဲ့သောနှစ်သန်း ၁၀၀ ခန့်ကတည်းက တယ်လီဖုန်း အသုံးပြုနေပြီဟူသော ကောက်ချက်ထွက်လာ၏။´

ဒီတော့ သူ့ထက်သူလူစွမ်းကောင်းဆိုသလို အမေရိကန် သတင်းစာများတွင်လည်း သိပ္ပံပညာရှင်များတူးဆွကြရာမှ ပေ ၃၀၀ အရောက်တွင် ဖန်မျှင်တစ်ခုတွေ့ရသဖြင့် လွန်ခဲ့သောနှစ်သန်း ၃၀၀ ခန့်ကတည်းက အလင်းမျှင် ဖိုင်ဘာနည်းပညာ ထွန်းကားနေပြီဟု ဖော်ပြကြပြန်သည်။

ဒီသတင်းများဖတ်ရတော့ ဘ၀ရှင်မင်းတရားကြီးလည်း သူ့ နည်းပညာဝန်ကြီးကို ခေါ်ယူသတိပေးတော့သည်။ ၀န်ကြီးလည်း တတ်သည့်ပညာ မနေသာဆိုသလို လူ့လူများကို နေပြည်တော်ကြီးထဲ တူးဆွခိုင်းရတော့သည်။ ပေ ၁၀၀၀ ရောက်သည်အထိ မြေကြီးတွေကလွဲလို့ ဘာမှမတွေ့ရ။ မတတ်နိုင်။ ဒီအတိုင်းသာ အထက်ကို တင်ပြရတော့သည်။ နောက်နေ့ သတင်းစာများတွင် စာလုံးမည်းကြီးများနှင့် ပါလာတော့သည်။
`မြန်မာပြည်ကြီးတွင် လွန်ခဲ့သော နှစ်သန်း ၁၀၀၀ ခန့်ကတည်းက ၀ါယာလက်စ်နည်းပညာ အသုံးပြုနေပြီ ဟူသတတ် ..........´

xxxxxxxxxx

နိုင်ငံတကာနည်းပညာဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံအား လေ့လာသူအနေဖြင့် တက်ရောက်ရန် ဖိတ်ကြား၍ တက်ရောက်ခဲ့ကြသည်။
ထုံးစံအတိုင်း ကျွန်တော်တို့နိုင်ငံ့ကိုယ်စားလှယ် နည်းပညာဝန်ကြီးမှာ မျက်နှာငယ်လေးနှင့် တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
အစည်းအဝေးခန်းမ၌ အခြားနိုင်ငံဝန်ကြီးများ အသုံးပြုနေသော နည်းပညာမြင့် ဆက်သွယ်ရေးကိရိယာများကို အံ့ဖွယ်သရဲ တွေ့ရှိခဲ့ရသည်။
ဂျပန်နည်းပညာဝန်ကြီးမှာ လက်နောက်ပစ်၍ ခေါင်းတညိမ့်ညိမ့်နှင့် တစ်ယောက်တည်း စကားပြောနေသည်ကိုတွေ့ရသည်။ တခြားသူတစ်ယောက်၏ပြောပြချက်အရ ထိုဝန်ကြီးမှာ တယ်လီဖုန်းခွံ ကိုင်စရာမလို၊ earphone ခေါ် နားကြပ်ကို နားစည်တွင် မြှုပ်နှံထားပြီး microphone ခေါ် မိုက်ခွက်ကို မိမိ၏ အသံအိုးတွင် မြှုပ်နှံထားသည်ဟုသိရသည်။ မြင့်မားလှသည့်နည်းပညာပင်။
ကိုရီးယားနည်းပညာဝန်ကြီးမှာ ဖြန့်ထားသောမိမိလက်ဖ၀ါးကို ကြည့်၍ စကားပြောနေသည်ကို တွေ့ရပြန်သည်။ နောက်မှသိရသည်မှာ teleconferencing ခေါ် ရုပ်သံနှီးနှောဖလှယ်ခြင်းနည်းပညာဖြစ်သည်။ ထူးဆန်းသည်မှာ (screen) မျက်နှာပြင် သီးသန့်မလိုဘဲ မိမိ၏လက်ဝါးပြင်တွင် တစ်ဖက်လူ၏ပုံရိပ်ကို မြင်ရနိုင်သည်။ ထူးဆန်းပါပေ့ဆရာရယ်။
ထိုင်းနည်းပညာဝန်ကြီးမှာလည်း လက်မကို နားမှာကပ်၊ လက်သန်းကို ပါးစပ်မှာ တေ့ပြီး ဖုန်းပြောနေသည်။
ကျုပ်တို့မှာ Sony Ericcson တို့ Nokia တို့ Samsung တို့ နောက်ဆုံးပေါ်တွေကိုင်ရ၍ ဟုတ်လှပြီအောက်မေ့နေသည်။ ဒီပွဲတက်ရသည်မှာ မျက်နှာငယ်လှသည်။ သူတို့လို မည်သို့ အိုက်တင်ထုတ်ရမည်နည်းဟု ကျွန်ုပ်တို့ ၀န်ကြီး အသည်းအသန် စဉ်းစားပါသည်။ မရှိပါ။ ထိုသို့ စိတ်ပျက်လက်ပျက် ရှိနေစဉ်ပင် အိမ်သာတက်၍ ပြန်လာသော ကျွန်တော်တို့အဖွဲ့ဝင်တစ်ဦးအား ဖင်မှာ အိမ်သာသုံးတစ်ရှူးစက္ကူကပ်နေ လှမ်းသတိပေးသော စကားကိုကြားရ၍ ခေါင်းထဲတွင် ၀င်းကနဲ ပေါ်လာသည်။
ကျွန်ုပ်တို့ ၀န်ကြီး၏မြွတ်ကြားချက်ကား ဤသို့တည်း ..... ။
`အထင်မသေးပါနဲ့။ ဒီစက္ကူကအလက္ကားမှတ်နေ ... ။ ဒါ ကျုပ်တို့ နိုင်ငံက fax ပို့လိုက်တာဗျ။ ´

Thanks to my friends, Zaw Gyi, for sharing this message.