လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
စွန့်စားတဲ့သူ
To laugh is to risk appearing the fool.
To weep is to risk being called sentimental.
To reach out to another is to risk involvement.
To expose feelings is to risk exposing your true self.
To place your ideas and your dreams before the crowd is to risk being called naive.
To love is to risk not being loved in return.
To live is to risk dying.
To hope is to risk despair, and to try is to risk failure.
But risks must be taken because the greatest hazard in life is to risk nothing.
The person who risks nothing does nothing, has nothing, and becomes nothing.
He may avoid suffering and sorrow, but he simply cannot learn and feel and change and grow and love and live.
Chained by his certitudes, he is a slave, he's forfeited his freedom.
Only the person who risks is truly free.
By Leo Buscaglia
To laugh is to risk appearing the fool.
ရယ်တာဟာ ကိုယ့်ကိုသူများက ပေါတယ်လို့ အထင်ခံရမယ့် အခြေအနေကို စွန့်စားပြီး ရင်ဆိုင်လိုက်တာ။
To weep is to risk being called sentimental.
ငိုတာလည်း Risk ရှိတယ်။ ငိုရင်စိတ်ပျော့တယ်၊ ပျော့ညံ့တယ်လို့ အထင်ခံရမယ်။ အလကားနေရင်း ၀မ်းနည်းတတ်တယ်လို့ အထင်ခံရမယ်။
To reach out to another is to risk involvement.
လူတွေကို ဖော်ဖော်ရွေရွေ ဆက်ဆံရတာလည်း Risk ရှိတယ်။ ပတ်သက်လာတယ်။ သူ့ပြဿနာက ကိုယ့်ပြဿနာဖြစ်လာတယ်။ လိုက်လျောလေလေ ပိုတောင်းလေလေဖြစ်လာတယ်။ မလိုက်လျောရင် မိတ်ဆွေကောင်းမပီသဘူးလို့ အပြစ်တင်ခံရတော့မယ်။
To expose feelings is to risk exposing your true self.
ကိုယ့်ခံစားချက်တွေကို ဖော်ပြရင် ကိုယ့်အကြောင်းတွေကို အမှန်အတိုင်း သိသွားမယ်။ အဲဒါလည်း Risk ရှိတယ်။ ကိုယ့်ခံစားချက်တွေကို သိသွားရင် ကိုယ့်အားနည်းချက်တွေကို သိသွားမယ်။ ကိုယ့်ကို အနိုင်ယူမယ်။ ဒါကြောင့် ကိုယ်ခံစားနေရတာကို မသိအောင် ဘာမှမခံစားရသလို မျက်နှာသေနဲ့ နေတဲ့အကျင့် လုပ်ရတော့တယ်။
To place your ideas and your dreams before the crowd is to risk being called naive.
ကိုယ့်အတွေးအခေါ် အယူအဆတွေ၊ ကိုယ့်စိတ်ကူးယဉ်မျှော်မှန်းချက်တွေ၊ ကိုယ့်အိပ်မက်တွေကို လူအများကို ချပြလိုက်တာဟာလည်း Risk ရှိတယ်။ ကိုယ့်ကိုပေါတောတော အူတူတူလေးလို့ အထင်ခံရမယ်။ စိတ်ကူးယဉ်သမားလေး၊ သူ့ကိုယ်သူ Philosopher ကြီးလို့ထင်နေပြီ၊ နည်းနည်းကြောင်နေတယ်လို့ အထင်ခံရမယ်။
To love is to risk not being loved in return.
ချစ်တာဟာလည်း စွန့်စားရတဲ့အလုပ်ဖြစ်ပါတယ်။ ကိုယ့်ကိုပြန်ချစ်မလား၊ မချစ်ဘူးလားဆိုတာ မသေချာဘဲနဲ့ ချစ်ရတာ။ မသေချာတာကို လုပ်တာဟာ Risk ကို ယူတာပဲ။
To live is to risk dying.
အသက်ရှင်နေတာဟာ တော်တော် Risk များတယ်။ အချိန်မရွေး သေသွားနိုင်တယ်။
To hope is to risk despair, and to try is to risk failure.
မျှော်လင့်ချက်ထားရတာ ကိုယ်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ပျက်ရတဲ့ Risk ရှိတယ်။ ကြိုးစားပြီးလုပ်နေရတာ ကိုယ့်ရည်မှန်းချက် မအောင်မြင်တဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်ရတဲ့ Risk ရှိတယ်။
But risks must be taken because the greatest hazard in life is to risk nothing.
မှန်းသလိုဖြစ်မှာမဟုတ်ဘူး။ ထင်သလိုဖြစ်မှာမဟုတ်ဘူး။ ဆုံးရှုံးမယ်။ ဒုက္ခရောက်မယ်၊ အကဲ့ရဲ့ခံရမယ်ဆိုတာတွေကို သိလျက်နဲ့ လုပ်သင့်တာကို လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀မှာ အကြီးမားဆုံး Risk က ဘာလဲဆိုတော့ Risk ကို ရင်မဆိုင်တာဘဲ။
The person who risks nothing does nothing, has nothing, and becomes nothing.
ဘာမှမစွန့်စားတဲ့သူဟာ ဘာမှမလုပ်ဘူး။ သူ့မှာ ဘာမှမရှိဘူး။ သူဘာမှဖြစ်မလာဘူး။
He may avoid suffering and sorrow, but he simply cannot learn and feel and change and grow and love and live.
သူဟာ ကိုယ်ဆင်းရဲတာ စိတ်ဆင်းရဲတာ ရှောင်ချင်ရှောင်လို့ရမယ်။ ဒါပေမယ့် သူဘယ်လိုမှ ဘ၀အကြောင်းကို သိတဲ့သူ မဖြစ်နိုင်ဘူး။ အခက်အခဲကို ရင်မဆိုင်တဲ့သူဟာ သိတဲ့သူမဖြစ်နိုင်ဘူး။ ဘာကိုမှခံစားနိုင်တဲ့သူ မဖြစ်နိုင်ဘူး။ တစ်ခုခုကို ခံစားတယ်ဆိုတာတောင် သတ္တိရှိမှ ခံစားနိုင်တယ်။ အသိဉာဏ်နဲ့စိတ်ဓါတ် ကြီးထွားရင့်ကျက်တဲ့သူ မဖြစ်နိုင်ဘူး။ ချစ်နိုင်တဲ့သူ၊ ချစ်တတ်တဲ့သူ မဖြစ်နိုင်ဘူး။ ဘ၀ကို ဘယ်လိုနေရမယ်ဆိုတာကို သူမသိနိုင်ဘူး။
Chained by his certitudes, he is a slave, he's forfeited his freedom.
သေချာမှုတွေဆိုတဲ့ သံကြိုးနဲ့ချည်ထားလို့ သူဟာ အတုတ်အနှောင်ခံထားရတဲ့ ကျွန်ပဲ။ သူဟာ လွတ်လပ်မှုကို သေချာမှုနဲ့ လဲလိုက်ပြီ။ လွတ်လပ်မှုကို အဆုံးရှုံးခံလိုက်ပြီ။
Only the person who risks is truly free.
စွန့်စားတဲ့သူမှပဲ တကယ်လွတ်လပ်တဲ့သူ ဖြစ်တယ်။
ကိုယ့်ဘ၀ကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးတာကတော့ ဖန်တီးမှုတွေထဲမှာ အခက်ဆုံး၊ အစွန့်စားရဆုံးပဲ။ အဲဒါ သတ္တိအများကြီးလိုတယ်။ တစ်လောကလုံးကို ရင်ဆိုင်ရဲမှ ကိုယ့်ဘ၀ကိုကိုယ် ဖန်တီးနိုင်မယ်။ သို့မဟုတ်ရင် သူများအကြိုက်နေပေးရမယ်။ ကိုယ့်အရည်အချင်းတွေကို ပြည့်ပြည့်၀၀သုံးတာဟာ အင်မတန်အဆင့်မြင့်တဲ့ စွန့်စားမှုဖြစ်တယ်။ များသောအားဖြင့် ကိုယ့်ကို သူများသုံးလို့ အဆင်ပြေအောင်လုပ်ကြတယ်။ သူများက ကိုယ့်ကို ဘယ်နေရာမှာ သုံးချင်သလဲ အဲဒီနေရာမှာ အသုံးတည့်အောင်နေလိုက်တယ်။ သူများကိုယ့်ကို သုံးတာကိုပဲ တော်တော်ဟုတ်လှပြီလို့ ထင်နေကြတာ။ ပညာသင်တာတောင် သူများ ကိုယ့်ကိုအသုံးတည့်အောင် ပညာသင်နေကြတာ။ ကိုယ့်အရည်အချင်းကောင်းတွေကို ကိုယ်သုံးရအောင် ပညာသင်တာမဟုတ်ဘူး။ ကိုယ့်ကိုသူများက အသုံးတည့်အောင် ပညာသင်ရတာကို သဘောကျနေတာ။
ကိုယ့်ကိုယ်ကို ကိုယ်ဘယ်လိုလူဖြစ်ချင်သလဲဆိုတာ သိအောင်လုပ်ပြီး ကိုယ်ဖြစ်ချင်တဲ့လူဖြစ်လာအောင် အစွမ်းကုန်ကြိုးစားပါ။ အဲဒါအခက်ဆုံးနဲ့ ကျေနပ်စရာအကောင်းဆုံးအလုပ်ပဲ။ ဒါကိုယ့်ကိုယ်ကို ကိုယ်တကယ်ယုံကြည်မှုရှိတဲ့သူပဲ လုပ်နိုင်မယ်။ ကိုယ်ဖြစ်ချင်တဲ့သူဖြစ်လာအောင် ကိုယ့်ကိုယ်ကို ကိုယ်လုပ်နိုင်မှ တကယ်လွတ်လပ်တဲ့သူ ဖြစ်တယ်။ သူများ ကိုယ့်ကို ပုံသွင်းတာကို ခံနေရရင် ဘယ်လွတ်လပ်တော့မလဲ။
လွတ်လပ်သောစိတ် - ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
ဤပို့စ်အား Saturday, September 15, 2007 နေ့တွင် ရေးသားထားပြီး
ပီကေ့မှတ်စု
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။